Khon

Khon

Share

စာသားတွေကို ချစ်မြတ်နိုးမှ
ကျွန်တော်pageကို followလုပ်ပါ

29/12/2025

နှုတ်ခမ်းလေးတစ်စုံကို မေ့ပစ်ဖို့
ရွက်၀ါကြွေတာ ၇ခါတောင်စောင့်ခဲ့ရတယ်

နေညို

12/09/2025

လူတွေကို မကြည့်နဲ့
ငွေကြေးအကြောင်းမတွေးနဲ့
အလကားရတဲ့ ညနေခင်းတွေကိုကြည့်ပါ
တိတ်တဆိတ် ထွက်သွားတော့မဲ
နာရီလက်တံတွေမှာ ပျော်မွေ့ပါ
ဝယ်ယူစရာမလိုတဲ့
အဓိပ္ပာယ်တစ်ခုရှာဖွေပါ
ဘဝဟာဒီထက်ပိုပြီး ငြိမ်းချမ်းဖို့
ဘာမှထပ်လုပ်စရာမလိုတော့တဲ့အကြောင်း
နားလည်အောင် သင်ယူပါ
အေးမြခြင်း၊နွေးထွေးခြင်းကို ခံစားပါ
ပြောင်းလဲနေတဲ့ ရာသီတွေမှာ
ပြောင်းလဲသွားတဲ့ အတိတ်ကာလတွေအကြောင်း လက်ခံသင်ယူပါ ။

#ဂန္ဓမာ

05/09/2025

ငါတို့ဝေးသွားခဲ့ပြီလို့ တွေးမိတဲ့အခါတိုင်း
နီးစပ်ခဲ့လို့လားဆိုတဲ့ မေးခွန်းတွေက
ငါ့ကိုကျိုးကြေစေတယ်၊
ငါပေးခွင့်မရတော့တဲ့ ချစ်ခြင်းမေတ္တာမျိုး
မင်းအလိုရှိတဲ့သူဆီက ရပါစေ။

#တာရာမင်းဝေ

04/09/2025

ဘဝဆိုတာ
သင်ယူရတယ်
နေဖို့ သင်ယူရတယ်
သေဖို့ သင်ယူရတယ်
ရှင်ဖို့ သင်ယူရတယ်
ဘဝကို ခင်တွယ်ဖို့လည်း သင်ယူရတယ်။

#လှသန်း

14/06/2024

ဘယ်အချိန်ကြည့်ကြည့်
ရိုးမသွားတဲ့မျက်နှာနုနုလေး

ပိုင်ဆိုင်ခွင့်သာရှိရင်
တစ်ချက်မညိုးနွမ်းစေရအောင်ထားမှာ

24/03/2024

လူမှန်းသိတတ်ကတည်းက
ဖြတ်သန်းခဲ့ရတဲ့ ပြဿနာတချို့ပေါ့
ပြောလို့မဖြစ်နိုင်သေးတာတွေလဲ
ရှိပါသေးရဲ့။
ဒီလိုကြားက
မမကို
ကျွန်တော်ချစ်ခဲ့မိတယ်

#အောင်ချိမ့်

16/03/2024

ပြည့်တန်ဆာလည်း
ငါချစ်ရင် ဧကရာဇ်ပဲ။

#တာရာညို

09/03/2024

ကမ္ဘာလောကဟာ
အရိုင်းဆန်တယ်

အရိုင်းဆန်မှုကိုပဲ
အလှအပတစ်ခုအဖြစ်
မြင်ရတယ်

နာကျင်စရာတွေ
ပျောက်ကင်းပါစေကွယ်။💚

#ဂန္ဓမ

24/02/2024

ယခုနှစ်မှာ အထူးသဖြင့်
ငါတို့နမ်းခွင့်မရသော ပန်းများပွင့်ပါစေ🤍

#အောင်ချိမ့်

10/02/2024

ပြောတော့ လူမိူက်
ဆိုတော့ မောင့်မျက်ရည်ဝိုင်း

#အောင်ခိုင်မြတ်

10/02/2024

ရှာတဲ့သူမရှိရင်
ပုန်းရတာနာသကွဲ့

#မြို့မငြိမ်း

Want your public figure to be the top-listed Public Figure in Thabeikkyin?
Click here to claim your Sponsored Listing.

Category

Website

Address


Thabeikkyin