Mercy Floral Service
We provide any kind of floral service.
18/01/2026
Thanksgiving
18/01/2026
ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့်အမျှချစ်လို့. (Bible)
18/01/2026
"ကိုယ့်စွမ်းအင်ကို အဖိုးတန် ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် ထားပါ။ လူတိုင်း "ဝယ်နိုင်"တာ မဟုတ်ပါဘူး"
ဒီစကားကို ပြောတုန်းက ထေလာဆွဖ်ရဲ့ လေသံက သိပ်တည်ငြိမ်တယ်။
သူဟာ အကြိမ်ကြိမ် နားလည်မှုလွဲခံရ၊ လောင်မြိုက်ခံရ၊ ပုံဖျက်ခံခဲ့ရသူ ဖြစ်တယ်။
သူ့အင်တာဗျူးကို နားထောင်ပြီး သူ့အကြောင်းကို ရှာဖတ်ကြည့်မိတယ်။
အဲဒီအခါမှ သူပြောတဲ့စကားဟာ သိပ်လှတဲ့ ရွှေစကားတွေ မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။
ဒါဟာ လမ်းတစ်လျှောက်မှာ သူရခဲ့တဲ့အမာရွတ်တွေကနေ သူ သင်ယူရရှိလိုက်တဲ့ ရှင်သန်မှုနည်းလမ်းဖြစ်တယ်။
ထေလာဆွဖ်က ငယ်ရွယ်စဉ်ကတည်းက နာမည်ကြီးသူဖြစ်တယ်။ ဒါပေမဲ့ မီဒီယာတွေက သူ့ relationship တိုင်းကို ပုံကြီးချဲ့ခဲ့တယ်။
သူသီချင်းရေးရင် "အချစ်ရှာတယ်"၊
သူရည်းစားထားရင် "သတင်းလုပ်နေတာ" လို့ ပြောတယ်။
အသက်နှစ်ဆယ်စွန်းစွန်း ကောင်မလေးတစ်ယောက်ကို အတင်းအဖျင်းခေါင်းကြီးပိုင်းမှာ ထားပြီး အမဲဖျက်ခဲ့ကြတယ်။
အခြားအဆိုတော်တွေက သူ့ကို လူသိရှင်ကြား နေရာမပေးဘူး။ ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ မိုက်ခရိုဖုန်း အလုခံရ၊ လှောင်ရယ်ခံရတယ်။
တချို့က သူ့ကို “ဒီစတိတ်စင်နဲ့ မတန်ဘူး” လို့တောင် ပြောကြတယ်။
အဲဒီမြင်ကွင်းက အင်တာနက်ပေါ်မှာ မပြီးနိုင်မစီးနိုင် လှောင်ရယ်စရာ ဟာသဖြစ်ခဲ့တယ်။ မီးရောင်အောက်မှာ သူပြုံးပြီး ရပ်နေခဲ့မိတယ်။
နောက်တော့ သူလဲပြိုသွားတယ်။
အင်တာနက်ပေါ်က လှောင်ပြောင် သရော်တာတွေ၊ မီဒီယာရဲ့ အနိုင်ကျင့်မှုတွေ "မိန်းမပျက်"၊ "လုပ်ချို" ဆိုတဲ့တံဆိပ်က ပလူပျံခဲ့တယ်။
သူဘာပြောပြော၊ ဘာလုပ်လုပ်
ပုံဖျက်တိုက်ခိုက်တဲ့ လမ်းကြောင်းဘက် ပြောင်းသွားတယ်။
အဲဒီအတောအတွင်းမှာ ပျောက်ကွယ်ဖို့ သူရွေးချယ်လိုက်တယ်။
လူသိရှင်ကြားပွဲတွေ သူ မလုပ်တာ တစ်နှစ်နီးပါး ကြာသွားတယ်။ အင်တာနက် အဆက်အသွယ်တွေ အားလုံးဖျက်ပြီး အသံအားလုံးကို ဖြတ်တောက်ပစ်လိုက်တယ်။ ဒီတိုင်း ဆက်သွားရင် အားတွေ ကုန်ခန်းသွားမယ်ဆိုတာ သူသိတယ်။
သူပြန်လာတာက ဖြေရှင်းချက်ပေးဖို့၊ ရှင်းလင်းဖို့ မဟုတ်ဘူး။
အယ်လ်ဘမ်အသစ်၊ စင်မြင့်အသစ်နဲ့ သူပြန်လာခဲ့တာဖြစ်တယ်။
လူတွေကို.. ကျွန်မ ရှိနေသေးတယ်၊ ကျွန်မ ပိုသန်မာဦးမယ်လို့ သူ့လက်ရာတွေ၊ သူ့သီချင်းတွေနဲ့ ပြောပြလိုက်တာဖြစ်တယ်။
ဆိုးရွားတဲ့ အတိတ်အတွေ့အကြုံတွေကြောင့် စွမ်းအင်ကို ချွေတာရမယ်၊
ကိုယ့်ကို နားမလည်သူအပေါ် မဖြုန်းသင့်ဘူးဆိုတာကို သူ အမှန်တကယ် နားလည်သွားခဲ့တယ်။
သူဟာ IG က ကွန့်မန့်တွေကို မဖွင့်တာ ဆယ်နှစ်ရှိပြီ။ သူ့အဖွဲ့တွေပဲ ကွန့်မန့်တွေကို စစ်ထုတ်ပြီး အရေးကြီးတာတွေကို reply လုပ်တယ်လို့ ပြောပါတယ်။
သူ့ဖန်တီးမှုကို အင်တာနက်ကြောင့် အနှောင့်အယှက် မဖြစ်စေတော့ဘူး။
ဒါဟာ သူဥပေက္ခာပြုလိုက်တာ မဟုတ်ဘဲ စွမ်းအင်တစ်ခုတိုင်းက သိပ်တန်ဖိုးရှိတယ်.. လျှောက်မဖြုန်းနိုင်ဘူးဆိုတာ သူသိသွားတာဖြစ်တယ်။
အရင်တုန်းက ဖျော်ဖြေပွဲသွားရင်း သီချင်းအယ်လ်ဘမ်ကို သူဖန်တီးနေတတ်တယ်။ မနက် လေးနာရီမှာ အသံသွင်းနေတတ်တယ်။ ကိုယ့်စိတ်အားထက်သန်မှုကို သူမြတ်နိုးပြီး မလိုအပ်တဲ့ အသံတွေနဲ့ သူ့ကိုယ်သူ စိတ်ညစ်မခံတော့ဘူး။
ဒါက ဉာဏ်အမြော်အမြင်ကြီးသူကပဲ လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး။
"စွမ်းအင်ကို မှန်ကန်တဲ့နေရာမှာ သုံးစွဲရမယ်" ဆိုတဲ့ စကားရဲ့ အလေးချိန်ကို အချိန်ယူပြီးမှ ကျွန်မလည်း နားလည်သွားတာပါ။
အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ ကျွန်မ အမြဲ ကြိုးစားခဲ့တယ်။ တခြားသူ နားလည်မှု လွဲမှာ ကြောက်ခဲ့တယ်။ မေးခွန်းထုတ်ခံရတာနဲ့ ချက်ချင်း ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်။ ကိုယ်မမှားဘူးလို့ သက်သေပြဖို့ အချက်အလက်တွေ ရှာခဲ့တယ်။
ဒါပေမဲ့ တကယ်တော့ ကိုယ်ဘာလုပ်လုပ်၊
လူတိုင်းလက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
ကြောက်စရာကောင်းတာက မေးခွန်းထုတ်ခံရတာ မဟုတ်ဘဲ အဲဒီအပေါ်မှာ ကိုယ်ငြိနေပြီး ကိုယ့်စွမ်းအင်ကို ကိုယ်ဖြုန်းတီးနေတာပါ။
နောက်ပိုင်းမှာ အားတွေကို ပြန်ယူဖို့ ကျွန်မ လေ့ကျင့်ခဲ့ပါတယ်။
လူတွေရဲ့ နှစ်သက်မှုကို ခံလိုတဲ့ တပ်မက်မှုတွေ၊
ကိုယ်မှန်ကြောင်း သက်သေပြလိုတဲ့ ဆန္ဒတွေ၊
လူတိုင်းကို ကျေနပ်စေလိုတဲ့ မျှော်လင့်ချက်တွေ...
အဲဒီအားတွေကို ပြန်ယူဖို့ ကျွန်မ လေ့ကျင့်ခဲ့ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် လုပ်ဖို့ပဲ ကျွန်မ အာရုံစိုက်လိုက်တယ်။ ဒါဟာ ကျွန်မ လုပ်နိုင်တဲ့ တစ်ခုတည်းသော အကောင်းဆုံးအရာဖြစ်တယ်။
တချို့က ဒါကို လွှတ်မချနိုင်ဘူး၊ လျစ်လျူမပြုနိုင်ဘူးလို့ ပြောကြတယ်။
တကယ်တော့ ဒါဟာ မျက်နှာချိုသွေးတဲ့ အကျင့်တစ်ခုဖြစ်ပြီး လူတွေ မကြိုက် မနှစ်သက်တော့မှာကို ကြောက်တာပဲ ဖြစ်တယ်။
ဒီလိုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ....ငါဒီလိုပဲ နေသွားချင်တာလား။
ထေလာဆွဖ်ရဲ့ အဲဒီစကားက ရွှေစကားမဟုတ်ပါဘူး... သတိပေးချက်ပါ။
စွမ်းအင်ကို အဖိုးတန်တဲ့ ဇိမ်ခံပစ္စည်းတစ်ခုအဖြစ် ရှုမြင်တဲ့အခါ ....
ဘယ်စကားက တုံပြန်ထိုက်သလဲ၊
ဘယ်ဆက်ဆံရေးက ပိတ်ထားသင့်လဲ၊
ဘယ်စိတ်ခံစားချက်က တခြားသူ နေသာအောင် မျိုမချသင့်သလဲဆိုတာကို စစ်ထုတ်တတ်သွားပါတယ်။
ဒါဟာ ပိုသန်မာဖို့ လေ့ကျင့်တာ မဟုတ်ဘဲ
ရွေးချယ်တတ်သွားတာပါ။
တစ်စိတ်တစ်ဝမ်းတည်းဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ အနာဂတ်ရှိတဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်သွားတာဖြစ်တယ်။
တစ်လောကကလုံး ကိုယ့်ကို နှစ်သက်သဘောကျဖို့ မလိုပါဘူး။
ကိုယ့်နား ကျန်ရစ်ခဲ့သူသာ ထိုက်တန်သူတွေပဲ ဖြစ်စေရပါမယ်။
မတုံ့ပြန်ဘူး၊ မဖြေရှင်းဘူး၊ သက်သေမပြဘူး... ဒါတွေဟာလည်း ရင့်ကျက်တဲ့ အင်အားတစ်ခုဖြစ်ပါတယ်။
ကိုယ့်ကိုဝယ်နိုင်အောင် လူတချို့ကို လုပ်ပေးဖို့ မလိုပါဘူး။
--- ဘာသာပြန် မျှဝေပါတယ်
💌
#နိုင်းနိုင်းစနေ
13/01/2026
တောင်းလေးထဲကအလှတရားလေးကော သဘောကျရဲ့လား
13/01/2026
ပနိးအိုးတအိုးရဖို့စျေးဝယ်ထွက်တာ ဟင်းသီးရွက်ပန်းအိုးလေးတအိုးထိုးဖြစ်သွား🥰
20/12/2025
သစ်ရွက်ပန်းကလေး🌸🌼🌿🌴🌳🍀
12/12/2025
ကျေးဇူးတော်မှတပါး
02/12/2024
ကရင်ပြည်နယ်ဘက်မှာပေါက်တဲ့သဘာဝဖန်းဆင်း
ခြင်းတောပန်းလေးအလှ🌻🌻🌻🌻🌻🌾💐🎍
28/08/2024
Praising 💛💛💛💛❤❤❤
17/05/2024
Mother day တုန်းက Sweet flower box လေးပါ
17/05/2024
အဝေးကမှာေသာပန်းစည်းလေးပါ
ကွယ်လွန်သွားပြီဖြစ်သောမိခင်တွက် Mother day မှာပန်းစည်း Order ပါ
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Taungoo