Learning Grade10 & Computer Class

Learning Grade10 & Computer Class

Share

The students can easily learn the Grade 10 English at anytime and anywhere.

CS Specimen 2a 03/01/2025

https://youtu.be/DvJ3RyoqgqE

CS Specimen 2a Learning 15m Python programming language

Improve English Speaking Skills Everyday (Tips to speak in English) English Conversation Practice 07/05/2023

https://youtu.be/dnn6VVzk2t4

Improve English Speaking Skills Everyday (Tips to speak in English) English Conversation Practice In this video, you will watch and listen an English conversation practice about Improve English Speaking Skills Everyday - Conversation, so you can improve y...

12/01/2023

Try this english song and learn this lyric!

Photos from English စာ သင်ကြမယ်'s post 25/12/2022
05/12/2022

😁😊သားသားမီးမီးတို့အတွက် လက်မှုပညာလေးတွေ👏👏

04/06/2022

စာတစ်ပိုဒ်ဖတ်ပြီး
စာပိုဒ်ပါ အကြောင်းအရင်းတွေကို တိုက်ရိုက်မေးတယ်ဆိုရင် ဒါဟာ အပိတ်မေးခွန်းပါ။
စာပိုဒ်အပေါ် ထင်မြင်ယူဆချက်မေးတာမျိုး၊ စာပိုဒ်ကနေဘယ်လို သင်ယူမှုရရှိသလဲဆိုတဲ့ မေးခွန်းမျိုး၊ စာပိုဒ်နဲ့ လက်တွေ့ဘယ်လိုချိတ်ဆက်စဉ်းစားနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးတွေက အဖွင့်မေးခွန်းပါ။
မေးခွန်းကတော့ အဖွင့်မေးခွန်းဖြစ်ပါရဲ့၊ အဖြေတွေကို ဆရာမရေးပေးထားတဲ့အတိုင်း ကျက်ပြီး ရေးတာ၊ ဖြေတာမျိုးကတော့ ကလေးတွေကို သင်ယူမှု မဖြစ်စေပါဘူး၊ ဖွင့်ချင်ယောင်ဆောင်ပြီး ပိတ်ထားတာပါ။
စဉ်းစားစေချင်လို့၊ တွေးခေါ်နိုင်အောင်လို့ မေးပါတယ်ဆို၊ ဆရာမက ဖြေပေးတဲ့အတိုင်း အလွတ်ကျက်ရမယ်ဆိုရင်တော့ ဘယ်နည်းလမ်းကျပါ့မလဲ။

credit: Sayarma-ဆရာမ

တွေးစေအောင် များများမေးပါ…

အခုချိန်မှာ ကလေးအချို့က ကျောင်းမျိုးစုံကို တက်ဖို့ တာဆူနေကြပြီပေါ့… ကျောင်းတက်ခွင့်မရနေသေးတဲ့ ကလေးများစွာလည်း ရှိနေသေးတာလည်း ဘယ်လိုမှ မမေ့ထားသင့်ပါဘူး။ ကျောင်းတက်ရသည်ဖြစ်စေ၊ မတက်ရသည်ဖြစ်စေ၊ ပညာကတော့ သေချာ သင်ပေးဖို့လိုပါတယ်။ ဟုတ်ပါတယ်… ကျောင်းမတက်လည်း ပညာတတ်အောင်၊ ပညာသင်ယူနိုင်အောင် လုပ်ပေးနိုင်ပါတယ်။

ပညာဆိုတာကို အဓိပ္ပါယ်မျိုးစုံဖွင့်ကြပါတယ်။ ကျွန်မကတော့ ပညာတတ်တဲ့သူဟာ သူ့ရဲ့နေ့စဉ်ဘ၀မှာလိုအပ်တဲ့ စွမ်းရည်တွေ၊ အသိပညာတွေနဲ့ မှန်ကန်တဲ့ သဘောထား အတွေးအမြင်တွေရှိတဲ့သူလို့ ယံုကြည်ပါတယ်။ ပညာကို စနစ်တကျသင်ယူဖို့ ရည်ရွယ်ထားတဲ့ ကျောင်းစနစ်မှာ မတက်နိုင်ရင်လည်း ဘဝအတွက် လိုအပ်တဲ့ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေနဲ့ အတွေးအမြင်တွေဟာ သင်ယူနိုင်ပါတယ်။

တောထဲမှာ ကစားကြရင်း ဂေဟစနစ်အကြောင်းသင်တာမျိုး၊ စိုက်ပျိုးရေးအကြောင်းသင်တာမျိုး၊ အနုပညာတစ်ခုခုဖန်တီးကြတာမျိုးတွေပေါ့။

ကျောင်းပညာရေးဖြစ်ဖြစ်၊ အိမ်မှာသင်တဲ့ပညာရေးဖြစ်ဖြစ်၊ ပုံစံတစ်ခုကို အစွဲမပြုဘဲ သင်တဲ့ပညာရေးဖြစ်ဖြစ် အဓိကအစိတ်အပိုင်းတစ်ခုကတော့ တွေးတတ်အောင်သင်ဖို့ပါ။ တွေးတတ်အောင်၊ တွေးခေါ်ကြံဆတဲ့ အလေ့အကျင့်တွေရှိအောင် မေးခွန်းတွေ များများမေးဖို့လိုပါတယ်။

မေးခွန်းမေးတဲ့အခါမှာ ယေဘူယျအားဖြင့် မေးခွန်းအမျိုးအစား နှစ်မျိုးခွဲကြပါတယ်။ အဆင့်မြင့်မေးခွန်း (အဖွင့်မေးခွန်း)နဲ့ အဆင့်နိမ့်မေးခွန်း (အပိတ်မေးခွန်း)ဆိုပြီးတော့ပေါ့။

လွယ်လွယ်ပြောရရင် ကလေးတွေကို စဉ်းစားမှုကို ဖြစ်စေတဲ့၊ အတွေးမြင်တွေပွင့်စေတဲ့မေးခွန်းဟာ အဖွင့်မေးခွန်းဖြစ်ပြီး၊ ဘာမှမတွေးရဘဲ နားလည်မှုနဲ့ အချက်အလက်အပေါ်‌ေမးတဲ့ မေးခွန်းဆိုရင် အပိတ်မေးခွန်းပေါ့။

စာတစ်ပိုဒ်ဖတ်ပြီး စာပိုဒ်ပါ အကြောင်းအရင်းတွေကို တိုက်ရိုက်မေးတယ်ဆိုရင် ဒါဟာ အပိတ်မေးခွန်းပါ။ စာပိုဒ်အပေါ် ထင်မြင်ယူဆချက်မေးတာမျိုး၊ စာပိုဒ်ကနေဘယ်လို သင်ယူမှုရရှိသလဲဆိုတဲ့ မေးခွန်းမျိုး၊ စာပိုဒ်နဲ့ လက်တွေ့ဘယ်လိုချိတ်ဆက်စဉ်းစားနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးတွေက အဖွင့်မေးခွန်းပါ။

မေးခွန်းကတော့ အဖွင့်မေးခွန်းဖြစ်ပါရဲ့၊ အဖြေတွေကို ဆရာမရေးပေးထားတဲ့အတိုင်း ကျက်ပြီး ရေးတာ၊ ဖြေတာမျိုးကတော့ ကလေးတွေကို သင်ယူမှု မဖြစ်စေပါဘူး၊ ဖွင့်ချင်ယောင်ဆောင်ပြီး ပိတ်ထားတာပါ။ စဉ်းစားစေချင်လို့၊ တွေးခေါ်နိုင်အောင်လို့ မေးပါတယ်ဆို၊ ဆရာမက ဖြေပေးတဲ့အတိုင်း အလွတ်ကျက်ရမယ်ဆိုရင်တော့ ဘယ်နည်းလမ်းကျပါ့မလဲ။

အဖွင့်မေးခွန်းတွေကို တနည်းအားဖြင့် အဆင့်မြင့်မေးခွန်း (Higher Order Thinking) တွေလို့ ခေါ်ရတဲ့ အကြောင်းအရင်းက သူတို့က တွေးခေါ်မှု မြင့်မားအောင် ကူညီနိုင်လို့ပါ။ အပိတ်မေးခွန်းတွေကတော့ တွေးခေါ်မှုကို ဦးစားမပေးထားတဲ့အတွက် Lower Order Thinking Questionsလို့ သတ်မှတ်ပါတယ်။

ကလေးတွေကို ဒါဆို အဖွင့်မေးခွန်းတွေပဲ မေးရမှာလားလို့ မေးကောင်းမေးနိုင်ပါတယ်။ မဟုတ်ပါဘူး။ အချက်အလက်ကို မေးတဲ့ မေးခွန်း၊ နားလည်မှုကို မေးတဲ့ မေးခွန်းတွေကလည်း လိုအပ်ပါတယ်။ အချက်အလက်တွေမသိဘဲ စဉ်းစားခိုင်းတာကျတော့ ကျောက်ခဲကို ဇွတ်ရေညှစ်ခိုင်းနေသလိုဖြစ်မယ်လို့ထင်တာပဲ။ အခြေခံ အသိလည်း ရှိအောင် လုပ်ပေးရမယ်၊ အသိအပေါ်မှာ စဉ်းစားဝေဖန်နိုင်အောင်လည်း ကူညီဖို့လိုပါတယ်။

အကယ်၍များ ကျောင်းတွေ မတက်ရဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အိမ်မှာ သင်ရမယ်ဆိုရင် ကလေးတွေကို မေးခွန်းများများမေးပါ။ တွေးခေါ်စဉ်းစားစေတဲ့ မေးခွန်းတွေမေးပါ။ မေးခွန်းတွေအပေါ်မူတည်ပြီး လေ့လာရှာဖွေ၊ စဉ်းစားချိတ်ဆက်ခိုင်းပါ။ ပြီးရင် လက်တွေ့အသုံးချနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ အားလုံး သင်ယူလေ့လာခွင့်၊ စဉ်းစားတွေးခေါ်ခွင့် ရကြပါစေ။

မေတ္တာဖြင့်…
Sayarma-ဆရာမ

Photo retrieved from https://www.searchenginejournal.com/actionable-tasking-seo-answer-important-questions/342423/

Myanmar Basic Education Home - YouTube 21/04/2022

သားငယ် သမီးငယ်တို့

နေ့စဉ် ပုံမှန် သင်ခန်းစာဗီဒီယိုဖိုင်ကို ဝင်ရောက်လေ့လာကြစို့...

ဗီဒီယိုဖိုင်ကို နားထောင်ရင်း အခက်အခဲရှိရင် အကို၊ အမ၊ ဦးဦး၊ ဒေါ်ဒေါ်တို့ကို မေးနိုင်သလို

Learning Grade10 & Computer Class page chat box ကနေ မေးထားလို့ရပါတယ်...

👉👉https://youtube.com/c/FOEIMAcademy

👉👉https://youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A

Myanmar Basic Education Home - YouTube Official Channel of Basic Education, Ministry of Education, National Unity Government, Myanmar

To Find Square Root by Log 04/04/2022

👉👉 To find square root by log

👉👉

To Find Square Root by Log Find the Square Root of a Number Easily using Log Tables.If you haven't already done so, smash that subscribe button, hit the notification bell to be the fir...

Photos from Learning Grade10 & Computer Class's post 04/04/2022

📚📚Summer Class 📚📚

📚📚Grade 10 (English & Math) 📚📚

📚📚ဒသမတန်းသင်ရိုးကုန် (စနစ်သစ် ) အင်္ဂလိပ်/သင်္ချာ နှစ်ဘာသာ 📚📚ကို April လမှစ၍ စတင်သင်ကြားပေးမှာဖြစ်လို့ ကျောင်းသူ/သားများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်....

📚📚Maths / English

Grade 10 >>> 10:00 - 12:00am , 1:00- 3:00pm, 3:30- 5:30pm (Mon, Tue and Thu, Fri)

📚📚သင်တန်းကြေး

၁ဘာသာ - 20000 / month

၂ဘာသာ - 40000 / month

🔹နှစ်သက်ရာ တစ်ဘာသာချင်းလည်း (ရွေးချယ်)တက်ရောက်နိုင်ပါတယ်

🔺️အ သေးစိတ် စုံစမ်းမေးမြန်းလိုပါက🔺️

📞ph 09-795602358(သို့) page messenger သို့ လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

Want your organization to be the top-listed Government Service in Taungoo?
Click here to claim your Sponsored Listing.

Category

Address


Near KayLaZarTi Pagoda
Taungoo
08101