MedAce
Reinforcing the supply chain.
17/08/2021
Dynmed Medical 10L Dual Flow Oxygen Concentrator | 1,450,000 MMK
(Lowest price in the market | Special Price for Charities and Organizations)
နိုင်ငံတကာအသိမှတ်ပြု Dynmed Medical Concentrator များကို အောက်ပါလိပ်စာသို့ Instock လာရောက်စိတ်ကြိုက်ကြည့်ရှုပြီးဝယ်ယူနိုင်ပါပြီ။
10L ဖြစ်တဲ့အတွက် အောက်စီဂျင်ကို ၁၀လီတာနူန်းနဲ့ထုတ်လုပ်တဲ့အချိန်မှာ အောက်ဆီဂျင်ပါဝင်မှု 93% (± 3%) ထိထုတ်လုပ်ပေးနိုင်မှာပါ။
ယခု Model ကတော့ နောက်ဆုံး Upgraded PLUS Model ဖြစ်ပြီး အရှေ့မော်ဒယ်အဟောင်း10Lစက်တွေနဲ့မတူဒါကတော့ နှစ်ယောက်သုံးအတွက်အထူးထုတ်လုပ်ထားတာဖြစ်ပြီး Dual Flow ကို ၂ယောက်ပြိုင်တူရှုတဲ့အခါ (5L-5L) အောက်ဆီဂျင်ကို ၉၀% မကျအောင်ထိန်းပေးနိုင်မှာပါ။
စက်တွေကလည်း ISO, CE Approved ရရှိထားပြီး Europe, India, Vietnam, Malaysia အစရှိတဲ့နိုင်ငံများသို့စဉ်ဆက်မပြတ်ပို့ဆောင်ပြီး လူကြိုက်များသောပစ္စည်းတွေဖြစ်ပါတယ်။
စက်များအားလုံးက်ို နှစ်၂၀နီးနီးဆေးဘက်အထောက်ကူပစ္စည်းထုတ်လုပ်နေတဲ့ Kunshan, Suzhou ရှိ Dynmed Medical Technology စက်ရုံမှ ကြားခံ အေးဂျင့်မပါဘဲ ကိုယ်တိုင်တင်သွင်းထားတာဖြစ်တဲ့အတွက် ပစ္စည်းစျေးနူန်းမှန်ကန်မှု ကွာလတီမှန်ကုန်မှုအပိုင်းမှာအထူးစိတ်ချရမှာပါ။
နယ်မြို့များကိုလည်းကားဂိတ်မှတစ်ဆင့်ပစ္စည်းထည့်ပေးလို့ရပါတယ်။
လိပ်စာ ။ ။ အမှတ်27၊ စံပယ်လမ်း၊ ထော်လီကွေ့ ၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ။ ။ 09 753 463 454
15/08/2021
တိကျ မှန်ကန်တဲ့ Yuwell YX301 ရောက်ပါတယ်။
စုစုပေါင်း ၆၀ ရှိပါတယ်။
စျေး။ ။ ၄၃၅၀၀ကျပ်
ဆက်သွယ်ရန်။ ။ 09 266 469 453
14/08/2021
Oxygen Mask တွေလိုအပ်လို့အခက်ခဲရှိတဲ့သူတွေအခမဲ့လာယူလို့ရပါတယ်။
တတ်နိုင်လို့ဝယ်ပါမယ်ဆိုရင်တော့ ၁၉၀၀ကျပ် ပဲပေးပါ။
ဆက်သွယ်ရန်။ ။ 09 266 469 453
လိပ်စာ။ ။ သစ်တောရပ်၊ တောင်ကြီးမြို့။
03/05/2020
နှားခေါင်းစည်း ၃လွှာအထူ CE ရပြီး
စျေး။ ။ ၁၄၅၀၀ (၅၀ ပါတစ်ဘူး)
အလယ်တလွှာက Meltblown ပါ။ Non-woven အဟုတ်ပါဘူး။ ဖုန်း 09786198286
အများစျေးသက်သက်ရှိပါတယ်။
နယ်ကိုလဲကားဂိတ်နဲ့ထည့်ပေးပါတယ်။
01/05/2020
နှားခေါင်းစည်း ၃လွှာအထူ CE ရပြီး
စျေး။ ။ ၁၄၅၀၀ (၅၀ ပါတစ်ဘူး)
အလယ်တလွှာက Meltblown ပါ။ Non-woven အဟုတ်ပါဘူး။ ဖုန်း 09786198286
အများစျေးသက်သက်ရှိပါတယ်။
နယ်ကိုလဲကားဂိတ်နဲ့ထည့်ပေးပါတယ်။
22/04/2020
မှန်ကန်တဲ့ PPE အကာကွယ်ဝတ်စုံကို ရွှေးခြယ် သုံးဆောင် လှူဒါန်းကြပါ။
လှူဖို့ဘဲဖြစ်ဖြစ်၊ သုံးဖို့ဘဲဖြစ်ဖြစ် PPE ဝတ်စုံတွေရွှေးခြယ်တဲ့အခါမှာ မှန်ကန်စွာရွှေးခြယ်တတ်ဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ရွှေးခြယ်မှုကို မလုပ်နိုင်ခဲ့ရင် ရှေ့တန်းကျန်းမာရေးဝန်ထမ်းတွေအတွက် ကြီးမှားနဲ့အန္တရယ်တစ်ခုဖြစ်စေပါတယ်။
PPE တိုင်း၊ ၀တ်စုံဖြူတိုင်းလည်း ကာကွယ်မှုကိုအပြည့်ဝအပေးနိုင်ပါဘူး။
Lakeland ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဥပမာပေးပါရစေ။ ပြောရမယ်ဆို Lakeland တံဆိပ်မှာဘဲ အမျိုးစားတွေအများပြားရှိပြီးတော့ ဥပမာ SAFEGard ဆိုတဲ့အမျိုးအစား ဆိုရင် တော့ Industrial Work တွေမှာအသုံးပြုဖို့သင်တော်ပြီးတော့ COVID19 ကွာကွယ်ဖို့သင့်တော်မှာမဟုတ်ပါဘူး။
အခုက Lakeland တံဆိပ်တွေပိုပြီးတွေ့လာတော့ တချို့သောသူတွေက Lakeland ဖြစ်ရင်ပြီးရော ရောဂါပိုးမွှားကနေကာကွယ်ပေးနိုင်မယ်လို့ထင်တတ်ကြပါတယ်။
တကယ်တော့ Lakeland ဆိုတဲ့ အမှတ်တံဆိပ်တစ်ခုတည်း အောက်မှာတောင် အမျိုးစားတွေအများကြီးခွဲခြားထားပါတယ်။
အခုလက်တလောဖြစ်ပွါးနေတဲ့ COVID19 ကပ်ရောဂါကိုကိုင်တွယ်တဲ့အခါမှာ Lakeland တံဆိပ်ထဲကဆိုရင် MicroMax NS AMN428E ကသင့်တော်ပြီးမှန်ကန်တဲ့ရွှေးခြယ်မှုတစ်ခုပါ။
EN14126 Certificate ရပြီးထား ဖြစ်တဲ့အတွက် ရောဂါပိုးကူးစက်မှုကနေကာကွယ်ပေးနိုင်မှာပါ။ အမေရိကန် US Test ASTM F1671-97a စမ်းသပ်မှုလဲ အောင်မြင်ထားတာဖြစ်တဲ့အတွက် ပိုးမွှား ဘက်တီးရီးယားများမှအကာကွယ်ပေးမဲ့ဝတ်စုံပါ။
MicroMax အမျိုးစားထဲမှာတောင်မှ NS ထက်ပိုပြီးတော့လုံခြုံစိတ်ချတဲ့ TS ဆိုတဲ့အမျိုးစားကွဲလဲရှိပါသေးတယ်။ သူကတော့ NS နဲ့ မတူတာကတော့ ဝတ်စုံရဲ့ချုပ်ရိုးအပေါက်တွေကို Tape တွေနဲ့အပူပေးကပ်ထားပေးပါတယ်။ အဲ့လိုလုပ်ထားခြင်းအားဖြင့် ရောကာကူးစက်နိုင်မဲ့အရည်တွေ ခန္ဓာကိုယ်နဲ့ထိတွေ့မှုကို အကောင်းဆုံး အကာကွယ်ပေးနိုင်ပါတယ်။
စျေးကလဲ NS ရဲ့ ၂ဆ လောက်ရှိပါတယ်။
ပြီးတော့လဲ “Made in China” ကြီးပါနေလို့ ပစ္စည်းဟာ ယုံကြည်လို့မရဘူးလို့ မတွေးစေချင်ပါဘူး။ Lakeland အနေနဲ့ဆို တစ်ကမ္ဘာလုံးမှာ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံ၊ အိန္ဒိယ နဲ့ ဗီယက်နမ်တို့မှာစက်ရုံတွေတည်ဆောက်ပြီးထုတ်လုပ်ကြပါတယ်။ ကိုယ်ဝယ်ယူတဲ့ ပစ္စည်းကတော့ အမှန်အကန်ဖြစ်ဖို့လိုတာပေါ့နော်။
Lakeland လို နိုင်ငံတကာကအသိမှတ်ပြုထားတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့တော့ အပြေတမျိုး အလုပ်တမျိုးတော့ မဖြစ်တတ်ပါဘူး။
အခြားအမှတ်တံဆိပ်တွေမှာလဲထိုနည်းလည်းကောင်းပါပဲ။ သတ်မှတ်တဲ့နေရာတွေမှာသုံးဖို့အတွက် သူ့ဟာနဲ့သူ အမျိုးစားတွေကိုအဆင့်လိုက်အများကြီးခွဲထားပါတယ်။
နောက်ဆုံးပြောရရင်တော့ PPE ကတော့ စျေးကွက်ထဲမှာ အမှတ်တံဆိပ်အများကြီးရှိပါတယ်။ အဓိကကတော့ EN14126 ဆိုတဲ့ Certificate ပါဖို့လိုအပ်ပါတယ်။ ထို Certificate ပါမှာသာ ရောကာပိုးမွှားကိုထိတွေ့ကိုင်တွယ်တဲ့အခါမှာ လိုအပ်တဲ့ကာကွယ်မှုကိုပေးနိုင်မှာပါ။
တတ်တလောက် လက်လှမ်းမှီလေ့လာမိတလောက် မျှဝေခြင်းဖြစ်ပါတယ်။ အမှားပါရင်လဲခွင့်လွှတ်ပါ။ သိသူများလည်း မျှဝေဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Taunggyi