ClickSic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ClickSic, Photographer, Taunggyi.
18/02/2025
မတော်တဆ ပြန်ဆုံမှာကို
တမင်တကာကြီး မျှော်နေမိတယ်
24/07/2024
လွမ်းနေခဲ့တာပါ။
တစ်ယောက်ထဲ တစ်ကမ္ဘာထဲဖြစ်နေခဲ့ပြီး
မင်းကို အလိုရှိ ရုံကလွဲ
မင်းအနားရောက်အောင် လှမ်းမလာနိုင်ခဲ့သူပါ။
ချစ်တာကို ချစ်တယ်လို့ဖွင့်ပြောခဲ့ပေမဲ့
အချစ်ဟာ ကိုယ့်ကမ္ဘာမှာမပွင့်လန်းနိုင်တဲ့
တစ်ခုတည်းသော ပန်းကလေးဖြစ်ခဲ့တယ်။
ယုံပါ
ချစ်ခဲ့တာတစ်ကယ်ပါ။
07/06/2024
အမှတ်တရဆိုတာ
ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ
ရင်ထဲမှာ ကျန်နေတတ်တာပဲလေ
အမှတ်တရတွေ ရှိနေသရွေ့
ငါ လွမ်းရဦးမှာပါပဲ
ဒါပေမယ့် နောက်ဆို
နင့်ဆီငါ စာတွေ မ ရေး တော့ ဘူး ...
သန့်ဇော်
07/06/2024
ပီပြင်တဲ့ လူသားဘဝဆိုတာ
အတူတကွရှိနေခြင်း မဟုတ်လား ။ ။
-လှသန်း
11/04/2024
တစ်ယောက်ထဲလည်း အဆင်ပြေတယ်ဆိုတဲ့စိတ် ကျွန်တော့်မှာရှိတယ်
ကမ်းလှမ်းလာတဲ့ မေတ္တာအရိပ်အယောင်တွေမှာ
ကျွန်တော်လိုလားတောင်းတတဲ့ ချစ်ခြင်းမေတ္တာမျိုးသာ မပါခဲ့ရင် တစ်ယောက်ထဲနေသွားဖို့ ကျွန်တော်ရွေးချယ်မိလိမ့်မယ်
တစ်စုံတစ်ယောက်ရှိနေခြင်းဟာ နွေးထွေးသလို
တစ်ယောက်ထဲရှင်သန်ခြင်းဟာလည်း အေးချမ်းကြောင်း အရွယ်တစ်ခုအရောက်မှာသိလာမိတယ်
ပျော်ရွှင်ခြင်းကို ကိုယ်တိုင်ဖန်တီးပြီး
ဘယ်သူ့ကြောင့်မှ မျက်ရည်ကျရခြင်း မရှိတဲ့ဘဝမျိုးဆိုရင် အထီးကျန်ပါစေဦး မွေ့လျော်မိမှာပဲ
ဘဝက ထင်သလောက် သိပ်မကြာဘူးမဟုတ်လား
ဘယ်သူ့မျက်နှာအရိပ်အခြေမှ ကြည့်စရာမလိုဘဲ လုပ်ချင်သမျှအကုန်လုပ်နိုင်တာလည်း ကျွန်တော်သတ်မှတ်တဲ့ နေချင်စဖွယ်လောကပါပဲ။
01/10/2023
`ပန်း’တစ်ပွင့်ကို
နွမ်းလို့ပစ်ဖူးချင် ပစ်ဖူးမယ်
လူတစ်ယောက်ကို `လွမ်း’ဖို့
ဘယ်သူ ချစ်ဖူးပါသတဲ့ လဲ…
`ပစ်’ခဲ့တဲ့ပန်းကို
ဘယ်သူမှ သတိတရ
မရှိကြပေမယ့်
ဖြစ်ခဲ့တဲ့ အလွမ်းကြောင့်
ရင်မှာ မထိရှ တဲ့သူ
ဘယ်မှာ ရှိပါ့မလဲ…။ ။
#လွမ်းဖို့သက်သက်မချစ်ရက်ပါ
#မောင်စိန်ဝင်းပုတီးကုန်း
01/09/2023
တစ်နေ့တော့
မင်း တစ်ယောက်တည်းကိုပဲ
သီးသန့်ရိုက်ပေးတတ်တဲ့
ဓာတ်ပုံဆရာလုပ်မယ်
’ရိုက်မယ်’ ဆိုတဲ့စကားလုံးအစား
‘ချစ်တယ်’ လို့ပြောမယ်
မင်း သဘောကျစွာ လှိုက်လှိုက်လှဲလှဲပြုံးရယ်သွားစေဖို့ရည်ရွယ်ပါတယ် ။
31/08/2023
ပင်ပန်းတယ်မဟုတ်လား။
ထုတ်မပြောချင်တာတွေလည်း
ရှိတယ် မဟုဝာ်လား။
ငိုလို့မရလို့ ရယ်လိုက်ရတဲ့
ဟာသတွေလည်း များပြီ မဟုတ်လား။
အဆင်ပြေရဲ့လားလို့ မေးတိုင်း
ဒီလိုပါပဲလို့ ဖြေတတ်ခဲ့တာ
ဘယ်အချိန်လောက်တည်းက ဆိုတာ
မမှတ်မိတော့ဘူး မဟုတ်လား။
ပန်းတစ်ပွင့်ကိုသာ
ရဲရဲတင်းတင်း ကြည့်လိုက်ပါ ... ။
- မြကျေး -
(လွမ်းလို့ရေးတဲ့စာ)
31/08/2023
တစ်ကယ်ကို ချစ်မိသွားတာပါ
အကြောင်းပြချက်ရယ်လို့မရှိပါပဲ
စိတ်ကလေးကသူ့ဆီမှာပဲ ကပ်တွယ်နေတာ
သူ့အကြောင်းလေးတွေးလိုက်ရင်ကို
ကိုယ့်ကမ္ဘာမှာ ပန်းတွေပွင့်နေခဲ့တာ ။
🌻
𝐌𝐲 𝐒𝐭𝐨𝐫𝐲
30/08/2023
အတူတူရှိသွားချင်တဲ့ ဆန္ဒလေးတွေရှိတယ်။
ဒီနေ့ ၊ မနက်ဖြန်
သေတစ်ပန်သက်တစ်ဆုံး ပေါ့။
ရင်ဆိုင်စရာတွေ များတဲ့အခါ
တစ်ယောက်ယောက် ကိုယ့်ဘက်မှာရှိတယ်ဆိုတဲ့
အသိလေးတော့ လိုအပ်တယ်။
မင်းမှာ ကိုယ်ရှိတယ်
ကိုယ့်မှာ မင်းရှိတယ်ပါ့
တစ်နည်းအားဖြင့် လိုလေသေးမရှိတဲ့နေ့ရက်တွေ။
🌻🤍
30/08/2023
တဖက်သူက စချစ်ရင် . .
ကိုယ်ကဆက်ချစ်ပေးရတယ်
နေကြာတွေမြင်ရင် သဘောကျတယ်ဆိုလို့
ကြယ်စင်တွေရိတ်သိမ်းပြီး နေကြာတွေပျိုးပေးတယ်
အချစ်တစ်ခုဖြစ်တည်ဖို့
အချိန်တွေအများကြီးမယူဘူး
သတ်မှတ်ချက်တွေမရှိဘူး
တကယ်လိုအပ်တာ ညာဘက်ပါးက
ပါးချိုင့်လေး သေးသေးဖြစ်မယ်
လက်မောင်းပေါ်က တက်တူးလေးဖြစ်မယ်
သူ့ မေးရိုးတလျှောက် နုတ်ခမ်းမွှေး
ရေးရေးလေးတွေဖြစ်လိမ့်မယ်
နားထောင်နေကျသီချင်းလေး တစ်ပုဒ်ဆုံးရင်
မြင်နေကြ မျက်ခုံးထူလေးတွေ
ပျောက်ကွယ်သွားမှာ စိုးတယ်
တပိုင်းတစ ကဗျာတိုလေး မရပ်တန့်သေးခင်
ကိုယ့်ဆီပြေးလာတာလေးမြင်ချင်မိတယ်
ရောင်စုံခြယ် သက်တံ့ကြီးအဆုံး
လိပ်ပြာလေးတွေ ဝဲနေတာမြင်ရင်
အဝါရောင်စိုက်ခင်းကြီးထဲ
နေကြာတွေ ပွေ့ပိုက်ပြီးစောင့်နေတဲ့
တနင်္ဂနွေနေ့လေးကိုရှာတွေ့လိမ့်မယ် . .
23/08/2023
' ဝေးပြီးတဲ့နောက်မှာ… … '
သူပျော်နေတယ်လို့ စိတ်ထဲမှာ
ယုံထားလိုက်တယ်
နောက်ထပ် ဘာမှမသိရ မတွေ့ရ
မကြားရအောင် နေတယ်
ကိုယ့်စိတ်ကို ပျော်အောင်ထားတယ်
တတ်နိုင်တဲ့အခါ ရယ်တယ်
မတတ်နိုင်တဲ့အခါ ငိုတယ်
မနေ့ကထက် ဒီနေ့ပိုလှအောင် ပြုံးတယ်
သတိရတဲ့အခါ ကြယ်တွေကို ငေးတယ်
အိပ်မက်ဟာ အိပ်မက်ပဲဆိုတဲ့အကြောင်း
ကြိုးစားလက်ခံလိုက်တယ်
မထိုက်တန်လို့ ဆုံးရှုံးခဲ့ရတာတွေအတွက်
ပိုင်ဆိုင်ခွင့်ရတဲ့သူကို မုဒိတာပွားတယ်
ကိုယ်ရခဲ့ဖူးတဲ့ တစ်ရာသီစာကို
တစ်သံသရာစာအတွက်
ကျေနပ်ရောင့်ရဲလိုက်တယ်
အမှတ်တရတချို့ ပြန်တွေ့ရရင်
ကိုယ့်memoryထဲမှာပဲ
ဘယ်သူမှ မမြင်အောင်
တိတ်တိတ်ကလေး သိမ်းထားတယ်
ချစ်ခြင်းမေတ္တာဆိုတာကို စကားလုံးအဖြစ်နဲ့
ကဗျာထဲမှာ သုံးရုံလောက်ပဲ အာရုံရှိတော့တယ်
ဖြတ်မျဉ်းတစ်ကြောင်းလို
ကိုယ့်ဆီမှာ ခဏတာ
ရေစက်လာဆုံပေးတဲ့အတွက်လည်း
တစ်သက်စာ ကျေးဇူးတင်တယ်
ကြီးကြီးမားမားတွေ မလုပ်ပြချင်ပေမယ့် တခမ်းတနားတော့ တိတ်ဆိတ်ပြချင်တယ်
Click here to claim your Sponsored Listing.
Category
Website
Address
Taunggyi