Unity

Unity

Share

အဆင့်မြင့်ကုန်ကြမ်းများ ကိုသာအသုံးပြုထားပါတယ်။

20/11/2025

ပီမိုင်တိုင်း

မိုင်ဆုန်ခ 🙏
ကောင်းခြင်းမင်္ဂလာအဖြာဖြာ ပြည့်စုံပါစေ

ရှမ်းပြည်နယ်ကြီး အေးချမ်းပါစေ…

ရှမ်းပြည်နယ်မှာ နေထိုင်နေကြသော တိုင်းရင်းသားများလည်း ကြီးပွါးတိုးတက်ကြပါစေ…

#ရှမ်းနှစ်သစ်ကူးအကြောင်း
~~~~~~~~~~~~~~~~
🌸နှစ်သစ်ကူးခြင်းဆိုသည်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိခြင်းဖြစ်ပါသည်။ နတ်တော်လတွင် ရှမ်းလူမျိူးတို့နှစ်သစ်ကူးခြင်းကား ရှမ်းလူမျိူးများသည် သီးခြား ပြက္ခဒိန်ရှိနေခြင်းကို ဖော်ညွန်းလျှက်ရှိသည်။

🌸ရှမ်းနှစ်သစ်သည် သာသနာတော်နှစ်ထက် (၄၅၀)နောက်ကျသည်။ ရှမ်းသက္ကရာဇ်ထက် ဗုဒ္ဓသက္ကရာဇ်က ၄၅ဝ နှစ်ပိုကြီးသည်။ ခရစ်သက္ကရာဇ်ထက် ရှမ်းသက္ကရာဇ်က ၉၄ နှစ်ပိုကြီးသည်။ ကောဇာသက္ကရာဇ်ထက် ရှမ်းသက္ကရာဇ် ၇၃၂ ပိုကြီးသည်။

🌸သာသနာ သက္ကရာဇ် ၄၅ဝ (BC 94) တွင် စဝ်ဦးတည်ဖ ဘုရင်မင်းမြတ်သည် ဗုဒ္ဓသာသနာတော်ကို ယုံကြည် ကိုးကွယ်လိုသည် ဖြစ်၌ သားတော် စဝ်ခွန်စိုင်းအား သီဟိုဠ် (ယခု သီရိလင်္ကာနိုင်ငံ) သို့ စေလွတ်ပြီး ပိဋကတ် သုံးပုံကို ပင့်ဆောင် စေခဲ့သည်။ ဗုဒ္ဓ သာသနာတော်ကြီး နန်ချိုပြည်သို့ စတင် ရောက်ရှိလာသည့် ထိုနှစ် ထိုလ (နတ်တော်လ) မှ စ၍ ရှမ်းသက္ကရာဇ်ကို ရေတွက် သတ်မှတ်ခဲ့သည်။ ရှေးအခါက ရှမ်းနက္ခတ္တ ပညာရှင်များသည် နှစ်သစ်ကူးနေ့ကို သတ်မှတ်ရာတွင် နေ-လ-ကြယ်-နက္ခတ်တို့ကို ကြည့်ပြီး အချိန်နာရီ အတိအကျဖြင့် သတ်မှတ်ကြသော်လည်း ယခုအခါတွင် နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ထားသည်။

🌸ရှမ်းနှစ်သစ်ကူးပွဲတော်သည် ရှေးခေတ်ကာလမှ စ၍ ယနေ့တိုင်ရှမ်းလူမျိူးများ အမြတ်နိူးဆုံးပွဲတော်အဖြစ် ဆက်လက်ဆင်နွဲ ကျင်းပလာခဲ့ကြ၏။
ထိုနှစ်သစ်ကူးပွဲတော်တွင်-
(1) #နှစ်သစ်ကူးအစားအစာပေးပို့လှူဒါန်းခြင်း....။
ရှမ်းရိုးရာ အစားအစားဖြစ်သော မုန့်ဖက်ထုတ် မုန့်ပေါင်း စသည်တို့ကို ပြုလုပ်ပြီး ရင်းနှီးသောမိတ်ဆွေများထံသို့ ပေးပို့ကြပါသည်။ အိမ်ရှင်က ဝမ်းသာစွာလက်ခံပြီး ဆုမွန်ကောင်းများပေးပါသည်။
(2) #နှစ်သစ်ကူးစောင့်ကြိုခြင်း……
**နတ်တော်လဆန်းတစ်ရက် မရောက်မီ တန်ဆောင်မုန်းလပြည့်ကျော်၁၄ရက် ၁၅ရက်တို့တွင် ပွဲလမ်းသဘင်များ ကျင်းပခြင်း သီချင်းဆို တရားနာယူခြင်း ရှေးခေတ်က သူရဲကောင်းများပြုလုပ်၍ နှစ်သစ်ကူးကို စောင့်ကြိုကြသည်။
(3) #နှစ်သစ်ကိုကြိုဆိုခြင်း……
**နှစ်သစ်ကူးချိန်ဖြစ်သည့် တန်ဆောင်မုန်းလကွယ်(နှစ်ဟောင်းအကုန်)နတော်လဆန်းတစ်ရက်(နှစ်သစ်အရောက်)00:00နာရီအချိန်တွင်မီးရှုးမီးပန်းများပစ်လွတ်ခြင်း ကခုန်မြူးထူးခြင်းများကို ပြုလုပ်၍ နှစ်သစ်ကို ဝမ်းသာစွာကြိုဆိုကြလေသည်။(ရှေးအခါက အရုဏ်တက်ချိန်တွင် နှစ်သစ်ကိုကြိုဆိုကြသည်ဟုဆိုသည်)။
(4) #နှစ်သစ်ဝမ်းမြောက်ခြင်း……
နှစ်သစ်ကိုကြိုဆိုပြီးနောက် ဝမ်းမြောက်ဝမ်းသာပျော်ပျော် ရွှင်ရွှင် အိုးစည်ဗုံမောင်းစသည်တို့ တီးခတ်ခြင်း နှစ်သစ်မင်္ဂလာသီချင်းသီဆိုခြင်း ကခုန်ခြင်း များသည် နှစ်သစ်ဝမ်းမြောက်ခြင်း ဖြစ်သည်။
(5). #နှစ်သစ်မင်္ဂလာပြုခြင်း……
**နတ်တော်လဆန်းတစ်ရက် နှစ်သစ်ကူးနေ့မှ စ၍ နတ်တော်လပြည့်နေ့အထိ (သို့မဟုတ်)နတ်တော်လကုန်အထိ မိတ်ဆွေအိမ်သို့သွားပြီး မိုင်ဆုန်ခ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ပြည့်စုံပါစေဟုဆို၍ နှစ်သစ်မင်္ဂလာကိုယူကြပါသည်။
(7) #နှစ်သစ်စာသုံးဆောင်ခြင်း……
**ဘုရားရှင်အား ဆွမ်းတော်တင်လှူခြင်း သံဃာတော်များကို ဆွမ်းကပ်ခြင်း ရပ်နီးရပ်ဝေးမိတ်ဆွေများကိုပင့်ဖိတ်၍ စာဂလှူဒါန်းခြင်းများပြုလုပ်သည်။ ရင်းရင်းနှီးနှီး အတူတကွစားသောက်ခြင်းများပြုလုပ်သည်။
(😎 #နှစ်သစ်လက်ဆောင်ပေးခြင်း
နှစ်သစ်တွင် အမှတ်တရဖြစ်ရန်အတွက် တစ်ဦးကို တစ်ဦးလက်ဆောင်ပေးခြင်း ရပ်ဝေးမိတ်ဆွေများထံ နှစ်သစ်ဆုတောင်း သဝဏ်လွှာပေးပို့ခြင်း လက်ဆောင်ပေးပို့ခြင်းများဖြစ်သည်။

**မှတ်ချက်**
တက္ကသီလ မဟာဓမ္မာစရိယကျမ်းပြု ဦးသုခမိန္ဒ၏ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့်ဓလေ့ ထုံစံများ။စာ ၃၅၃-၅၆ ရမှ ကောက်နူတ်တင်ပြခြင်းဖြစ်သည်။
ရှမ်းနှစ်သစ်ကူးနှင့်အတူ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ။
Credit 🙏🏻

Photos from Cafe' Garden's post 28/12/2024
20/10/2024

အဝေးကြီးကနေ တောင်ကြီး လာတိုင်းအားပေးတဲ့ ကာကာ တွေကလဲ စောင့်ပေးမယ် ရတယ်လုပ်လုပ်😍🥰
အော်ဒါကျနေလို့ ခဏစောင့်ရမယ်နော် ညမလေးဆိုလဲ ရတယ်အစ်မ စောင့်ပေးမယ် 😍🥰
ဖုန်းဆက်မှာတဲ့ ကာကာကလဲ ရတဲ့ အချိန်ပို့ပေးနော် အစ်မတဲ့ 😍🥰🧑‍🍳
🧑‍🍳🥰အများကြီး အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်😍😘

Photos from Unity's post 11/08/2024

လန်းဆန်းစေမယ့် အအေးလေးတစ်ခွက်လိုနေတယ်ဆို Unity ကိုသတိရပေးပါလို့🥂🥂🥂
☎️_ 09882992913
#တောင်ကြီးတက္ကသိုလ်

#တောင်ကြီး

Photos from Unity's post 08/07/2024

မောက်ချိုက်🍲 7000
Soda 2ခွက် 🍹🍹5000
စုစုပေါင်း 🍹🍲🍹12000တန်မှတန်

ချစ်သူလေးနဲ့ အေအေးဆေးဆေး Date ချင်တာ ဆို Unity ကို လာခဲ့နော် နောင်တ မရစေရပါဘူး လို့ 💗💗

☎️_ 09882992913

ဆိုင်ဖွင့်ချိန်-🕖မနက် ၉ နာရီ မှ🕖 ည ၇ နာရီထိ
ဈေးနှုန်းသင့်ပြီး 😋စား‌ကောင်းတဲ့ဆိုင်မျိုး ရှာနရင်တာ့ Unity စားဖွယ်စုံလေး ရှိနေပြီနော်🥳
လိပ်စာအိမ်အမှတ်၊🏫 ရ/(၁၀)၊အနောက်မြို့ပတ်လမ်း၊ကျောင်းကြီးစုရပ်ကွက်၊တောင်ကြီးမြို့။My Telရုံးနှင့် Royal Star Hotel ကြား၊
(စိုးစံဆေးခန်း မျက်နှာချင်းဆိုင်)
100%အကောင်းဆုံး သော ကုန်ကြမ်း တွေကို အသုံးပြုတဲ့ ထားပါတယ်နော်။

30/03/2024

ထမင်း နဲ့ ဟင်း မစားချင်ဘူးဆို လဖက်ထမင်းသုတ် လေးရပါတယ်နော်💗💗💗

17/03/2024

အားပေးကြတဲ့ မိတ်ဆွေတို့ရေ ဆိုင်လေးဖွင့်ပါပြီနော်❤️

ဈေးတန်တန်နဲ့ အရသာရှိရှိ စားသောက်ဖွယ်ရာ အမျိုးမျိုးကို တစ်နေရာတည်းမှာ မှာယူသုံးဆောင်နိုင် ပါပြီရှင့်🥰

☎️ 🌺🌺 09882992913

2နာရီလောက်ကြို ပြီးအော်ဒါတင်ပေးပါရန် မေတ္တာ ရပ်ခံ အပ်ပါတယ်ရှင့်❤️

Photos from Unity's post 10/03/2024

ပုံလေးတွေ ကြည့်ပြီး စားချင်နေတာမလား ဈေးလဲ သိပြီဆိုတော့ အပြေးလေး မှာလိုက်တော့နော်😁😁

အော်ဒါကျနေရင် စောင့်နေရတတ်တော့ ဗိုက်ဆာတတ်တဲ့ သူလေးတွေကတော့ 2နာရီလောက်ကြိုမှာ ပေးလေနော်❤️

နေ့တိုင်းအားပေးကြလို့ ကျေးဇူးပါနော်🥰🥰

☎️ 🌻 09882992913

Photos from Unity's post 05/03/2024

❤️ ဒီနေ့လဲ အများကြီး အားပေး တဲ့ မိတ်ဆွေ တစ်ဦး တစ်ယောက်ချင်း စီ ကို ကျေးဇူး အထူးတင်ရှိပါတယ်နော်🤩

04/03/2024

မနေ့က လာစားပြီး စားကောင်းလို့ ဒီနေ့ ထပ်လာစားတာ
ရှေ့အော်ဒါလေးရှိလို့ ခဏစောင့်ရမယ် ဆိုလဲ စောင့်မယ်
ရတယ်မရေ ဆိုပြီး အချိန်ပေးပြီး အားပေးတဲ့ ညမလေးတွေ ကျေးဇူးပါနော်❤️❤️❤️❤️

ကိုယ့်ဆီလာစားရင် အဆင်ပြေတယ် မရေ ဆိုပြီး ဝတ်ကျေတန်းကျေ ပြောတာထက် ခုလို တစ်ခုမကျန် အကုန်စားသောက်သွားရင် အမောကိုပြေလို့🤩

Menu လေးဓါတ်ပုံရိုက်သွားမယ်နော် နောက်လဲမှာစားမယ်ဆိုပြီး ဖုန်းနံပါတ်လေးပါတောင်းသွားသေးတာ 🧑‍🍳

ဒီနေ့ ⛷️အော်ဒါတွေကျနေလို့ စောင့်ရအုံးမယ်ဆိုတော့ ရတယ်မရေ ပြီးတဲ့ချိန်ပို့ပေးဆိုပြီး 🥰စိတ်ရှည်ပေးတဲ့ ကာကာလေးတွေလဲ ကျေးဇူးအထူးတင်ရှိပါတယ်နော်🫅

အော်ဒါကျတဲ့နေ့တွေ🥹 ဆိုစောင့်ရတတ်လို့ 2 နာရီလောက်ကြိုပြီးအော်ဒါတင်ပေးဖို့ မေတ္တာ ရပ်ခံအပ်ပါ‌တယ်နော်🥳

🌻အားပေးကြတဲ့ မိတ်ဟောင်း မိတ်သစ် တစ်ဦးတစ်ယောက်ချင်းစီ ကိုကျေးဇူး အထူးတင်ရှိပါတယ်ရှင့်🌺

Want your restaurant to be the top-listed Restaurant in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


ရ/၁၀၊အနောက်မြို့ပတ်လမ်း၊ကျောင်းကြီးစုရပ်ကွက်
Taunggyi
20.762047,97.035891

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00