Transform Salai

Transform Salai

Share

Transform သဘာဝမြေဩဇာနှင့်ဆေးဝါးများဝန်ဆောင်မှု့
📞 Ph - 09 956523014/09 796719894

01/01/2026

🌳 စိုက်ပျိုးရေးမှာ ရာသီဥတုကောင်းဖို့၊ မိုးလေဝသကောင်းဖို့၊ အပူဒါဏ်ခံနိုင်ဖို့၊ အစိုဓာတ်တွေထိန်းဖို့ဆို သစ်ပင်ကြီးတွေလည်းရှိဖို့လိုပါတယ်ဗျ။ ကျွန်တော်တို့ရဲ့ သီးနှံစိုက်ခင်းများဘေးမှာ သစ်ပင်ကြီးတွေရှိရင်ကောင်းပါတယ်ဗျ 🌴။
​🌾 ဖြစ်နိုင်ရင် မိမိတို့ရဲ့လယ်ယာမြေသီးနှံစိုက်ခင်းတွေမှာ ရာသီသီးနှံ စပါး၊ နှမ်း၊ ပြောင်း၊ ပဲ၊ အာလူး၊ ငရုတ်၊ ကြက်သွန် စတဲ့သီးနှံတွေကိုလည်းစိုက်ကြသလို 🌶️ နှစ်ရှည်ပင်တွေဖြစ်တဲ့ ကျွန်းသစ်၊ သရက် စတဲ့နှစ်ရှည်ပင်များကိုလည်း တွဲဖက်စိုက်ထားပါက သီးနှံများကို ရာသီဥတု၊ မိုးလေဝသ၊ အပူ အအေး မျှတစေမှာပဲဖြစ်ပါတယ်ဗျ 🌤️🌧️။
​🍂 သီးနှံရိတ်သိမ်းပြီးပါက လယ်ယာမြေကွက်လပ်ကို နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး အစရှိတဲ့ တိရစ္ဆာန်ချေးများကို ထည့်ပေးသင့်ပါတယ် 🐄🐓။ သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ အုန်းခွံ၊ ပဲခွံ စတဲ့ သစ်ပင်စွန့်ပစ်ပစ္စည်းများကိုလည်း ထည့်ပေးလို့ရပါတယ် ♻️။
​⚠️ ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးလေဝသမမှန်ခြင်း၊ အပူလွန်ကဲခြင်း၊ ဓာတုမြေဩဇာ ဆေးဝါးများလိုအပ်သည်ထက် လွန်ကဲစွာသုံးမိခြင်း 🧪🚫၊ ရေတိုက်စားခြင်း၊ ပိုးမွှားရောဂါမထူထပ်ဘဲ လယ်ယာထဲရှိရိုးပြတ်အမှိုက်သရိုက်များကို အမြဲလိုလိုမီးရှို့ခြင်းများကြောင်း 🔥 မြေဆီလွှာပျက်စီးပြီး မြေချဉ်ခြင်း၊ မြေငန်ခြင်း၊ မြေမာခြင်း၊ အဆိပ်အတောက်များခြင်းများ ဖြစ်တတ်ပါတယ်ဗျ 🥀။
​✨ မြေဆီလွှာလျော့နည်းပျက်စီးပါက ထုံးမှုန့်၊ ကျောက်မှုန့်၊ အီးအမ်ဖျော်ရည်၊ Transform သဘာဝမြေဩဇာထုပ်များဖြင့် မြေပြုပြင်ပေးသင့်ပါတယ်ဗျ 🌱။
​💚 သီးနှံတစ်မျိုးတည်းကို ထပ်ကာထပ်ကာ မစိုက်ပျိုးဘဲ သီးလှည့်စိုက်ပျိုးသင့်ပါတယ် 🔄။ သဘာဝ‌ေအာ်ဂဲနစ်မြေဩဇာနဲ့ဆေးဝါးများ ဥပမာ-ငါးအမိုင်နို၊ Transform သဘာဝမြေဩဇာနဲ့ဆေးဝါး ကဲ့သို့ဆေးဝါး ✅၊ တိရစ္ဆာန်ချေးများ၊ သစ်ရွက်ဆွေး၊ သစ်ပင်စို၊ သစ်ပင်စွန့်ပစ်ပစ္စည်းများ ကိုသာ ပုံမှန်သုံးပေးပြီး ဓာတုမြေဩဇာဆေးဝါးများကိုလိုအပ်မှသာ လိုအပ်သလောက် သူ့အတိုင်းအတာနဲ့သူသုံးပေးပါက မြေကြီးကျန်းမာရေးကောင်း၊ လူကျန်းမာရေးကောင်းစွာ အသက်ရှည်မှာပဲဖြစ်ပါတယ်ဗျ 💪😊။
​📈 သီးနှံခင်းများဘေးမှာသစ်ပင်ကြီးတွေစိုက်ပျိုးထားမယ်၊ ဒါမှမဟုတ် သီးနှံခင်းနဲ့ နှစ်ရှည်ပင်တောအုပ်တွဲစိုက်မယ် 🌳🌾၊ တိရစ္ဆာန်ချေးတွေ သစ်ပင်စွန့်ပစ်ပစ္စည်းတွေ မြေဩဇာအနေနဲ့ကျွေးမယ်၊ မြေပြင်ပေးမယ်၊ သဘာဝအော်ဂဲနစ်မြေဩဇာနဲ့ဆေးဝါးတွေကိုပုံမှန်သုံးမယ်၊ ဓာတုမြေဩဇာဆေးဝါးတွေကိုလိုအပ်မှသုံးမယ်၊ သီးလှည့်စိုက်မယ်၊ မျိုးကောင်းမျိုးသန့်သုံးမယ်၊ အချိန်၊ ရာသီမှန်အောင်စိုက်ပျိုးမယ်ဆိုရင် လယ်ယာသီးနှံများဟာ ပြန်လည်အထွက်နှုန်းတိုးလာမှာပါခင်ဗျ 🌾🌾🌾🌾 🌾💰💰💰💰💰

#ရာသီဥတု
#မြေကြီး
#သဘာဝမြေဩဇာနဲ့ဆေးဝါး
#အော်ဂဲနစ်မြေဩဇာနဲ့ဆေးဝါး
#ဆလိုင်းထွန်းဦးဝင်း

15/12/2025
15/12/2025

✨တောင်သူလယ်သမားတွေရဲ့အခက်အခဲများဖြေရှင်းကြမယ် - - -

#တောင်သူလယ်သမားအခက်အခဲ
#ဖြေရှင်းနည်းအချို့
#ဆလိုင်းထွန်းဦးဝင်း

28/11/2025

✨တောင်သူလယ်သမားတွေရဲ့အခက်အခဲတွေကဘာတွေလဲ၊ဘယ်လိုဖြေရှင်းရမလဲ၊ဘယ်သူတွေကဖြေရှင်းပေးနိုင်မလဲ၊ဘယ်လိုဆိုရင်အဆင်ပြေမလဲ?

#တောင်သူလယ်သမားအခက်အခဲ
#ဖြေရှင်းနည်းများ
#ဆလိုင်းထွန်းဦးဝင်း

10/11/2025

soil
plus
#သဘာဝမြေဩဇာနဲ့ဆေးဝါး
Htun Oo Win

Photos from Transform Salai's post 06/11/2025

✨ ပုံထဲမှာ ပြထားတာတွေက မတ်ပဲမှာဖြစ်နေတဲ့ မှဲ့ပျောက်စွန်းရောဂါ၊အဝါရောင်မိုစေ့ရောဂါနဲ့ ကိုက်စားပိုးတွေလည်းကျနေပါတယ်၊၊
👉 ခုလိုဖြစ်နေတဲ့ မှဲ့ပျောက်စွန်းကမှိုရောဂါတစ်မျိုးပါ၊ကျွန်တော်သတိထားမိသလောက် မနှစ်ကစပြီးကျွန်တော်တို့ဘက်မှာ စဖြစ်လာပါတယ်၊မြေကြီးတွေ၊အပင်တွေကအားနည်းမယ်၊ရာသီဥတုကလည်းပူတော့ အားနည်းပြီးဖြစ်တယ်လို့ထင်ပါတယ်။
👉 အဝါရောင်မိုစေ့ရောဂါကတော့ ယင်ဖြူက သယ်ဆောင်တဲ့ပိုးကောင်ဖြစ်တဲ့အတွက် ယင်ဖြူတွေရှိနေရင် အဝါရောင်မိုစေ့ရောဂါဖြစ်ပါတယ်၊ပြန့်ပါတယ်၊မပြန့်ပွားအောင် မဖြစ်အောင် ယင်ဖြူကိုကြိုတင်ကာကွယ်ရပါမယ်၊ဖြစ်လာရင်နှိမ်နင်းရပါမယ်ဗျ။
✅ ကျွန်တော်သုံးတဲ့ဆေးတွေဆိုရင်တော့ မှဲ့ပျောက်စွန်းအတွက်ဆိုရင် ယူနတီ၊အဝါရောင်မိုစေ့ရောဂါသယ်ဆောင်ပိုးကောင် ယင်ဖြူအတွက်ဆိုရင် ဘတ်တား၊ကိုက်စားပိုးအတွက်ဆို ဆိုင်ကလုန်၊အလန်း စတာတွေကို သုံးပါတယ်။
✅ ရောဂါတွေ ပိုးတွေသက်သာသွားရင်တော့ Transform ရွက်ဖျန်းမြေဩဇာ သုံးပါတယ်။
✨ဒါကတော့ ရောဂါတွေ ပိုးတွေ ကျရောက်တော့မှ မတ်ပဲခင်းကိုကြည့်ပေးပါဆိုလို့ ကြည့်ပေးပြီး ဆေးညွှန်းတဲ့ပုံစံပဲဖြစ်ပါတယ်။
✅ မြေကြီးကစပြီးသော်လည်းကောင်း၊အပင်ငယ်စဉ်ကစပြီးသော်လည်းကောင်း Transform မြေဩဇာ ဆေးဝါးတွေကိုသုံးထားမယ်ဆိုရင် အဲလောက်ကြီးဆိုးဆိုးဝါးဝါးဖြစ်ခဲပါတယ်၊ဖြစ်ခဲ့ရင်လည်း ရောဂါသတ်ဆေး တစ်ကြိမ်၊ပိုးသတ်ဆေး တစ်ကြိမ်လောက်သုံးလိုက်ရင် လုံးဝသက်သာသွားပါတယ်၊Transform သုံးထားရင် ရောဂါဖြစ်ခဲပါတယ်၊ပိုးအရမ်းကြိုက်တဲ့သီးနှံဆိုရင် ဓာတုပိုးသတ်ဆေး တစ်ကြိမ်၊နှစ်ကြိမ်ဆို အဆင်ပြေပါတယ်၊ဓာတုပိုးသတ်ဆေးကို ပုံမှန်သုံးသလို 15ရက်တစ်ခါဖျန်းနေစရာမလိုပါဘူး၊Transform ကိုသာ 10ရက် (သို့မဟုတ်)15ရက်တစ်ခါပုံမှန်ဖျန်းသွားပါက ရှယ်ကောင်းပါတယ်ခင်ဗျာ။
✅ ဒါနဲ့ အခြေအနေပေးရင်တော့ အဲလိုမျိုး သီးနှံခင်းတွေကို လိုက်ကြည့်ပေးပြီး လိုအပ်တဲ့ဆေးဝါးတွေကိုလည်းညွှန်ပေးပါတယ်ခင်ဗျာ 🌿 🌿 🌿 🌿 🌿
#မတ်ပဲ
#ရောဂါ၊ပိုးမွှား

#သဘာဝမြေဩဇာနှင့်ဆေးဝါး
#ဆလိုင်းထွန်းဦးဝင်း
#📱09 956523014

26/10/2025

#မတ်ပဲ၊ကုလားပဲ
#အပင်အသေအပျောက်နည်း
#အထွက်နှုန်းတိုး
#မြေခံသုံး
soil
#သဘာဝမြေဩဇာ၊မြေဆီ

Photos from Transform Salai's post 17/10/2025

စပါးနီတို သံဓာတ်အဆိပ်သင့်တာက ရေသွင်းရေထုတ်ကခက်ခဲတဲ့ စပါးခင်းတွေ၊မြေချဉ်နေတဲ့စပါးခင်းတွေမှာ ဖြစ်တတ်ပါတယ်။
အနည်းလိုဓာတ်နဲ့ဖြည့်စွက်ဓာတ်တွေမညီမျှတဲ့အခါမြေချဉ်နေမယ်၊ အဟာရဓာတ်လိုတာကလို ပိုတာကပိုနေမယ်၊အဲဒီထဲက သံဓာတ်တွေကိုပိုနေမယ်၊စပါးခင်းထဲရေသွင်းရေထုတ်မလုပ်ထားဘူး၊ရေတော့ရှိနေမယ်၊ကြာလာတော့ရေထဲက အောက်စီဂျင်ပြတ်နေမယ်၊အောင်စီဂျင်ပြတ်နေတဲ့အခါ ပိုလျှံနေတဲ့ သံဓာတ်တွေဟာ ရေထဲမှာပျော်ဝင်နေမယ်၊စပါးပင်ကရေထဲက အောက်စီဂျင်မရဘဲ သံဓာတ်တွေကို စုပ်ယူစားသုံးမိမယ်၊စပါးပင်ထဲသံဓာတ်တွေရောက်သွားတဲ့အခါ သံဓာတ်တွေက ခဲသွားမယ် အစာကြော၊ရေကြောတွေကိုသွားပိတ်ဆို့နေမယ်ဆိုရင် စပါးပင် မကျန်းမာတော့ပါဘူး၊စပါးပင်ဟာ နီညိုရောင်တွေ တွေ့ရမယ်၊အမြစ်တွေ နီမယ်၊ညိုမယ်၊တို‌မယ်၊ပင်ပွားနည်းမယ်၊အပင်ကြီးထွားမှု့ရပ်ဆိုင်းမယ်၊အဲဒါကို စပါးနီတို သံဓာတ်အဆိပ်သင့်တယ်လို့ခေါ်ပါတယ်။
ဘယ်လိုကုသရမလဲဆိုရင် စပါးခင်းအတွင်းမှ ရေများကို သုံး၊လေး ရက်ထုတ်ထားပေးပါ၊ပိုတက်စီယမ်၊ကယ်စီယမ်ပါသောမြေဩဇာများကို ထည့်ပေးပါကအဆင်ပြေပါတယ်၊ပုလဲ၊ယူရီးယားခေါ် နိုက်ထရိုဂျင်မြေဩဇာ N (သို့မဟုတ်)NPK တို့ကို အပင်ကျန်းမာမှ ကျွေးလို့ရမှာပဲဖြစ်ပါတယ်၊စပါးပင်မကျန်းမာချိန်မှာကျွေးမိရင် ပိုဆိုးသွားမှာပဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံ၊successmore company မှထုတ်လုပ်သော သဘာဝမြေဩဇာ Transform soil ကို အသုံးပြုပါကလည်း သက်သာသွားမှာပါခင်ဗျာ၊Transform soil ကိုသုံးပါက မြေကြီးထဲမှ ကိုတက်စီယမ်ကို အဆပေါင်းများစွာ တိုးပွား‌ေစနိုင်သလို ကယ်စီယမ်ဓာတ်များကိုလည်းမပြတ်လတ်အောင်ကူညီပေးနိုင်ပါတယ်၊ဒါကြောင့်မိုလို့ စပါးနီတို သံဓာတ်အဆိပ်သင့်နေပါက Transform soil သဘာဝမြေဩဇာကိုသာ သုံးပါ၊လုံးဝအဆင်ပြေသွားမယ်ဆိုတာအာမခံပါတယ်ခင်ဗျာ 🌾 🌾 🌾 🌾 🌾

#စပါးနီတို သံဓာတ်အဆိပ်သင့်ခြင်း

soil
#သဘာဝမြေဩဇာ

13/10/2025

soil
plus
#သီးနှံတစ်ဧကပျမ်းမျှကုန်ကျစရိတ်

Want your public figure to be the top-listed Public Figure in Taungdwingyi?
Click here to claim your Sponsored Listing.

Category

Telephone

Address


ပျဥ်းမနားတောင်ညိုလမ်း
Taungdwingyi
MESSENGER,CHATBOX