MOW
ပေးရသည့်ဈေးနှင့် ထိုက်တန်သောQualityရရှိစေရမည်။
02/12/2021
😒😒
26/10/2021
#အိမ်မြှောင်ရဲ့ချီးကအန္တရာယ်ရှိလား ???
🔴🔴🔴
အိမ်မြှောင် ချေးတစ်ခုမှာဆိုရင်ထိပ်မှာကပ်လျက်ရှိနေတဲ့အဖြူရောင်အစေ့လေးကိုသိသိသာသာမြင်ကြရမှာပါ။
အိမ်မြှောင်ချေးတုံးလေးကိုနှစ်ပိုင်းခွဲရင်
အောက်ဘက်မည်းနေတဲ့အပိုင်းကမစင်ဖြစ်ပြီးတော့
အပေါ်ကအဖြူရောင်အစေ့လေးကဆီးဖြစ်ပါတယ်။
လူအပါအဝင် တော်တော်များများသတ္တဝါတွေမှာဆီးကိုအရည်အဖြစ်နဲ့သွားပေမယ့်အိမ်မြောင်တွေကတော့အခဲပုံစံနဲ့သွားကြပါတယ်။
အဲ့သည်အဖြူရောင်လေးဟာ
သူတို့ရဲ့ဆီးကထွက်တဲ့ယူရစ်အက်ဆစ်
တွေနဲ့ဖွဲ့စည်းထားတဲ့ crystalလေးတစ်ခုပဲဖြစ်ပါတယ်။
မြွေတွေရဲ့ချေးဖွဲ့စည်းပုံစနစ်ကလည်း
အိမ်မြှောင်တွေနဲ့ဆင်တူပါတယ်။
အိမ်မြှောင်ရဲ့ချီးကအန္တရာယ်ရှိလားဆိုရင်
အင်မတန်အန္တရာယ်ရှိပါတယ်။
ဆဲလ်မွန်းနဲလားလို့ခေါ်တဲ့ ဘက်တီးရီးယားတွေအလွန်များပြားစွာပါဝင်နေလေ့ရှိပါတယ်။
အင်းဆက်တွေမှာရှိတတ်ကြတဲ့အခြားဘက်တီးရီးယားတွေလည်းပါဝင်နေပါသေးတယ်။
ဒါကြောင့်မလို့အိမ်မြှောင်ချီးကိုင်မိပြီးသွားရင်ဆပ်ပြာနဲ့လက်ကိုသေချာစွာဆေးကြောဖို့လိုအပ်ပါတယ်။
အစားစားမိရင်မပါသွားအောင်ဂရုစိုက်ဖို့အရေးကြီးပါတယ်။
ကလေးရှိတဲ့အိမ်တွေ အထူးသတိထားသင့်ပါတယ်နော်။
ရွံစရာပေမယ့် သတိထားနိုင်ဖို့ပါ။⛔
Credit to original uploader
22/09/2021
Dream of guys 😍
19/09/2021
အလွဲလေးတွေရှိရင် တည့်လိုက်ကြရအောင်🤗
13/09/2021
#ဘာကြောင့်_ခေါင်းအုန်းစွတ်တွေ_ခေါင်းအုန်းတွေလဲသင့်လဲ
မြန်မာလူမျိုးအတော်များများဟာ ခေါင်းအုံး၊ မွေ့ယာ ၊ ဖက်လုံး စတာတွေကို လဲမှို့ များနဲ့ပြုလုပ်ပြီးတော့ အချိန်အတော်အကြာ အသုံးပြုလေ့ရှိကြပါတယ်
မှို့ နဲ့မှ အေးတာ ဆိုတဲ့ အစွဲ ၊ ငါ က ခေါင်းအုံးပြောင်းရင် မအိပ်တတ်ဘူး ဆိုတဲ့အစွဲတွေကြောင့် ခေါင်းအုံးတစ်လုံးကို နှစ်ပေါင်းများစွာ အသုံးပြုကြတာ ကိုတွေ့ဖူးပါတယ်။
နယ်မှာတော့ ခေါင်းအုံးတွေကို နေလှန်းပေးတာ၊ အုံးတာကြာလို့ အိသွားတဲ့ခေါင်းအုံးတွေကို မှို့အသစ်ထည့် ပြီး ပြန်ချုပ်တာမျိုးတွေ လုပ်ကြတာ မြင်ဖူးပေမဲ့ ကျွန်မနေတဲ့ ရန်ကုန်မြို့လိုမျိုး အလင်းရောင်နဲ့ လေကောင်းလေသန့် သိပ်မရတဲ့ တိုက်ခန်းနေ သူတွေအဖို့ ခေါင်းအုံးနဲ့ မွေ့ယာတွေကို နေပြဖို့ဆိုတာ မလွယ်ကူလှပါဘူး
အိပ်နေတုန်းမှာ ခေါင်းကထွက်တဲ့ချွေးနဲ့ သွားရေဟာ ကြာလာတဲ့အခါ ခေါင်းအုံးတွေမှာ ဝါကျင့်ကျင့် အကွက်လိုက်တွေ ဖြစ်နေတတ်ပါတယ်
ခေါင်းအုံးတွေ ဖက်လုံးတွေမှာ အဲသလို ဝါကျင့်ကျင့် နှင့် အကွက်တွေပေါ်နေပြီဆိုရင်တော့ မသုံးသင့်တော့ပါဘူး
ကျွန်မရဲ့အမေမှာ ရင်ကြပ်တဲ့ဝေဒနာနဲ့ ချောင်းဆိုးနေခဲ့တာ တစ်နှစ်လောက် ရှိပါပြီ
လွန်ခဲ့တဲ့လကဆိုရင် ရာသီဥတုကလည်း နေပူလိုက် မိုးရွာလိုက်မို့ Humidity (စိုထိုင်းဆ) မြင့်ပြီး Virus ပေါက်ပွားေစတဲ့ရာသီဖြစ်တာကြောင့် အမေ့ရဲ့ ရင်ကြပ်ဝေဒနာဟာ သက်သာမလာဘဲ ညစဥ် ညစဥ် လုံးဝ အိပ်မရတဲ့အထိတောင် ဖြစ်လာခဲ့ပါတယ်
Covid ကာလမှာ ဆေးရုံသာ ခေါ်သွားရင် ချောင်းဆိုးလို့ ရောက်လာတာကြောင့် Covid သံသယ လူနာစာရင်းထဲထည့်ပြီး တခြားဝေဒနာ သည်တွေနဲ အတူတူထားရာကနေ ရောဂါကူးပြီးတော့ ပစ်လိုက်ရနိုင်ပါတယ်
ကြံရာမရဖြစ်မိတဲ့အဆုံး ကျွန်မ
ပြနေကျ ပြင်သစ်ဆရာဝန်ဆီ ဖုန်းဆက်တော့မှ သူ့ဆေးခန်းဖွင့်ထားပေးတာသိရလို့ အမေ့ကို သူ့ဆီခေါ်သွားခဲ့ပါတယ်
ပြန်လည်စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး လိုအပ်တဲ့ဆေးဝါးကိုလည်း ဆေးခန်းကပဲ တစ်လစာ စီစဥ်ပေးခဲ့တာကြောင့်၊ လျှင်မြန်လွယ်ကူစွာပဲ သက်သာလာပါတယ်
အဲအချိန်မှာ ကျွန်မ သတိပြုမိတာက အမေ့ရဲ့အိပ်ယာနဲ့ခေါင်းအုံးဟာ အတော်ကြီး ဟောင်းနွမ်းနေတာကိုပါပဲ။ ဘယ်လောက်ကြာနေမှန်းတောင်မသိတော့ပါဘူး
ကျွန်မကိုယ်တိုင် Bronchitits ရှိသူဖြစ်ပြီး တစ်နေ့ကို ၃/၄ ခါလောက်တာ့ ချောင်းဆိုးတတ်သူမို့ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးမွေ့ယာကို သန့်ရှင်းပြီးအနံ့အသက်မရှိအောင်ဂရုစိုက်ရပါတယ်။
အမေနဲ့ အိမ်ခွဲနေတာ ၁၀ နှစ်ကျော်ပြီမို့ အမေနေမကောင်းမှပဲ အမေ့ အိပ်ယာနဲ့ ခေါင်းအုံးတွေကို သေချာ ကြည့်ဖြစ်ပါတယ်။
ကပ်စေးနဲတဲ့အမေ့ကို အမေ့ခေါင်းအုံးတွေ အိပ်ယာတွေ လဲလိုက်လို့ပြောရင် လဲမှာမဟုတ်မှန်းလည်းသိ၊ အကျိုးအကြောင်းပြောလဲ ခေါင်းမာတဲ့အမေက လက်ခံမယ်မဟုတ်မှန်းလည်း သိတာကြောင့် ရန်ဖြစ်ခြင်းနဲ့ အဆုံးသတ်ရမယ့်အတူတူ ဉာဏ်ထပ်သုံးရပါတော့တယ်
“အမေ ခေါင်းအုံးတွေ၊ စောင်ခြင်ထောင်၊ မွေ့ယာ အကုန်ပစ်လိုက်၊ အမေ့ခြေသည်း၊ လက်သည်း နှင့် ဆံပင်လေးပါ နည်းနည်းထည့်ပစ်လိုက်နော်” လို့ ပဲ ပြောပြီး ချက်ချင်းပဲ အဲဒီနေ့မှာ လိုအပ်တဲ့ အိပ်ယာ အသုံးအဆောင်တွေ ကိုယ်တိုင်ဝယ်ပြီးသွားပို့ပေးလိုက်ပါတယ်
အကြောင်းတိုက်ဆိုင်စွာပဲ တစ်နှစ်လောက် အဆက်မပြတ်ချောင်းဆိုးလာတဲ့အမေဟာ ချောင်းလုံးဝမဆိုးတော့ဘဲ ထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ်
အမေ နေမကောင်းတာနဲ့ ကိုယ့်ရဲ့ Bronchitis ဝေဒနာကို အကြောင်းပြုပြီး စာတွေလိုက်ရှာဖတ်ရင်း၊ မသန့်ရှင်းတဲ့ခေါင်းအုံးကို အသုံးပြုနေကြသူတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ခံစားတတ်ကြရတယ်ဆိုတာကို သိခဲ့ရပါတယ်
ပြီးတော့ ခေါင်းအုံးတစ်လုံးကို ၁ နှစ် ကနေ ၂ နှစ်အတွင်းသာ သုံးသင့်ကြောင်းကိုလည်း ဖတ်သိခဲ့ရပါတယ်
အိပ်စက်ခြင်းဟာ ကျွန်မတို့အတွက် အခြေခံ ဇိမ်ခံခြင်း တစ်ခုပါ
ကိုယ်အိပ်တဲ့အချိန်မှာ သက်တောင့်သက်သာ အိပ်ပျော်နိုင်ဖို့၊ အိပ်စက်နေစဥ်မှာ ခံစားရနိုင်တဲ့ဝေဒနာတွေ ကင်းဝေးစေဖို့က မိမိရဲ့ အိပ်ယာ သန့်ရှင်းမှုရှိ နေ ဖို့ ပထမ၊
သက်တောင့် သက်သာရှိဖို့ က ဒုတိယပါ ၊ နောက်ဆုံးကတော့ အိပ်စက်ခြင်းကို အထောက်အကူပြုစေတဲ့ အမွှေးနံ့သာနဲ့ အသံတွေပဲ ဖြစ်ပါတယ်
လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်လွယ်နေကြတဲ့အချိန်မှာ မသန့်ရှင်းတဲ့ အိပ်ယာတွေခေါင်းအုံးတွေကြောင့်လည်း အပိုဆုတွေ မရကြစေဖို့ မျှဝေလိုက်ရပါတယ်
Grace
01/09/2021
ဘယ်သူတွေလဲ 🤣🤣
31/08/2021
ကြွားတယ်လို့တော့ မထင်ပါနဲ့
ဒဲ့.....တင်တာနော်....အရှိအတိုင်း
စျေးရောင်းလို့ရတာလဲမဟုတ်ဘူး😏
လုပ်အားခနဲ့လဲရတာမဟုတ်ဘူး..😏
ဘယ်လောက်ရှိတယ်ကြွားနေတဲ့သူတွေမြင်စမ်း
မိဘဆီကရတာလည်းမဟုတ်ဘူးး😏
ဘယ်ဆွေမျိုးဆီကမှလဲရတာမဟုတ်ဖူး😏
ဘယ်မိတ်ဆွေသူငယ်ချင်းကမှလည်းမပေးဘူးး😏
ရှင်းရှင်းပြောရရင် ငါ့ဟာငါ ရိုးရိုးသားသားနဲ့
သူများတင်ထားတဲ့ ပုံကို ပြန်ကူးပြီးတင်တာ
စာပါ copy ကူးလာတာ ရှင်းလား😂😂😂
အဲလောက်ရှိရင် အိမ်မက်ထဲက ကားတွေဝယ်စီးမယ်!🤣🤣😜
Crd
27/08/2021
#ကြေးနီခွက်နဲ့ရေသောက်ခြင်းကြောင့်_ရလာနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးများ
အိမ်တွင်းကုထုံး နည်းလမ်းတွေဆိုတာ ဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းလာကြတာပါ။ မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေသုံးပြီး ကုသနိုင်တဲ့ နည်းလမ်းတွေကို ခေတ်မမီဘူးဆိုပြီး ဒီနေ့ခေတ်မှာ ပစ်ပယ်ထားလို့ မရပါဘူး။
အိမ်တွေမှာ အဘိုးအဘွားတွေ ကြေးနီခွက်ထဲ ရေထည့်သောက်တာ တွေ့ဖူးကြမှာပါ။ ဒါဟာ ကျန်းမာရေးကို အကျိုးဖြစ်စေတဲ့ အကျင့်တခုပါ။ ကြေးနီခွက်ထဲ ထည့်သောက်တဲ့ ရေကိုသောက်ပေးရင် ကိုယ်တွင်းဓာတ်ကို ညီညွှတ် မျှတအောင် ထိန်းညှိပေးနိုင်လို့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရပါတယ်။
ပထမဆုံးအချက်ကတော့ အက်စစ်ဓာတ်နဲ့ ဂတ်စ်တွေက အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒီဓာတ်တွေပါတဲ့ အစားအသောက်၊ ဖျော်ရည်တွေ သောက်မိတဲ့အခါ အစာမကြေ မဖြစ်အောင် ကြေးနီက ဖြေလျော့ပေးပါတယ်။ အစာခြေစနစ်ကို ပိုကောင်းစေပြီး မကောင်းတဲ့ပိုးတွေကို သေစေနိုင်စွမ်းရှိသလို ဗိုက်အောင့် ဗိုက်နာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အသည်း၊ ကျောက်ကပ်နဲ့ အစာအိမ်တွေထဲက မကောင်းတဲ့ အညစ်အကြေးတွေကိုလည်း သန့်စင်ဖယ်ရှား ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျအောင် နည်းလမ်းမျိုးစုံ သုံးပေမယ့် သိသိသာသာ မကျဖြစ်နေရင် ကြေးနီခွက်နဲ့ ရေထည့် သောက်ကြည့်ပါ။ ကြေးနီရဲ့ဓာတ်သဘောကိုက ကိုယ်တွင်းအဆီတွေကို ချေဖျက်ပေးနိုင်ပါတယ်။
နောက်တချက်က ပြင်ပရောင်ရမ်းမှု ဒဏ်တွေအတွက် မထိရောက်ပေမယ့် ကိုယ်တွင်း အစိတ်အပိုင်းတွေ အတွက်တော့ အကောင်းဆုံး ကုစားပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်တွင်းဝင်ရောက်လာတဲ့ ပိုးမွှားတွေကို သေစေနိုင်ပါတယ်။
ကြေးနီဟာ အကောင်းဆုံး Anti-oxidant တမျိုးဖြစ်သလို ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာအောင် ကူညီပေးပါတယ်။ အသက်အရွယ်ကြီးရင့်လို့ ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းဖြစ်ခြင်းကို ဟန့်တားပေးနိုင်သလို ကိုယ်ခံ စနစ်ကောင်းစေပြီး Free radical တိုက်ဖျက်ပေးလို့ ကင်ဆာဖြစ်စေနိုင်တဲ့ဆိုးကျိုးတွေကို ဟန့်တားပေးပါတယ်။
ကြေးနီမှာပါတဲ့ သဘာဝပိုးသတ်ဆေး Oligodynamic က Ecoli လိုကူးဆက်ရောဂါပိုးမွှားတွေအပြင် ရေကတဆင့် ဖြစ်နိုင်တဲ့ ဝမ်းကိုက်၊ ဝမ်းလျောရောဂါတွေကိုပါ သေစေနိုင်စွမ်းရှိပါတယ်။ အသက်ကြီးတဲ့အခါ ဖြစ်လာနိုင်တဲ့ အာရုံကြောစနစ် နှေးကွေးသွားတာကို ဟန့်တားပေးပြီး ဦးနှောက်လုပ်ငန်းဆောင်တာတွေ သွက်လက်မြန်ဆန်စေပါတယ်။
နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့အသားရေနဲ့ ထိခိုက်ဒဏ်ရာ အမာရွတ်တွေကို မှေးမှိန်အောင် လုပ်ပေးနိုင်ပါသေးတယ်။ ကြေးနီခွက်ထဲ နေ့စဉ် ရေထည့်သောက်ခြင်းကြောင့် သင့်အသားရေ ထူးခြားပြောင်းလဲလာတာကို လက်တွေ့သိမြင်လာမှာပါ။ ခန္ဓာကိုယ်က လိုအပ်တဲ့ သံဓာတ်နဲ့တခြားသတ္တုဓာတ်တွေ စုပ်ယူမှု အားကောင်းစေလို့ သွေးအားနည်းရောဂါကို ကာကွယ်ပေးပါတယ်။
ကြေးနီနဲ့ ပတ်သက်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေသေးပေမယ့် မိရိုးဖလာနည်းလမ်းတွေမို့ သိပ္ပံနည်းအရ အတည်မပြုနိုင်တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ကြေးနီဓာတ်သဘာဝဟာ ကျန်းမာရေးကို အထောက်အကူ ပြုနိုင်တယ်ဆိုတဲ့အချက်ကိုတော့ လက်ခံလာကြပါပြီ။
ကြေးနီခွက် ဝယ်မယ်ဆိုရင် အရင်ဆုံးသိထားရမှာက ကြေးနီစစ်စစ်နဲ့ လုပ်ထားတဲ့ သတ္တုခွက်တွေ ဖြစ်ရပါမယ်။ ကြေးနီခွက်တွေကို သန့်စင်ဆေးကြောတဲ့အခါ ဘရှက် အကြမ်းဖတ်တွေ မသုံးဘဲ သံပုရာသီးတခြမ်းကို ခွက်အနှံ့ တိုက်ပြီးရင် ရေသန့်သန့်နဲ့ ပြန်ဆေးပေးပါ။ နောက်တနည်းကတော့ မုန့်ဖုတ်ဆော်ဒါနဲ့ ရေ ရောပြီး ပွတ်တိုက်ပါ။ မိနစ် အနည်းငယ်လောက်ထားပြီး ရေပြန်ဆေးလိုက်ရင် သန့်စင်သွားပါပြီ။
🔴🔴“တန်ဆေးလွန်ဘေး”ဆိုတဲ့ စကားအတိုင်း ကြေးနီခွက်ထဲထည့်သောက်တဲ့ ရေက ကျန်းမာရေးကောင်းတယ်ဆိုပြီး အများကြီး မသောက်သုံးသင့်ပါဘူး။ FDA က ထုတ်ပြန်ချက်အရ လူတယောက်ဟာ တနေ့ကို ကော့ပါးဓာတ် ၁၂ မီလီဂရမ်လောက်ပဲ လိုအပ်ပါတယ်။ ဒါကြောင့် တနေ့ကို ကြေးနီခွက်နဲ့ အများဆုံး ရေ ၂ ခွက်ကနေ ၃ ခွက်လောက်ပဲ သောက်ပါ။🔴🔴
Credit original uploader
24/08/2021
#တီရှပ်ဆိုဒ်သိပ်ကြီးနေရင်_ဒီလိုလုပ်ကြည့်ပါ။
ဒီဇိုင်းကြိုက်လို့ ဝယ်လာတဲ့ တီရှပ်လေးတွေ အိမ်ရောက်လို့ ဝတ်ကြည့်မှ ပွနေတာမျိုး ကြုံဖူးကြမှာပါ။ တီရှပ်ဆိုတာ သိပ်အပွကြီး ဝတ်ရင် ဖားဖားလျားလျားနဲ့ ကြည့်ရ အင်မတန်ဆိုးပါတယ်။ ဒီတော့ ကိုယ့်အိမ်မှာတင် တီရှပ်ဆိုဒ်ကို ကျုံ့သွားအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ သိထားရင် အဆင်ပြေသွားမှာပါ။
အဆင့် (၁) အဝတ်လျှော်စက်ထဲ အမြင့်ဆုံးအပူချိန်ထားပြီး လျှော်ပါ။ တစ်ခုရှိတာက Graphic Tee တွေဆိုရင်တော့ ဆေးတွေ ကွာနိုင်ပြီး ပျက်စီးနိုင်ပါတယ်။
အဆင့် (၂) Dryer ကို Hottest Setting ထားပြီး အခြောက်ခံပါ။
အဝတ်လျှော်စက် မရှိရင်လည်း ဖြစ်ပါတယ်။ ရေနွေးတစ်အိုးလောက် ဆူအောင် တည်လိုက်ပါ။ အဝတ်စိမ်လို့ ရလောက်အောင် ရေနွေးများများစားစား ရပြီဆိုရင် ပုံးတစ်လုံးထဲ ဆူနေတဲ့ ရေနွေးထည့်ထားပါ။ ၅ မိနစ်လောက် ကြာရင် ဆွဲထုတ်လိုက်ပါ။ မိနစ် ၂၀ လောက် အထိလည်း ထားလို့ ရပါတယ်။ အကောင်းဆုံးက ၁၀ မိနစ်လောက် စိမ်ထားတာပဲ ဖြစ်ပါတယ်။
*** တစ်ခု မှတ်ထားရမှာက ရေပူလေလေ တီရှပ်ကျုံ့တာ မြန်လေလေပါပဲ။ ဒါကြောင့် တီရှပ်အရွယ်အစား နည်းနည်းပဲ သေးပြီး ကျုံ့သွားချင်ရင် အင်္ကျီမစိမ်ခင် ရေကို နည်းနည်းလေး အအေးစောင့်သင့်ပါတယ်။***
29/07/2021
မီးလောင်နေတဲ့အိမ်နဲ့ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု
တစ်ခါက လူတစ်ယောက်ဟာ ခရီးသွားပြီးပြန်လာချိန်မှာ သူ့အိမ် မီးလောင်နေတာကို တွေ့လိုက်ရပါတယ်။
သူ့ရဲ့အိမ်ဟာ မြို့ထဲမှာ အကောင်းဆုံး၊ အလှဆုံးအိမ်တွေထဲက တစ်လုံးဖြစ်ပြီး နေရာအချက်အချာကျတဲ့နေရာမှာ တည်ရှိနေတာကြောင့် တန်ရာတန်ကြေးထက် ပိုပေးပြီး ဝယ်ယူဖို့ ကမ်းလှမ်းသူတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က အိမ်ကိုသဘောကျ တန်ဖိုးထားတာကြောင့် ဘယ်သူ့ကိုမှ မရောင်းခဲ့ပါဘူး။
အခုအချိန်မှာတော့ သူ အရမ်းတန်ဖိုးထားတဲ့အိမ် မီးသင့်နေတာကို တွေ့လိုက်ရတော့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ အရမ်းကို တုန်လှုပ်ခြောက်ခြားနေခဲ့တာပေါ့။
အိမ်မီးလောင်နေတာကို သတိထားမိတဲ့ အနီးဝန်းကျင်က လူတွေစုရုန်းရောက်ရှိလာပြီး မီးကို ငြိမ်းသတ်ဖု့ိ ကြိုးစားကြပေမယ့် မီးရှိန်ပြင်းလွန်းတာကြောင့် မတတ်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။
အိမ်ပိုင်ရှင်လည်း စိတ်ပျက်ဝမ်းနည်းစွာနဲ့ ထိုင်ငိုနေပါတော့တယ်။
ဒီအချိန်မှာ သူ့ရဲ့သားတစ်ဦးက အပြေးရောက်လာပြီး စကားတစ်ခွန်း တီးတိုးပြောလိုက်ပါတယ်။
"အဖေ၊ အိမ်မီးလောင်နေလို့ စိုးရိမ်မနေပါနဲ့။ မနေ့တုန်းကပဲ အဲ့ဒီအိမ်ကို ပေါက်ဈေးထက် သုံးဆပိုပေးတဲ့သူရှိလို့ အဖေ့ကိုမစောင့်ပဲ သားရောင်းလိုက်ပြီးပြီ။"
ဒီအခါ အိမ်ပိုင်ရှင်က "ဟုတ်လား၊ ဒါဆို ငါတို့အိမ်မဟုတ်တော့ဘူးပေါ့" လို့ ပြောပြီး စိတ်အေးသက်သာစွာနဲ့ အခြားသူတွေလိုပဲ မီးလောင်တာကို ရပ်ကြည့်နေပါတော့တယ်။
စိတ်ထဲမှာလည်း "တော်သေးတာပေါ့၊ ရောင်းပြီပြီဆိုတော့ ငါ့မှာဆုံးရှုံးစရာမရှိတော့ဘူး"လို့ တွေးပြီး ကျေနပ်မိတာကြောင့် ခပ်သဲ့သဲ့လေး ပြုံးလိုက်မိပါသေးတယ်။
ဒီအချိန်မှာပဲ သူ့ရဲ့ ဒုတိယသားရောက်လာပြီး "အဖေ ဘာရပ်လုပ်နေတာလဲ၊ အိမ်က မီးလောက်နေတာကို ဒီအတိုင်းကြည့်ပြီး ပြုံးနေရသလား"လို့ မေးလိုက်ပါတယ်။
အိမ်ပိုင်ရှင်က "မင်း မသိသေးဘူးလား။ မင်းအစ်ကို ဒီအိမ်ကို မနေ့ကပဲ ရောင်းလိုက်ပြီတဲ့" လို့ ပြန်ပြောပါတယ်။
ဒုတိယသားက "ဟာ..အဖေကလည်း သားတို့က စရံပဲ ယူထားရသေးတာ၊ အခုလို မီးလောင်သွားတော့ ဝယ်တဲ့သူက အပြည့်ပေးချင်ပါဦးမလား" လို့ ပြန်ပြောလိုက်တဲ့အခါ
အိမ်ပိုင်ရှင်လည်း အရမ်းတုန်လှုပ်သွားပြန်ပါတယ်။ ဆုံးရှုံးစရာမရှိတော့ဘူးဆိုပြီး ကျေနပ်နေတဲ့ခံစားချက်လည်း ပျောက်ကွယ်သွားပြီး စိတ်ပျက်ဝမ်းနည်းမှုတွေနဲ့ ပြန်ငိုကြွေးရပြန်ပါတယ်။
ဒီအချိန်မှာပဲ တတိယသားဖြစ်သူ ရောက်လာပြီး သူ့အဖေ ငိုနေရတဲ့အကြောင်းရင်းကို သိတဲ့အခါ "စိတ်မပူပါနဲ့ အဖေ၊ အိမ်ကိုဝယ်တဲ့သူက ကတိတည်တဲ့သူပါ။ အခုပဲ သူ့ဆီကနေ ပြန်လာတာ၊ အိမ်မီးလောင်သည်ဖြစ်စေ၊ မီးမလောင်သည်ဖြစ်စေ ပေးချေရမယ့် ပမာဏအပြည့်အဝကို ပေးမှာပါလို့ ပြောလိုက်တယ်။" လို့ ရှင်းပြလိုက်ပါတယ်။
ဒီတော့မှာ အိမ်ပိုင်ရှင်လည်း ပူပင်သောကမရှိပဲ အိမ်မီးလောင်တာကို ရပ်ကြည့်နေနိုင်သွားပါတော့တယ်။
ဒီအကြောင်းအရာက ရှုပ်ထွေးပွေလီလှတဲ့ လူ့သဘောသဘောဝပါပဲ။
အိမ်ပိုင်ရှင်ဖြစ်သူဟာ အစက သူ့အိမ်မီးလောင်နေပြီဆိုပြီး ဝမ်းနည်းပူဆွေးနေပေမယ့် သူ့အိမ်မဟုတ်တော့မှန်း သိရတဲ့အခါ ဝမ်းနည်းပူဆွေးမှု မရှိတော့ပဲ မဆိုင်သလို ကြည့်နေနိုင်ခဲ့ပါတယ်။
တစ်ခါ သူပဲ ဆုံးရှုံးရနိုင်တယ်လို့ သိရပြန်တော့ ဝမ်းနည်းပူဆွေးမှုတွေ ပြန်လည်ခံစားလာရပြန်ပါတယ်။
နောက်ဆုံး သူ့အကျိုးစီးပွား လုံးဝမထိခိုက်ဘူးဆိုတာသေချာမှ သက်ပြင်းချ စိတ်အေးသွားတာကို တွေ့ရမှာပါ။
ဒီအိမ်တစ်လုံးထဲ၊ ဒီမီးလောင်မှုတစ်ခုထဲပေါ်မှာပဲ ပိုင်ဆိုင်မှုအခြေအနေပေါ်မူတည်ပြီး ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတွေကို ကွဲပြားစွာ ခံစားနေရတာဖြစ်ပါတယ်။
"ငါ့ဟာ" လို့ ထင်နေရင် ပူလောင်ရသလောက် "ငါနဲ့မဆိုင်ဘူး"လို့ သိမြင်လာတဲ့အခါ အေးချမ်းတည်ငြိမ်မှုရှိလာပါတယ်။
"ငါ စွဲ"တွေ ကွာပြီး ပျော်ရွှင်အေးချမ်းနိုင်ကြပါစေ။
Gentleman Magazine
26/07/2021
#အဆုတ်ကျန်းမာအောင်_အိမ်တွင်းပစ္စည်းများနဲ့_ဂရုစိုက်နည်း
19/07/2021
#အာဟာရပြည့်ဖို့_ဗမာကြက်_စားမလား_CPကြက်_စားမလား?🥘🍗
အမြဲ ကြားနေရတာ ဗမာကြက်စား သူက အားပိုဖြစ်တယ်။ ဗမာကြက်ဆိုတော့ တနည်းအားဖြင့် free range chicken/ organic chicken (ဒီ၂မျိုးကလဲ သိပ်တော့မတူပါဘူး) ပေါ့
ဗမာကြက် က အာဟာရဓါတ် ပိုပါတယ် လို့ ယူဆ ကြပေမယ့် တကယ် တမ်းမှာ ပါဝင် တဲ့ အာဟာရဓါတ် တွေ က သိပ်ပြီး ကွာခြားမှု့မရှိပါဘူး
CP ကြက်က သူတို့ ကျွေးတဲ့ အစာ မှာ ဓာတု ပစ္စည်း တွေ ပါဝင် တယ်ဆိုပြီး မစားရဘူးတွေ ပြောကြပါတယ်။
ဒါလဲ မဟုတ်ပါ။ ကျွန်တော်တို့ အစိမ်းစားနေတာ မဟုတ်ပါ။ သေချာ ဆေးကြောပြီး ကျက်အောင် ချက်စားပါ။
အခုချိန်မှာ အာဟာရ ရှိအောင် စားရမှာပါ။ ပြီးတော့ ဈေးကြီးမှ အာဟာရ ရှိတာ မဟုတ်ပါ
ဈေး ၂ ဆ လောက် ကွာတဲ့ ကြက်သား ၂ မျိုးမှာ မိမိ အဆင်ပြေတာ လက်လှမ်းမီတာ စားကြပါ...
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Credit
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Tatkon