Homeland Cafe

Homeland Cafe

Share

A good day start with good a cup of coffee!

13/11/2024

ဖြူလုံးလေး ဒီနေ့ပဲ Thy သွားပါပြီ
ကောင်းရာမွန်ရာရောက်ပါစေ ကလေးလေးရယ်😢😢💔

30/08/2024

အမှတ်တမဲ့တွေဟာ အမှတ်တရတွေ ဖြစ်လာပါတယ်❤️‍🩹
အမှတ်တရတွေ အတူတူ ဖန်တီးပေးတဲ့ခဲ့ မိတ်ဆွေ၊သူငယ်ချင်း၊customers အားလုံးကို ဟုမ်းလန်းမိသားစုက သတိရနေမှာပါ😔🙏🏻
ဆိုင်ရှင်ကိုကြီးတွေ ပြန်လာတဲ့အခါကြရင် အကောင်းဆုံးပုံစံနဲ့ ဆိုင်လေးကို ပြန်ဖွင့်ပါ့မယ်နော် ❤️(သတိရခြင်းများစွာဖြင့်)

30/08/2024

ဝမ်းနည်းစွာနဲ့ပဲ ကျွန်တော်တို့ရဲ့ဆိုင်လေးကို ဒီနေ့ 30.8.2024 ကနေစပြီးတော့ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါပြီဗျ🙏🏻
အမြဲအားပေးကြတဲ့ customers များနဲ့ ကော်ဖီသောက်နေကြ ဖောက်သည်တွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်ဗျ
ဟုမ်းလန်းက ကော်ဖီလေးကိုလည်း အမြဲသတိရနေမယ်လို့ မျှော်လင့်ပါတယ်ဗျ
စိတ်မကောင်းချင်းများစွာနဲ့ပဲ ကျွန်တော်တို့ ဆိုင်လေးကိုခေတ္တရပ်နားလိုက်ရပါတယ်ဗျာ
ဆိုင်လေးများ ပြန်ဖွင့်ဖြစ်ခဲ့ရင် ပိုကောင်းတဲ့ ပုံစံများစွာနဲ့ပြန်ဆုံချင်ပါတယ်ဗျာ 🙏🏻

Photos from Homeland Cafe's post 22/07/2024

မုန့်ဟင်းခါး ရပြီနော်
လာစားကြပါအုံး ဒါဘဲ 🫠

15/07/2024

ကော်ဖီသောက်ပါ တနင်္လာ
တစ်ယောက်ယောက်ကို စောင့်နေရတာလည်း တနင်္လာ

တနင်္လာမှာ
ဘယ်သူမှ ဘာမှမလုပ်ဘူးလား

တစ်စုံတစ်ယောက်ကို ချစ်ဖို့ဖြစ်လာခဲ့ရင်
တနင်္လာနေ့မှာပဲ ချစ်ချင်ပါတယ်
နှစ်ခါပြန်ချစ်ချင်ပါတယ်။

-စိုင်းဝင်းမြင့်

Photos from Homeland Cafe's post 08/07/2024

Anime universe version of the homeland

07/07/2024

ဒီနေ့ နေ့လည်စာလေးကို ဝက်ပင်စိမ်းထမင်း
One Potion လေး စားဖြစ်တယ်
အချစ်ရယ် 🫠

02/07/2024

ဂစ်တာတီးပီး သီချင်းဆိုတဲ့ ညတွေတိုင်း
အဝေးရောက်နေတဲ့ ညီတွေနဲ့
သူငယ်ချင်းတွေကို လွမ်းမိပါတယ်

မောင်ချောနွယ်ကဗျာလိုပေါ့

ကမ္ဘာကြီးအတွက် ညတိုင်း သီချင်းဆိုခဲ့တယ်

Photos from Homeland Cafe's post 02/07/2024

အဝေးကနေ ဝက်လက်ပေါင်းကော်ရည်
နံရိုးပေါင်းကော်ရည်နဲ့ Honey Lemonadeမှာပီး
Suprise ပို့ခိုင်းသော မိုင်ဖရန့်
ကျေးဇူး အများကြီးတင်ပါသည်။ 🥺🥰

အမားနဲ့ယောင်းမ

မရှိရှိတဲ့ကြားက ကျွေးတာမလို့ ကောင်းကောင်းစားပီး ဒီသမီး ဆိုးသမျှ ခံကြနော်
ကောင်းကောင်းစားလို့မရရင် ဆိုင်ကိုကွန်ပလိန်းတက်လိုက်နော်
သမီးသူငယ်ချင်းဆိုင်ပါ

(ကောင်းရင် နောက်လည်းလာစားနော် 🫠)

02/07/2024

ကျွန်တော်တို့ Homeland စာပေရေချမ်းစင်လေးမှ
စာအုပ်များ ငှါးသွားပါသော
ညီအစ်ကိုမောင်နှမများ မိတ်ဆွေသူငယ်ချင်းများနှင့်
ကျေးဇူးရှင်ဧည့်သည်တော်များ ခင်ဗျာ

စာအုပ်လေးတွေ အားလုံးပြန်လာအပ်ပေးကြဖို့
မေတ္တာရပ်ခံပါသည်ခင်ဗျာ။
နောက်ထပ် စာအုပ်များတိုးဖို့နဲ့
ရှိပီးသားစာအုပ်များ စာရင်းအတိအကျဖြည့်
လုပ်စရာလေးများ ရှိပါသောကြောင့်

ပြန်လာအပ်ပေးကြဖို့ မေတ္တာရပ်ခံပါသည်။

30/06/2024

ယောကျာ်းတွေ မီးဖိုချောင်ဝင်ရင်
ပိုပီး အလှဆင်ချင်ကြတယ်ဆိုတာ
ဟုတ်လောက်တယ် 🧐

ဒီနေ့ နေ့လည်စာကတော့
ဝက်ကုန်းဘောင်ထမင်းလေး အလှည့်ကျပါတယ်

ကော်ဖီဆိုင်လေးမှာ One Set ထမင်းလေးတွေ
အစုံရပီနော်

ကုန်းဘောင်ထမင်း (🐔/🐷)
ချိုချဉ်ထမင်း (🐔/🐷)
ချဉ်စပ်ထမင်း (🐔/🐷)
ပင်စိမ်းထမင်း (🐔/🐷)
ခြောက်စပ်ထမင်း (🐔/🐷)

📱09974296540

29/06/2024

အာလူးကို မာလာအနှစ်ကလေးမှ
စားချင်ပါတယ်ဆိုတဲ့သူအတွက်
အာလူးမာလာဟင်းလေး ရပါပီနော် 🫠

အာလူးမာလာကြော်ရယ်
အာလူးမာလာချက်ရယ်

အာလူးဆို ရွေးချယ်စရာ
အဲ့နှစ်မျိုးဘဲရှိတယ်
တစ်မျိုးရွေးပီးရင် လာဝယ်စားနော် 🥹

Want your restaurant to be the top-listed Restaurant in Tatkon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


46F6+ 72
Tatkon
15021

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00