Eurocake Myanmar

Eurocake Myanmar

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eurocake Myanmar, Food Wholesaler, 137th Street, Tamwe.

08/03/2026

"အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့" 💜

“၂၀၂၆ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျရောက်သော ‘အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့’ အား လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

ကဏ္ဍအသီးသီးမှာ စွမ်းဆောင်ရည်ထက်မြက်စွာနဲ့ ကြိုးစားအားထုတ်နေကြတဲ့ အမျိုးသမီးထုတစ်ရပ်လုံး ဒီနေ့မှသည် နောင်ရက်ပေါင်းများစွာတိုင် အောင်မြင်မှုအပေါင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။ ခိုင်မာတဲ့ စိတ်ဓာတ်၊ နူးညံ့တဲ့ မေတ္တာတရားတို့နဲ့အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်များကို အရောက်လှမ်းနိုင်ပါစေကြောင်း “Eurocake Myanmar” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။" 🌹

'sDay
#အမျိုးသမီးများနေ့

01/03/2026

🌾“တောင်သူလယ်သမားနေ့”🌾

"ယနေ့ မတ်လ၊ (၂)ရက်နေ့တွင် ကျရောက်သော 'တောင်သူလယ်သမားနေ့' အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

နိုင်ငံတော်ရဲ့ ကျောရိုးမဏ္ဍိုင်ဖြစ်တဲ့ ကျေးဇူးရှင် တောင်သူဦးကြီးများအားလုံး စိုက်ပျိုးသမျှ သီးနှံတွေ အထွက်တိုးပြီး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ “Eurocake Myanmar” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။"🙇✨


#တောင်သူလယ်သမားနေ့

16/02/2026

“Happy Chinese New Year!” 🧧✨

“မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယမှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ။✨

ဒီနှစ်သစ်မှာ စီးပွားဥစ္စာတွေ ဒီရေအလား တိုးတက်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ‘Eurocake Myanmar’ မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်။”🙇✨

Gong Xi Fa Cai!🧧🐎

14/02/2026

"Happy Valentine’s Day” ✨

"Valentine’s Day ဆိုတာ ပန်း‌လေးတွေပေး၊ချောကလက်ကျွေးရုံထက် ပိုတဲ့ သမိုင်းကြောင်းလေးရှိတယ်ဆိုတာ သိပြီးပြီလား❓

ဒီနေ့လေးဟာ စစ်ပွဲတွေကြားက အချစ်စစ်ကို ကာကွယ်ပေးခဲ့တဲ့ ဘုန်းတော်ကြီး "St. Valentine" ကို ဂုဏ်ပြုရာကနေ စတင်ခဲ့တာပြီး သူရေးခဲ့တဲ့ "From Your Valentine" ဆိုတဲ့ စာတိုလေးကနေ ဒီနေ့အထိ ချစ်ခြင်းမေတ္တာတွေ ဝေမျှနိုင်ခဲ့ကြတာပါ📜❤️
Valentine ဆိုတာ ချစ်သူရှိမှ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဖို့နဲ့ မိသားစု၊ သူငယ်ချင်းတွေကို အချိန်ပေးဖို့ အကောင်းဆုံးနေ့လေးပဲ ဖြစ်ပါတယ်🤗🎁

ဒါကြောင့် "Valentine's Day" မှာ ကိုယ်ချစ်ရသူတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရများစွာ ဖန်တီးနိုင်ပါစေလို့ "Eurocake Myanmar" မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 💌✨"

'sDay
'sDay

11/02/2026

🇲🇲“ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်”🇲🇲

“၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပင်လုံမြေမှာ စိုက်ထူခဲ့တဲ့ စည်းလုံးခြင်း အုတ်မြစ်ဟာ ယနေ့အချိန်ထိ ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှာ ရှင်သန်နေဆဲပါ။ ကွဲပြားခြင်းတွေထဲက လှပတဲ့ ညီညွတ်မှုနဲ့အတူ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီသို့……။

၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ကျရောက်တဲ့ (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး စိတ်ကိုယ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ‘Eurocake Myanmar‘ မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။”🙏🌟

#ပြည်ထောင်စုနေ့

04/01/2026

"လွတ်လပ်ရေးနေ့"🇲🇲

ကျွန်မတို့ နိုင်ငံအတွက် အသက်၊ သွေး၊ အချိန် တွေကို စွန့်လွှတ်ကာ ကြိုးပမ်းစွာတိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်များအား အောက်မေ့တမ်းတရင်းဖြင့်........

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မှာ ကျရောက်တဲ့ (၇၈)ကြိမ်မြောက် "လွတ်လပ်ရေးနေ့" အား "Eurocake Myanmar" မိသားစုမှ လေးနက်စွာဖြင့် ကြိုဆိုဂုဏ်ပြုအပ်ပါသည်။❣️

#လွတ်လပ်ရေးနေ့

31/12/2025

✨Happy New Year 2026 (For Everyone)✨

နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့ရတာတွေကို သင်ခန်းစာအဖြစ် မှတ်ယူပြီး (2026) နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိ ရည်မှန်းချက် ပန်းတိုင်တွေဆီကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ကြပါစေရှင်။💪✨

လူတိုင်းအတွက် နှစ်သစ်က ပျော်ရွှင်မှု၊ ကျန်းမာခြင်းနဲ့ စိတ်အေးချမ်းသာမှုတွေကို ယူဆောင်လာပါစေလို့ "Eurocake Myanmar" မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။🙏💝

25/12/2025

✨ Hello Everyone..... Merry Christmas 🎅🎄

ခရစ္စမတ်နေ့လေးမှာ မိသားစု၊ ချစ်ခင်ရသူတွေနဲ့အတူ ပျော်ရွှင်နွေးထွေးတဲ့ အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။⏰✨

စိတ်ပူပန်မှုတွေမှ အနားယူပြီး စိတ်ချမ်းသာမှု၊ ချစ်ခြင်းမေတ္တာတွေနဲ့ ကောင်းသောအမှတ်တရပေါင်း များစွာကို ဖန်တီးနိုင်ကြပါစေလို့ "Eurocake Myanmar" မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🫶🏼💝

19/12/2025

“ ကရင်နှစ်သစ်ကူးနေ့ ”

သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ရက်နေ့ တွင် ကျရောက်သော " ကရင်နှစ်သစ်ကူးနေ့" အား ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

နှစ်သစ်ကူးနေ့မှာ ဖားစည်သံတညံညံနဲ့ အားလုံးပဲ ကျန်းမာ ဘေးကင်း ပျော်ရွှင်ကြပြီး ၊ ကောက်ပဲသီးနှံများလည်း ဆထက်တပိုးတိုးပွားကြပါစေလို့ Euro Cake Myanmar မှဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်။

“ ပျော်ရွှင်ဖွယ်ရာ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါစေ...”





#ကရင်နှစ်သစ်ကူးနေ့

13/12/2025

"New Year မှာ ကံကောင်းခြင်းတွေယူဆောင်ပေးမယ့် မုန့်များ"

နှစ်သစ်ကူးဆိုတာ ကံကောင်းခြင်း၊ ကြွယ်ဝချမ်းသာခြင်းနဲ့ အတူတကွ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတဲ့ မုန့်တွေနဲ့ ဧည့်ခံတဲ့ ဓလေ့တွေ ပေါများပါတယ်…🎉

⏳ အချိန်စက်ဝန်းရဲ့ သင်္ကေတ- အဝိုင်းပုံ မုန့်များ

နှစ်သစ်ကူးမှာ စားသုံးတဲ့ မုန့်အများစုဟာ အဝိုင်းပုံသဏ္ဌာန် ရှိတတ်ပါတယ်။ ဒါဟာ အဆုံးသတ်ခြင်းမရှိတဲ့ စက်ဝန်းကို ကိုယ်စားပြုပြီး၊ တစ်နှစ်တာလုံး ကံကောင်းခြင်းများနဲ့ ပြည့်စုံဖို့ ရည်ရွယ်ပါတယ်။
ဥပမာ: ဒိုးနပ် ၊ ကွတ်ကီး နဲ့ ရိုးရာကိတ်အဝိုင်းပုံစံမျိုးတွေကို နှစ်သစ်ကူးမှာ အများဆုံး စားသုံးကြပါတယ်။

💰 ကံကောင်းခြင်းနှင့် ကြွယ်ဝမှုကို ယူဆောင်ပေးသော မုန့်များ

နိုင်ငံအလိုက် နှစ်သစ်ကူးမှာ စားသုံးတဲ့ မုန့်တွေဟာ လာမည့်နှစ်မှာ ချမ်းသာကြွယ်ဝဖို့၊ ကျန်းမာပျော်ရွှင်ဖို့ဆိုတဲ့ ဆုတောင်းတွေနဲ့ ဆက်စပ်နေပါတယ်။

🎁ဒတ်ချ်ရဲ့ Oliebollen

နယ်သာလန်မှာဆိုရင် ကိတ်မုန့်လေးတွေကို ဆီထဲကြော်ထားတဲ့ Oliebollen (Oil Balls) လို့ခေါ်တဲ့ မုန့်ကို စားသုံးကြပါတယ်။ ဒါဟာ အတိတ်က ဆိုးကျိုးတွေကို ရှောင်ရှားနိုင်စေတယ်လို့ ယုံကြည်ကြပါတယ်။

🎁စပိန်ရဲ့ Twelve Grapes (သို့မဟုတ်) Cake

စပိန်နဲ့ လက်တင်အမေရိကမှာတော့ နှစ်သစ်ကို ကြိုဆိုတဲ့အခါ ၁၂ ချက် တီးသံတိုင်းမှာ စပျစ်သီး ၁၂ လုံးကို အမြန်စားတဲ့ ဓလေ့ရှိပါတယ်။ ဒီလိုပဲ Roscón de Reyes လိုမျိုး အတွင်းမှာ ဒင်္ဂါးပြား သို့မဟုတ် ကံကောင်းစေတဲ့ အရာဝတ္ထုလေးတွေ ထည့်ဖုတ်ထားတဲ့ ကိတ်မျိုးကို စားသုံးလေ့ရှိပါတယ်။

🎊 လက်ဆောင်ပေးတဲ့ မုန့်ဓလေ့များ

ခရစ္စမတ်လိုပဲ နှစ်သစ်ကူးမှာလည်း အချိုပွဲ လက်ဆောင်တွေ ပေးကမ်းတဲ့ ဓလေ့ ရှိပါတယ်။ ဒါဟာ လက်ခံရရှိသူကို လာမယ့်နှစ်မှာ ချိုမြိန်ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်စေဖို့ ရည်ရွယ်တာပါ။

🎁Panettone/Pandoro (အီတလီ)

အထူးသဖြင့် အီတလီမှာ Panettone (သို့မဟုတ်) Pandoro လို့ခေါ်တဲ့ မုန့်တွေကို လှပတဲ့ ဘူးတွေနဲ့ ထည့်ပြီး တစ်ဦးနဲ့တစ်ဦး လက်ဆောင်ပေးကြပါတယ်။

🎁Cookies Boxes

အရသာမျိုးစုံပါဝင်တဲ့ ကွတ်ကီးဘူးတွေဟာ ရုံးပိတ်ရက်တွေနဲ့ နှစ်သစ်ကူး ဧည့်ခံပွဲတွေအတွက် ရေပန်းစားတဲ့ လက်ဆောင်မုန့်ပဲ ဖြစ်ပါတယ်။

🎁Champagne Truffles

ကိတ်မုန့်တွေအပြင် Champagne (ဝိုင်) ရဲ့ အရသာ ထည့်သွင်းထားတဲ့ ချောကလက် Truffles လိုမျိုး ခမ်းနားတဲ့ အချိုပွဲတွေကိုလည်း ပေးလေ့ရှိပါတယ်။

နှစ်သစ်ကူးမှာ ဒီလိုမျိုး ကံကောင်းခြင်းနဲ့ အရသာတွေ ပြည့်နေတဲ့ မုန့်တွေနဲ့အတူ လာမယ့်နှစ်ကို ပျော်ရွှင်စွာ ကြိုဆိုနိုင်ကြပါစေနော်…✨

Eurocake Myanmar product လေးတွေအကြောင်း အချိန်နဲ့တပြေးညီဖြေကြားပေးနိုင်ရန်အတွက် မင်မင်တို့ရဲ့Channel link လေးတွေကိုjoinပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင့်

📌Viber link
https://invite.viber.com/?g2=AQA4KdsruQMFjFNKuY1jnAvOGzOro4msVBHBA9K4b%2BMyMiw7YQeJIcfHzUOYBUWx

📌Telegram Link
https://t.me/Eurocakemyanmar

06/12/2025

"ပျော်ရွှင်စရာ ခရစ္စမတ်နှင့် ကိတ်မုန့်လက်ဆောင် ဓလေ့"

🎄ခရစ္စမတ်ပွဲတော်ဆိုတာ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ဆုံဆည်းပြီး မေတ္တာ၊ အစားအစာ၊ အထူးသဖြင့် အရသာရှိတဲ့ အချိုပွဲများ ဝေမျှတဲ့ အချိန်အခါလေးပဲ ဖြစ်ပါတယ်…

🍪ရိုးရာ Christmas မုန့်တွေရဲ့ အစ

ခရစ္စမတ် အချိုပွဲတွေရဲ့ မူလဇာစ်မြစ်ဟာ အင်္ဂလန်ပြည်မှာ စတင်ခဲ့ပြီး အလယ်ခေတ်က Christmas Pudding (ခရစ္စမတ် ပူတင်း) ပုံစံနဲ့ ပေါ်ပေါက်ခဲ့တာပါ။ အစပိုင်းမှာ အသားနဲ့ အသီးခြောက်တွေ ရောစပ်ထားပေမဲ့ နောက်ပိုင်းမှာတော့ ယနေ့ခေတ်လို သကြား၊ အသီးခြောက်များနဲ့ ဖုတ်ထားတဲ့ Christmas Fruitcake (ခရစ္စမတ် သစ်သီးကိတ်) အဖြစ် ပြောင်းလဲလာပါတယ်။

🍪ကမ္ဘာတစ်ဝန်းက ထူးခြားမုန့်များ

နိုင်ငံတိုင်းမှာ သူ့ရဲ့ ကိုယ်ပိုင် ရိုးရာ ခရစ္စမတ်မုန့်တွေ ရှိကြပါတယ်။ ဥပမာ- ပြင်သစ်မှာဆိုရင် ထင်းပုံစံ လှိမ့်ထားတဲ့ Bûche de Noël (Yule Log Cake) ကို စားသုံးကြပြီး၊ အီတလီမှာတော့ အသီးခြောက်နဲ့ Citrus အနံ့ပါဝင်တဲ့ မြင့်မားတဲ့ မုန့်ဖြစ်တဲ့ Panettone ကို ချစ်ခင်ကြပါတယ်။ ဂျာမနီက Stollen နဲ့ ယူကေက Gingerbread (ဂျင်းကွတ်ကီး) တွေကလည်း အလွန် ရေပန်းစားပါတယ်…

🍪လက်ဆောင်ပေးတဲ့ ဓလေ့

ခရစ္စမတ်ကာလဟာ အချစ်တွေကို အစားအစာတွေနဲ့ ဖော်ပြတဲ့ အချိန်လည်း ဖြစ်ပါတယ်။ မိသားစု၊ သူငယ်ချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီ ပေးတဲ့ လက်ဆောင်မုန့်တွေထဲမှာ Mini Christmas Cakes၊ အရုပ်ကလေးတွေနဲ့ အလှဆင်ထားတဲ့ Gingerbread Cookies တွေ၊ အရသာရှိတဲ့ Truffles နဲ့ ကမ္ဘာကျော်တဲ့ Danish Butter Cookies တွေဟာ အစဉ်အလာမပျက် လူကြိုက်များပါတယ်နော်။

ဒီလောက်ဆို ခရစ္စမတ်ပွဲတော်ရဲ့ ချိုမြိန်တဲ့ မုန့်သမိုင်းကြောင်းကို ပိုပြီး သိရှိစေမယ်လို့ ယုံကြည်ပါတယ်နော်…🎅

Eurocake Myanmar product လေးတွေအကြောင်း အချိန်နဲ့တပြေးညီဖြေကြားပေးနိုင်ရန်အတွက် မင်မင်တို့ရဲ့Channel link လေးတွေကိုjoinပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင့်

📌Viber link
https://invite.viber.com/?g2=AQA4KdsruQMFjFNKuY1jnAvOGzOro4msVBHBA9K4b%2BMyMiw7YQeJIcfHzUOYBUWx

📌Telegram Link
https://t.me/Eurocakemyanmar

29/11/2025

🍫 ချိုမြိန်တဲ့ အရသာကို ပေးစွမ်းရုံသာမက ကျန်းမာရေးအတွက်လည်း အံ့မခန်း အကျိုးကျေးဇူးတွေ ပေးနိုင်တဲ့ Dark Chocolate

🌿 ကိုကိုး (Cocoa) ဓာတ် အမြင့်ဆုံး

Dark Chocolate ဟာ နို့ဆီနဲ့ သကြားအနည်းငယ်သာ ပါဝင်ပြီး ကိုကိုး (Cocoa) ဓာတ် ၇၀% နဲ့အထက် ပါဝင်ပါတယ်။ ဒီ ကိုကိုးဓာတ် မြင့်မားလေလေ၊ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပိုမိုရရှိလေလေပဲ ဖြစ်ပါတယ်!

❤️ နှလုံးနှင့် သွေးလည်ပတ်မှုကို အားကောင်းစေခြင်း

ကိုကိုးမှာပါဝင်တဲ့ Flavanoids လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက သွေးကြောနံရံတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။
သွေးလည်ပတ်မှု ကောင်းမွန်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။

😊 ပျော်ရွှင်ခြင်းရဲ့ ဟော်မုန်းများ

Dark Chocolate စားသုံးတဲ့အခါ ဦးနှောက်ထဲမှာ Endorphins နဲ့ Serotonin လိုမျိုး ပျော်ရွှင်မှုနဲ့ စိတ်ကြည်လင်မှုကို ပေးစွမ်းတဲ့ ဟော်မုန်းတွေ ထုတ်လုပ်မှု တိုးတက်စေပါတယ်။ ဒါ့ကြောင့် စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့ "Mood Booster" အဖြစ် သုံးစွဲနိုင်ပါတယ်။

✨ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ခြင်း

Dark Chocolate ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ အများဆုံးပါဝင်တဲ့ အစားအစာတွေထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။
ဒီဓာတ်တွေက ခန္ဓာကိုယ်ထဲက မတည်ငြိမ်တဲ့ ဖရီးရယ်ဒီကယ် (Free Radicals) တွေရဲ့ ဆဲလ်ပျက်စီးမှုကို တိုက်ထုတ်ပေးတာကြောင့် အသားအရေနဲ့ ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

📌 မှတ်ချက်: ဒီအကျိုးကျေးဇူးတွေ အပြည့်အဝရရှိဖို့အတွက် ကိုကိုး ၇၀% နဲ့ အထက် ပါဝင်တဲ့ Dark Chocolate ကိုပဲ ရွေးချယ်ပြီး နေ့စဥ် သင့်တင့်မျှတစွာ စားသုံးဖို့ လိုအပ်ပါတယ်နော်။

Eurocake Myanmar product လေးတွေအကြောင်း အချိန်နဲ့တပြေးညီဖြေကြားပေးနိုင်ရန်အတွက် မင်မင်တို့ရဲ့Channel link လေးတွေကိုjoinပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင့်

📌Viber link
https://invite.viber.com/?g2=AQA4KdsruQMFjFNKuY1jnAvOGzOro4msVBHBA9K4b%2BMyMiw7YQeJIcfHzUOYBUWx

📌Telegram Link
https://t.me/Eurocakemyanmar

Want your business to be the top-listed Food & Beverage Service in Tamwe?
Click here to claim your Sponsored Listing.

Category

Telephone

Address

137th Street
Tamwe
11211