Wisdom International School - WIS
Wisdom for Wisdom. International Education for all. Special Quality Education for Students.
Overseas Education Services for all and Education Consultant Services for Private Schools.
17/04/2025
2025 နှစ်သစ်မင်္ဂလာ အခါသမယမှာ
WEC (Wisdom Education Centre) နဲ့
WEC International Education (NPT) ရဲ့
ချစ်မိတ်ဆွေများ ဆရာသမားများအားလုံး
အစဉ်တစိုက် ယုံကြည်စွာ အားပေးပံ့ပိုးပေးကြသော မိဘအုပ်ထိန်းသူများ
WEC ကျောင်းသားကျောင်းသူများ၊
နိုင်ငံတကာတက္ကသိုလ်များမှ WEC ကျောင်းသားကျောင်းသူများ၊
အထူးဂရုစိုက်သင်ကြားပေးကြသော WEC ဆရာဆရာမများ နဲ့
မြန်မာပြည်သူပြည်သားအားလုံး
ကမ္ဘာသူကမ္ဘာသားများအားလုံး …
စိတ်လက်ချမ်းသာ အေးမြကြည်လင်ကြပါစေ🙏
ရည်ရွယ်မှန်းရာ အခါခပ်သိမ်း အောင်မြင်ပေါက်ရောက်ကြပါစေ🙏
ကြံတိုင်းအောင် ဆောင်တိုင်းမြောက် လိုအင်ဆန္ဒဟူသမျှပြီးပြည့်စုံကြပါစေ🙏
ဘေးဘယာအပေါင်းမှ ကင်းစင်လွတ်မြောက်ကြပါစေ🙏
ရန်သူမျိုးငါးပါး ကပ်သုံးပါး အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ🙏
မိမိတို့၏ ခန္ဓာဝန်ကို ကောင်းစွာရွက်ဆောင်နိုင်ကြပြီး
မြတ်သောအကျွတ်တရားကို လျှင်မြန်စောစွာ ရရှိနိုင်ကြပါစေ ကြောင်း…
မေတ္တာပို့သ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🙏🙏
နေပြည်တော် ဇမ္ဗူသီရိ အဆင့်မြင့်စျေး (မြန်မာ့စီးပွားရေးဘဏ်အနီး) မှာ ဖွင့်လှစ်ထားတဲ့ ...
✅️ ကလေးလေးတွေ အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်ပြီး အရမ်းပျော်ကြတဲ့....ကျောင်း
✅️ တီချယ်ကြီးနဲ့တီချယ်တွေက အထူးဂရုစိုက်စောင့်ရှောက်ကြလို့ ...
✅️ မိဘအုပ်ထိန်းသူတွေ စိတ်ချယုံကြည်စွာလာရောက်အပ်နှံနေကြတဲ့ ....
Junior Harvard International Kindergarten
မူကြိုကျောင်း....
🎈၂၀၂၅ ပညာသင်နှစ်မှာ WEC ကိုယ်ပိုင်မူလတန်းကျောင်း အဖြစ် တိုးချဲ့ဖွင့်လှစ်ပါတော့မယ် 🏆
🎈 လာမယ့်နွေရာသီမှာ ဘက်စုံဖွံ့ဖြိုးမှုသင်တန်း SUMMER CAMP Multi-Development Program ( KG to Grade 5) ဖွင့်လှစ်သင်ကြားပေးတော့မှာဖြစ်လို့ ..
🎈 မိမိတို့သားငယ်သမီးငယ်များကို လာရောက်အပ်နှံပြီး Early Bird အခွင့်အရေးများရယူနိုင်ပါပြီနော်...🥰
https://www.facebook.com/share/v/189HQ2mT6w/
07/01/2025
WEC International Education (NPT) မှ
IGCSE & PreIGCSE Special classes များ ဖွင့်လှစ်သင်ကြားနေပါပြီ။
2025 IGCSE May/June exam ကို Pearson Edexcel IGCSE Approved Centre 95753 (Naypyitaw) မှာ စာရင်းပေးသွင်းနိုင်ပါပြီ။
IGCSE, GED, GCE A Level , Grade 12 အောင်မြင်ပြီးသူများအတွက် ကမ္ဘာ့နိုင်ငံများစွာရှိ တက္ကသိုလ် ကောလိပ် ကျောင်း ပေါင်း (၉၀၀) ကျော်ကို ပညာသင်ဆုများရယူတက်ရောက်နိုင်ရန် တာဝန်ယူစီစဉ်ပေးနေပါပြီ။
USA, Australia, Canada, Switzerland, Singapore, Vietnam, Thailand, India စသော နိုင်ငံများစွာမှာ Scholarships များဖြင့် WEC ကျောင်းသားကျောင်းသူများအားလုံး အဆင်ပြေချောမွေ့ပျော်ရွှင်စွာ ပညာသင်ကြားနေကြပါပြီ။
နိုင်ငံတကာပညာရေး လူတိုင်းလက်လှမ်းမီစေဖို့ WEC ကို ဆက်သွယ်လိုက်ပါ ….လို့
WEC International Education
Pearson Approved Centre - 95753
09798437782
09691005050
0943020645
https://www.facebook.com/100070715536992/posts/450107267356454/
22/07/2024
နိုင်ငံတကာတက္ကသိုလ် ပညာသင်ဆုများ ရယူလိုသူတို့အတွက်....
https://www.facebook.com/share/p/Y7RoUMvSeJKJbnyc/?mibextid=xfxF2i
19/03/2024
နိုင်ငံခြားပညာတော်သင် သွားလိုသူတို့အတွက် Singapore Polytechnic တက်ရောက်ခွင့်ရရှိနိင်မယ့် အခွင့်အရေးကောင်း....
အမြန်စာရင်းသွင်းထားဖို့ လိုမယ်နော်👈
https://www.facebook.com/share/p/ekYHSAi63nweDE3t/?mibextid=ZbWKwL
𝐒𝐢𝐧𝐠𝐚𝐩𝐨𝐫𝐞 နိုင်ငံရှိ ကမ္ဘာ့အသိအမှတ်ပြု 𝐏𝐨𝐥𝐲𝐭𝐞𝐜𝐡𝐧𝐢𝐜 ကျောင်းများအကြောင်း (သိရှိလိုသော မိဘများနှင့် ကျောင်းသားကျောင်းသူများ အတွက်)
🔻🔻🔻🔻🔻🔻🔻
(သို့မဟုတ်)
𝐀 𝐆𝐨𝐨𝐝 𝐏𝐚𝐭𝐡𝐰𝐚𝐲 𝐟𝐨𝐫 𝐅𝐮𝐫𝐭𝐡𝐞𝐫 𝐒𝐭𝐮𝐝𝐲 𝐀𝐛𝐫𝐨𝐚𝐝 𝐚𝐧𝐝 𝐅𝐮𝐭𝐮𝐫𝐞 𝐅𝐚𝐧𝐭𝐚𝐬𝐭𝐢𝐜 𝐋𝐢𝐟𝐞 𝐏𝐥𝐚𝐧 𝐀𝐡𝐞𝐚𝐝 (𝐏𝐚𝐫𝐭 𝟐)! (နိုင်ငံခြားရှိ ကမ္ဘာ့အသိအမှတ်ပြု ကောလိပ်၊ တက္ကသိုလ်ကြီးများတွင် ပညာဆက်လက် ဆည်းပူးနိုင်မည့် လမ်းကြောင်းကောင်းတစ်ခုအကြောင်း-----)
🔷🔷🔷🔷🔷🔷🔷🔷🔷
စင်ကာပူနိုင်ငံရှိ 𝐏𝐨𝐥𝐲𝐭𝐞𝐜𝐡𝐧𝐢𝐜 သိပ္ပံကျောင်းများဟာ သုံးနှစ်တာတက်ရောက် သင်ယူရမှာဖြစ်ပါတယ်။ သင်ယူပြီးမြောက်ပါက နိုင်ငံတကားစံနှုန်းများအရ UK မှ GCE A Level / Us မှ 12 year high school equivalent အဆင့်ရှိတဲ့ Diploma ကိုရရှိမှာဖြစ်ပါတယ်။
Polytechnic ကျောင်းများမှာရလာတဲ့ Diploma ဘွဲ့များသည် ကမ္ဘာ့အသိအမှတ်ပြုခြင်းခံကြရပါတယ်။ ဒါကြောင့်လည်း Poly Diploma မှာ အမှတ်ကောင်းပါက ကမ္ဘာထိပ်တန်းအဆင့်ရှိ "World Ranking 1 to 20, ကမ္ဘာ့အဆင့် ၂၀ အတွင်း စာရင်းဝင်သော စင်ကာပူအစိုးရတက္ကသိုလ်ကြီးများ ဖြစ်တဲ့ NTU / NUS စသည်တို့မှာ တက်ရောက်သင်ယူခွင့် ရရှိတာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှ Bachelor Degree ဆက်တက်ခွင့်ရရန်အတွက် Poly Diploma မှာ အမှတ်ကောင်းဖို့တော့လိုပါတယ်။ သို့ရာတွင် ကျောင်းသား / သူ များအနေဖြင့် အမှတ်ကောင်းမှ ၀င်ခွင့်ရမည်ကို စိုးရိမ်စရာမရှိပါ။ Poly တက်ရောက်နေသော မြန်မာကျောင်းသား / သူများက မူလအခံ စာပေထူးချွန်သူများဖြစ်ပြီး ၊ Polytechnics တွင်လာရောက်သင်ယူနေတဲ့ စင်ကာပူနိုင်ငံသား အများစုကတော့ဖြင့် စာသိပ်မထူးချွန်သူများ ဖြစ်သည့်အတွက်ကြောင့် မြန်မာကျာင်းသားများအတွက် အဆင့်ကောငိးကောင်းရရှိအောင်မြင်ဖို့သိပ်မခက်ဘဲ ကမ္ဘ့ာထိပ်တန်းအဆင့်ရှိ NTU / NUS မှာ၀င်ခွင့်ရဖို့ ရာခိုင်နှုန်းပိုများပါတယ်။ အထူးသဖြင့် မိမိတက်ရောက်နေတဲ့ Major မှာ Top 10 ဖြစ်ပြီး Diploma with merit ရရင်ပိုသေချာပါတယ်။
စင်ကာပူအစိုးရတက္ကသိုလ်ကြီးများဖြစ်တဲ့ NTU / NUS တို့မှာ Bachelor Degree ဆက်တက်ခွင့်ရသူတချို့က မိဘထောက်ပံမှုဖြင့် တက္ကသိုလ်ဆက်တက်ပြီး တချို့က မိဘထောက်ပံမှုကိုမယူပဲ ကိုယ်အားကိုယ်ကိုးစနစ်ဖြင့် part time အလုပ်များလုပ်ပြီး ကျောင်းဆက်တက်နိုင်ပါတယ်နော်။ အစိုးရတက္ကသိုလ် ၀င်ခွင့်မရသူများအနေဖြင့် တခြား Private University တွေမှာလဲ Bachelor Degree ယူလို့ရတာကတော့ အထူးပြောစရာပင်မလိုဖြစ်ပါတယ်။
စင်ကာပူပိုလီကျောင်းများမှာ ၀င်ခွင့်ရပြီဆိုပါက ကျောင်းစရိတ်များကိုလဲ မိဘများအနေဖြင့် အထူးစိုရိမ်းစရာမလိုပါ။ ဘာကြောင့်လဲဆိုတော့ စင်ကာပူအစိုးရက Tuition Grant အနေဖြင့် ကျောင်းလခ 70 % ပေးခြင်း ၊ ကျန် 30 % ရဲ့ တ၀က် 15 % ကိုလဲ ဘဏ်မှချေးငွေဖြင့် ချေးယူကာကျောင်းပြီးမှ အတိုးနှုန်းသက်သာစွာဖြင့် ပြန်ဆပ်နိုင်ခြင်း ၊ ကျန် 15 % ကိုတော့ ကျောင်းတက်ရောက်နေစဥ်ကာလမှာ ပေးသွင်းရမှာဖြစ်ပါတယ်။ ဒါအပြင် Polytechnics သိပ္ပံကျောင်းများဟာ အစိုးရကျောင်းတွေဖြစ်သည့် အတွက်ကြောင့် အထူးခွင့်ရေးနေဖြင့် ကျောင်းသား / သူများ Part Time အလုပ်တွေကိုလည်း တရား၀င်လုပ်လို့ရပါတယ်။ Polytechnics အစိုးရကျောင်းသား/သူ များဟာ မိဘတွေရဲ့ထောက်မှုကိုမယူကြပဲ Part time အလုပ်တွေလုပ်ပြီး ကျောင်းကိုလည်း Facility အပြည့်၀ဖြင့် (ဥပမာ - ရေကူးကန် ၊ gyn ၊ basketball ) စတာတွေကို မိမိ၀ါသနာပါရာ အသုံးပြုပြီး ကျောင်းကိုစမတ်ကျကျ တက်ရောက်နိုင်ပါသည်။
ကျောင်းပြီးပါကလည်း Polyကျောင်းသားများ အနေဖြင့် အလုပ်မရမည်ကို စိုးရိမ်းစရာ လုံဝ မရှိပါ။ Polytechnic ကျောင်းမှပြီးတာနဲ့ ကျောင်းသားအများစုက အလုပ်ရတာ ရာခိုင်းနှုန်းများပါတယ်။ အစိုးရကပေးတဲ့ Tuition Grant အတွက်သုံးနှစ်စင်ကာပူမှာ အလုပ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပင် ကျောင်းပြီးတာနဲ့ သုံးလအလုပ်ရှာခွင့်ပေးထားပါတယ်။ Private ကျောင်းများလို့ တစ်လအတွင်းသာ အလုပ်ရှာခွင့်ပေးပြီး အလုပ်မရရင် မြန်မာပြည်ပြန်လာရတဲ့ အဖြစ်မျိုးမရှိပါ။
တစ်ခုတော့ရှိသည် - ယခုအခါ ကောလာဟလ ပြောဆိုနေကြသော Singapore မှာ poly ပြီးလည်း အလုပ်မရပါဘူးကွာ၊ NTU / NUS တက္ကသိုလ်ပြီးလည်း အလုပ်မရပါဘူးကွာ စသဖြင့် မကြာခဏပင်ကြားရလေ့ရှိကြပါမည်၊ မှန်ပါသလော ??? လုံးဝ (လုံးဝ) မဟုတ်ပါဘူးနော်။
ဒါဆိုဘာလဲပေါ့ ???? Poly Diploma, NTU / NUS Degree စသည်တို့သည် သင်တို့ အလုပ်ရရမည်ဟူသော အာမခံချက်မဟုတ်ပါ။ ယေဘူယျအားဖြင့် ၎င်းကျောင်းဆင်းတို့သည် အများအားဖြင့် Theory and Practical စာတွေ့လက်တွေ့ qualify ဖြစ်ကြသူများဖြစ်ကာ လုပ်ငန်းခွင် operation ground တို့တွင် လူတော်များဖြစ်ကြကာ essential key players များဖြစ်လေ့ရှိကြသောကြောင့် ၎င်းကျောင်းဆင်း Diploma, Degree, Master Degree holder များ အလုပ်လျှောက်လွှာ CV များတင်ကြပါက အလုပ်ရှင် companies အားလုံးလိုလိုက (HR များက၊ Director များ စသည်) ၎င်း Poly Diploma စသည် ဘွဲ့ကြောင့် Interview ခေါ်ယူတွေ့ဆုံခံရဖို့ရန် သေချာသလောက် အာမခံချက်တစ်ခုဖြစ်ပါပေမည်။ အလုပ်ရခြင်း/မရခြင်း မှာမူကား ၎င်းနှင့်မဆိုင်ပါပေ၊ အောက်ထစ်ဆုံး လုပ်သက် experience လုံဝမရှိသေးသော Fresh Graduate ပင်ဖြစ်သော်လည်း Interview ခန်းထဲမှာမေးမြန်းမည့် အလုပ်နှင့်ပတ်သက်၍ မည်မျှနားလည်သည်၊ ဗဟုသုတရှိမည်၊ သင်ကြားခဲ့သော theory များကို လက်တွေ့လုပ်ငန်းခွင်နှင့်ပတ်သက်၍ မည်မျှတတ်သည်၊ team work environment စသည်နဲ့ဘယ်လို သဟဇာတဖြစ်မည် --- စသည်တို့နှင့်ပတ်သက်သော မိမိ၏ ကိုယ်ရည်ကိုယ်သွေးပေါ်တွင်သာ မှီတည်တော့မည်ဖြစ်ပါပေမည်။ အချုပ်ဆိုရသော် မိမိကျောင်းတက်ခဲ့စဉ်က စာတွေ့ပဲတတ်ခဲ့တာလား၊ ဒါသင်ရင် ဒါပဲတတ်ခဲ့တာလား၊ စာတွေ့ပဲတော်သိခဲ့ပြီး လက်တွေ့ operation နှင့်ပတ်သက်၍ မသိခဲ့တာလား စသဖြင့်ပေါ်မူတည်ပြီးသာလျှင် အလုပ်ခန့်ခြင်း ခံရမှု/အခံရမှု စကားပြောခံရခြင်းသာဖြစ်ပါပေမည်။ စာတွေ့ လက်တွေ့ သိနားလည်နေသူ, Education Qualification အရသာမက Professional Qualify ပါ ပြည့်စုံနေသူတစ်ဦးအတွက်မူ အလုပ်ရှင်တိုင်းက, Manager တိုင်းက ကြိုဆိုနေမည်သာဖြစ်ပေမည်။ ဒါဆို ခုနက Poly ဘွဲ့ စတာတွေက Interview ခေါ်ခံရရုံပဲလားဆိုတော့ --- မဟုတ်ပါ၊ အခု အလုပ်ခန့်ခြင်းခံရပြီးသော နိုင်ငံခြားသားဖြစ်သည့် မိမိအတွက် သက်ဆိုင်ရာအစိုးရထံတွင် အလုပ်လုပ်ခွင့်ပါမစ် S-Pass, Employment Pass စသည်တို့လျှောက်ထားချိန်တွင် Approval ဖြစ်ဖို့ / Reject မထိဖို့အတွက် ၎င်း ဘွဲ့များက 100% အာမခံပေးမည်ဖြစ်ပါသည်ပေါ့။ ဒါဆိုရင်တော့ Poly မှရသော Diploma စသည်တို့ မည်မျှတန်ဘိုးရှိသည်ကို သိနိုင်ကြပါပြီ။ ဒါကြောင့် ကျောင်းသူကျေားသားများအနေဖြင့် ကျောင်းစာကို စာတွေ့လက်တွေ့ တော်တတ်အောင် သင်ယူဆည်းပူးကြဖို့တော့ လိုပါပေမည်ဟု တိုက်တွန်းလိုပါသည်။
မြန်မာကျောင်းသား / သူများ Poly ၀င်ခွင့်ရရန်အတွက် IGCSE O Level (သို့ ) မြန်မာဆယ်တန်းကို အောင်ရမည် ဖြစ်ပါတယ်။
IGCSE ကျောင်းသားများကတော့ IG အမှတ်နဲ့ Poly ကျောင်းများကိုdirect admission ဖြင့် ဝင်ခွင့်ဖြေစရာမလိုဘဲ တိုက်ရိုက် Join လို့ရပါသည်၊ ဝင်ခွင့်ရရန် ပို၍လည်း အခွင့်အရေးရှိပါတယ်။ IGCSE အောင်ရာတွင်လည်း CIE ၏ IGCSE သာမက Edexcel ၏ IGCSE ရော မည်သည့် IG မဆို Poly ကျောင်းများက လက်ခံကြပါသည်၊ အရေးကြီးသည်မှာ CIE ဖြစ်ဖြစ်၊ Edexcel ဖြစ်ဖြစ် အောင်မှတ်များကောင်းမှုနှင့် English ကို EFL ဘာသာရပ် ဖြစ်ဖို့သာ လိုပါပေသည်။
မြန်မာ ၁၀-တန်းအောင် ကလေးများအတွက်ကတော့ Poly ကျောင်းရရန်အတွက် ပိုလီဝင်ခွင့်စာမေးပွဲများကို နှစ်စဉ် 31st January လောက်တွင် ဖြေဆိုကာ competitive basic ဖြင့် ကျောင်းဝင်ခွင့်များကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။ ၀င်ခွင့်စာမေးပွဲအတွက် (shortlist) ဝင်ရောက် ဖြေဆိုခွင့် ရဖို့အတွက်ဆိုလျှင် English ၊ Maths နှစ်ဘာသာလုံးမှာ အမှတ် (70) စီကျော်ကာ တခြားဘာသာရပ်နှစ်ခုတွင် အမှတ် (70) ကျော်ပြီး စုစုပေါင်းအမှတ်က (480) ကျော်ရရှိမှသာ ဝင်ရောက်ဖြေဆိုခွင့် ရရှိနိုင်မှု သေချာမှာဖြစ်ပါတယ်။ (နောက်တစ်ခု အရေးကြီးတာတစ်ခုက အကယ်၍ ဘွဲ့ရဖြစ်ခဲ့သော် ၎င်းဘွဲ့ စသည်ကို ကျောင်းလျှောက်စဉ် omit လုပ်ထားရမှာ ဖြစ်ပါသည်။)
Poly ၀င်ခွင့်အတွက် ဖြေဆိုတဲ့ဘာသာရပ် အများစုကတော့ General English , (IELTS), Mathematics , Physics or Chemistry or Combine Science တို့ကိုအဖြေများကြပါတယ်။
ပိုလီဝင်ခွင့်ဖြေဆိုမည့်အခါ competitive basic ဖြင့်ရွေးခြယ်မှာမို့ ဖြေဆိုမည့်ဘာသာရပ်တိုင်းကို ကောင်းမွန်မှန်ကန်စွာဖြေဆိုနိုင်ကြရမှာလည်းဖြစ်ပါတယ်။ ထို့ကြောင့်ပင် ၁၀ တန်းအမှတ်ပေါင်းမည်မျှပင်များနေသူဖြစ်စေကာမူ ဝင်ခွင့်စာမေးပွဲများအတွက် အနည်းဆုံး ၆ လ - ၇ လ ခန့်ကပင် ကြိုတင်၍ Poly ဝင်ခွင့် သင်တန်းများသို့ တက်ရောက်ပြင်ဆင်ကြိုးစားထားကြဖို့ လိုမည်ဖြစ်ပါသည်ဆိုတာကိုလည်း အကြံပေးတိုက်တွန်းလိုက်ရပါပေသည်။
𝐖𝐄𝐂 မှ ဖွင့်လှစ်သည့် 𝐏𝐨𝐥𝐲 𝐄𝐧𝐭𝐫𝐚𝐧𝐜𝐞 သင်တန်းများနှင့်စပ်လျဉ်း၍လည်း အောက်ပါ ဖုန်း, email များမှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Ph - 09 263 212 109 , 09 443 693 546, 09 430 206 45, 09 69 100 50 50
email - [email protected]
𝐖𝐢𝐬𝐝𝐨𝐦 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐧𝐭𝐫𝐞 (𝐖𝐄𝐂)
Edexcel Approved Centre - 91985
10/03/2024
နေပြည်တော် က
IGCSE ကျောင်းသားကျောင်းသူများအတွက် စီစဥ်ပေးလိုက်ပါပြီ။
ကြိုတင်စာရင်းသွင်းအပ်နှံထားဖို့တော့ လိုပါမယ်နော်...
#နေပြည်တော်ရဲ့ပထမဆုံး
https://www.facebook.com/share/p/jg9LLLdVgNQNvgXZ/?mibextid=ZbWKwL
21/02/2024
#အချိန်ကုန်သက်သာ ကုန်ကျစရိတ်သက်သာစွာနဲ့
#ပြင်သစ်နိုင်ငံ
က ပေးအပ်တဲ့
#နိုင်ငံတကာအသိအမှတ်ပြု မဟာဘွဲ့ကို ရယူလိုက်ပါ။
#နိုင်ငံတကာပညာရေး_လူတိုင်းလက်လှမ်းမီစေရမည်
https://www.facebook.com/share/p/6neURumgojhri1NS/?mibextid=qi2Omg
အခွင့်အရေးကောင်း
#တစ်လ (၂) သိန်းစွန်းစွန်းသာ ကျသင့်ပြီး (၁၈) လအတွင်း 𝐌𝐁𝐀 ဘွဲ့ကြီး ရရှိနိုင်မည့် လက်မလွှတ်သင့်သော အခွင့်အရေး 👍
#အလုပ်-ဘဝ-လေ့လာမှု မျှတစေမယ့် ဘဝတက်လမ်းအတွက် အကောင်းဆုံး 𝙋𝙧𝙤𝙜𝙧𝙖𝙢 ကို
𝐓𝐄𝐂𝐇𝐊𝐀𝐓𝐇𝐎 မှာ အခုပဲစတင်လိုက်ပါ။
✅ Management Skill ကျွမ်းကျင် ပိုင်နိုင် စေလိုသူတွေ၊
✅ စီးပွားရေးနှင့် စွန့်ဦးတီထွင်လုပ်ငန်းအတွက် ပြင်ဆင်လိုသူတွေ၊
✅ Problem-Solving, Critical Thinking Skill ကို ပိုင်နိုင်ချင်သူတွေ၊
✅ အလုပ်အကိုင်နှင့် ဝင်ငွေအလားအလာ မြှင့်တင်ချင်သူတွေအတွက်
𝐓𝐄𝐂𝐇𝐊𝐀𝐓𝐇𝐎 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 ကနေ စီးပွားရေးစီမံခန့်ခွဲမှု #မဟာဘွဲ့ Program ကို March 2024 မှာ Intake အသစ် ထပ်မံဖွင့်လှစ်ပေးတော့မှာပါ။
အခြားသူတွေထက် နောက်ကျမကျန်ခဲ့ရလေအောင်၊ ရလဒ်တွေပိုကောင်းအောင်၊ ပိုကောင်းတဲ့ စီမံခန့်ခွဲမှုဖြစ်ပေါ်လာအောင် 2024 ရဲ့ နှစ်စမှာပဲ စတင်တက်ရောက်လိုက်ပါ။
𝐍𝐞𝐰 𝐈𝐧𝐭𝐚𝐤𝐞 - 𝐌𝐚𝐫𝐜𝐡 𝟏𝐬𝐭 𝐖𝐞𝐞𝐤 𝟐𝟎𝟐𝟒
သမားရိုးကျစာသင်ကြားမှုတွေကနေ ခွဲထွက်ပြီး မြန်မာနိုင်ငံရဲ့ Digital Learning ခေတ်ဦးကို ဦးဆောင်ခဲ့သူ တွေထဲမှာ TECHKATHO Digital University လဲအပါအဝင်ဖြစ်ပါတယ်။ Digital Learning လို့ဆိုတဲ့ အတိုင်း Learning Management System ပေါ်ကနေ သင်ခန်းစာတွေကို သင်ယူရမှာဖြစ်ပြီး ဝါရင့် ဆရာကြီး၊ ဆရာမကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးရမယ့် Zoom Session တွေလဲ ပါဝင်လို့ အင်တာနက်ရှိတဲ့ ဘယ်နေရာ၊ ဘယ်ဒေသကမဆို လေ့လာသင်ယူပြီး မဟာဘွဲ့ကိုရယူနိုင်တဲ့ အားသာချက်များစွာရှိပါတယ်။
TECHKATHO Digital University မှ EIU-Paris MBA Program ရဲ့ အားသာချက်များ
🔖 မြန်မာနိုင်ငံရဲ့ ပထမဆုံးနှင့် တစ်ခုတည်းသော မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုနိုင်သည့် MBA Program ဖြစ်ခြင်း၊
🔖 100% online learning ဖြစ်လို့ Internet ရှိယုံနဲ့ အချိန်၊ နေရာမရွေးလေ့လာသင်ယူနိုင်ခြင်း၊
🔖 100% Assignment Based (No Exam)
🔖 Learning Management System + Zoom Session (Face to Face)
🔖 Academic Support အပြင် Student Services Team ပါ ထားရှိပေးခြင်း၊
🔖Action Research Paper အတွက် Supervisor ထားရှိပေးခြင်း၊
🔖 သင်တန်းကြေး အရစ်ကျပေးသွင်းတက်ရောက်နိုင်ခြင်း၊
🔖 Networking Event များ၊ Seminar ၊ Industries များပါ Free တက်ရောက်လေ့လာခွင့်ရခြင်း၊
🔖 နယ်ပယ်ပေါင်းစုံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပါ ချိတ်ဆက်နိုင်ခြင်း စတဲ့ အားသာချက်တွေ များစွာရှိလို့ အခုပဲစာရင်းပေးသွင်း အပ်နှံနိုင်ပါပြီ။
𝐄𝐮𝐫𝐨𝐩𝐞𝐚𝐧 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 (𝐄𝐈𝐔-𝐏𝐚𝐫𝐢𝐬) အကြောင်းပိုမိုသိရှိလိုပါက
=========================
https://eiu.ac/
𝐀𝐜𝐜𝐫𝐞𝐝𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐁𝐨𝐝𝐲, 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 & 𝐈𝐧𝐜𝐨𝐫𝐩𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 များအကြောင်း လေ့လာလိုပါက
=========================
https://eiu.ac/who-we-are/
✅ ကြာမြင့်ချိန် နှင့် သင်ကြားမည့် ဘာသာရပ်များ
====================================
သင်တန်းကာလ အချိန် ၁၅ လ မှ ၁၈ လ အထိကြာမြင့်နိုင်ပါသည်။
သင်ကြားမည့် ဘာသာရပ်များ
🔖 Marketing Management
🔖Managing Business Strategy
🔖Human Capital Management
🔖 Managing Operations
🔖 Project Management
🔖Leading Organization
🔖 Managerial Accounting
🔖Financial Management တို့ အပြီးမှာတော့
🔖Action Research Paper ကို ရေးသားပြုစုပေးရမှာ ဖြစ်ပါတယ်။
ထို့အပြင် MBA အထူးပြုဘာသာရပ်များကို တက်ရောက်လိုသူများအတွက် MBA Specialization ၁၅ ခု ကို စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်ပါတယ်။
ဒီလိုမျိုးအားသာချက်တွေရှိတာပဲဖြစ်တာကြောင့် အခုပဲ အောက်ပါဖုန်းနံပါတ်တွေကို ဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါပြီ။
✅ 𝐌𝐁𝐀 အတွက် အချက်အလက်များကို စုံစမ်းရန်
===================================
Phone: 09 667480330,09691005050
✅ 𝐓𝐄𝐂𝐇𝐊𝐀𝐓𝐇𝐎 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 သို့ လာရောက်လေ့လာစုံစမ်းလိုသူများအတွက်
==============================================
လိပ်စာ – နံပါတ် 108၊ သီရိရတနာအဆင့်မြင့်ဈေး၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
12/12/2023
🎯နိုင်ငံတကာအဆင့်မီတက္ကသိုလ်ပညာရေး လူတိုင်းလက်လှမ်းမီစေဖို့.....
🏆နိုင်ငံတကာအဆင့် ဘွဲ့ဒီကရီ များဖြင့် မိမိ၏အရည်အချင်း အရည်အသွေးကောင်းတို့ မြှင့်တင်နိုင်ဖို့ ....
🎯အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေသော ပညာရေးများကို လုပ်ငန်းခွင်မပျက် ဆက်လက်ဆည်းပူးနိုင်စေဖို့....
Learning Support Centre အဖြစ် ပံ့ပိုးစီစဉ်ဆောင်ရွက်ပေးလိုက်ပါပြီ🏆🎯🏆
https://www.facebook.com/share/p/J1a6CMiECDVciF1F/?mibextid=qi2Omg
🎓တက္ကသိုလ်ဝင်တန်းသင်ယူပြီးထားသူများ၊
🎓တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများ၊
🎓လုပ်ငန်းရှင်များနှင့် စီမံခန့်ခွဲမှုနယ်ပယ်အမျိုးမျိုးမှ အရာရှိများအတွက် သတင်းကောင်း
🔶TECHKATHO Digital University အနေနှင့် အနယ်နယ်အရပ်ရပ်မှ တက္ကသိုလ်ဝင်တန်းသင်ယူပြီးထားသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသား၊ ကျောင်းသူများ၊ လုပ်ငန်းရှင်များနှင့် စီမံခန့်ခွဲမှုနယ်ပယ်မှအရာရှိများအတွက် နိုင်ငံတကာအဆင့်မီ စီးပွားရေးဘွဲ့ Program များကို သင်ကြားပေးလျက်ရှိပါတယ်။ ယခုအခါ TECHKATHO Digital University နှင့် နေပြည်တော်မှ WEC ( Wisdom Education Centre ) တို့ လက်တွဲပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ
🎓Fast Track MBA
🎓MBA
🎓BBA (Top-Up)
🎓BBA Program များကို တက်ရောက်လိုသော ကျောင်းသူ၊ ကျောင်းသားများအတွက် Official Learning Support Center (LSC)အဖြစ် ယူဆောင်လာပါပြီ။
🔶 WEC (Wisdom Education Centre)ကို 2000 ခုနှစ် မှာ စတင်တည်ထောင်ခဲ့ပါတယ်။
2000 ခုနှစ်မှ စ၍ အထက်တန်း အလယ်တန်းကျောင်းသား/သူများကို သင်ကြားပေးခဲ့ပြီး
2000 ပြည့်နှစ်အလွန်ကာလမှစ၍ GCE O' Level, A Level, SAT သင်ကြားမှုများစတင်ခဲ့ပါတယ်။
2009 မှစတင်ပြီး ပြည်ပတက္ကသိုလ်များသို့ ကျောင်းသားကျောင်းသူများစတင်စေလွှတ်နိုင်ခဲ့ပြီး
2010 တွင် ထိုင်းနိုင်ငံ၏ အထင်ကရနာမည်ကျော် Asian Institute of Technology (AIT) ၏ Pre-University Foundation program ကို မြန်မာနိုင်ငံတွင် စတင်ရာ၌ ဦးဆောင်သင်ကြားပေးခဲ့ပါသည်။
IGCSE (GCE O Level) နှင့် GCE A Level Program များကို ယနေ့တိုင် Online / in-Person ဖွင့်လှစ်သင်ကြား ပေးနေပါသည်။
2011 မှ ယနေ့တိုင် နိုင်ငံတကာတက္ကသိုလ်များစွာနှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
2017 မှစ၍ WEC Teacher Training Program များဖွင့်လှစ်သင်ကြားပေးနေပြီး ဆရာ၊ ဆရာမ (၁၀၀၀) ကျော် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။
2012 မှ စပြီး မြန်မာနိုင်ငံရှိ ကိုယ်ပိုင်ကျောင်းများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး International Blended Education (Dual Pathway) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
2017 တွင် UK Pearson Edexcel Approved Centre -91985 ရရှိခဲ့ပြီး ယနေ့တိုင် International Education Centre အဖြစ် ရန်ကုန် နေပြည်တော် ပြင်ဦးလွင် တို့တွင် သင်ကြားရေးစင်တာများဖွင့်လှစ် သင်ကြားလျက် ရှိပါသည်။
2018 မှစတင်ပြီး School Management Training Workshop များကို ရန်ကုန်၊ မန္တလေး မြို့များတွင် ဦးဆောင်ကျင်းပပေးခဲ့ပြီး
2019 မှ စတင်ကာ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ၏ Education Consultant အဖြစ် ကျောင်းစီမံခန့်ခွဲအုပ်ချုပ်မှုများကို ယနေ့တိုင် မြန်မာပြည်အနှံ့ လုပ်ဆောင်လျက်ရှိပါသည်။
✅ Learning Support Center များကနေတစ်ဆင့် တက်ရောက်မယ့်ကျောင်းသားများအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?
၁) ကျောင်းသူ ကျောင်းသားများ အနေဖြင့် TECHKATHO မှ MBA, B.B.A (Top-Up) & BBA Program အကြောင်း သိလိုသည်များကို တစ်နေရာထဲတွင် စုံလင်စွာသိရှိနိုင်ခြင်း၊
၂) ဝင်ခွင့်အချက်အလက်များစုံစမ်းနိုင်ခြင်း၊
၂) ကျောင်းလျှောက်ထားခြင်းကို တထိုင်တည်း လုပ်ဆောင်နိုင်ခြင်း၊
၃) ကျောင်းသားများစုဝေး၍ စာများလေ့လာ ဆွေးနွေးနိုင်ခြင်း၊
၄) လိုအပ်ပါက LSC ရဲ့ Academic Success Coach များက တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် Tutoring ကို လုပ်ပေးနိုင်ခြင်း၊
အစရှိသည့် အချက်များကို TECHKATHO ၏ Official Learning Support Center အဖြစ် လက်တွဲဆောင်ရွက်သွားမည့် WEC ( Wisdom Education Centre ) တွင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
✅ TECHKATHO Digital University သည် မြန်မာနိုင်ငံတွင်သာမက၊ ကမ္ဘာအနှံ့မှ မြန်မာအမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် MBA, B.B.A (Top-Up) & BBA Program များကို မြန်မာလိုသင်၊ မြန်မာလိုဖြေဆိုမှု ရရှိနိုင်စေရန် ပြင်သစ်နိုင်ငံရှိ European International University (EIU) – Paris ၏ MBA ,BBA(Top-Up), BBA Program များကို Digital University အနေနှင့် သင်ကြားပေးလျက်ရှိပါသည်။
✅ WEC ( Wisdom Education Centre )
========================
Phone – 09960707130, 09798437782, 09691005050
Address- အမှတ်(108) သီရိရတနာအဆင့်မြင့်စျေး ဇမ္ဗူသီရိမြို့နယ် နေပြည်တော်
✅ TECHKATHO Digital University
===================
Address - နံပါတ် ၅၁၊ ဓနအောင်လမ်း၊ သုဝဏ္ဏပန်းခြံအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
Phone – 09 44479 4479, 09 444 09 3050, 09 444 09 3060
WEC ( Wisdom Education Centre )
" WISDOM for WISDOM "
WISDOM Education Centre
Pearson Edexcel Approved Center 91985
Contact - 09 798437782,
09 691005050,
09 430 206 45.
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Tamwe
11211