Foodelix

Foodelix

Share

love to serve: delicious and fresh food for everyone

Photos from Foodelix's post 20/07/2023

အမေပြောတဲ့ အမောပြေ
စိတ်ခွန်အားပေး 👏 ညနေစာလေး
ကျွန်မရဲ့ Wall ကို ကျွန်မကြိုက်တဲ့ စားစရာလေးတွေနဲ့ စီခြယ်ထားချင်လို့ပါ 🤗
မပါမဖြစ် ပါတာတော့ ဇာတ်တူသားပေါ့နော် 🐷 😅
ဒါမျိုးကြီးတွေ ကြိုက်တာချင်းတူရင်တော့ လက်တို့လိုက်နော် လမ်းညွှန်ပေးချင်လို့ပါ 😊

Photos from Foodelix's post 23/06/2023

မင်္ဂလာညချမ်းလေးပါ အစားတစ်လိုင်း မိတ်ဆွေကြီးတို့ရေ 😋

ဒီနေ့ မင်မင်က ဆိုင်သစ်လေး တစ်ခုရှာဖွေတွေ့ရှိခဲ့တယ် 🔍

▶️ မင်မင်က အစားလည်းနည်းနည်းရွေး၊ ဆိုင်လည်းရွေးတော့ (Budget လေးလည်း save ဖြစ် အရသာလေးလည်း ရှယ်ကောင်းတဲ့ ဆိုင်တွေကိုပဲ ဒီရက်ထဲသွားဖြစ်နေလို့) မင်မင့်လိုပဲ အစားအသောက် ချစ်သူများအတွက် 😅 စားလို့လည်းကောင်း၊ Budget လည်း save ဖြစ်တဲ့နေရာလေး ကိုမျှဝေချင်သွားလို့ပါ.....

သူလေးကတော့ COCO SEAFOODS တဲ့
နာမည်နဲ့အလိုက် စဝင်လိုက်တာနဲ့ 🥥 တွေတန်းစီလို့ ..... အုန်းတောထဲရောက်သွားသလိုပဲ ဆိုင် အခင်းအကျင်းကလည်း ရှယ်မိုက်။

တစ်ဆိုင်လုံး တိမ်တွေခြံရံပြီးစားနေရသလို Theme နဲ့ ဓာတ်ဖမ်းလို့လည်းလှ 📸📸

အစားအသောက်လေးတွေလည်း အစပ်အဟပ်တည့်၊ ပေးရတဲ့ဈေးနဲ့ စားရတဲ့ အရသာရော ၊ ရတဲ့ဝန်ဆောင်မှုရော အကုန်အဆင်ပြေတော့ စိတ်ချမ်းသာရတာပေါ့နော် ☺️

ဆိုင်မှာက မာလာမောက်ချိုက်၊ မာလာကွန့်ထန်၊ကွေ့သယို၊Spicy Red Curr၊ Seafoods နဲ့ ပတ်သက်တဲ့ Menu အစုံရပြီး Signature အနေနဲ့ 🥥ပါတဲ့ဖျော်ရည် 🥤တွေအစုံရှိတယ်၊ ရေခဲမုန့်၊ Milkshake လည်း အစုံရတော့ လက်တို့လိုက်ပြီနော် 😉

ဆိုင်လေးက📮 သတိပဌာန်လမ်း၊ ကျောက်မြောင်းထဲမှာပါ။

📸 by

Photos from Foodelix's post 22/06/2023

အညော်ငှာဆဲယို 🫶 နေကောင်းကျန်းမာပါရဲ့လား ယော်ရောဘွန်း အစားတစ်လိုင်းလေးတို့ရေ ☺️

မင်မင်ပျောက်နေတာကြာပြီမလို့
အားလုံးကို သတိတရ လာပြန်နှုတ်ဆက်တာပါ 🥰

ဒီနေ့တော့ မင်မင်က မိုးအေးအေးနဲ့ သွားစားဖြစ်ခဲ့တဲ့ မုန့်လေးတွေရဲ့ အကြောင်းလေးတွေကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်💞

ညကြီးအချိန်မတော်မှ သရေယိုအောင် လုပ်မိရင် ခွင့်လွှတ်ပါရှင် 😅

မင်မင်က မိုးအေးရင် နှာပိတ်ပြီး နေလို့မကောင်းတတ်တော့ အခိုးတွေလည်းပွင့်၊ အကြောအချဉ်တွေလည်း ပြေသွားအောင် ရုံးကဆင်းဆင်းချင်း မင်မင်ရဲ့ team members တွေနဲ့ ဘာစားရမလဲ စဉ်းစားတိုင်ပင်ကြပြီး ပူပူစပ်စပ်ချဉ်ချဉ်လေး စားကြမယ်လို့ တွေးကာ ......🥵😋

မင်မင် စားဖို့ရွေးချယ်ခဲ့တာကတော့ .....🔔🔔🔔

တန်..တန်..တန်
ဆိုတဲ့ အသောကလမ်း မှာရှိတဲ့
ယိုးဒယား အထောင်းစုံရော ၊ တုန်ယမ်းကွေ့သယိုကောင်းကောင်းရော ရတဲ့ ဆိုင်လေးကို ချီတက်ခဲ့ပါတယ် 💃💃

ဒီဆိုင်မှာ ကြိုက်တာက စားစရာတွေအပြင်
Air Con အေးအေးလေးလေးနဲ့ Private ဆန်ဆန် ပေါ့ပေါ့ပါးပါး စကားပြောလို့အဆင်ပြေတာရယ်ပါ 👍

ဆိုင်ကဖွင့်တဲ့ Playlists ▶️💽🎶 တွေကလည်း ကိုယ်တွေအကြိုက် 90's တွေ ဖြစ်ခဲ့လို့ .....
သီချင်းလည်းညည်းရင်း စကားလည်းများရင်း အထောင်းအရသာရော ကွေ့သယိုအရသာပါ ကောင်းကောင်းကြီး ခံစားဖြစ်ခဲ့ပါတယ်။

မင်မင်ဒီနေ့စားဖြစ်ခဲ့တာကတော့ ⬇️

Photos from Foodelix's post 01/02/2022

📌မျောက်ငိုသီးဆားရေစိမ် တဗူး
၂၆၀၀ကျပ်

📌မျောက်ငိုသီးစေ့ခြောက်
တဗူး ၃၂၀၀ ကျပ်

🎉🎉🎉ဒညင်းသီးလည်းစားချင်တယ်🎉🎉🎉
ကျန်းမာရေးကြောင့် မတည့်လို့စားလို့မရဘူးဆိုတဲ့သူတွေအတွက် ဒညင်းသီးအစားထိုးကျန်းမာရေးဓါတ်စာ မျောက်ငိုသီး
မျောက်ငိုသီးရဲ့ကောင်းကျိုးများ
မျောက်ငိုသီး''ဟာ အလွန်ဆေးဖက်ဝင်ပါတယ်။သူ့မှာ သကြားဓာတ်( sugars)သံဓာတ်(iron)ပိုတက်စီယံ( potassium)ဖော့စဖရတ်(phosphorus)ဗိုက်တာမင် A( vitamin A)ဗိုက်တာမင် B6( vitamin B6) နှင့်ဗိုက်တာမင် C(vitamin C)ဓာတ်များစွာ ပါဝင်ပါတယ်။
ဗီတာမင် A ၊ သံဓါတ်၊ ပရိုတင်းနဲ့ တခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ အဟာရဓါတ်တွေ အများအပြား ကြွယ်၀စွာပါ၀င်ပါတယ်
လေဖြတ်နိုင်မှုကိကာကွယ်ပေးခြင်း
အစာချေစနစ်ကောင်းမွန်စေခြင်း
သွေးတိုးကျစေခြင်း
သွေးတိုးရှိသူတွေအတွက် မျောက်ငိုသီးကို စားပေးမယ် ဆိုရင် သွေးတိုးကျစေပါတယ်။

ကိုယ်၀န်ဆောင်မိခင်တွေ
ကိုယ်၀န်ဆောင်မိခင်တွေ မျောက်ငိုသီးစားပေးမယ် ဆိုရင် အော့အန်ခြင်းကိုကာကွယ်ပေးပါတယ်။
ဗီတာမင် B6,B12 ပါ၀င်ပြီး ဆေးလိပ်ဖြတ်တဲ့ သူတွေ အတွက် စားပေးသင့်ပါတယ်။ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါ၀င်လို့လည်း နီကိုတင် ပျက်စေပါတယ်။
ကျောက်ကပ် နှလုံး အသဲ လေးဘက်နာ သွေးတိုးနဲ့ ကင်ဆာသမားများ ကိုယ်ဝန်ဆောင်မိခင်များအတွက်ပါဘေးထွက်ဆိုးကျိုးမရှိပဲကောင်းကျိုးကျေးဇူးများခြင်းကြောင့် မျောက်ငိုသီးကိုလူတိုင်းစားပေးသင့်ပါတယ်

တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ အာရုံကြောစနစ်ကိုကောင်းမွန်စေတယ်။ရင်ပူတာကို သက်သာစေတယ်။ဦးနှောက်စွမ်းဆောင်ရည်ကို မြင့် တက်စေတယ်။သွေးအားနည်းရောဂါကိုကာကွယ် ပေးမယ်။စိတ်ကျရောဂါကိုကာကွယ်ပေးတယ်။ ကိုယ်အလေးချိန်ကျစေတယ်။ စိတ်ဖိစီးမှုလျော့နည်း စေပါတယ်

🫒🫒🫒မျောက်ငိုသီးဆားရည်စိမ်ကအရသာကြွပ်ကြွပ်လေးနဲ့ စားကောင်းမှကောင်း
ဒညင်းသီးနုနုလေးတို့ရသလို ကြွပ်ဆတ်ဆတ် အရသာလေးနော်🍲🍲🍲
🥗🥗🥗မျောက်ငိုသီးဆားရေစိမ်ကို
တို့စရာအနေဲ့ငပိရည် ငပိချက် ငပိရည် တို့ဖြင့် တွဲဖက်စားသုံးနိုင်ပါသည် 🎉

🫒🫒မျောက်ငိုသီးစေ့ခြောက်ကို ရေတညစိမ် မနက်ဆိုအခွံခွာပြီး ကြိုက်နှစ်သက်သည့်အသားငါး အသီးရွက်တို့ဖြင့် တွဲဖက် ချက်ပြုတ်စားသုံးနိုင်ပါသည်။
အသင့်ခွာပြီးသားအစိမ်းက အသားငါးပုဇွန်ပင်လယ်စာတွေနဲ့ရောချက်စားလို့ရသလို
မျောက်ငိုသီးငပိချက် လည်းချက်စားလို့ရပါတယ်နော်
မျောက်ငိုသီးအရသာဟာဒညင်းသီးအနုအစိမ်းလေးလို
ကြွပ်ကြွပ်လေးပါနော် စားပြီးသွားရင်လည်းဒညင်းသီးလိုအနံ့စွဲပြီးမကျန်ခဲ့ပါဘူးနော်

သိမ်းဆည်းနည်း
မျောက်ငိုသီးဆားရေစိမ်က တခြားဆားရည်စိမ်တွေလိုပါပဲ
အကြာကြီးအထားခံပါတယ် အေးမြသောနေရာ (သို့) ရေခဲသေတ္တာထဲမှာသာ သိမ်းပေးပါ။

Photos from Foodelix's post 01/02/2022

😍သားသားမီးမီး ကိုကိုမမ အန်တီလှလှ တို့ အကြိုက်😍

Crispy spicy snack
Spicy ချစ်သူတိုင်း သဘောကျကျတဲ့ မုန့်လေးတွေ

တစ်ပါကင် အထုပ်သေး ၁၂ ထုပ်ပါ ၄၀၀၀ ကျပ်ရယ်ပါ

Photos from Foodelix's post 20/01/2022

အသင့်စားစမိုင်လေးရပါပီနော်❤😍
အကောင်းစားတွေကြည့်ပဲသုံးပေးထားပါတယ်ရှင့် ရှယ်ပဲအသင့်ကျိုစားယုံပါပဲနော်
ပါဝင်ပစ္စည်းများ
စမိုင်ခြောက်
သကြား
စပျစ်ခြောက်
ထောပတ်
နို့မှုန့်ထုပ်
ဖရုံယို
နို့ဆီချောင်း
ကလဲဝေးရွက်
လေးညှင်းပွင့်
များပါဝင်ပါတယ်နော်
အသင့်လုပ်စားရုံပါပဲရှင့်❤❤

တစ်ဗူး ၂၂၀၀ ပါ

Photos from Foodelix's post 20/01/2022

အခုလိုရောဂါတွေပေါများနေတဲ့အချိန်မှာ
ကိုယ်ခံအားကောင်းအောင်အသီးအပွင့်သုပ်တွေစားပေးရတယ်နော်😍
တုန်းချိန်ရောက်ပီမို့ကြိုစုထားကြတော့နော်😋
သခွပ်ပွင့် တစ်ထုပ် ၁၀၀၀
ကြောင်လျှာပွင့် တစ်ထုပ် -၁၆၀၀

Photos from Foodelix's post 16/01/2022

🤗ရှမ်းပြည် မှ မုန်ညင်းခေါက် လေးရပါပြီ
တို့ဟူးခြောက် တို့ ငါးမုန့်ခြောက် တို့ လိုပဲ ကြော်စားရတာပါ ၊ နှမ်းလေးတွေ ပါ လို့ ပိုစားကောင်းပါတယ်။

တချပ်ကြော်လိုက်ရင် အကြီးကြီးပဲမလို့ တန်မှတန်😋
အရသာတကယ်ကောင်းလို့ ရောင်းတာပါရှင့်

၁ထုပ်မှ 👉 3200 ကျပ်တည်းနော်

Photos from Foodelix's post 15/01/2022

🥰အရသာဆိမ့်ဆိမ့်လေးနဲ့စားလို့ကောင်းတဲ့အရီးချိုနှမ်းပတ်ချဉ်ကြော်လေးရောင်းပေးမယ်

မြေပဲဆုံဆီစစ်စစ်နဲ့ကြော်ထားတာဆိုတော့ဆီအနံ့လေးကမွှေးနေတာပဲ😙

ကြက်သွန်နီလေးနဲ့ရှောက်ရွက်လေးရယ်ငရုတ်သီးစိမ်းလေးနဲ့သုပ်စားလိုက်မယ်ဆိုရင်ဖြစ် ရှယ် ရှယ်------- 🤤

ရေခဲသေတ္တာထဲထားမယ်ဆိုင်၂လအထားခံပြီး
အပြင်မယ်ထားမယ်ဆိုရင်တော့၁လအထားခံပါတယ်
ပြန်ကြော်စားနွေးစားလို့ရသလို😝
သုပ်စားလို့လည်းရပါတယ်
(ဘူးကြီးပါ)

တစ်ဗူး ၃၅၀၀ ကျပ်

Photos from Foodelix's post 15/01/2022

📣ဝက်သားထုတ်ထိုး ကြိုက်သူများအတွက်

အိမ်မှာ ရိုးရိုး ဝက်သားဟင်း အချိန်တိုင်းချက်စားဖြစ်တယ်
ဒုတ်ထိုး တို့ ဘာတို့ မချက်ဖြစ်ဘူး ချက်လဲ မချက်တတ်လို့ပါ😊

ခုတော့ မိစံ ရဲ့ ဝက်သား ဒုတ်ထိုး အနှစ်လေး နဲ့ အိမ်မှာ ချက်စားတာ တအိမ်လုံး လဲ စားလို့ရ နော်
အရသာလဲ တကယ့် လျှာဂျွန်းပြန်ပါ 😄

၁ထုပ်👉2300 ကျပ်
📣exp 1year ပါ

12/01/2022

💓စတော်ဘယ်ရီ ချယ်ရီရောက်ရင် တော်တန်ရုံလူပင်💓

စတော်ဘယ်ရီ 🍓အရသာ မြန်မ့ာထန်းလျက်များ Foodelix မှာ ဝယ်ယူရရှိနိုင်ပါပြီရှင့်။

သယ်ရလွယ်ပြီး အများသူငါ နှစ်ခြိုက်စေတဲ့ အရသာ နဲ့ ကလေးလူကြီးမရွေး စားသုံးကြတဲ့အိမ်တိုင်းဆောင် ဗူးလေးတွေရပါပြီ။

150 g ဗူး သေး တစ်ဗူး - ၁၅၀၀ ကျပ်
500 g ဗူးကြီး တစ်ဗူး - ၃၅၀၀ ကျပ်

ပိဿာဈေးနှင့် လက်ကားယူလိုသူများလည်း မှာယူလို့ရပါတယ်ရှင့်👍🏻

🙏မြန်မာပြည်တွင်း ထုတ်ကုန်များကိုအားပေးခြင်းဖြင့် အေးချမ်းသော ဘဝကို ပိုင်ဆိုင်ကြရပါစေ

Photos from Foodelix's post 06/01/2022

ဆီးသီးယိုလေးတွေ ရပါမယ်

အထုပ် ၂၀ ပါ ၁ဆွဲမှ ၂၂၀၀ ကျပ်ပါ

🎥 ရုပ်ရှင်ကြည့်ရင်း စားမလား ??

ခရီးဆောင် သွားမလား ??

အအီပြေ အမောပြေ ချိုချဉ်လေးမို့

မမတို့ ညီမလေးတို့ အသည်းစွဲ ဖြစ်နေပြီ🥰🥰

Want your business to be the top-listed Food & Beverage Service in Tamwe?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tamwe, Yangon
Tamwe
11211

Opening Hours

Monday 08:00 - 06:00
Tuesday 08:00 - 06:00
Wednesday 08:00 - 06:00
Thursday 08:00 - 06:00
Friday 08:00 - 06:00
Saturday 08:00 - 06:00
Sunday 08:00 - 06:00