TAMU CELE
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TAMU CELE, News & Media Website, Tamu.
29/11/2021
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း
ကျွန်ုပ်တို့ကျောင်းသားတပ်ခွဲ(BSO)သည် ယနေ့(၂၉.၁၁.၂၀၂၁)နံနက်ခင်း (၇:၄၅) အချိန်တွင် တမူးမြို့ (ချောင်းနက်ကြီးရဲကင်း) အားအလစ်အငိုက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်သား (၂)ဦး သေဆုံးကာ ၎င်းတို့၏ လက်နက် (၂) လက်နှင့် ကျည်ဆံအချို့ သိမ်းစည်းရမိခဲ့ပြီး မိမိတို့ ကျောင်းသားတပ်ခွဲ (BSO) မှ တပ်ဖွဲ့ဝင်များ တစ်စုံ တစ်ရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ကြေညာအပ်ပါသည်။
28/09/2021
27-9-2021
people's defence force -Tamu
မှာ
တပ်ရင်း( ၃)ရင်းရှိပါတယ်၊
တပ်ရင်းတွေရဲ့
PDF page တွေကို
ပြည်သူတို့ အလွယ်တကူ
သိရှိနိုင်ရန်
People's defense force -Tamu တပ်ရင်း-၁၊
People's defense force-Tamu တပ်ရင်း-၂၊
People's defense force-Tamu
တပ်ရင်း-၃
အဖြစ် ပြောင်းလဲသွားမည်လို့
သိရှိရပါတယ်။
https://www.facebook.com/tamusgz/
https://www.facebook.com/People-Defense-Force-Tamu-102960872032509/
https://www.facebook.com/Myanmar-Federal-Army-TAMU-103803188644343/
08/08/2021
လစာ မရှိဘူး ..
ပုံမှန်ဝင်ငွေမရှိဘူး ..
အိမ်ကိုစရိတ်ပြန်တောင်းပြီး တိုက်ပွဲဝင်နေတာ PDF တွေပါ .. ။
ကိုယ်ချင်းစာတရားရှိသူတွေက ပေးလာတဲ့အကူညီတွေကို အဖွဲ့ရဲ့ လိုအပ်တဲ့ ရိက္ခာဖြည့်ဖို့ကလွဲရင် ..သူတို့လက်ထဲ အပိုငွေမရှိကြရှာဘူး .. ။
တခါတလေ သူတိူ့အတွက် သီးသန့် ဖုန်းဘေလ် ၃၀၀၀ ရရင် ထခုန်မတတ်ပျော်ကြ .. ကျေးဇူးတင်စကားဆိုကြနဲ့ .. ။
နေမကောင်းလို့ ဆေးရုံဆေးခန်းဆိုတာဝေးပေါ့ ..
ကိုယ်ပူရင် ပါရာ သောက်မယ် .. ဗိုက်အောင့်ရင် စျေးပေါပေါနဲ့ဝယ်ထားတဲ့ လျှက်ဆားလက်တစ်ဆုပ် ရေနွေးနဲ့ မျှောမယ် .. ။ ချောင်းဆိုးရင် ကွမ်းရွက်နဲ့ဆား ဝါးမယ် .. ။
ဒါက နေ့စဉ် ဖြတ်သန်းနေရတဲ့ PDF တွေရဲ့ ဘဝပါ .. ။
သူတို့ရဲ့ အကောင်းဆုံး ဗီတာမင်ဟာ ပြည်သူတွေအတွက် အာဏာရှင်ကို ဖြုတ်ချရေးပဲဖြစ်တယ် .. ။
ပြည်သူတွေရဲ့ အကောင်းဆုံး အောက်စီဂျင်ဟာ PDF တွေ တိုက်ပွဲတိုင်းအနိုင်ရရှိခြင်းပဲ ဖြစ်သင့်တယ် .. ။
သူတို့ကို ထောက်ပံ့မှ အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မယ် .. ။
အာဏာရှင်စနစ်အမြစ်ပြုတ်မှ ကျွန်တော်တို့ ဘဝ လေဝဝရှူနိုင်မယ် .. ။
15/06/2021
PEOPLE DEFENSE FORCE (TAMU)
_________________________________
ကြေညာချက်အမှတ်(၀၁/၂၀၂၁)
ရက်စွဲ။ ၂၀၂၁ခုနှစ်၊ဇွန်လ ၁၅ ရက်
တမူးမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်နှိမ်နှင်းရန် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား (၁၅_၆_၂၀၂၁)ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်လိုက်သည်။
၁။ တမူးခရိုင်၊ တမူးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်သွားမည်။
၂။ အကြမ်းဖက်စစ်အာဏာရှင်တော်လှန်ရေးအခြားမြို့နယ်များရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်လိုတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမည်။
၃။ နိုင်ငံတော်၏ အချုပ်အခြာအာဏာအား မူပိုင်ရှင်ဖြစ်သည့် ပြည်သူလူထုလက်ဝယ်သို့လွှဲပြောင်းပေးအပ်နိုင်ရေးဆောင်ရွက်သွားမည်။
စစ်ကောင်စီ၏လက်ပါးစေများမှ အပြစ်ပြည်သူများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း စသော အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)မှ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်နှိမ်နှင်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)
https://www.facebook.com/102960872032509/posts/103294878665775/
Click here to claim your Sponsored Listing.
Category
Website
Address
Tamu