Reborn Computer Store
Sell PC , Gaming Gears, Hardware ,Networking Devices, Printers, Repair Services Computer and Services
🔑💻Ram ဖိုးသက်သာစေပြီး လုပ်ဆောင်ချက် PERFORMANCE မကျစေတဲ့ AMD ရဲ့ X3D CPU FEATURES👨💻💢
AI ကြောင့် RAM စျေးကြီးနေတဲ့ ကာလမှာ AMD X3D chip အသုံးပြုပြိး RAM ဖိုးလျှော့ချပြီး နောင်တချိန်မှာ RAM UPGRADE လုပ်ခြင်းကလည်း PRICE TO PERFORMANCE အတွက် FACTOR တစ်ခုပါဘဲ။ 🎮
X3D CPU List
Zen 5 Architecture (Ryzen 9000X3D Series / AM5 Platform)
• Ryzen 9 9950X3D2 (Dual Edition): 16 Cores / 32 Threads, 192 MB total L3 Cache (3D V-Cache stacked on both CCDs).
• Ryzen 9 9950X3D: 16 Cores / 32 Threads, 128 MB total L3 Cache.
• Ryzen 9 9900X3D: 12 Cores / 24 Threads, 128 MB total L3 Cache.
• Ryzen 7 9850X3D: 8 Cores / 16 Threads, 96 MB L3 Cache (Higher-binned, 5.6 GHz boost variant).
• Ryzen 7 9800X3D: 8 Cores / 16 Threads, 96 MB L3 Cache (The premium standard for modern gaming builds).
+4
🌌 Zen 4 Architecture (Ryzen 7000X3D Series / AM5 Platform)
The original AM5 lineup introduced X3D to DDR5 memory and PCIe 5.0 systems.
TechSpot +3
• Ryzen 9 7950X3D: 16 Cores / 32 Threads, 128 MB total L3 Cache.
• Ryzen 9 7900X3D: 12 Cores / 24 Threads, 128 MB total L3 Cache.
• Ryzen 7 7800X3D: 8 Cores / 16 Threads, 96 MB L3 Cache.
• Ryzen 5 7600X3D: 6 Cores / 12 Threads, 96 MB L3 Cache.
Caseking +4
🛠️ Zen 3 Architecture (Ryzen 5000X3D Series / AM4 Platform)
These processors extend the life of older, budget-friendly DDR4 setups, offering incredible performance-per-dollar upgrades.
TechSpot +4
• Ryzen 7 5800X3D: 8 Cores / 16 Threads, 96 MB L3 Cache (The historic trailblazer that popularized X3D technology).
• Ryzen 7 5700X3D: 8 Cores / 16 Threads, 96 MB L3 Cache.
• Ryzen 5 5600X3D: 6 Cores / 12 Threads, 96 MB L3 Cache.
• Ryzen 5 5500X3D: 6 Cores / 12 Threads, 96 MB L3 Cache.
Computer Sales & Services အမျိုးမျိုးကို တာချီလိတ်မြို့အတွင်း အိမ်တိုင်ရာရောက် 09260152010 / reborn computer store TikTok , Viber telegram,line fb page မှဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။
#မြန်မာ #မြန်မာtech #ဂိမ်းဆော့
28/05/2026
🕌 Eid Mubarak! Everyone 🌙 ✨
၂၀၂၆ ခုနှစ်ရဲ့ မင်္ဂလာရှိလှသော အစ်ဒုလ်အဿွဟာ (Eid al-Adha) နေ့ထူးနေ့မြတ်မှာ မိတ်ဆွေသဟာ အားလုံး ကိုယ်စိတ်ချမ်းသာပြီး လုပ်တဲ့အလုပ်တိုင်းအောင်မြင် ပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
Wishing you and your family a blessed, joyful, and peaceful Eid al-Adha 2026! May Allah accept your sacrifices and shower His countless blessings upon your life. 🥰✨
5 EASY NOTE TRICK ON WINDOWS 11
Windows 11 ပေါ်တွင် အလွယ်တကူ Note မှတ်ဖို့ ရန်နည်းလမ်း ၅ခု
1.Win + H : Voice Typing (အသံဖြင့် စာရိုက်နည်း)
2.Win + V : Clipboard History (လတ်တလောCOPY လုပ်ခဲ့သောစာစု၊အပိုင်းအားလုံး Clipboard History မှပြန်လည် PASTE ခေါ်နည်း)
3.Win +C : Windows Copilot (COPILOT သို့မဟုတ် AI Sidebar WINDOWSကိုချက်ချင်းခေါ်နည်း) Win+ .
(သို့မဟုတ်)
4.Win + ; : Emoji & GIF Keyboard (အီမိုဂျီနှင့် GIF မျိုးစုံ ရှာဖွေထည့်နည်း)
5.Win + Shift + S : or Prtsc Snipping Tool ( လက်ရှိDESKTOP မျက်နှာပြင်ကို ဓါတ်ပုံ သို့မဟုတ် ဗွီဒီယို အဖြစ်ကူးယူနည်း)
သိပြီးသူများ ကျော်သွားနိုင်ပြီး အကျိုးရှိမည် ထင်လျှင် Like ,Repost လုပ်ချင်းဖြင့် ဗဟုသုတမျှဝေပေးကျပါ။
Computer Sales & Services အမျိုးမျိုးကို တာချီလိတ်မြို့အတွင်း အိမ်တိုင်ရာရောက် 09260152010 / reborn computer store TikTok , Viber telegram,line fb page မှဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။
🫸👻Social media Feeds တွေက တကယ်အကြားအမြင်ရပြီးတကယ်မှော်ဆန်နေလား။👻👍
SocialMedia Algorithms နှင့် ပတ်သက်တဲ့ Video အပြည့်အစုံကို Algorithm System တွေက User ကိုတပ်မက်စွဲလန်းစေခြင်း၊စိတ်အပြောင်းအလည်းများဖြစ်အောင် ဘယ်လိုလုပ်နေလည်းဆိုတဲ့https://vt.tiktok.com/ZSxyyXd4W/Video အရှည်မှာကြည့်ရှုအားပေးနိုင်ပါတယ်။
ဒီ နည်းပညာဗဟုသုတလေးတစ်ခုက နားမလည်တဲ့သူ တစ်ယောက်ယောက်ကို Algorithm ရဲ့ ထောင်ချောက်ထဲကနေ ကယ်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
သိပြီးသူများ ကျော်သွားနိုင်ပြီး အကျိုးရှိမည် ထင်လျှင် Like ,Repost လုပ်ချင်းဖြင့် ဗဟုသုတမျှဝေပေးကျပါ။
Computer Sales & Services အမျိုးမျိုးကို တာချီလိတ်မြို့အတွင်း အိမ်တိုင်ရာရောက် 09260152010 / reborn computer store TikTok , Viber telegram,line fb page မှဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။
Algorithm အဆိပ်မပါတဲ့ သင့်စိတ်ကြိုက် Social Media Feeds တည်ဆောက်နည်း။ How To Train Your Social Media Feeds & Digital Detox?
ဒီ နည်းပညာဗဟုသုတလေးတစ်ခုက နားမလည်တဲ့သူ တစ်ယောက်ယောက်ကို Algorithm ရဲ့ ထောင်ချောက်ထဲကနေ ကယ်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
သိပြီးသူများ ကျော်သွားနိုင်ပြီး အကျိုးရှိမည် ထင်လျှင် Like ,Repost လုပ်ချင်းဖြင့် ဗဟုသုတမျှဝေပေးကျပါ။
Computer Sales & Services အမျိုးမျိုးကို တာချီလိတ်မြို့အတွင်း အိမ်တိုင်ရာရောက် 09260152010 / reborn computer store TikTok , Viber telegram,line fb page မှဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။
Facebook, Instagram,Tiktok, Youtube စတဲ့ Social media Platformတွေပေါ်က Algorithm System တွေက User ကိုတပ်မက်စွဲလန်းစေခြင်း၊ စိတ်အပြောင်းအလည်းများဖြစ်အောင် ဘယ်လိုလုပ်နေလည်းဆိုတာကို အသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်။
ALGORITHM အကြောင်းတွေနဲ့အတူ Video အဆုံးနားတွင်
"How to train your feeds?"
"How to digital detox?" အ ကြောင်းအရာများမိတ် ဆွေအတွက် Self Therapy လုပ်နိုင်ရန်ထည့် ပေးထားသည်။
နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုကတော့ ဒီနေ့ကစပြီး။
ကျွန်တော်တို့ကိုယ်တိုင် ဒီ Social Media Algorithm တွေကိုကိုယ်လိုချင်တဲ့ပုံစံလေ့ကျင့် Trainပေးကြမလား။
ဒါမှမဟုတ် ဒီ Algorithm တွေရဲ့ Flow နောက်လိုက်ပြီး ကျွန်တော်တို့တွေရဲ့ အပြုအမူတွေ၊ အတွေးအခေါ်ပြောင်းကြမလားစဉ်းစားကျပါ။
ဒီ နည်းပညာဗဟုသုတလေးတစ်ခုက နားမလည်တဲ့သူ တစ်ယောက်ယောက်ကို Algorithm ရဲ့ ထောင်ချောက်ထဲကနေ ကယ်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
သိပြီးသူများ ကျော်သွားနိုင်ပြီး အကျိုးရှိမည် ထင်လျှင် Like ,Repost လုပ်ချင်းဖြင့် ဗဟုသုတမျှဝေပေးကျပါ။
Computer Sales & Services အမျိုးမျိုးကို တာချီလိတ်မြို့အတွင်း အိမ်တိုင်ရာရောက် 09260152010 / reborn computer store TikTok , Viber telegram,line fb page မှဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။
18/05/2026
“ iOs26 Vs Android 16” Smart Phone တွေရဲ့ နောက်ကွယ်က Operating System
ခုခေတ်လူအသိုင်းဝိုင်းတချို့က ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် function တွေ features တွေထက် လူကြားတိုးဖို့ Brand တစ်ခု၊ ဒီဇိုင်းလှပတန်ဖိုးရှိတဲ့ လက်၀တ်ရတနာတစ်ခုလို ဂုဏ်အရှိန်အဝါတစ်ခု အတွက် ဝယ်တတ်ကြပြီး၊ တစ်ချို့ကတော့ Specification & Performance အနိမ့်အမြင့် ကိုလေ့လာသုံးသပ်ပြီးမှ ဝယ်တာတတ်ကြပါတယ်။
ဥပမာ။ ။ ဘယ်လောက်ကြီးကျယ်ခန်းနားထည်ဝါအောင်လုပ်ထားတဲ့ 5 Star ဟော်တယ်ကြီ;ဘဲဖြစ်ဖြစ် သူကို operate လုပ်တဲ့ ဝန်ထမ်းတွေ၊ ပေးတဲ့ Service တွေ မကောင်းရင် Operating System မကောင်းရင် အောင်မြင်မှု ရရှိဖို့ ရာခိုင်နှုန်းနည်းသလိုဘဲ ၊ Smart ဖုန်းတစ်လုံးမှာ လည်း ဘယ်လောက် Specification, Function , Features တွေ ပလူပျံနေပါစေ, နာမည်ကြီးဒီဇိုင်နာတွေ ဘယ်လောက် up to date ဖြစ်တဲ့ Fashion အဆန်းတွေ လက်ရာမြောက်တွေ ပါဝင် နေလဲ Operating System မကောင်းရင် အလှကြည့်ဖို့ Accessories ဘဲဖြစ်နေမှာပါ။ ၂၀၂၆ ခုနှစ် Ai Era မှာ Smart Phone တွေရဲ့ နောက်ကွယ်က Mobile Operating System (OS) ဖြစ်တဲ့ Android 16 နှင့် iOs 26 တွေရဲ့ စွမ်းဆောင်ရည်နဲ့ လုံခြုံရေးစနစ် တွေကလည်း ခေတ်နှင့် အပြိုင် တိုးတက်လာပြီး ကွာဟမှု အနည်းငယ်တာ ရှိပါတော့တယ်။ ကိုယ်ပိုင် Hardware နှင့် ကိုယ်ပိုင် Operation System, သူ့ Eco System တွေနဲ့ စနစ်တကျ တည်ဆောက်ထားတဲ့ Apple Product တွေတောင် Jailbreak လုပ်စရာမလိုတော့ အောင် ပြီးပြည့်စုံလာတာနဲ့ အမျှ Android တွေရဲ့ Independent ဖြစ်တဲ့ Features တွေလည်း Security ပိုင်း၊ Architecture ပိုင်းတွေ မှာလည်း iOs နီးနီး ပြည့်စုံလာပါပြီ။
____________________________________
🛡️ 1. လုံခြုံရေးစနစ်များ ပြောင်းလဲလာခြင်း (Evolving Security Architecture)
ယနေ့ခေတ်မှာ Cyber Threats တွေ ပိုမိုမြင့်မားလာတာနဲ့အမျှ OS နှစ်ခုစလုံးဟာ Security ကို အခြေခံကနေ ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။
• Android 16 (Android 2026): အရင်ခေတ်ကလို Security ပိုင်း အားနည်းတယ်ဆိုတဲ့ အပြောတွေကို ခြေဖျက်လိုက်ပြီ: Android 16 မှာ Google ဟာ Hardware-backed Sandboxing စနစ်နဲ့ Linux Kernel အဆင့်အထိ ကာကွယ်ပေးတဲ့ Zero-Trust Architecture ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ဒေတာတွေကို ဖုန်းပြင်ပ Cloud ဆီ မပို့ဘဲ ဖုန်းအတွင်းမှာတင် တွက်ချက်တဲ့ On-device AI Encryption ကြောင့် သင့်ရဲ့ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုဟာ မရှိသလောက် လုံခြုံသွားပါတယ်။
• iOS 26 (iOS 2026): Apple ရဲ့ Closed Ecosystem of Hardware & Software လုံခြုံရေးစနစ် (Walled Garden) ကနေ ခေတ်ရေစီးကြောင်းအရ တိုးတက်ပြောင်းလဲလာပါခဲ့ပြီး ဥရောပနှင့် နိုင်ငံတကာ ဥပဒေများအရ Third-party App Store တွေကို ခွင့်ပြုခဲ့ရသော်လည်း ၊ Apple က Advanced Cryptographic Attestation စနစ်ကို အသုံးပြုပြီး ပြင်ပကလာတဲ့ App တိုင်းကို ဖုန်းရဲ့ Secure Enclave hardware ထဲမှာ သီးသန့်ခွဲထုတ်ပြီး ကာကွယ်ထားသောကြောင့် လုံခြုံမြဲ လုံခြုံဆဲ ဖြစ်ပါတယ်။
🤖 2. တကယ့် Core Features များ ထိပ်တိုက်တွေ့ခြင်း
ဖုန်းတစ်လုံးရဲ့ တန်ဖိုးကို ဆုံးဖြတ်တာဟာ OS ရဲ့ Features တွေပဲ ဖြစ်ပါတယ်။
• Android 16 - "The Intelligent OS": Android 16 ရဲ့ အသက်ဟာ သာမန် Launcher တွေမဟုတ်ပါဘူး။ စနစ်တစ်ခုလုံးရဲ့ Kernel ထဲအထိ Gemini AI ကို ထည့်သွင်းထားတဲ့ System-level Agentic AI ဖြစ်ပါတယ်။ သင့်ဖုန်းထဲက App အချင်းချင်း (Cross-app workflows) ကို လူသားတစ်ယောက်လို နားလည်ပြီး အလိုအလျောက် ချိတ်ဆက်လုပ်ဆောင်ပေးနိုင်ပါတယ်။ Ai ပိုင်းမှာ လည်း Gemini လိုထိပ်သီး Ai တွေ integrated ပါဝင်သလို၊ အခြားသော Ai Model များလည်း လွတ်လွတ်လပ်လပ်သုံးပိုင်ခွင့်ပေးထားပါတယ်။
• iOS 26 - "The Liquid Glass & Refined Ecosystem": Apple ကတော့ ဖက်ရှင်နဲ့ သပ်ရပ်မှုကို အဓိကထားသူတွေအတွက် "Liquid Glass" Design Framework နဲ့ UI ကို အနုပညာဆန်ဆန် ပြောင်းလဲပေးထားပါတယ်။ Ai ပိုင်းမှာတော့ Apple Intelligence ဟာ ပိုမိုရင့်ကျက်လာပြီး ဖုန်းခေါ်ဆိုမှုနဲ့ မက်ဆေ့ခ်ျတွေမှာ သတ်ပုံစစ်ရုံတာတင်မကဘဲ Context တစ်ခုလုံးကို နားလည်တဲ့ ကမ္ဘာ့အဆင့်မီ Neural Engine စွမ်းဆောင်ရည်ပါဝင်ထားသော်လည်း သူကတိပေးထားသလို Apple Intelligence Service features တွေကို မပေးနိုင်လို့ ငွေအမ်းပေးတာတို့၊ Google ပေါ်မှာ အားကိုးနေရတဲ့ သတင်းတွေရှိဆဲဖြစ်ပါတယ်။ဒါပေမဲ့ Tim Cook နောက် ဖြစ်လာမည့် CEO John Termus ဖြစ်ပြီးတဲ့နောက်ပိုင်း Apple Intelligence ပိုင်းအပြောင်းအလဲများကိုတော့ဆက်လက်စောင့်စားကြည့်ရှုရမှာ ဖြစ်ပါတယ်။
🔄 3. Choice Over Status (ဂုဏ်အရှိန်အဝါထက် အမှန်တကယ်အသုံးချမှုအတွက် ရွေးချယ်ခြင်း)
iPhone ဟာ ယနေ့ထက်ထိ လူမှုပတ်ဝန်းကျင်မှာ လက်ဝတ်ရတနာ တစ်ခုလို ဖက်ရှင်နှင့် အဆင့်အတန်းကို ဖော်ဆောင်နေပါတယ်။ ဒါပေမဲ့ Android ရဲ့ High-end Flagship တွေဖြစ်တဲ့ Google Pixel,Samsung, Huawei, One Plus နှင့် တချို့ Brand တွေဟာလည်း ပရီမီယံ Hardware တွေနဲ့အတူကိုယ်ပိုင် မှုပြုထားတဲ့ Android Operating System နှင့် စွမ်းဆောင်ရည်မြှင့် Hardware များကြောင့် Apple Product တွေနှင့် ယှဉ်ပြီး ရွှေးချယ်စရာတစ်ခုဖြစ်လာပါပြီ။ အဓိက ကတော့ Move to iOs တို့ Swith to Android တို့လို Wifi ကနေ တစ်ဆင့် ဒေတာကူးပြောင်းမှုစနစ်တွေ က လွယ်လင့်တကူ ဖြစ်သွားတဲ့အတွက် သင့်အနေနဲ့ Apple iOs 26 ကိုပဲ ရွေးချယ်မလား ဒါမှမဟုတ် Android 16 စွမ်းဆောင်ရည်မြင့်မားတဲ့စနစ် Flagship or Budget စမတ်ဖုန်း တစ်ခုကိုပဲ ရွေးချယ်မလားဆိုတာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပြီ ဖြစ်ပါတယ်။
____________________________________
မိတ်ဆွေတို့ရဲ့ အမြင်ကော ဘယ်လိုရှိလဲ? 💬 ဒီ ၂၀၂၆ မှာ စမတ်ဖုန်းတစ်လုံးကို ဝယ်တဲ့အခါ ပြင်ပအသွင်အပြင် ဖက်ရှင်နှင့် လက်ဝတ်ရတနာ လိုပဲ ကြည့်ဝယ်ဖြစ်မလား? ဒါမှမဟုတ် လုံခြုံရေးနဲ့ AI စနစ်သစ်တွေကိုပဲ ရွေးချယ်မလား? Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။
Computer Sales & Services အမျိုးမျိုးကို တာချီလိတ်မြို့အတွင်း အိမ်တိုင်ရာရောက် 09260152010 / reborn computer store TikTok , Viber telegram,line fb page မှဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။
👨💻💻သင့်ကွန်ပျူတာကို ဘယ်အချိန်မှာ Upgrade လုပ်ဖို့ လိုအပ်နေပြီလဲ? 💻✨
ကိုယ့်ရဲ့ ကွန်ပျူတာက ကုန်ထုတ်စွမ်းအား (Productivity)၊ လုံခြုံရေး (Security) နဲ့ အသုံးပြုရတဲ့ ခံစားချက် (User Experience) တွေမှာ အရင်လို အဆင်မပြေတော့ဘူးဆိုရင် Upgrade လုပ်ဖို့ အချိန်တန်နေပါပြီ။
ဒီ Video မှာ သင့်ကွန်ပျူတာကို Upgrade လုပ်သင့်တဲ့ အဓိက လက္ခဏာ ၈ ချက်ကို ပြောပြပေးသွားမှာပါ။
၁။ ဆော့ဖ်ဝဲလ်တွေ ဖွင့်ရတာ ကြာလာတာ - စက်တက်ဖို့ အရမ်းကြာနေတာ ဒါမှမဟုတ် ဆော့ဖ်ဝဲလ်တစ်ခုခု Run တဲ့အခါ တော်တော်နဲ့ ပွင့်မလာတာဟာ Upgrade လိုအပ်နေတဲ့ ပထမဆုံး လက္ခဏာပါ။
၂။ နောက်ဆုံးပေါ် Apps နဲ့ ဂိမ်းတွေ Run လို့ မရတော့တာ - Window Version မကိုက်တာ၊ Graphic Card (RTX) ဒါမှမဟုတ် CPU အမြင့်တွေ လိုအပ်လာတဲ့အခါ စက်က မနိုင်တော့တဲ့ အခြေအနေမျိုးပါ။
၃။ Storage မလောက်တော့တာ - အခုနောက်ပိုင်း Application တွေက Quality မြင့်လာတာနဲ့အမျှ Storage နေရာ ပိုပြီး လိုအပ်လာပါတယ်။
၄။ နည်းပညာ ဟောင်းသွားတာ - Windows 7/10 လိုမျိုး ဟောင်းနွမ်းနေတဲ့ OS နဲ့ hardware တွေ သုံးနေတာက စက်ကို လေးစေပြီး Security အတွက်လည်း စိုးရိမ်ရပါတယ်။
၅။ Hardware ပြဿနာများ - RAM၊ Motherboard ဒါမှမဟုတ် ဘက်ထရီ အားမခံတာ၊ ဘက်ထရီကြောင့် Performance ကျလာတာတွေ ဖြစ်တတ်ပါတယ်။
၆။ စက်အလွန်အမင်း ပူလာတာ (Overheating) - ပန်ကာရဲ့ RPM မမှန်တာ၊ Air flow မကောင်းတာ ဒါမှမဟုတ် ဘာမှမသုံးဘဲနဲ့ Temperature တွေ တက်နေတာကလည်း သတိထားရမယ့် အချက်ပါ။
၇။ လုံခြုံရေး အားနည်းချက်များ - Update မရတော့တဲ့ OS တွေ သုံးတာ၊ WPA3 လိုမျိုး နောက်ဆုံးပေါ် Wi-Fi နည်းပညာတွေကို Support မလုပ်တာတွေက သင့်ရဲ့ အချက်အလက်တွေအတွက် အန္တရာယ် ရှိလာနိုင်ပါတယ်။
၈။ ချိတ်ဆက်မှု အကန့်အသတ်များ - USB 3.0 ဒါမှမဟုတ် Type-C အပေါက်တွေ နည်းနေပြီး USB 2.0 တွေပဲ များနေတဲ့အခါ ပစ္စည်းအသစ်တွေ ချိတ်ဆက်ဖို့ ခက်ခဲလာပါလိမ့်မယ်။
ဒီလက္ခဏာတွေ သင့်ကွန်ပျူတာမှာ ရှိနေပြီဆိုရင်တော့ တစ်ခုခု Upgrade လုပ်ဖို့ ဒါမှမဟုတ် Latest Series ခေတ်မီတဲ့ PC / laptop အသစ်တွေဝယ်သင့် နေပါပြီ။
Computer Sales & Services အမျိုးမျိုးကို တာချီလိတ်မြို့အတွင်း အိမ်တိုင်ရာရောက် 09260152010 / reborn computer store TikTok , Viber telegram,line fb page မှဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။
"How To Restore Hidden Data From Malware infected Storage without Recovery Software"
သင့်ရဲ့ External/Internal Storage မှ Malware (.exe) ကြောင့် ပျောက်ဆုံးသွာသော File နှင့် Folder များ Recovery မခေါ်ဘဲ ပြန်ရယူနည်း
Computer Sales & Services အမျိုးမျိုးကို တာချီလိတ်မြို့အတွင်း အိမ်တိုင်ရာရောက် 09260152010 / reborn computer store TikTok , Viber telegram,line fb page မှဆက်သွယ် စုံစမ်းဝယ်ယူနိုင်သည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
၁လမ်းထိပ်, ပုန်းထွန်အခြေခံအထက်တန်းကျောင်း(ခွဲ)ဘေး, (၄)ထပ်တိုက်, ပုန်းထွန်ရပ်ကွက်
Tachileik
06271
Opening Hours
| Monday | 09:30 - 19:30 |
| Tuesday | 09:30 - 19:30 |
| Wednesday | 09:30 - 19:30 |
| Thursday | 09:30 - 19:30 |
| Friday | 09:30 - 19:30 |
| Saturday | 09:30 - 19:30 |