MEGA Net Wi-Fi
"MEGA Net" brand from MEGA Network Co., Ltd as one of the first internet service providers in Rakhine
အင်တာနက်လိုင်းပြတ်တောက်နေမှုအခြေအနေများနှင့် လက်ရှိပြုပြင်နေမှုအခြေအနေများအားတင်ပြခြင်း 📢📢📢
ရခိုင်မြောက်ပိုင်းမြို့နယ်အချို့တွင် အင်တာနက်ဆက်သွယ်ရေးဖိုင်ဘာကြိုးများ ထိခိုက်ပြတ်တောက်လျှက်ရှိပါသဖြင့် MEGA Net Fiber Internet အပါအဝင် ဖိုင်ဘာကြိုးအသုံးပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများ လတ်တလော လိုင်းများပြတ်တောက်လျှက်ရှိပါသည်။
သက်ဆိုင်ရာမြေပြင်အဖွဲ့များသည် နေ့စဉ်နှင့်အမျှ ပြန်လည်ပြုပြင်ရန်ကြိုးစားလျှက်ရှိပြီး လက်ရှိအချိန်ထိ ပြုပြင်ရန်အဆင်ပြေသော နေရာတချို့အား ပြန်လည်ပြုပြင်ပြီးစီးပြီးဖြစ်ကြောင်းသိရှိရပါသည်။
ပြတ်တောက်သည့်နေရာများအား အမြန်ဆုံးပြန်လည်ပြုပြင်ပြီး လိုင်းပြန်လည်ရရှိနိုင်ရန် MEGA Net Fiber Internet မှ နေ့စဉ်နှင့်အမျှ အစွမ်းကုန်ကြိုးစားအားထုတ်လျှက်ရှိပါသည်။
ပြတ်တောက်နေသည့်နေရာများအားလုံး ပြန်လည်ပြင်ဆင်ပြီးစီးပါက ဝန်ဆောင်မှုများအား နဂိုမူလထက်ပိုကောင်းသောဝန်ဆောင်မူများပေးသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။
မရှောင်လွှဲနိုင်သည့် အကြောင်းတရားများကြောင့် သုံးစွဲသူများအား ဝန်ဆောင်မှုပေးရန်ပျက်ကွက်နေရမှုအပေါ် MEGA Net မိသားစုမှ လွန်စွာညှိုးငယ်ဝမ်းနည်းစွာဖြင့် တောင်းပန်အပ်ပါသည်။ 🙏🙏🙏
02/01/2024
လေးစားစွာဖြင့် အသိပီးကြေညာအပ်ပါသည် 📢📢📢
လာမည့် ၂၀၂၄ ခုနှစ် ဇွန်နဝါရီလ (ယခုလ)မှစတင်ပြီး အင်တာနက်ဘေလ် လစဉ်ပေးဆောင်ရက်အား ယခင် လစဉ် ပထမ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိသတ်မှတ်ထားခဲ့ရာမှ ယခု ၁ ရက်နေ့မှ ၆ ရက်နေ့အထိသို့ ပြောင်းလဲသတ်မှတ်လားဖို့ဖြစ်ပါကြောင်း လေးစားရိုသေစွာဖြင့် အသိပီးကြေညာအပ်ပါသည်။
လစဉ် စာရင်းအင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံလောက်သည့်အချိန်လိုအပ်ခြင်းနှင့် ဆက်စပ်ဆောင်ရွက်လျှက်ရှိသည့် ဝန်ဆောင်မှုရောင်းချသူများကြား ပိုမိုအချိန်လုံလောက်စေရန် ဘေလ်ပီးဆောင်ရက်အား ပြောင်းရွေ့သတ်မှတ်ရခြင်းဖြစ်ပါသည်။ ဘေလ်ပီးဆောင်ရက်ပြောင်းရွေ့သတ်မှတ်ခြင်းကြောင့် အဆင်မပြေမှုများကြုံတွိခရပါက ညှိုးငယ်စွာဖြင့် တောင်းပန်အပ်ပါသည်။ 🙏🙏🙏
လစဉ်အင်တာနက်ဘေလ်ပီးဆောင်ရာ၌ သက်ဆိုင်ရာမြို့ခွဲ၏ Kpay “QR” ကို scan ပြုလုပ်ပြီး Online Payment ဖြင့် မိမိနေအိမ်မှ လွယ်ကူစွာ ပေးချေနိုင်ရန် စီစဉ်ထားရှိပြီး သက်ဆိုင်ရာရုံးခွဲများသို့လည်း လာရောက်ပီးဆောင်နိုင်ပါသည်။
𝐁𝐢𝐥𝐥 ဆောင်ခြင်းနဲ့ ပတ်သက်ပြီးအသေးစိတ်သိလို ပါက
MEGA Net Call Center
☎️ 09 880 441055
သို့ ရုံးချိန်အတွင်းဆက်သွယ်မိန်းမြန်းနိုင်ရေပိုင် Page Messenger မှလဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့များတွင် ခေတ္တမျှ လိုင်းပြတ်မှုများဖြစ်ပွားနေပါကြောင်း အသိပေးကြေညာခြင်း။
ယနေ့ ၁၁-၁၂-၂၀၂၃ ရက်နေ့၊ တနင်္လာနေ့ နံနက်ပိုင်းအချိန်တွင် ပုဏ္ဏားကျွန်း၊ မြောက်ဦးမြို့ များသို့သွယ်တန်းထားရှိသည့် ပင်မဖိုင်ဘာကြိုးများ တည်ရှိရာ တာဝါဆိုက်မှာ ပါဝါပြတ်တောက်မှုဖြစ်ပွါးခဲ့ပါသည်။ ထို့ကြောင့် ၎င်းမြို့များတွင် လိုင်းလုံးဝပြတ်တောက်မှုများဖြစ်ပွါးလျက်ရှိပါသည်။
အဆိုပါ ပါဝါပြတ်တောက်နေသော တာဝါဆိုက်များအား သက်ဆိုင်ရာမှ ပြန်လည်ပြုပြင်လျှက်ရှိရာ ဒေသဆိုင်ရာလုံခြုံရေးအခြေအနေများကြောင့် ယနေ့ညပိုင်းအချိန်တွင် ပြန်လည်ပြုပြင်၍ အဆင်မပြေနိုင်ပါသောကြောင့် မနက်ဖြန် နံနက် အစောဆုံးပြန်လည်ပြုပြင်မည်ဖြစ်ပြီး မနက်ဖြန် နံနက် အချိန်တွင် ပြင်ဆင်ပြီးစီးမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
🙏သီတင်းကျွတ်ဆုတောင်း 🙏
ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင် ချစ်ခင်လေးစားတန်ဖိုးထားရပါသော MEGA Net WiFi ၏ Customers များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးကေ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးတက်ပါစီကြောင်း MEGA Net မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
#သီတင်းကျွတ်ဆုတောင်း
27/10/2023
ရုံးပိတ်ရက်ကြေညာခြင်း📣📣📣
~~~~~~~~~~~~~~
MEGA Net WiFi ၏ လေးစားချစ်ခင်ရပါသော Customer များအား ရိုသေစွာဖြင့်အသိပီးကြေညာအပ်ပါသည်။ 🙏🙏🙏
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နိ တနင်္ဂနွီနိနှင့် အောက်တိုဘာလ (၃၀) ရက်နေ့ တနင်္လာနိရို့အား "ဝါကျွတ်ရုံးပိတ်ရက်" အဖြစ် သတ်မှတ်ထားပါသဖြင့် MEGA Net WiFi ၏ Call Center ဝန်ဆောင်မှုအား အဆိုပါနေ့များတွင် ယာယီရပ်နားထားမည်ဖြစ်ပြီး
MEGA Network Company ၏ နယ်ရုံးခွဲများအားလည်း ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးကြေညာအပ်ပါသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နိ (အင်္ဂါနိ) မှာ Call Center နှင့် ရုံးခွဲတိ အားလုံးကို ပုံမှန်အတိုင်း ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများအား ပြန်လည်ဆောင်ရွက်ပီလားဖို့ဖြစ်ပါကြောင်း ကြိုတင်အသိပီးအကြောင်းကြားအပ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါနိရက်များအတွင်း မတော်တဆ ဖိုင်ဘာကြိုးတိပြတ်တောက်ခပါက အင်္ဂါနိရုံးဖွင့်ရက်မှရာပြုပြင်ပီးနိုင်ပါဖို့လို့ ရိုသေစွာနန့် အသိပီးကြေညာအပ်ပါသည်။
#မင်းပြားမြို့တွင် ယာယီလိုင်းကျပ်မှုဖြစ်ပွားနိုင်ပါကြောင်း အသိပေးကြေညာခြင်း။ 📢📢📢
ယနေ့ ၁၅-၁၀-၂၀၂၃ ရက်နေ့၊ တနင်္ဂနွေနေ့ နေ့လည်ပိုင်းအချိန်တွင် MEGA Net မင်းပြား Server မှ Service Provider ဘက်သို့သွယ်တန်းထားရှိသည့် ပင်မဖိုင်ဘာကြိုးတချောင်း မတော်တဆ ပြတ်တောက်မှုဖြစ်ပွါးခဲ့ပါသည်။
ထို့ကြောင့် အရံလိုင်းများဖြင့် အင်တာနက်ဖြန့်ဝေပေးလျှက်ရှိပြီး ခေတ္တခဏ လိုင်းကျပ်မှုဖြစ်ပွားနိုင်ပါသည်။
အဆိုပါ ဖိုင်ဘာကြိုးအား ပြန်လည်ပြုပြင်လျှက်ရှိရာ ဒေသဆိုင်ရာလုံခြုံရေးအခြေအနေများကြောင့် ညပိုင်းအချိန်တွင် ပြန်လည်ပြုပြင်၍ အဆင်မပြေနိုင်ပါသဖြင့် မနက်ဖြန် နံနက်မှ ပြန်လည်ပြုပြင်နိုင်မည်ဖြစ်ပြီး မနက်ဖြန် နံနက် ၁၀:၀၀ နာရီအချိန်ခန့်တွင် ပြင်ဆင်ပြီးစီးမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
10/10/2023
MEGA Net Photography Contest 2023 ဓါတ်ပုံပြိုင်ပွဲ ဆုရဓါတ်ပုံများအား ကြေညာခြင်း📣📣📣📣
MEGA Net Wi-Fi မှ 2023 ခုနှစ်အတွက် ကျင်းပပြုလုပ်ခဲ့သည့် Digital Camera Photography Contest နှင့် Mobile Photography Contest မှ ဆုရဓါတ်ပုံများအား အောက်ပါအတိုင်းကြေညာအပ်ပါသည်။
📸 MEGA Net Digital Photography Contest 2023
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🥇1st Price winner
ကိုထက်အောင် (စစ်တွေ)
🥈2nd Price winner
ကိုသန်းစိုး (မြောက်ဦး)
🥉3rd Price winner
ကိုသိန်းကျော် (စစ်တွေ)
🏅Most Popular Award winner
ကိုလင်းအိမ် (စစ်တွေ)
📱MEGA Net Mobile Photography Contest 2023
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🏅*2023 MEGA Net Mobile Photography Award
ကိုမြတ်နိုင်ထွန်း (ပုဏ္ဏားကျွန်း)
🏅*2023 MEGA Net Mobile Photography Most Popular Award
ကိုအောင်ရွှေဘော် (ပေါက်တော)
👏👏👏👏👏👏👏👏👏👏👏
ဆုရဓါတ်ပုံပညာရှင်များအား MEGA Net Admin Team မှ ဆက်သွယ်ပြီး ဆုချီးမြှင့်ခြင်းအစီအစဉ်များဆက်လက် ပြုလုပ်ပေးသွားပါမည်။
နောင်နှစ်များတွင်လည်း Mega Network Company Limited မှ ရခိုင်ပြည်၏ အလှအပ၊ သဘာဝပါတ်ဝန်းကျင်၊ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်များကို တဖက်တလမ်းမှ တတ်နိုင်သလောက် ပံ့ပိုးကူညီနိုင်ရန် ကြိုးစားသွားပါမည်။
မိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
📸📸 2023, MEGA Net Wi-Fi ဓါတ်ပုံပြိုင်ပွဲ ဓါတ်ပုံပြိုင်ပွဲဝင်များအား အသိပေးကြေညာအပ်ပါသည် 📢📢📢
MEGA Net Wi-Fi မှ 2023 ခုနှစ်အတွက် ကျင်းပပြုလုပ်ခဲ့သည့် Digital Camera Photography Contest နှင့် Mobile Photography Contest များမှ ဆုရဓါတ်ပုံများအား မနက်ဖြန် ( 10.10.2023 ) ရက်နေ့ အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးကြေညာအပ်ပါသည်။
မိုခါမုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုအလွန်များပြားခဲ့ရသည့် MEGA Net Wi-Fi ၏ အခြေခံကွန်ယက်များအား အချိန်ပေးပြန်လည်ထူထောင် တည်ဆောက်နေခဲ့ရပါသဖြင့် ဓါတ်ပုံပြိုင်ပွဲ ဆုရဓါတ်ပုံများအား အချိန်အတိုင်းအတာတခုထိ နောက်ကျခဲ့ရသည်ကို နားလည်ခွင့်လွှတ်နိုင်ပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။
ပြိုင်ပွဲတွင် ဆုချီးမြှင့်ပေးသွားမည့် ဓါတ်ပုံဆုအမျိုးအစားများမှာ
📸 Digital Camera Photography Contest 🎉🎉
💥1st Price winner - ၃ သိန်း ကျပ်
💥2nd Price winner - ၂ သိန်း ကျပ်
💥3rd Price winner - ၁ သိန်း ကျပ်
💥Most Popular Award winner - ၁ သိန်း ကျပ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
📱 Mobile Photography Contest 🎉🎉
💥 2023 MEGA Net Mobile Photography Award
၁ သိန်း ကျပ်
💥 2023 MEGA Net Photography Most Popular Award
၁ သိန်း ကျပ်
တို့ဖြစ်ကြပါသည်။
မနက်ဖြန်တွင် ပြိုင်ပွဲနှစ်ခုလုံး၏ ဆုအမျိုးအစားအားလုံးအား တပြိုင်နက်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဆုရဓါတ်ပုံပညာရှင်များအား MEGA Net Wi-Fi Page Admin Team မှ ဆက်သွယ်အကြောင်းကြားပေးမည်ဖြစ်ပါသည်။
စုံစမ်းမေးမြန်းလိုပါက
MEGA Net Wi-Fi
Call Center
☎️ - 09 880 441055
သို့ဆက်သွယ်နိုင်ပါသည်။
လေးစားစွာဖြင့်
Admin Team
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားမြို့များတွင် ခေတ္တမျှ လိုင်းကျပ်မှုဖြစ်ပွားနေပါကြောင်း အသိပေးကြေညာခြင်း။ 📢📢📢
ယနေ့ ၆-၁၀-၂၀၂၃ ရက်နေ့၊ သောကြာနေ့ နေ့လည်ပိုင်းအချိန်တွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားမြို့များသို့သွယ်တန်းထားရှိသည့် ပင်မဖိုင်ဘာကြိုးတချောင်း မတော်တဆ ပြတ်တောက်မှုဖြစ်ပွါးခဲ့ပါသည်။
ထို့ကြောင့် အဆိုပါမြို့များတွင် လိုင်းလုံးဝပြတ်တောက်မှုမဖြစ်ပွါးနိုင်စေရန် အရံလိုင်းများဖြင့် အင်တာနက်ဖြန့်ဝေပေးလျှက်ရှိပြီး ခေတ္တခဏ လိုင်းကျပ်မှုဖြစ်ပွားနိုင်ပါသည်။
အဆိုပါ ပြတ်တောက်နေသော ဖိုင်ဘာကြိုးအား သက်ဆိုင်ရာမှ ပြန်လည်အစားထိုးပြုပြင်လျှက်ရှိရာ ဒေသဆိုင်ရာလုံခြုံရေးအခြေအနေများကြောင့် ညပိုင်းအချိန်တွင် ပြန်လည်ပြုပြင်၍ အဆင်မပြေနိုင်ပါသောကြောင့် မနက်ဖြန် နံနက် အစောဆုံးပြန်လည်ပြုပြင်မည်ဖြစ်ပြီး မနက်ဖြန် နံနက် ၈:၀၀ နာရီအချိန်ခန့်တွင် ပြင်ဆင်ပြီးစီးမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
24/09/2023
🛑 Kpay မှတဆင့် လစဉ်ကြေးပေးဆောင်လျှက်ရှိသည့် Customer များ သတိပြုနိုင်ပါရန် လေးစားစွာဖြင့် ကြေညာအပ်ပါသည်။ 🚨🚨🚨🚨
🛑Mega Network Company Limited သည် Customer များ လစဉ်ကြေးကို Kpay မှ တဆင့်ပေးဆောင်နိုင်ရန် မြို့နယ်ရုံးခွဲအလိုက် QR Code များ စီစဉ်ထားရှိပြီး ဆောင်ရွက်လျှက်ရှိပါသည်။
🛑သို့ရာတွင် Customer တချို့သည် Company မှသတ်မှတ်ထားသည့် Kpay AC များ သို့ မလွှဲပဲ ကုမ္ပဏီဝန်ထမ်းတချို့၏ Kpay များသို့ မှားယွင်းစွာ လွှဲပို့မှုများပြုလုပ်လျှက်ရှိပါသည်။
🛑ထိုသို့ မှားယွင်းစွာလွှဲပို့ထားပါက ငွေလက်ခံရရှိကြောင်းကို ကွန်ပျုတာစနစ် Billing System တွင် အတည်ပြုချက်မရရှိနိုင်ပါသဖြင့် ကွန်ပျုတာစနစ်မှ အလိုအလျှောက်လိုင်းယာယီဆိုင်းငံ့မှုတွင် ပါဝင်သွားနိုင်ပါသည်။
🛑ထိုသို့ဖြစ်ပွားခဲ့ပါက ငွေပေးချေမှုအထောက်အထားများအား ပြန်လည်စစ်ဆေးရန်လိုအပ်ခြင်း၊ မှားယွင်းစွာလွှဲပို့ခြင်းခံရသည့် ဝန်ထမ်းများထံမှ ငွေအား ကုမ္ပဏီ အကောင့်ထံသို့ ပြန်လည်လွှဲပြောင်းရခြင်းများပြုလုပ်ရပါသဖြင့် အောက်တွင်ဖေါ်ပြထားရှိသည့် ကုမ္ပဏီမှသတ်မှတ်ထားရှိသည့် Kpay အကောင့်များကိုသာ လွှဲပေးကြပါရန် လေးစားရိုသေစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
🛑ယခု Post တွင် MEGA Network Company မှ သတ်မှတ်ထားသည့် Kpay QR Code များအား မြို့နယ်ရုံးခွဲအလိုက် ဖေါ်ပြထားရှိပြီး ငွေလွှဲနည်းလမ်းနှင့် ရင်းနှီးမှုမရှိသည့် Customer များနားလည်နိုင်ရန် ငွေလွှဲနည်း Screenshot များပါ ပူးတွဲ ဖေါ်ပြထားရှိပါသည်။
သုံးစွဲသူမိဘပြည်သူများ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မေးမြန်းစုံးစမ်းလိုပါက
MEGA Net Call Center 🎧
09 880 441055
နှင့် သက်ဆိုင်ရုံးခွဲဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 📢📢📢📢📢📢📢📢
17/09/2023
ကျောက်တော်နှင့် မင်းပြားမြို့များမှ MEGA Net Wi-Fi သုံးစွဲသူ Customer များအား လေးစားရိုသေစွာဖြင့် သတင်းကောင်းပါးအပ်ပါသည် 📢📢📢📢
MEGA Net Wi-Fi ဝန်ဆောင်မှုပေးလျှက်ရှိသည့် မြို့များအထဲမှ ကျောက်တော်မြို့နှင့် မင်းပြားမြို့များတွင် အရံလိုင်းများအပါအဝင် ပင်မလိုင်းအင်အားများ တိုးချဲ့တပ်ဆင်ပြီးစီးပြီးဖြစ်ပါသဖြင့် ယခင်ထက် လိုင်းအားပိုမိုတည်ငြိမ်လာကာ လိုင်းပြတ်တောက်မှုများအား လျှော့ချနိုင်ခဲ့ပြီဖြစ်ပါကြောင်း လေးစားရိုသေစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
အသစ်တပ်ဆင်ရန် စောင့်ဆိုင်းလျှက်ရှိကြသည့် New Customer များအားလည်း စီနီယာအတိုင်း မြန်ဆန်စွာတပ်ဆင်ပေးလျှက်ရှိသည်။ 🥰🥰🥰🥰
Customer များအနေဖြင့် အဆင်မပြေမှုတစုံတရာကြုံတွေ့ရပါက
☎️☎️☎️
Call Center 📞 09 880 441055
Kyauktaw Office 📞 09 40073 2223
Minbya Office 📞 09 44473 3133
သို့ ရုံးချိန် နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း အကြောင်းကြား Complain တင်နိုင်ပါသည်။
MEGANet ရုံးခွဲများအနေဖြင့် Customer Complain များအား 24 နာရီအတွင်း ဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
သုံးစွဲသူ Customer များ ကျန်းမာရွှင်လန်းပြီး စိတ်နှလုံးချမ်းမြေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
01/09/2023
ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား မြို့များမှ သုံးစွဲသူ Customer များအား လေးစားရိုသေစွာဖြင့် အကြောင်းကြားအပ်ပါသည် 📢📢📢📢📢📢📢
MEGA Net Wi-Fi ဝန်ဆောင်မှုပေးလျှက်ရှိသည့် မြို့များအထဲမှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားမြို့များတွင် မိုခါမုန်တိုင်းတိုက်ခေတ်ပြီးချိန်မှ ယနေ့အချိန်ထိ ပင်မဝန်ဆောင်မှုရောင်းချသူများ၏ အခက်အခဲကြောင့် အရံလိုင်းအင်အား Backup Link များ တပ်ဆင်ပြီးစီးမှုမရှိနိုင်သေးပဲ ပင်မလိုင်း တလိုင်းတည်းဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိပါသဖြင့် ပင်မဖိုင်ဘာလိုင်း မတော်တဆ ပြတ်တောက်သွားချိန်တွင် အရံအင်အားမရှိပဲ လိုင်းလုံးဝပြတ်တောက်သွားခြင်းများ ကြုံတွေ့ခဲ့ကြရပါသည်။
အဆိုပါဖြစ်စဉ်များအတွက် ဝန်ဆောင်ခလျှော့ပေါ့ပေးနိုင်ရန် သက်ဆိုင်ရုံးခွဲများမှ တာဝန်ယူမှု တာဝန်ခံမှုဖြင့် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပါသည်။
MEGA Network Company မှ အဆိုပါသုံးမြို့လုံးတွင် ပြန်လည်တပ်ဆင်နေဆဲဖြစ်သည့် အရံ Backup Link များ အမြန်ဆုံးပြီးစီးနိုင်ရန် နေ့စဉ်နှင့်အမျှကြိုးစားလျှက်ရှိပါကြောင်းလည်း အသိပေးအပ်ပါသည်။ မူလဝန်ဆောင်မှုရောင်းချသူများနှင့် အချိန်ယူညှိနှိုင်းကာ သတ်မှတ်ချက်များအတိုင်း တဆင့်ချင်းဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် အချိန်အတိုင်းအတာတခုအထိကြာမြင့်ရခြင်းဖြစ်ပါသည်။
များမကြာမီတွင် အသစ်ချိတ်ဆက်မည့် အရံလိုင်းများတပ်ဆင်ပြီးစီးပါက လိုင်းပြတ်တောက်မှုများအား ၁၀၀% အထိ လျှော့ချနိုင်မည်ဖြစ်ပါသဖြင့် အချိန်အနည်းငယ်ခန့် သည်းခံစောင့်ဆိုင်းပေးကြပါရန် လေးစားရိုသေစွာဖြင့် အနှုးအညွတ့်ပန်ကြားအပ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 107, Main Road, South Rupa
Sittwe
71111