Mya Win
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mya Win, Public Figure, Sittwe.
11/02/2026
With Aye Kyi – I'm on a streak! I've been a top fan for 6 months in a row. 🎉
05/08/2025
#လွဲမှားမှုနဲ့ တက္ကသိုလ်ဝင်စာ ေမးပွဲ..အဟိ့.. #
လွဲမှားမှုတွေရှိနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်ပေးမှု ရပ်ဆိုင်း
ဧရာဝတီ၊ ဩဂုတ် ၅၊ ၂၀၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်သူများအား အမှတ်စာရင်းထုတ်ပေးရာ၌ လွဲမှားမှုများရှိနေ သဖြင့် ထုတ်ပေးမှုရပ်ဆိုင်းထားပြီး မည်သည့်အချိန် ပြန်လည်ထုတ်ပေးမည်ကို မသိရှိရသေးကြောင်း ကျောင်းသူ/သားများနှင့် မိဘများထံမှ သိရသည်။
စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းကို ဇူလိုင် ၃၀ ရက်တွင် စတင်ထုတ်ပေးခဲ့ရာ အောင်မြင်ထားသူအချို့ အမှတ်စာရင်း၌ အောင်မှတ်မရဖြစ်နေသလို ဇီဝဗေဒ သိပ္ပံတွဲဘာသာရပ်ဖြင့် ဖြေဆိုထားသော်လည်း ဘောဂဗေဒဖြစ်နေမှုများ ရှိနေကြောင်း သိရသည်။
မန္တလေးမြို့ခံ ကျောင်းသားမိဘတဦးက “ကျနော့်တသက် တခါမှမကြားဘူးတဲ့ အမှားမျိုးတွေပဲ။ အောင်စာရင်းမှာ နာမည်ပါပြီး အမှတ်စာရင်းတောင်းတော့မှ ကျတယ်ဆိုတော့ ထူးထူးဆန်းဆန်းပေါ့နော်။ ပြောလို့သာပြောနေရတာရယ် အစိုးရဖွဲ့တာမှာတောင် ပညာရေးဝန်ကြီးဌာနတခုလုံး ကျန်ခဲ့တာဆိုတော့ အခုဖြစ်စဉ်မျိုးတွေက အရမ်းကြီး ထူးဆန်းမနေ တော့ဘူးလို့လည်း ပြောလို့ရတာပေါ့နော်” ဟု ပြောသည်။
ဆာဗာချို့ယွင်းမှု ဖြစ်ပေါ်နေသဖြင့် အမှတ်စာရင်းထုတ်ပေးမှု ယာယီရပ်ဆိုင်းလိုက်ကြောင်း ပညာရေးဝန်ကြီးဌာနက ဩဂုတ် ၄ ရက်တွင် အသိပေးထုတ်ပြန်လာသလို စာစစ်ဦးစီးဌာနကလည်း အမှတ်စာရင်း စတင်ထုတ်ပေးချိန်မှ ၄၅ မိနစ်ခန့်အကြာ၌ ထုတ်ပေးမှုစနစ်၏ ဆာဗာချို့ယွင်းမှုကြောင့် နေပြည်တော်စာစစ်ဌာနများအတွင်း အမှတ်စာရင်း မှားယွင်းမှု အနည်းငယ် ဖြစ်ပေါ်ခဲ့သည်ဟု ဖြေရှင်းထားသည်။
ထို့ပြင် ဇူလိုင် ၃၀ ရက် နေ့လယ် ၂ နာရီမတိုင်ခင် ထုတ်ယူခဲ့သည့် အမှတ်စာရင်းစာရွက်ကို ယူဆောင်၍ အမှတ်စာရင်းအမှန် ပြန်လည်ထုတ်ယူရန်နှင့် ဆာဗာတွင် ထည့်သွင်းထားသည့် အချက်အလက်များ စစ်ဆေးမှုပြီးဆုံးပါက အမှတ်စာရင်းများ တိကျမှန်ကန်စွာ ပြန်လည်ထုတ်ပေးသွားမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြီးခဲ့သည့် မတ် ၁၇ ရက်မှ ၂၂ ရက်ထိ ကျင်းပခဲ့ပြီးနောက် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်တွင် မန္တလေးတက္ကသိုလ်စာစစ်ဌာန မီးလောင်ခဲ့ရာ အဖြေလွှာ ၅ သောင်း ၂ ထောင် ကျော် ပါသွားသဖြင့် နေပြည်တော်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ ဇွန် ၁၆ ရက်မှ ၂၁ ရက်ထိ ဒုတိယအကြိမ် ဖြေဆိုခဲ့ကြရသည်။
ထိုသို့ ဖြေဆိုပြီးနောက် အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ၄၈ ဒသမ ၀၆ ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
ပုံစာ - ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်မှု(ပုံဟောင်း)/ MOI
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
#ဝမ်း ေရးအတွက်..ကြိုးစားယင့်😘😘😘😘
ရ ေသ့ ေတာင်သမ ေချ လွမ်းနိန်ဗျာယ်
Nan Han Thi Nwe
the end😔
lesson'
Click here to claim your Sponsored Listing.
Category
Website
Address
Sittwe