Daingnet Information Center - DIC
A dedicated digital space for the Chakma community in Myanmar. Sharing our culture, news, traditions, and stories — one post at a time.
ရန်ကုန်ရောက် ဒိုင်းနက် (Chakma) စစ်ရှောင်တစ်ချို့ရဲ့ ခံစာချက်အသံများ..
05/12/2024
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရ(သက္ကမ)ကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး
ဒီဇင်ဘာ ၅ ၊ ၂၀၂၄
Daingnet Information Center- DIC
ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ် ၊ ဆင်စွယ်ရ(သက္ကမ) ကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့ဝင်များက လက်နက်ငယ် များဖြင့် ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ပြီး ၊ နေအိမ်များကို မီးရှိုးဖျက်စီးခဲ့သည့်အတွက် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးသေဆုံးသွားရပြီး ၊ နေအိမ် ၂ ဆောင်မီးလောင်ပျက်စီးသွားခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက် ARSA အဖွဲ့သည် ယမန်နေ့ ၊ ဒီဇင်ဘာလ ၄ ရက်နေ့ ၊ ညဥ့် ၁၂ နာရီအချိန်ခန့်တွင် ဆင်စွယ်ရကျေးရွာသို့ ဝင်ရောက်ပြီး လက်နက်ငယ်များနှင့်ပစ်ခတ်ကာ နေအိမ်များကို မီးရှိုးဖျက်စီးမှုများကို ပြုလုပ်ခဲ့ကြောင်း ဒေသခံအရင်းအမြစ် ၁ ဦးက DIC သို့ပြောသည်။
"သူတို့ အာဆာအဖွဲ့တွေက ညဥ့်နက်လောက်မှာ ရွာထဲ့ကို သေနတ်တွေပစ်ပြီးတေ့ာဝင်လာတယ်။ အဲ့ဒါနဲ့ ရွာသားတွေလည်း သေနတ်သံကြားလို့ ကြောက်ပြီးအိမ်ထဲကနေ ထွက်ပြေးကြတယ်။ မိန်းကလေးငယ် ၁ယောက် ကျည်ကျပြီးသေသွားတယ်။ ပြီးတေ့ာ အိမ်တွေကိုလည်း မီးရှို့ခဲ့သေးတယ်" ဟုဆိုသည်။
ARSA အကြမ်းဖက်အဖွဲ့များသည် ဆင်စွယ်ရကျေးရွာထဲသို့ ဝင်ရောက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရုံသာမက နေအိမ် ၂ ဆောင်ကိုလည်းမီးရှိုးဖျက်စီးခဲ့ကြောင်း သိရှိရသည်။
ARSA အကြမ်းဖက်အဖွဲ့၏ ဆင်စွယ်ရရွာထဲသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှိုးဖျက်ဆီးမှုကြောင့် ရပ်ရွာထဲမှ ရွာသားများမှာ နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း ၎င်း ကထပ်မံပြောဆိုသည်။
"ရွာသားတွေက ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးသွားကြတယ်။ ရွာသားတွေကို ခုထိ သေချာ စုလို့မရသေးဘူး။ လူအရေအတွက် ပြန်စစ်ကြည့်ရမယ်။ ကျနော် တစ်ခုတောင်းဆိုချင်တာက ဒီအကြမ်းဖက် အာဆာအဖွဲ့တွေကို ထိထိရောက်ရောက်အရေးယူပေးစေချင်ပါတယ်" ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ ၊ ညနေ ၄ နာရီ အချိန်ခန့်တွင်လည်း အကြမ်းဖက် ARSA အဖွဲ့ဝင်များ၏ လက်နက်ငယ်ကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မောင်တောမြို့နယ် ၊ အောင်ဇေယျကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။
ထိုသို့ ပြည်သူများအား အကြမ်းဖက်မှုပြုလုပ်နေသော ARSA အဖွဲ့ဝင်များအား အာရက္ခတပ်တော် AA က လိုက်လံရှာဖွယ် တိုက်ခိုက်လျှက်ရှိကြောင်းလည်း သိရသည်။
20/05/2024
ရခိုင်ပြည်နယ်တွင် စစ်တပ်က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေ၍ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိဟု AA ဖိတ်ခေါ်
မေ ၂၀၊ ၂၀၂၄
Daingnet Information Center - DIC
Based on Thukha ( Spokeperson of ULA/AA)
07/05/2024
◾Upgrade News
မနေ့က မနက် ( ၆ ရက်၊ မေလ ၊၂၀၂၄) ရက်နေ့ အကြမ်းဖက်စစ်ကောင်စီက ကျောက်တော်မြို့နယ်၊ ဒိုင်းနက်(Chakma) လူမျိုးများနေထိုင်သော အလယ်ကျွန်းကျေးရွာကို ဗုံးလာကြဲခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုများစွာရှိနေတယ်လို့ DIC က စုံးစမ်းသိရှိရပါတယ်။ ထိခိုက်ဒဏ်ရာရသူများနဲ့ နေအိမ်ပျက်စီးဆုံးရှုံးသွားသူများအနေဖြင့် ဆေးဝါးနဲ့ အခြေခံထောက်ပံ့မှုများစွာလိုအပ်လျက်ရှိပါသည်။
လက်ရှိတွင် ရက္ခိုင်တပ်တော် AA က ရခိုင်ပြည်နယ်က မြို့ ၇ မြို့အပါအဝင် ၊ ချင်းပြည်နယ်က ပလက်ဝမြို့ကိုလည်း သိမ်းပိုက်ထိန်းချုပ်ထားသည်။
Daingnet Information Center - DIC
*လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရရှိသူများအား တွေ့ရစဥ်
06/05/2024
◾ ကျောက်တော်မြို့နယ်၊ ဒိုင်းနက်(Chakma)လူမျိုးများနေထိုင်သော အလယ်ကျွန်းကျေးရွာကို စစ်ကောင်စီက ဗုံးနှစ်ကြိမ်ကြဲ၍ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူများရှိနေ
မေ ၆ ၊ ၂၀၂၄
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်း(ဒိုင်းနက်) ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ မနက်က ဗုံးလာကြဲခဲ့အတွက် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ မနက် ၈ နာရီကျော်ခန့်က တစ်ကြိမ်၊ ၉ နာရီခွဲက တစ်ကြိမ် နှစ်ကြိမ်တိတိ ဘုန်းတော်ကြီးကျောင်းနဲ့ အနီးဝန်းကျင်ကို လာရောက် ဗုံးကြဲခဲ့တယ်လို့ ကျောက်တော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပထမဆုံး ၈ နာရီခွဲ တစ်ကြိမ်လာပစ်တယ်။ အဲ့ဒီတုန်းက ၂ ယောက်သေပြီး ၄ ယောက်ဒဏ်ရာ ရတယ်ကြားတယ်။ ဒုတိယတစ်ကြိမ် ၉ နာရီခွဲလောက် ဘုန်းတော်ကြီးကျောင်းကို ဗုံးလာချတယ်။ နောက်တိုက်ခိုက်တာမှာ အထိအခိုက်တော့ အတိအကျ မသိရသေးဘူး” လို့ သူမက ပြောပါတယ်။
Daingnet Information Center - DIC
* လေကြောင်းတိုက်ခိုက်မူကြောင့် ပျက်စီးသွားခဲ့သည့် ဘုန်းကြီးကျောင်းနှင့် အဆောက်အအုံများအား၂၀၂၄ခုနှစ်၊ မေလ၆ ရက်နေ့က တွေ့ရစဥ်။
04/05/2024
◾ ဘူးသီးတောင်တပ်မဌာနချုပ်နဲ့ တပ်ရင်းလေးခုကို သိမ်းယူနိုင်ကြောင်း AA ထုတ်ပြန်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ နဲ့ တပ်ရင်း လေးခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်စခန်းနဲ့ လက်အောက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၅၂)၊ ခမရ (၅၆၄) ၊ ခမရ (၅၆၅)နဲ့ ခမရ (၅၅၁) စခန်းတွေကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
စကခ (၁၅) ဘူးသီးတောင်"လက်အောက်က တပ်ရင်း ရှစ်ရင်းနဲ့ "ဘူးသီးတောင်ဗျူဟာ"လက်အောက်ခံတပ်ရင်း လေးခုကို AA က တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဲဒီထဲက ခမရ (၅၅၂) တပ်ရင်းကို မတ်လ (၂၅) ရက်နေ့၊ ခမရ (၅၆၄) တပ်ရင်းကို ဧပြီလ (၅) ရက်၊ ခမရ (၅၆၅) တပ်ရင်းကို ဧပြီလ (၂၄) ရက် နဲ့ ခမရ (၅၅၁) တပ်ရင်းကို မေလ (၃) ရက်နေ့တွေမှာ သိမ်းယူနိုင်ခဲ့တာလို့လည်း ရေးသားထားပါတယ်။
စကခ ၁၅ တပ်မ ဌာချုပ်ကိုတော့ မေလ (၂) ရက်နေ့က သိမ်းယူခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက်က စစ်ကောင်စီရဲ့ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နယ်ခြားစောင့်စခန်း နခခ-၁ (ကျီးကန်းပြင်)၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းတွေကိုလည်း သိမ်ယူနိုင်ခဲ့သလို အမ်းမြိုနယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA အနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) ကျောက်တော် လက်အောက်ခံတပ်ရင်းတွေ အားလုံးကိုလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့က အားလုံးသိမ်းယူနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
Daingnet Information Center - DIC
Photo: AA Infor Desk
03/05/2024
မောင်တောတွင် စစ်ကောင်စီ၏ ကျီးကန်းပြင်ဌာနချုပ် ၊နခခ ( ၂) လှဖိုးခေါင်နခခ( ၁၀) စခန်းကို AA သိမ်းပိုက်
မေ ၃၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ တပ်သားအင်အားများပြားသည့် ကျီးကန်းပြင်ဌာနချုပ်အပါအဝင် နခခ ( ၂) လှဖိုးခေါင် နခခ ( ၁၀) စခန်းတို့ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၂၀၀ ခန့် လက်နက်များဖြင်င့်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ရက္ခိုင် - ဘင်္ဂလားနယ်စပ် လမ်းမပေါ်တွင် အခြေချထားသည့် စခန်း ၃ခုကို ယနေ့မေလ ၃ ရက်နှင့် ယမန်နေ့မေလ ၂ ရက်နေ့တွင် အာရက္ခတပ်တော်က အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရသည်။
" နခခ( ၂) ကိုဒီနေ့ ၁၀ နာရီက သိမ်းပိုက်လိုက်တာပါ။ အင်အား ၄၀၀ လောက်ထွက်ပြေးသွားတယ်။ကျီးကန်းပြင်ဌာနချုပ်ကိုတော့ မနေ့ညက ၃ နာရီမှာသိမ်းပိုက်လိုက်ပါတယ်။ ။ AA ကဝင်တိုက်မယ်လုပ်တော့ ညက ၁ နာရီလောက်မှာ အသုတ်လိုက်ထွက်ပြေးကြတယ်။ ဌာနချုပ်က ၅၀၀ လောက်ထွက်ပြေးသွားကြတယ် "ဟုဆိုသည်။
အလားတူ လှဖိုးခေါင် နခခ ( ၁၀) စခန်းကို အာရက္ခတက်တော်က ယမန်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းစခန်းမှ စစ်ကောင်စီတပ်သား ၃၀၀ ခန့် ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
ကျီးကန်းပြင်ဌာနချုပ်၊ လှဖိုးခေါင် နခခ ( ၁၀) နှင့် နခခ ( ၂) စခန်းတို့မှ အင်အား ၁၂၀၀ ခန့် သည် ကညင်ချောင်းစီးပွားရေးဇုန်ဖက်သို့ လက်နက်များဖြင့်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများထဲတွင် မူဆလင်စစ်သားအများအပြားပါဝင်ကြောင်းသိရသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ဟတ်စကီးသည် ယနေ့ မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် လဖိုးခေါင်သို့လာရောက်ပြီး အရာရှိအချို့ကို ခေါ်ယူသွားခဲ့ကြောင်း သိရသည်။
၎င်းထဲမှ စစ်ကောင်စီတပ်သား ၅ဝ ကျော် ခန့်သည် အာရက္ခတပ်တော်ထံအလင်းဝင်ရောက်မှုများရှိကြောင်း သိရသည်။
လက်ရှိတွင်လည်း ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ စခန်းကုန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ပြီးခဲ့သည့်ဧပြီလ ၃၀ ရက်နေ့တွင် မောင်တော-ဘူးသီးတောင် တောင်ကျော်လမ်းတွင်ရှိသည့် စစ်ကောင်စီ၏ မိုက်ခရိုတောင်စခန်းကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းလိုက်နိုင်ခဲ့ကြောင်းတွေ့ရသည်။
မောင်တောမြို့နယ်အတွင်း ကျန်ရှိနေသည့် စခန်းများမှာ မောရဝတီဗျူဟာ၊ အင်းဒင်စခန်း၊ မြင်းလွှတ်နယ်ခြားစောင့်စခန်း ၊ ဥဒေါင်းနယ်ခြားစောင့်စခန်း၊ အလယ်သံကျော်စခန်း ၊ ပန်းဒိုးပြင်စခန်း၊ မကျည်းချောင်းစခန်း၊ မြို့သူကြီး နခခ(၅)၊ ၊ပေါင်းဇားစခန်း၊ လပေါ်ဇားအနီးကြားစခန်းတို့ဖြစ်ကြောင်းသိရသည်။
Daingnet Information Center - DIC
03/05/2024
အရွယ်ရောက်တဲ့ သစ်ပင်တစ်ပင်ဟာ
အဲယားကွန်း(၁၀)လုံးစာ အအေးဓာတ်ကို
ထုတ်ပေးတယ်...
မိုးရေ(၂၉၀၀)ဂါလံကို စုဆောင်းပေးတယ်...
လေထုညစ်ညမ်းမှု (၂၈)ကီလိုဂရမ်ကို
စစ်ထုတ်ပေးတယ်...
ကမ္ဘာ့လေထု ခြောက်သွေ့ပူပြင်းမှုကို
အေးမြစေချင်လျှင် သစ်ပင်များကို
ပြန်လည်စိုက်ပျိုးကြပါစို့...🙏
Daingnet Information Center - DIC
03/05/2024
◾Breaking News
ဧပြီ ၃ ၊ ၂၀၂၄
မောင်တောမြို့နယ်တစ်ခုလုံးကို ရက္ခိုင်တပ်တော် AA တိုက်ခိုက်သိမ်းပိုက် ။ ဘူးသီးတောင်မြို့ကိုလည်း ၇၅ % AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရသည်။
Daingnet Information Center - DIC
02/05/2024
◾ ကမ္ဘာ့အရှည်ဆုံး မီးရထား လမ်း .
စင်ကာပူ ကနေ ပေါ်တူဂီ နိုင်ငံအထိ ရထားစီးပြီး သွားရောက်နိုင်ပါတယ် ။ ရထားလမ်း အရှည်မှာ18,755 km မိုင်အားဖြင့် 11,654 မိုင် ရှည်လျှာပါတယ် ။ ပေါ်တူဂီနိုင်ငံမှ ရထားစီးပြီး လာခဒ့မယ်ဆိုရင် 21 ရက်ကြာမှ စင်ကာပူနိုင်ငံသို့ ရောက်ရှိမှာဖြစ်ပါသည် ။
Daingnet Information Center - DIC
02/05/2024
◾Chelsea 2 vs 0 Spur ( Premier League)
ဒီနေ့ ည ယှဥ်ပြိုင်သွားကြတဲ့ Premier league , London derby မှာ Chelsea က Spurကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ် ။ Spur က ဒီရာသီနှစ်ကျော့စလုံး Chelsea ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ် ။ Chelsea အနေနဲ့ ဒီနေ့ညနိုင်ပွဲကြောင့် ဥရောပဝင်ခွင့်တစ်နေရာစာတွက် မျှော်လင့်ချက်ရှိလာခဲ့ပြီးဖြစ်ပါသည်။
Daingnet Information Center - DIC
02/05/2024
◾အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိဟု အလုပ်သမားဝန်ကြီးဌာနက ပြော
မေ ၂ ၊ ၂၀၂၄
သတင်းဖတ်ရှူရန် ➡ Khit Thit Media
https://www.facebook.com/share/p/nnnWDA6aKXpE3hhW/?mibextid=xfxF2i
Click here to claim your Sponsored Listing.
Website
Address
Sittwe