MOHA DEV BARI

MOHA DEV BARI

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MOHA DEV BARI, Hindu temple, Sittwe.

28/12/2023

ဟိန္ဒူဘာသာတွင် ပထမဦးဆုံး ရှိခိုးပူဇော်ခံရသော ဘုရားရှင် ဂဏေ့ရှ်။

Om Shri Ganeshaya Namaha 🙏🏻

ဂဏေ့ရှ်ဂျီးဟာ သျှိဗဘုရား နှင့် ပါရ်ဗသီးမယ်တော်မြတ်၏ သားတော်ဖြစ်၍ ကေလာ့ရှ်တောင်တော်မှာ စတင်ပွင့်ထွန်းခဲ့ပါတယ်။

သျှိဗ်ဂျီး နှင့်ပါရ်ဗသီးမယ်‌တော်တို့ရဲ့ ပထမဆုံးသားတော်ဟာ တာရကာစူးရ်ကို သုတ်သင်ဖို့ ဖွားမြင်လာရတဲ့ ကာရ်သီကေးယ် (ခေါ်) မူရူဂန်းဖြစ်ပါတယ်။

ဂဏေ့ရှ်ဂျီးဟာ မယ်တော်ပါရ်ဗသီး လိမ်းသော နနွင်းနှင့် စန္ဒကူးလို အသုံးအဆောင်နှင့် ပြုလုပ်ထားတဲ့ ရုပ်လေးမှ ဖြစ်လာခြင်းဖြစ်တယ်။
ထိုအရုပ်လေးမှာ ‌မီး၊ရေ၊လေ၊မြေ၊ကောင်းကင် အစရှိတဲ့ဓာတ်အပေါင်း စုပေါင်းပြီးမှ ဂဏေ့ရှ်ဂျီးဖြစ်လာခြင်းဖြစ်တယ်။

မဟာဒေ့ဗ်ဟာ မဟေးရှစူးရ်ရဲ့သား ဂဂျာစူးရ်ကို သုတ်သင်နေရချိန်မှာ ဂဏေ့ရှ်ဂျီးစတင်ပွင့်ထွန်းခဲ့သည်။

ပါရ်ဗသီးမယ်တော်ဟာ ခင်ပွန်းဖြစ်သူ မ‌ဟာဒေ့ဗ်ကိုကြိုဆိုဖို့ ရေချိုးနေတဲ့ အချိန်မှာ ရွှံ့ကဲ့သို့ အရုပ်မှ စတင်ဖြစ်ပေါ်လာသော ဂဏေ့ရှ်ဂျီးကို မည်သူ့မှ အထဲပေးမ၀င်ဖို့ တံခါးကိုစောင့်ဖို့မှာခဲ့ပါတယ်။
ထို့နောက် ဂဏေ့ရှ်ဂျီးကို တုတ်တစ်ခု ပေးအပ်ခဲ့ပါတယ်။

ထိုအချိန်မှာ ရှီဗာဂျီးလာတော့ ပါရ်ဗသီးမာသားကို တွေ့ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဂဏေ့ရှ်ဂျီးဟာ မိခင်မှာကြားသော အမိန့်အတိုင်း ၀င်ခွင့်မပြုဘဲ တားမြစ်ခဲ့ပါတယ်။
ထိုအခါမှာ ဂဏေ့ရှ်ဂျီးကို ဗာဆူကီမြွေမင်း၊ ဂရုဒ ငှက်မင်းနှင့် အခြားပုဂ္ဂိုလ်တို့မှ ၀င်ရောက်တိုက်ခိုက်ကြလေတယ်။ သို့ပေမဲ့ ဂဏေ့ရှ်ကို မည်သူမှ မအောင်နိုင်ခဲ့ပါ။ အလားတူပင် ဗရဟ်မာဂျီးနှင့် ဗိသ်ျှဏုဂျီး (ဗစ်ရှ်နူး) တို့ တိုက်ခိုက်ရာတွင်လည်း ဂဏေ့ရှ်ဂျီးကို မအောင်မြင်ခဲ့ပါ။

ဂဏေ့ရှ်ဂျီးဟာ ‌ဆင် ဦးခေါင်းနဲ့ Gajanan အဖြစ် မွေးဖွားဖို့ သတ်မှတ်ပြီးဖြစ်တယ်။
ဂဏေ့ရှ်ဂျီးဟာ စတင်မွေးဖွားကတည်းက ရှနီနတ်မင်းရဲ့ အကြည့်ခံခဲ့ရပါတယ်။ ရှနီနတ်မင်းဟာ ဂဏေ့ရှ်ဂျီးကို ပါရ်ဗသီးမယ်တော်ရဲ့ သားဖြစ်တဲ့အတွက် ဖူးမြော်ချင်တဲ့စိတ်နဲ့ ကြည့်ခဲ့ပေမဲ့ ရှနီနတ်မင်းရဲ့ အကြည့်ဆိုးကြောင့် ရှီဗာဂျီးကိုလည်း သူ့ဖခင်မှန်း မသိခဲ့ဘူး။ ရှင်းပြခွင့်လည်း မပေးခဲ့ဘူး။

မဟာဒေ့ဗ်ဘုရားမြတ်ဟာ အလုံးစုံခပ်သိမ်းကို သိမြင်ပြီးသား ဘုရားရှင်ပါ။ ဂဏေ့ရှ်ဂျီးကိုလည်း သူ့သားမှန်းသိပြီးသားပါ။
အရာရာဟာ လီလာ သဘောပေါ့။

နောက်ဆုံး ဂဏေ့ရှ်ဂျီးကို ပြောမရတဲ့အခါမှာ ရှီဗားဘုရားမြတ်က သူ့ရဲ့ တြိရှူးလ်နဲ့ ခေါင်းကို ဖြတ်ပစ်ခဲ့ပါတယ်။
ဂဏေ့ရှ်ဂျီးဟာ ရှနီရဲ့ အကြည့်ကြောင့် ဘုရားတွေနဲ့ ယှဉ်ပြီးတိုက်ခဲ့တာဖြစ်တယ်။

မကြာခင် ပါရ်ဗသီး မယ်တော် ရေချိုးပြီးထွက်လာတော့ မိမိရဲ့သား ခေါင်းပြတ်တာကိုတွေ့တော့ အလွန်အင်မတန် ဒေါသဖြစ်ပြီးကလေးသူငယ်တစ်ယောက်ကို နတ်မင်းတွေ ဘုရားတွေက ဘာလို့တိုက်ခိုက်ကြသလဲ။
ဘယ်သူ ခေါင်းဖြတ်သလဲလို့မေးမြန်းပြီး မေးခွန်းတွေ ထုတ်ခဲ့ပြီး သားဖြစ်သူကို အသက်ပြန်ပေးဖို့ ပြောလေတယ်။ သို့ပေမဲ့ နတ်‌တွေ ဘုရားတွေက နှုတ်ဆိတ်လျက်နေခဲ့တယ်။

အဲ့အတွက် မဟာရှက်သီးဖြင့် လောကကို တစ်ခွင်ကို ဖျက်စီးရန် အစပျိုးလေသည်။
ထိုအခါကျမှ ဘုရားရှင်များနှင့် နတ်မင်းအပေါင်းတို့ဟာ မယ်တော်မြတ်ကို တောင်းပန်ပြီး သားဖြစ်သူအား အသက်ပြန်ပေးရန် သဘောတူညီကြလေသည်။

✰ ဘာဖြစ်လို့ သျှိဗဘုရား (ရှီဗား)က သားဖြစ်သူကို ခေါင်းဖြတ်ရတာလဲ။

ခေါင်းဖြတ်ရတဲ့ နောက်ကွယ်မှာ ကထာ လီလာမြတ်တစ်ခုရှိပါတယ်။
တစ်ချိန်က ရှီဗားဘုရားမြတ်သာ မာလီ နဲ့ စုမာလီ အမည်တွင်တဲ့ မကောင်းဆိုးဝါးတွေရဲ့ ဆုတောင်းမှုကြောင့် သူတို့ကိုကာကွယ်ပေးဖို့ ဆုတစ်ခု ပေးခဲ့ရတယ်။
သူတို့က နေနတ်မင်းနဲ့ တိုက်ခိုက်တော့ မဟာဒေ့ဗ်က‌ နေနတ်မင်းကို သေလုမြောပါးဖြစ်အောင် လုပ်လိုက်ရတယ်။
စူရ်ယနတ်မင်းရဲ့ ဖခင် ကရှ်ယပရသေ့က ထိုအခြေအနေကို မြင်တော့ ကျိန်စာတစ်ခုပေးခဲ့ပါတယ်။
ထိုကျိန်စာကား "မိမိသားအား တြိရှူးလ် ဖြင့် ခေါင်းဖြတ်ရပါ‌စေ"ဆိုပြီးဖြစ်တယ်။
ဆင်ဦးခေါင်းနဲ့ ဖြစ်လာရဖို့ ကံတရား ဖြစ်ပေါ်လာရပြီးဖြစ်ပါတယ်။ (ဂဏေ့ရှ်မှာ မူလပကတိအသွင် မဟာဂဏပသီအသွင်မြတ် ဆင်ဦးခေါင်းတော်ဖြင့် ရှိပြီးသားဖြစ်ပါတယ်)

ရှီဗားဂျီးလည်း သူ့သားကို ခေါင်းပြန်ဆက်ပေးဖို့ မြောက်အရပ်မှာရှိတဲ့ မြောက်အရပ်ကို ဦးခေါင်းပြုနေတဲ့ ကလေး တစ်ယောက်ခေါင်းကို ၆ ရက်အတွင်း ယူရမယ်လို့ မိန့်တော်မူတယ်။
ဗစ်ရှ်နူးဘုရားအမှူးပြုတဲ့ နတ်မင်းတို့ လိုက်ရှာတာ နောက်ဆုံး ထိုအချက်တို့နဲ့ ကိုက်ညီတဲ့ ဆင်ကလေးတစ်ကောင်ကိုတွေ့တယ်။
သူ့ကို မိခင်မှ စွန့်ပစ်ထား၍ မကြာခင်‌ အစာငတ်ပြီး သေရတော့မယ့် ဆင်လေးဖြစ်တယ်။
ဘာလို့လဲဆိုတော့ မိခင်က အဲ့ဆင်လေးကို ကျောပေးနေပြီး စွန့်ပစ်ထားလို့ ဖြစ်တယ်။
များမကြာခင်မှာဘဲ ကာလ်ဒေ့ဗ် သေမင်းက ဆင်လေးရဲ့ အသက်ကို နှုတ်ယူလေတယ်။ ပြီးမှ ဗိသျှ်ဏုဘုရားက ထိုဆင်ဦးခေါင်းကို ယူပြီး ဆင်လေးကိုလည်း နတ်ပြည်မှာ နေရာတစ်နေရာ ပေးသနားခဲ့လေတယ်။

Ashwini Kumars ညီနောင်တို့ အကူအညီနဲ့ ပြန်ဆက်ပေးခဲ့တဲ့နောက်မှာ ပြန်လည်ရှင်သန်ခဲ့ပါတယ်။ ထို့အတွက် ဆင်ဦးခေါင်းနဲ့ ဖြစ်လာရတာပါ။


#ဂဏေ့ရှ်ဘုရားသမိုင်း


#ရခိုင်ပြည်နယ်စစ်တွေမြို့

14/12/2023

ကရိသ်ျှဏဘုရားမြတ်သမိုင်း။

အမြင့်မြတ်ဆုံးဖြစ်တော်မူသည့် ကရိသ်ျှဏ ဘုရားမြတ်သည်ကား ဂိုလောကတွင် အစဉ်စံမြန်းတော်မူပြီး သတ္တလောကရှိ ဖြစ်တည်မှုခပ်သိမ်းအား ကယ်တင်ရန်၊ သာ၀ကတို့အား အကာအကွယ်ပြုရန်နှင့် အဓမ္မမှုအားဖျက်သိမ်းရန် လောကသို့ ဆင်းသက်တော်မူခဲ့ခြင်းဖြစ်သည်။
ဝေဒအားလုံး၏ အနှစ်သာရဖြစ်သော ဘဂ၀ဒ်ဂီသာကျမ်းကိုလည်း ကုရုချေက်သရစစ်မြေပြင်တွင် ဟောကြားပေး‌တော်မူခဲ့သည်။

ကရိသ်ျှဏနာမတော်သည်ကား ခပ်သိမ်းသောအရာအား ‌‌ဆွဲငင်စွမ်းရှိသူဟုအဓိပ္ပာယ်ရသည်။

ဘုရားမြတ်သည် တစ်ချိန်က သာ၀ကဖြစ်ခဲ့ဖူးသော ဗိုက်ကွန်ဋ္ဌလောက၏ တံခါးစောင့်များဖြစ်သော ဂျယာ၊ ဗိဂျယာ ညီနောင်အား ကယ်တင်ရန် ဆင်းသက်ပွင့်ထွန်းတော်မူခြင်းဖြစ်သည်။
ဂျယာ၊ ဗိဂျယာ ညီနောင်သည် ကုမာရ်ရသေ့ငယ် ၄ ယောက်၏ ကျိန်စာအရ ဘုရားရှင်၏ ရန်သူအဖြစ် လောကသို့ ၃ ဘ၀တိတိ ဆင်းသက်ခဲ့ရလေသည်။

ပထမဘ၀တွင်
ဟီရဏ်းယကရှိပူး နှင့် ဟိရဏ်းယာက်ရှ ညီနောင်အဖြစ် မွေးဖွားခဲ့ပြီး ဗာရဟဘုရားရှင်နှင့် နရဆင်းမ်ဟဘုရားရှင်တို့၏ အပြစ်ပေးခြင်းကိုခံခဲ့ရသည်။

ဒုတိယဘ၀တွင်
ရာ၀ဏ နှင့် ကုမ်ဘ်ကရဏ် ညီနောင်အဖြစ် မွေးဖွားခဲ့ပြီး ရားမ်ဘုရားမြတ်၏ လက်တော်ဖြင့် နိဂုံးချုပ်ခဲ့ရသည်။

နောက်ဆုံး တတိယဘ၀တွင်
ရှိရှုပါလ် နှင့် ဓန်သဗက်ရ တို့အဖြစ် မွေးဖွားပြီး ဘုရားမြတ် ကရိသ်ျှဏ၏ လက်တော်၌ လွတ်မြောက်ခြင်းကို ရရှိခဲ့ပေသည်။

ရှရီမတ်ဒ်ဘဂ၀သံမ်ကျမ်း ကဏ္ဍကြီး ၁၀ အခန်း ၃ ဖော်ပြချက်အရ ဘုရားရှင်သည် အောက်ပါအတိုင်းပွင့်တော်မူခဲ့သည်။ ‌

မသုရာပြည်တွင် ကံမ်ဆအမည်ရှိသော ဘုရင်စိုးစံလေသည်။
ထိုဘုရင်သည် တစ်နေ့တွင် နက္ခတ်လက္ခဏာနှင့် ကောင်းကင်မှ အသံများအရ သူဟာ သူ့ညီမ ဒေ့ဗ်ကီး၏ သားသမီးလက်ချက်ဖြင့် တိမ်ပါးရမည်ဆိုတာကို သိရှိရလေသည်။
သို့ပေငှား အဋ္ဌမမြောက် မွေးဖွားသန့်စင်ရမည့် ကလေးငယ်မှာ အခြားသူမဟုတ်ဘဲ ကရိသ်ျှဏဘုရားမြတ်ဖြစ်တော်မူလေသည်။

ထိုအခါ ကံမ်ဆဘုရင်ဟာ နှမတော် ဒေဗ့်ကီးနှင့် ကြင်ရာတော် ဗာဆုဒေ့ဗ်တို့ကို အကျဉ်းချထားလေသည်။
ထိုအကျဉ်းထောင်အတွင်း ဗာဆုဒေ့ဗ်တို့မှ မွေးဖွားလာသမျှ ကလေးတိုင်းကိုလည်း ကံမ်ဆဘုရင်သည် ကြောက်ရွံ့မှုဖြင့် သတ်ဖြတ်ခဲ့လေသည်။

ဗာဆုဒေ့ဗ်၏ တခြားသော ကြင်ရာဖြစ်သည့် ရိုဟီနီးမယ်တော်သည်ကား ‌ဗာဆုဒေ့ဗ်နှင့် အလွန် ရင်းနှီးကျွမ်း၀င်သော ဂိုကူးလ် ရှိ နန္ဒမဟာရာ့ဂ်ျ အိမ်တွင် ကမ်ဆ၏ အန္တရာယ်ကို ကြောက်၍ ပုန်းအောင်နေခဲ့ပါသည်။

ဘုရားရှင်၏ သလွန်ဖြစ်သော သျှေးသျှမြွေမင်း ဘလရားမ်ဂျီးသည် ဒေ့ဗ်ကီ၏ ခုနှစ်ယောက်မြောက် သားတော် ဘုရားရှင်ရဲ့ နောင်တော်အဖြစ် ပဋိသန္ဓေယူခဲ့ပါသည်။
ဒေ့ဗ်ကီ၏ ရှေ့မှ ကလေး ၆ ယောက်တိတိဟာလည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပါသည်။
ကံမ်ဆမှ ထိုလောကုတ္တရာဂုဏ်သတ္တိနဲ့ ကြွယ်၀တဲ့ ကလေးငယ်ကို သတ်ဖို့ ကြံစဉ်သောအခါ ကရိသ်ျှဏဘုရားရှင်သည် ယိုးဂမာယာမယ်တော်နှင့် တိုင်ပင်၍ ဒေ့ဗ်ကီးမယ်တော်၏ ဝမ်းကြာတိုက်မှ ဝမ်းတွင်းကလေးငယ်လေးအား ဂိုကူးလ်ရှိ ရိုဟီးနီမယ်တော် ၀မ်းကြာတိုက်သို့ ရွေ့ပြောင်းစေခဲ့ပါသည်။

ရှရီမတ်ဘဂ၀သံမ်ကျမ်း ၁၀.၂.၈ အရ

ဘုရားမြတ်မွေးဖွားသည့်အချိန်သည် ရောဟိဏီနက္ခတ်ပေါ်ချိန်ဖြစ်ပြီး နတ်ဒေ၀တာ အပေါင်းဟာလည်း ထိုအချိန်ကို စောင့်စားလျက်ရှိပေသည်။ ဘုန်းတော်ခပ်သိမ်းဖြင့် ကြွယ်၀သော ဘုရားမြတ် မွေးဖွားသည့်အချိန်တွင်ပင် မိုးသက်လေပြင်းများကျရောက်‌သလို ငှက်များကလည်း တေးသီကျူးနေပြီး နတ်ဒေ၀တာတို့ကလည်း ကြိုဆိုကြကာ နန်းတော်တစ်ခုလုံး အိပ်မောကျလေသည်။
ဘုရားမြတ်သည် ဒေ့ဗ်ကီးနှင့် ဗာဆုဒေ့ဗ်တို့၏ ရှေ့၌ လက်တော်လေးဆူ ဗိသ်ျှဏုဘုရားမြတ်အနေဖြင့် ဦးစွာပေါ်ထွန်းလေသည်။
ထိုနောက်ဘုရားမြတ်သည် ကရိသ်ျှဏကလေးငယ်အဖြစ် လောကသို့ ဆင်းသက်ပွင့်ထွန်းတော်မူလေသည်။
ဘုရားမြတ်၏ အရောင်အဝါသည် နေမင်းပမာ ထွန်းတောက်လျက်ရှိပြီး အသားအရောင်မှာ ညိုမဲစ မိုးတိမ်ပမာ မှောင်နက်ပေသည်။

ဘုရားရှင် ဖွားတော်မူသည့်အချိန်တွင် အကျဉ်းထောင်မှ သံတံခါးများဆန်းကြယ်စွာ ပွင့်လာပြီး ခမည်းတော် ‌‌ဗာဆုဒေ့ဗ်သည် နန္ဒမဟာရာ့ဂ်ျနှင့် ယရှိုးဓါးမယ်တော်၏ သမီးတော်နှင့် ကလေးချင်းလဲရန် ယမုနာမြစ်ကို ဖြတ်ကူးလေသည်။ အဘယ်ကြောင့်ဆိုသော် သမီးမိန်းကလေးဖြစ်သည့်အတွက် ကံမ်ဆမှ သတ်မည်မဟုတ်ဟု ယူဆသောကြောင့်ဖြစ်ပါသည်။
ထိုမိန်းကလေးသည်လည်း အခြားသူမဟုတ်ဘဲ ယိုးဂမာယာ ခေါ် အာဒိရှက်သီးမယ်တော်ကိုယ်တိုင်ပင်ဖြစ်ပါသည်။
ကရိသ်ျှဏဘုရားမြတ်သည် နှမတော် ယိုးဂမာယာနှင့် အလွန်ချစ်မြတ်နိုးသူဖြစ်ပေသည်။

ရှရီမတ်ဒ်ဘဂ၀သံမ်ကျမ်း ကဏ္ဍ ၁၀ အခန်း ၂ ပါဒ ၇ မှ ၉ ‌‌တွင် မောင်နှမ ၂ ယောက်အကြား တိုင်ပင်မှုများကိုတွေ့ရပါသည်။

အို ဒေဗီး၊ သင်သည် ကျွန်ုပ်၏ စွမ်းအားပင်မ ဖြစ်ပြီး လောက၏ သက်ရှိသတ္တဝါတို့အား ကောင်းကျိုးချမ်းသာ အဖြာဖြာကို ပေးသော ပူဇော်ထိုက်သူဖြစ်တယ်။
ဗရဂျာဟုခေါ်သော နွားကျောင်းသားများ နေရာအရပ်သို့ သွားပါလော့။
ထိုသာယာသောအရပ်၌ ဗာဆုဒေ့ဗ်၏ ဇနီး ရိုဟီနီးနှင့် အခြားဇနီးတို့သည် ကံမ်ဆဘုရင်အား ကြောက်ရွံ့သောကြောင့် ရုပ်ဖျက်လျက် နန္ဒ ဘုရင်မြတ်၏ အိမ်တွင် နေထိုင်နေ၏။
ထိုအရပ်၌ ‌သင် ပွင့်တော်မူပါလော့။
ဒေ့ဗ်ကီးမယ်တော်၏ ၀မ်းကြာတိုက်၌ ပဋိသန္ဓေယူနေသော ကျွန်ုပ်၏ အစိတ်အပိုင်း ဖြစ်သော သျှေးသျှ ရှံန်ကရ်ရှန်ကို ရိုဟီနီးမယ်တော်၏ ၀မ်းကြာတိုက်သို့ အခက်အခဲ မရှိ‌ ရွေ့ပြောင်းပေလော့။
ကျွန်ုပ်သည် ယခု ဒေ၀ကီ မယ်တော်၏ ၀မ်းကြာတိုက်၌ ပဋိသန္ဓေယူမည် ဖြစ်သည်။
အို ကျက်သရေခပ်သိမ်းဖြင့် ကြွယ်၀သော ယိုးဂမာယာ၊ ငါသည် ဒေ၀ကီ၏ ၀မ်းကြာတိုက်တွင် ဘုန်းတော်ခြောက်ပါးနှင့် ပြည့်၀သော သားတော် အဖြစ် ပေါ်ထွန်းမည်။
သင်သည်လည်း နန္ဒဘုရင်မြတ်၏ ဇနီး ယရှိုးဒါးမယ်တော်၏ သမီးအဖြစ် ပေါ်ထွန်းပေလော့။

ဤနည်းဖြင့် ဒေ့ဗ်ကီး၏ သတ္တမအကြိမ် ကိုယ်၀န်အား ယဓုမြေတွင် နေထိုင်သော ဝါသုဒေ၀၏ ဇနီး ရိုဟီနီဆီသို့ ရွေ့ပြောင်းပေးခဲ့ပါသည်။
ရှစ်ကြိမ်မြောက်မှာ ကရိသျှ်ဏ ဘုရားရှင် သည် ဒေ့ဗ်ကီးမယ်တော်ထံ မသူရာ အကျဉ်းထောင်အတွင်းမှ ဖွားမြင်ပြီး ယိုးဂမာယာသည် နန္ဒ ဘုရင်မြတ်နှင့် ယရှိုးဒါးမယ်တော်ထံ ဂိုကူးလ်ရွာတွင် ဖွားမြင်ခဲ့သည်။
ရိုဟီနီးမယ်တော်ထံမှ ဘလရာမ်း ဖွားမြင်ခဲ့သည်။

ကံမ်ဆရဲ့ လုံခြုံရေးတင်းကြပ်မှု၊ အခက်အခဲများ၊ ပြင်းထန်တဲ့ မိုးများအကြားတွင် ကရိသျှ်ဏ နှင့် ယိုးဂမာယာ နှစ်ပါးကို ဗာဆုဒေ့ဗ်သည် ယမုနာမြစ်ကိုဖြတ်ပြီး လဲလှယ်နိုင်ခဲ့ပါသည်။
ထိုဖြတ်ကျော်ချိန်တွင်လည်း ဘုရားရှင် ကရိသ်ျှဏအား သျှေးသျှမြွေမင်းသည် အုပ်မိုးထားလျက်ရှိတော်မူသည်။

ကံမ်ဆက ဘုရားရှင်၏ညီမအဖြစ် မွေးဖွားလာသည့် ယိုးဂမာယာအား သတ်မယ် လုပ်တဲ့ အခါမှာ ယိုးဂမာယာဟာ လက် ၈ ဆူ အသွင်နဲ့ ပေါ်ထွန်းလာခဲ့သည်။
ထိုအခါ မယ်တော်ဘုရားက ကံမ်ဆကို ကြောက်ရွံ့စိတ်ဖြစ်စေပြီး အပြစ်ကင်းမဲ့တဲ့ ကူကယ်ရာမဲ့တဲ့ ကလေးများစွာကို သတ်ခဲ့တဲ့အတွက် သူ့ကို သုတ်သင်မဲ့ ကရိသျှဏဘုရားဟာ ဂိုကူးလ်မှာ ဘေးရန်ကင်းစွာ မွေးဖွားပြီးဖြစ်ကြောင်း သတိပေးခဲ့သည်။

ဘုရားရှင်ပွင့်တော်မူရသည့်အကြောင်းကို ဘဂ၀ဒ်ဂီသာကျမ်း အခန်း ၄ ပါဒ ၇ နှင့် ၈ တွင် အောက်ပါအတိုင်း ဖော်ပြ၏။

အိုဘာရသ အနွယ်ဖွား၊ ဓမ္မနှင့် စပ်လျဉ်းသော ကျင့်ကြံမှုများ လျော့ပါးလာ၍ အဓမ္မတရား သိသာထင်ရှားစွာ ထွန်းကာလာသည့် ကာလတိုင်း ဒေသတိုင်းတွင် သူတော်ကောင်းများအား ကယ်တင်ရန် ငါ ကိုယ်တိုင် ဆင်းသက်သည်။ သူတော်ကောင်းများကို ကယ်တင်၍ သူယုတ်မာများကို နှိမ်နင်းရန်နှင့် ဓမ္မတရား၏ အခြေခံများကို ပြန်လည်ဟောကြားထူထောင်ရန် အလို့ငှာ ငါ ဘုရားသည် ယုဂတိုင်းတွင် ပွင့်တော်မူသည်။

ဟရေးကရိသ်ျှဏ။

အားလုံးဘုရားမြတ်ရဲ့ မေတ္တာတော်ကြောင့် အခက်အခဲ လောကဓံတိုင်းကို လွယ်ကူချောမွေ့စွာ ဖြတ်ကျော်နိုင်ကြပါစေ။



#ကရိသျှာ်ဏဘုရားမြတ်သမိုင်း
#ရခိုင်ပြည်နယ်စစ်တွေမြို့

13/12/2023

𝓗𝓪𝓻 𝓱𝓪𝓻 𝓜𝓪𝓱𝓪𝓭𝓮𝓿 🪔🙏🕉️🙏🥰




#ရခိုင်ပြည်နယ်စစ်တွေမြို့

06/12/2023

Jay Shree Ram 🙏🏻

04/12/2023

သျှိဗ (ရှီဗား) ဘုရားမြတ်။

ဟိန္ဒူဘာသာ စနားသန်းဓရ်မတွင် စကြ၀ဠာအား ထိန်းချုပ်၍ သံသရာစက်၀န်းအား ချုပ်ကိုင်ထားသော ဘုရား သုံးဆူရှိပါသည်။
ထိုဘုရား သုံးဆူမှာ ဗရဟ်မာ၊ ဗိသျှဏု(ဗစ်ရှ်နူး) ၊ သျှိဗ (ရှီဗား) တို့ဖြစ်ကြသည်။

ထို သုံးပါးအနက်တွင် သျှိဗ (ရှီဗား) ဘုရားမြတ်သည် ဖျက်သိမ်းခြင်း၊ သေဆုံးခြင်းနှင့် အချိန်ကာလကို ပိုင်ဆိုင်သော ဘုရားမြတ်ဖြစ်သည်။
နန္ဒီဟူသော နွားလားဥဿဖကို စီးနင်းလျင် လင်ဂမ်း ကျောက်ရုပ်ထုဖြင့် ပူဇော်ကြသည်။

မဟာဒေ့ဗ်ဟုလည်း ထင်ရှားကျော်ကြားပြီး

ဟိန္ဒူဘာသာ၏ အခြေခံဖြစ်သော စံန်စ်ကရီသ် (သက္ကတ) ဘာသာစကားအရ

မဟာဒေ့ဗ် - ကြီးမြတ်သောဘုရားမြတ်။
မဟာကာလ် - အချိန် ကာလအား အစိုးရသူ။
သျှိဗ - ဂုဏ်ကျက်‌သရေ ဘုန်းတော်အပေါင်းဖြင့် ပြည့်၀သူ။
နီလ်းကန့်ထ် - အပြာရောင် လည်ပင်းရှိသူ။
မဟေ့ရှ် - တည်ငြိမ်ချမ်းသူ။
ဘိုလေနာ့ဿ် - ရိုးသားဖြောင့်မတ်သူ။
ပရမေရှ်ရွှရ - အရာရာ၏ အဦးအမြစ်ဖြစ်သူ။
မဟေရှ်ရွှရ - ဘုရားတို့၏ ဘုရား။
ရှံန်ကရ် - ပျော်ရွှင်မှုနှင့် လောက စည်းစိမ်ကို ပေးသနားသူ။
ဂန်ဂါဒါရ် - ဂင်္ဂါမြစ်ကို ဦးခေါင်းထက် ခွေထားသူ။
ရုဒ္ဓြာ - သာ၀ကတို့၏ ၀မ်းနည်းပူဆွေးမှုအား စာနာသနားသူ။
ဟရ - သတ္တဝါ အပေါင်းတို့၏ အပြစ်အား ပယ်ဖျောက်စေသူ။ ဟု အဓိပ္ပါယ်ရသည်။

အာဒိယိုးဂီဟုခေါ်သည့်အတိုင်း ယိုးဂတို့ကို အစိုးရသော ဘုရားမြတ်ဖြစ်ပြီး ကေလာ့ရှ်တောင်မြတ်တွင် စံမြန်းလျက်ရှိသည်။ ကြင်ရာတော်မှာ ပါရ်ဗသီးမယ်တော်ဖြစ်ပြီး သားတော်နှစ်ပါးမှာ ကာရ်သီကေးယ်နှင့် ဂဏေ့ရှ် တို့ဖြစ်ကြသည်။

ဘုရားမြတ်သည် သက်ရှိသတ္တဝါ အပေါင်းတို့ အတွက် ဘုရားအဖြစ်တည်ရှိသူဖြစ်သည်။
နိမ့်သည် မြင့်သည် ခွဲခြားမှု မရှိဘဲသရဲ၊ တစ္ဆေ မှစ၍ နတ်မင်း၊ ဒေ၀တာအထိ သက်ရှိ အပေါင်း၏ အားထားကိုးကွယ်ရာဖြစ်သည်။

တတိယမျက်လုံးတော်သည် အထင်အရှားရှိပြီး လောကသုံးပါး၏ အချိန်သုံးပါးလုံးတွင် ဖြစ်ပေါ်နေသမျှကို သိရှိသူ၊ အစိုးရသူဟု ဖော်ပြလျက်ရှိသည်။

ထိုဘုရားမြတ်အား ပူဇော်ရန် အကောင်းဆုံး မန္တရားမှာ
"Namah Shivaya" ဖြစ်သည်။

Har Har Mahadev



#ရခိုင်ပြည်နယ်စစ်တွေမြို့

Photos from MOHA DEV BARI's post 03/12/2023

Om🕉️
Om ဆိုတဲ့ စကားလုံးကို အသံထွက်ခြင်းဟာ တရားထိုင်ခြင်းနဲ့ ပါရမီအတွင်း ငြိမ်းချမ်းမူနဲ့ စွမ်းအင်ကို ဖန်တီးပေးနိုင်ပါတယ်။တရားထိုင်ခြင်းနဲ့ ယုံကြည်မူကအနေ အကျိုးကျေးဇူးတွေကို ဖန်တ‌ီးပေးနိုင်ပြီး စိတ်အ‌ေခြအနေကို တိုးတက်လာစေနိုင်ပါတယ်။🕉️🕉️🕉️🙏🏻


#ဟိန္ဒူ
#ရခိုင်ပြည်နယ်စစ်တွေမြို့

26/11/2023

ဟိန္ဒူဘာသာအရ ဘုရားတစ်ဆူချင်းစီဟာ နွားတွေနဲ့နီးကပ်မှုရှိတယ်။ နွားက တချို့သောဘုရားတွေရဲ့ စီးတော်ယာဉ်လည်းဖြစ်သလို တချို့သောဘုရားတွေက နွားတွေကို ကာကွယ်စောင့်ရှောက်ပါတယ်။

ဟိန္ဒူဘာသာမှာ ကရိသျှ်ဏဘုရားဆိုတာ ရှိပါတယ်။ သူ့မှာ ဂိုပါးလ်ဆိုတဲ့ နာမတော်ရှိတယ်။ ဒီနာမတော်အရ နွားတွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သူလို့လည်း အဓိပ္ပာယ်ရတယ်။

အလားတူ ဟိန္ဒူဘာသာဝင်တွေရဲ့ ပွဲတော်တစ်ခုကျင်းပတိုင်းမှာ နို့နဲ့နို့ထွက်ကုန်ပစ္စည်းတွေနဲ့ ဟိန္ဒူရိုးရာမုန့်တွေက နွားနို့ကိုအခြေခံပြီးထုတ်လုပ်တာများပါတယ်။ ဒါကြောင့် ဒီဘာသာဝင်တွေရဲ့အသက်က နွားတွေကို အမှီပြုနေရတဲ့အတွက်ကြောင့် နွားကို မိခင်အနေနဲ့သတ်မှတ်တယ်။

အလားတူ နွားမယ်တော်ဆိုတာလည်းရှိတယ်။ သူ့ကို ဂေါမာသားလို့ခေါ်တယ်။ နွားကိုမှီခိုပြီး အသက်ရှင်သန်နေထိုင်ခွင့်ရတဲ့အတွက် ဒီနွားတွေကိုသတ်ပြီး အမဲသားစားလို့မရဘူး။ ဒါကြောင့် နွားတွေကို အလေးထားရတယ်။

ဟိန္ဒူဘာသာအရ နွားတွေကို ကာကွယ်ရမယ် စောင့်ရှောက်ရမယ်။ ဘာသာရေးအရ နွားတွေကို ထိခိုက်နစ်နာအောင် မလုပ်ရပါဘူး။
#ဟိန္ဒူ #အမဲသား #နွား #ဘာသာရေး
hindoo dharm ke anusaar, pratyek devata ka gaay se gahara sambandh hai. gaay kuchh devataon ka vaahan bhee hai aur kuchh devata gaayon kee raksha karate hain.

hindoo dharm mein krshn hain. usaka naam gopaal hai. is naam ke anusaar isaka arth gaayon kee raksha aur sanrakshan karane vaala bhee hai.

isee tarah, har baar ek hindoo tyohaar manaata hai, doodh aur dugdh utpaad aur paaramparik hindoo bred aksar gaay ke doodh par aadhaarit hote hain. isalie in dharmaavalambiyon ka jeevan gaayon par nirbhar hai, isalie ve gaay ko apanee maata maanate hain.

isee prakaar gau maata hotee hai. use gomer ka putr kaha jaata tha. kyonki ham apanee aajeevika ke lie gaayon par nirbhar hain, ham in gaayon ko maarakar gomaans nahin kha sakate hain. isalie hamen gaayon par dhyaan dena hoga.

hindoo dharm ke anusaar gaayon kee raksha aur dekhabhaal karanee chaahie. gaayon ko dhaarmik roop se nukasaan nahin pahunchaana chaahie



#ရခိုင်ပြည်နယ်စစ်တွေမြို့

23/11/2023

Bhihar hindu log ka chhath puja☀️🪔❤️🙏

Photos from MOHA DEV BARI's post 12/11/2023

ရခိုင်ပြည်နယ်၊စစ်တွေမြို့မင်းဘာကြီးလမ်း ကျောင်းတက်လမ်းရပ်ကွက်တွင်တည်ရှိသော
အမှတ်(၆၀)၌တည်ထားကိုးကွယ်လျက်ရှိ‌ေသာ် ဆရီဆရီမိုဟာဒေဗ့်ဘာရီ(မဟာသီဝ)ကျောင်းတော်မှ
ကာလီမယ်တော်ပူဇော်ပွဲကြီး ကို(12.11.2023.)ည ၉ နာရီမှ စ၍ နောက်နေ့မနက် ၆နာရီအထိ ရိုးရာအစဥ်လာမပျက် ကျင်းပပူဇော်မည်ဖြစ်ပါသည် ရပ်နီးရပ်ဝေးမှာရှိကြတဲ့သဒ္ဒါကြည်လင်ကြတဲ့ သူတော်စင် ဓမ္မာ့မိတ်တွေများအနေဖြင့် ကာလီမယ်တော်ကြီးအား ဆွမ်း၊ပန်း၊ရေချမ်း၊ချိုချဥ်၊သစ်သီး၊ပန်း၊ဆီမီး၊အမွေးနံ့သာ များဖြင်လာရောက်ပူဇော်နေကြာသောပုံရိပ်များကို တင်ဆက်ပေးထားပါတယ်။


#ရခိုင်ပြည်နယ်စစ်တွေမြို့

Want your place of worship to be the top-listed Place Of Worship in Sittwe?
Click here to claim your Sponsored Listing.

Category

Website

Address


Sittwe