WIFI Talks

WIFI Talks

Share

WIFI Talks : Where I Feel Inclusive

16/05/2026

အားလုံးသာလီစွပါ👋👋👋

အေအပတ်အတွက် WIFI Talks’ sharing session မှာ အခုတလော social media နန့် လူငယ်ချေတိ (အထူးသဖြင့် Gen Z နန့် Gen Alpha) ကြားမှာ ရီပန်းစား အပြောများနိန်ကတ်ရေ Slang စာလုံးချေတိကို အဓိပ္ပာယ် ဥပမာတိနန့်တကွဖော်ပြပီးလိုက်ပါရေ။ 🙌

Delulu 🤡
အဓိပ္ပာယ်- Delusion ဆိုရေစကားလုံးက ဆင်းသက်လာစော်ဖြိုက်ပြီးကေ ဖြိုက်နိုင်ခြေမရှိရေကိစ္စတိကို အမှန်တကယ်ဖြိုက်နိန်ပိုင်မျိုး စိတ်ကူးယဉ်စော်ကို ဆိုလိုစော်ဖြိုက်ပါရေ။
ဥပမာ- My crush viewed my story, so they definitely like me back. I’ve become delulu already.

Slay 💅
အဓိပ္ပာယ်- Slay မူရင်းအဓိပ္ပာယ်က ‘သတ်ဖြတ်သည်’ ဆိုပနာ အဓိပ္ပာယ်ရပါရေ။ ယကေလေ့ slang အနိန်နန့် သုံးလိုက်တေအခါမှာ တပျင်းလန်းရေ၊ fashion တိတဝမိုက်တေ ဆိုရေ မူရင်းအဓိပ္ပာယ်နန့် ဆန့်ကျင်ရေအပြုသဘောဆောင်ရေချီးကျူးစကားဖြိုက်လခပါရေ။
ဥပမာ- She slayed that performance.

Cooked 🍳
အဓိပ္ပာယ်- သူ့မှာ negative နန့် positive အဓိပ္ပာယ် ၂မျိုးတောင်ရှိပါရေ။ Negative အနိန်နန့်ဆိုကေ ဒုက္ခရောက်ဗျာလ်၊ ငါတော့လုံးဝရှုံးဗျာလ် ဆိုရေအဓိပ္ပာယ်ရပါရေ။ Positive အနိန်နန့်က ‘Let him cook’ ပိုင်မျိုး သူလုပ်ပြနိုင်ရေဆိုရေ နိန်ရာမှာသုံးပါရေ။ ယကေလေ့ Cooked ဆိုရေ Slang ကိုတော့ကေ Negative အနိန်နန့် ပိုသုံးများကတ်ပါရေ။
ဥပမာ- He stayed up all night gaming before the exam — bro is cooked.

Ate 🔥
အဓိပ္ပာယ်- Ate စော် အမှန်က eat ၏ past tense ဆိုကေလေ့ Slang အနိန်နန့်ဆိုကေ စားစော်နန့် တစ်ခုလေ့မဆိုင်ရေ အဓိပ္ပာယ်တစ်ခုရပါရေ။ သူ့ကို Slay ပိုင်မျိုး တစ်ခုခုကို အကောင်းဆုံးလုပ်နိုင်ရေအခါ၊ စွမ်းဆောင်ရည်တိကို ချီးကျူးရေအခါမှာ သုံးကတ်ပါရေ။
ဥပမာ- That singer absolutely ate and left no crumbs.

Flex ✨
အဓိပ္ပာယ်- ကိုယ့်မှာရှိရေ ပစ္စည်း၊ ဖေသာ၊ အောင်မြင်မှုတိကို လူများကို ကြွားရေ၊ ထုတ်ပြရေအခါ သုံးရေ စကားလုံးဖြိုက်ပါရေ။
ဥပမာ- He keeps flexing his new shoes.

အရာလေ့ အသုံးများရေ Slang တိမကန်ကျန်သိလို့ ညီအစ်ကိုမောင်နှမရို့ သိရေ စကားလုံးတိရှိကေ အောက်က comment မှာ ရီးပီးခကတ်ပါနန်း။🙌

အစစအရာရာ ဂရုစိုက်ကတ်ပါ💚 ၊ အားလုံးကို ကျေးဇူးတင်ပါရေ

Join us on Telegram : https://t.me/wifitalks

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

16/05/2026

အားလုံးသာလီစွပါ👋👋👋

အပတ်စိုင် တနင်္ဂနွီနိန့်တိုင်းမှာ ညီအစ်ကိုမောင်နှမရို့နန့်အတူ ဗဟုသုတတိအချင်းချင်းမျှဝီပနာ Speaking Practice လုပ်နိန်ကျ English Conversation Club ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။ 🥳✨

အေအပတ်မှာ အားလုံးတတူ ပါဝင်ဆွေး‌နွီးဖို့အတွက် ရွီးချယ်ထားရေ ခေါင်းစိုင်ကတော့ကေ
“Which flag are you in - Red or Green?” ဖြိုက်ပါရေ။🙌

✨လူတိုင်းလူတိုင်းမှာလေ့ တမူထူးခြားရေ အမူအကျင့်ချေတိ ကိုယ်စီရှိတတ်ပါရေ။ ✨ယင်းအတွက်နဲ့ တူညီရေ အမူအကျင့်ချေတိကို စုဗြီးကေ ကိုယ်စားပြုသင်္ကေတအနိန်နဲ့ red flag / green flag ဆိုဗြီးကေ အလံရောင် ချေတိနဲ့မှတ်ပနာပြောတတ်ကတ်ပါရေ။ အေချင့်စော် Youth culture တစ်မျိုးပိုင် ဖြိုက်နိန်ပါယာ။

✨အခြေခံအားဖြင့် Green flag ဖြိုက်ရေလူတိစော် အခြားသူတိကိုအရေးတစိုက်နဲ့ လေးလေးစားစား နားထောင်ပီးတတ်တေ အမှားကို တာဝန်ယူတတ်တေ လူတိဖြိုက်ဗြီးကေ 💚

✨ Red flag ဖြိုက်တေ လူတိကျတော့ကေ တစ်ပါးသူအပေါ်မှာ လွှမ်းမိုးချင်ရေ ယေဗြီးကေ ကိုယ့်လိုအင်ဆန္ဒတိကို အခြားအရာတိထက် ပိုလို့အရေးပီးရေ လူလို့ကေ စာရီးသူ အနိန်နဲ့မြင်ပါရေ။🚩

ဇာ flag စော်ကောင်းရေ ဇာ flag စော်မကောင်းဆိုစော်စော် လူတိုင်းမှာ ကိုယ့်အကြိုက်နဲ့ကိုယ် ရှိကတ်ပါဖို့။ 💡

အေအပတ်ခါတော့ကေ အခြားလူတိကို flag မခွဲဘဲ “Which flag are you in - Red or Green?” ဆိုရေ ခေါင်းစိုင်ချေအတိုင်း အကျွန့်ရို့ ကိုယ့်ကိုယ်ကိုယ် flag ခွဲကြည့်ကတ်ပါဖို့။ 🍉
အေပိုင် တတူ flag ခွဲဗြီးကေ ကိုယ့်ခံယူချက်အမြင်တိကိclub members အချင်းချင်း မျှဝီယင်းပင်အင်္ဂလိပ်စာ speaking တိုးတက်အောင် practice လုပ်ကတ်ဖို့ ဖိတ်ခေါ်လိုက်ပါရေ။ 🤗

WIFI Talks ECC မှာဆိုကေ

✅ Introduction section

✅ Game Section

✅ Vocabulary & Idiom Sharing Section

✅ Discussion Section

✅ Participate Sharing Section

ဆိုပနာ အပိုင်း ၅ပိုင်းပါဝင်ပြီးကေ Section တစ်ခုချင်းစီကို ရင်းနှီးဖော်ရွေရေ Facilitators ချေတိက ပေါ့ပေါ့ပါးပါးနဲ့ Facilitate လုပ်ပီးလားဖို့ဖြိုက်တေအတွက် မဝံ့မရဲဖြိုက်စရာမလိုဘဲ စိတ်ဝင်စားရေအသူမဆို(English ဇာ Level မဆို)လာJoinနိုင်ပါရေနန်း။
အေဂု WIFI Talks ECC ကို

🔰 Date- 17.5.2026 (Sunday)

🔰 Time - 7 pm

🔰 Location - Zoom Platform မှာ လုပ်လားဖို့ဖြိုက်ပါရေ။
စိတ်ဝင်စားရေ ညီအစ်ကိုမောင်နှမတိအနိန်နဲ့ Join ဖို့ Zoom Linkကို Messenger မှာလာယူနိုင်ရေပိုင် Telegram Channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် Telegram Channelကိုလည်း Join ပီးထားကတ်ဖို့လည်း အကြံပြုချင်ပါရေ။

🖇️ https://t.me/wifitalks📍

WIFI Talks ECC အကြောင်း အသေးစိတ်သိချင်ကေ အောက်က Link ထဲမှာ လားဖတ်ကြည့်လို့ ရပါရေ။🙌

https://www.facebook.com/share/p/gqJbTEQxLtJcpbaS/?mibextid=oFDknk

အစစအရာရာ ဂရုစိုက်ကတ်ပါ ၊ အားလုံးကို ကျေးဇူးတင်ပါရေ💚

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

14/05/2026

အားလုံးသာလီစွပါ👋🏻👋🏻👋🏻

🎗️အေကနိန့် Wifi Talks ကနိန် တင်ဆက်ပီးနိန်ကျဖြိုက်တေ sharing အစီစိုင်မှာ ညီအကိုမောင်နှမရို့ Language Learning Journey မှာ လူတကာထက် ခေါင်းတစ်လုံးသာနိုင်စီဖို့ အတွက် ကြိုးစားလုပ်ဆောင်ရဖို့စော်တိကို မျှဝေပီးလားချင်ပါရေ။🎗️

ဒေကနိန့်ခေတ်စော် 🌐
❇️လူတစ်‌ယောက်ကို ဘာသာစကားတစ်ခုအထက် ပြောတတ်နိန်ရေခေတ်၊
❇️အလုပ်ကိုင်အခွင့်အလန်းဆိုကေလေ့ ကိုယ်ရေးအချက်အလက်က skills ဆိုရေ နိန်ရာမှာ language နှစ်ခုနဲ့အထက်ကို ဝေဝေဆာဆာထည့်နိုင်မှ အဆင်ပြေရေခေတ် မဟုတ်ပါလား။❓

❇️အကျွန်ရို့စော် ခေတ်နဲ့အညီ လိုက်မီနိုင်ဖို့ languages အသစ်တိကို အချိန်တစ်ခုစီပီးလို့ သင်ယူကတ်ပါရေ။
❇️အေနိန့် Essential Language Learning Strategies ခေါင်းစိုင်ရည်ရွယ်ချက်က 🎯
🔹အကျွန့်ညီအကိုမောင်နှမတိ ဘာသာစကားအသစ်လေ့လာရာမှာ အချိန်ကုန် လူပင်ပန်း မဖြိုက်စီရအောင်နဲ့
🔹ဘာသာစကားတစ်ခုအတွက် ထားရှိရေ ကိုယ့်စိတ်ဝင်စားမှုတိ အချိန်ကြာလာရေနဲ့အမျှ လျော့ကျမလားစီဖို့ ဖြိုက်ပါရေ။

No.1 Strategy “Set Clear, Small Goals” 🎯

သေးငယ်ဗြီး ရိုးရှင်းရေ ဦးတည်ချက်ထားပါ။

ဥပမာ။ “ငါ‌ဒေဘာသာစကားကို လုံးဝပြောတတ်ချင်ရေ” ဆိုစော်ထက် “ငါဒေအပတ်ထဲမှာ အသုံးဝင်ရေ စကားလုံး အသစ် ဇာနှစ်လုံးလေ့လာမေ” ဆိုဗြီးကေ ရှင်းလင်းရေ ဦးတည်ချက်တစ်ခုကို ချမှတ်သင့်ပါရေ။

No.2 Strategy “Immerse Yourself in Language” 🙌

ကိုယ့်ကိုယ်ကိုယ် ကိုယ်လေ့လာနိန်ရေ ဘာသာစကားတတ်တေလူတစ်ယောက်လို့ စိုင်းစားဗြီးကေ ယင်းဘာသာစကားနဲ့ အစိုင်တွေးကြည့်နိန်ပါ။
ဖုန်း language setting ကို ယင်းဘာသာစကားပြောင်းလို့ သုံးကြည့်ပါ။

No.3 Strategy “Learn Culture with Language” 🎎

ဘာသာစကားတစ်ခုကို လေ့လာရေခါ ယင်းလူမျိုး ယိုင်ကျေးမှုတိကိုပါ လေ့လာကြည့်ပါ။
ယင်းနည်းနဲ့ ကိုယ်စော် သူရို့ ရိုးရာအစိုင်အလာနဲ့ယိုင်ကျေးမှုကိုပါ မြတ်နိုးခင်တွယ်လာပါဖို့။
ဒေပိုင်နဲ့ အကျွန်ရို့ စော် ဒေဘာသာစကားအ‌ပေါ်မှာ consistent ဖြိုက်လာပါဖို့။

No.4 Strategy “Stay Consistent, Not Perfect”💢

တစ်ရက်ကို မိနစ် ၁၅-၃၀ လောက် စာလုပ်ကေ တစ်ပတ်ကို ၃နာရီလောက် စာလုပ်ဖြိုက်တေ မဟုတ်ပါလား။
ဒေပိုင်နဲ့ အကျွန်ရို့စော် ယင်းဘာသာစကားတစ်ခုကို ပုံမှန်လေ့လာဖြိုက်နေရေ ဆိုရေ အသိနဲ့ motivation စော်လည်း ရလာပြီကေ တတ်မြောက်မှု progress ကို သိသိသာသာမြင်လာရပါဖို့။

ဒေပိုင် အကျိုးရှိရေ ပိုစ့်တိကို တစ်‌နိန်ရာထဲမှာ အလွယ်တကူ ဖတ်နိုင်ဖို့အတွက်
Join us on Telegram 🖇️👉https://t.me/wifitalks

🍀တစ်ဦးတစ်ယောက်ချင်းရဲ့ Life Learning Journey မှာ အဆင်ပြေချောမွေ့ပါစီကြောင်းဆုတောင်းပီးပါရေ🍀

💚အစစအရာရာ ဂရုစိုက်ကတ်ပါ၊ အားလုံးသူကိုကျေးဇူးတင်ပါရေ💚

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

13/05/2026

အားလုံးသာလီစွပါ👋👋👋

အပတ်စိုင်စနိန်နိန့်တိုင်းမှာ စာဖတ်ဝါသနာရှင်ညီအစ်ကိုမောင်နှမရို့နန့်အတူ စိတ်ဝင်စားဖို့ကောင်းရေ Article တိကို ဆွေးနွေးပနာ English skills တိကို မြှင့်တင်နိန်ကျဖြိုက်တေ Reading Club ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။🥳✨

✅ အေအပတ်အတွက် ညီအစ်ကိုမောင်နှမရို့နန့်တတူ ဆွေးနွေးလေ့ကျင့်ဖို့ ရွီးချယ်ထားရေ ခေါင်းစိုင်ကတော့ကေ ‘When the 80/20 Rule Fails: The Downside of Being Effective’ ဖြိုက်ပါရေ။📈

လူတိစော် အလုပ်လမ်းကြောင်းတစ်ခုမှာပဲ ပင်ပင်ပန်းပန်းကြိုးစားပနာ အောင်မြင်မှုတိရလာစော်နန့် ယင်းလမ်းကြောင်းကနိန် ပျော်သည်ဖြိုက်စီ၊ မပျော်သည်ဖြိုက်စီ ရုန်းထွက်ဖို့ ခဲယဉ်းလာကတ်တေမဟုတ်ပါလား။ ယင်းပိုင်မျိုး ကိုယ့်ကို အောင်မြင်စီရေ လမ်းကြောင်းမှာပဲ အောင်မြင်မှုတိကို ထိန်းယင်းနန့် လမ်းကြောင်းသစ်တိရှာဖို့ ကြောက်ရွံ့လာကတ်ပါရေ။🛣️

ယင်းတွက်နန့် အေArticle ကိုရီးသားရေ စာရီးဆရာကြီး James Clear က 1950 ဝန်းကျင်က အအောင်မြင်ဆုံးနန့် ဆုတိအများကြီးရခရေ မင်းသမီးတစ်ယောက်ဖြိုက်တေ Audrey Hepburn ကသူ့အောင်မြင်မှုတိကိုစွန့်ပနာ UNICEF မှာ volunteer လားလုပ်ရေအကြောင်းကို ဥပမာ ပီးပြီးကေ ကိုယ့်ကိုအောင်မြင်စီရေလမ်းကြောင်းအကြီးကို သွယ်ဖယ်ပနာ ကိုယ်စိတ်ဝင်စားရေလမ်းကြောင်းအငယ်ချေတိကို လျှောက်စော်ကလေ့ အောင်မြင်မှုပန်းတိုင်ကို ရောက်စီရေဆိုစော် ပြောပြထားလို့ ဆွေးနွေးစရာ၊ တွေးစရာတိ အများကြီးရစီဖို့ Article တစ်ခုဖြိုက်ပါရေနန်း။🙌✨

Article Title - When the 80/20 Rule Fails: The Downside of Being Effective

Article Link - https://www.google.com/url?q=https://docs.google.com/document/d/1Ll2wMpzmU__5wkDt74_0CQcjtVW2xq5acbeLoes0vFM/edit?usp%3Ddrivesdk&sa=D&source=editors&ust=1778680126683162&usg=AOvVaw0blOqiRK26OvbYrvP3HMVQ

အကျွန်ရို့ Reading Club မှာဆိုကေ Introduction နန့် Game Session တိပါဝင်ရေအတွက်ကြောင့်နန့် Networking လည်းလုပ်ရဖို့ဖြစ်ပြီးကေ Discussion နန့် Sharing Session တိမှာ ကိုယ့်အမြင်တိကို ဝီမျှပနာ Reading Skill ကိုမြှင့်တင်ကတ်ပါဖို့။🤩

✳️Reading Club ကို Join ဖို့ဆို​ကေ အထက်မှာ​ဖော်ပြထား​ရေ Article link ကိုဝင်ပနာ ကြိုဖတ်လာဖို့လိုပါ​ရေနန်း။👆

🔰Date- 16.5.2026 (Saturday)

🔰Time- 7:00 PM

🔰Location- Zoom Platform

WIFI Talks' RCအ​ကြောင်း အ​သေးစိတ်သိချင်​ကေ​အောက်က link ထဲမှာ လားဖတ်ကြည့်လို့ရပါ​ရေ။⬇️

https://www.facebook.com/share/p/1CsQRHQ5Yh/

စိတ်ဝင်စားရေ ညီအစ်ကိုမောင်နှမတိအနိန်နဲ့ Join ဖို့ Zoom Linkကို Messenger မှာလာယူနိုင်ရေပိုင် Telegram Channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် Telegram Channelကိုလည်း Join ပီးထားကတ်ဖို့လည်း အကြံပြုချင်ပါရေ။

👉 https://t.me/wifitalks👈

အစစအရာရာ ဂရုစိုက်ကတ်ပါ ၊ အားလုံးကို ကျေးဇူးတင်ပါရေ 💚

WIFI Talks : Where I Feel Inclusive

WIFI Talks : Youth Talks

13/05/2026

အားလုံးသာလီစွပါ👋👋👋

အပတ်စိုင် တင်ပီးနိန်ကျဖြိုက်တေ WIFI Talks’ quiz session ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။🙌

အခုခေတ်မှာ သူငယ်ချင်းတိမိတ်ဆွေတိကြားထဲမှာ၊ social media က post တိမှာ Slang တိကို တဝတွင်တွင်ကျယ်ကျယ်အသုံးပြုလာကတ်ပါရေ။ မူရင်းအဓိပ္ပာယ်နန့် မတူဘဲနန့် သူ့မှာသီးသန့်သတ်မှတ်ထားရေ အဓိပ္ပာယ်တိရှိလို့ မသိလိုက်ဆိုကေ ဇာပြောနိန်စော်မသိဆိုပနာ ကြောင်လို့ကျန်လိုက်စော်မျိုး ဖြိုက်ဖူးကတ်ပါလား။🤔✨

ယင်းပိုင်မဖြိုက်ဖူး Gen Z slangs ဖြိုက်ဖြိုက် Gen Alpha slangs ဖြိုက်ဖြိုက် ဇာSlangsကိုမဆို သိရေဆိုရေညီအစ်ကိုမောင်နှမရို့အတွက် အေ Quiz က ညီအစ်ကိုမောင်နှမရို့အတွက် ပါယာနန်း။🙌😇

ယင်းပိုင်ဆိုကေ အောက်က Quiz ချေကို ဖြေကြည့်လိုက်ကတ်ပါမေ။ မသိဆိုကေလေ့ တစ်ခုဖြိုက်စရာမလိုဘဲ အေအပတ် sharing session မှာ လူငယ်တိကြားထဲမှာ အသုံးများဆုံး Slang နန့် အဓိပ္ပာယ်တိကို ဖော်ပြပီးလားဖို့ဖြိုက်လို့ စောင့်ပနာလေ့လာမှတ်သားနိုင်ပါရေနန်း။🤗✨

"I'm so cooked for this final."

This student is:

A) Well-prepared and ready

B) Hungry for lunch

C) In big trouble/ going to fail

အ​ဖြေမှန်ကို ဗုဒ္ဓဟူးနိန့်တိုင်း comment မှာ တင်ပီးလားဖို့ဖြိုက်လို့ လာတိုက်ကြည့်ဖို့မမိန့်ကတ်ပါ​ကေ့နန်း။ မှားမှားမှန်မှန် ဗဟုသုတတိုးဖို့အကြာင်းအရာချေဖြိုက်လို့ ကိုယ်ထင်ရေအဖြေကို comment မှာချရေးခကတ်ပါ။🤩

အစစအရာရာ ဂရုစိုက်ကတ်ပါ💚 ၊ အားလုံးကို ကျေးဇူးတင်ပါရေ

Join us on Telegram
https://t.me/wifitalks

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

12/05/2026

အားလုံးသာလီစွပါ 👋👋👋

🍀 Master Degree ကို နိုင်ငံခြားမှာယာ သင်ယူချင်ရေ လူတိအတွက်ပိုစ့်တစ်ခုဖြိုက်ပါရေ 🍀

✨အေကနိန့်မှာတော့ကေ Malaysian Technical Cooperation Programme Scholarship 2026 အကြောင်းကို မိတ်ဆက်ဝေမျှပီးချင်ပါရေ💚
✨ဒေ scholarship ချေက မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲဖြိုက်တေ နိုင်ငံတိက ကျောင်းသားတိအတွက် မလေးရှားအစိုးရကနိန် ထောက်ပံ့ပီးထားရေ Master Degree scholarship တစ်ခုဖြိုက်ပါရေ။
✨လျှောက်ထားဖို့ လိုအပ်စော်တိနဲ့ အသေးစိတ်ကို အောက်မှာ ဆက်လို့ ဖော်ပြလားပါမေ။

Study Level: Master Degree

Duration of the awards: 24 to 36 months

Eligibility 💫
🔹အသက် 45နှစ် အောက်ရှိဗြီးကေ
🔹ကျန်းမာရေးကောင်း‌ရေလူ ဖြိုက်ရပါဖို့။ (medical report လိုပါရေ)
🔹English proficiency test score
(IELTS minimum total score 6, TOFEL minimum total score of 60)
🔹CGPA အနိန်နဲ့ 3.0 နှင့်အထက် ရှိရပါဖို့။

Benefits 💫
🔹 Round-trip airfare
🔹 လစိုင်ထောက်ပံ့ကြေး
🔹 tuition စရိတ်

⌛ Deadline - 12 June 2026 ⌛

အေတစ်ခေါက် scholarship program ချေကလေ့ application fees free ဖြိုက်ပါရေ✨

ကျောင်းလျှောက်ဖို့အတွက်

https://mtcp.kln.gov.my/scholarship

အထက်က Link ချေကို နှိပ်ပီးကေ စုံစမ်းပနာ🎈

https://mtcp.kln.gov.my/register_scholarship

ဒေ link ချေကနိန် လျှောက်ရပါဖို့🎈

✨အချိန်တိလည်း အများကြီးကျန်သိမ့်ရေ ဖြိုက်တေအတွက်နဲ့ အသေချာပြင်ဆင်ပနာ လျှောက်ကတ်ဖို့ အားတိုက်လိုက်ရပါရေ✨

🙇 ဒေပိုင် scholarship program တိကို ပုံမှန်တင်ပီးနိန်ရေဖြိုက်လို့ မလွတ်လားစီရအောင် အကျွန်ရို့ Telegram channel ကိုလေ့ join ထားပီးကတ်ပါ။ 🙇🏻‍♀️

Join us on Telegram https://t.me/wifitalks

✨ညီကိုမောင်နှမရို့အနာဂါတ်ခရီလမ်းမှာ အဆင်ပြေချောမွေ့ပါစီကြောင်းဆုတောင်းပီးပါရေ 🍀

🙇 အစစအရာရာဂရုစိုက်ကတ်ပါ၊ အားလုံးသူကိုကျေးဇူးတင်ပါရေ 🙇🏻‍♀️

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

09/05/2026

အားလုံးသာလီစွပါ 👋👋👋

🎗️အေကနိန့်မှာတော့ကေ ကိုယ်နိုင်ငံနဲ့နီးနီးနားနားမှာ ကျောင်းတက်ချင်ရေ ညီအစ်ကိုမောင်နှမတိအတွက် ထိုင်းနိူင်ငံက Chula Link Scholarship ချေအကြောင်းကိုမျှဝေပီးလားချင်ပါရေ။🎗️

❗Deadline: 24 May, 2026 ❗

🎗️Master & Doctoral Degree အတွက် သီးသန့် Scholarship ချေတစ်ခုဖြိုက်ပါရေ။🎗️

Eligibility အနေနဲ့
Thai passport ကလွဲပြီးကေ ကျန် Passport ကိုင်ဆောင်ထားလူဖြိုက်ရပါဖို့
Chulalongkorn University သို့ ဝင်ခွင့်ရပြီးသားလူဖြိုက်ရပါဖို့ (အေ scholarship ကိုမလျှောက်ခင် အရင်ဆုံး ကိုယ်တက်ချင်ရေ Program ကိုဝင်ခွင့်ရထားဖို့လိုပါရေ။)
Bachelor Degree ပြီးထားပြီးသားလူဖြိုက်ရပါဖို့
အောက်ကပီးထားရေ Link ကနီတစ်ဆင့်လျှောက်ရပါဖို့
https://grantgateway.research.chula.ac.th/user/login?msg%3Dno_opt%26fbclid%3DIwVERTSARlPyNleHRuA2FlbQIxMABzcnRjBmFwcF9pZAwzNTA2ODU1MzE3MjgAAR4OiajoBhk30xWujhfnDxknPrdOira2-5XXhfa8MiqysmQu0Amj8O7a8I12Yw_aem_ZjJUAdH9AqhXSNaI5L3YQQ&sfnsn=mo

📌Master Degree လျှောက်ဖို့ဆိုကေ Undergraduate degree GPA 2.75 ရှိဖို့လိုပြီးကေ PhD လျှောက်ဖို့ဆိုကေ Master Degree GPA 3.25 ရထားဖို့လိုပါရေ။
📌IELTs Band Score ကအနည်းဆုံး 5.0 ရှိထားလည်းလိုပါသိရေ။
Scholarship Coverage တိအနေနဲ့
Full tuition fees
A monthly living allowance
Round-trip airfare တိပီးနိန်ရေ 100% coverage scholarship ချေဖြိုက်ဖို့ လျှောက်ကြည့်ဖို့ အကြံပြုချင်ပါရေ။
💌လူတစ်ယောက်ရဲ့ ဘဝကိုပြောင်းလဲပီးနိုင်စော်က ကိုယ့်မျက်စိရှေ့မှာ ရှိနီရေအခွင့်အရေးတစ်ခုပါ။
💌ယင်းနန့်လို့ အခွင့်အရေးရလာရေအချိန်မှာ လက်မလွှတ်ဘဲ အသုံးချတတ်ဖို့ အရေးကြီးပါရေ။
အကျွန်ရို့ Telegram channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် မလွတ်လားစီရအောင် join ထားဖို့လိုပါရေ။

Join us on telegram https://t.me/wifitalks

တစ်ဦးတစ်ယောက်ချင်းရဲ့ Life Learning Journey မှာအဆင်ပြေချောမွေ့ပါစီကြောင်းဆုတောင်းပီးပါရေ 🧡
အစစအရာရာဂရုစိုက်ကတ်ပါ၊ အားလုံးသူကိုကျေးဇူးတင်ပါရေ 🧡

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

08/05/2026

အားလုံးသာလီစွပါ 👋👋👋

🌿 Word Power Time! 🌿

အင်္ဂလိပ်စာ လေ့လာရင်း စကားလုံးအသစ်တိကို မှတ်မိဖို့ လိုအပ်နိန်ပါလား ... 🤔 စကားလုံးဝေါဟာရတိကို ကြွယ်ကြွယ်ဝဝအသုံးပြုနိုင်စွာက နိန့်စိုင်လူနိန်မှုဘဝမှာ ဖြိုက်ဖြိုက်၊ဘာသာစကား အသစ်လေ့လာကေ ဖြိုက်ဖြိုက် Power တစ်မျိုးဖြိုက်ပါရေ။

ယင်းတွက် အကျွန်ရို့ WIFI Talks ကနိန် အပတ်စဉ် ပြုလုပ်ပီးနိန်ကျ ECC နှင့် RC မှာအသုံးပြုခရေ Vocabulary တိကို တခေါက်ပြန်လေ့လာရင်း မှတ်မိလွယ်ဇီဖို့ 🌿 Word Power Time! 🌿 ဆိုရေ Session ချေတစ်ခုကို ညီအကိုမောင်နှမရို့အတွက် ထည့်သွင်းပီးထားပါရေ 🤩

အေနိန့်မှာဆိုကေ အောက်မှာ ဖော်ပြပီးထားရေ vocabulary တိနန့် တတူ သူရို့နှင့် ကိုက်ညီဖို့ Sentences ချေတိကို တည်ဆောက်ကြည့်ကတ်ပါမေနန်း .... ။

🔹 Optimize (Verb)
Meaning: To make something as effective, efficient, or perfect as possible.
Example: I try to optimize my study schedule so I can study more efficiently.

🔹 Simplicity (Noun)
Meaning: The quality of being simple, clear, and easy to understand.
Example: Simplicity is important because it helps people understand ideas more easily.

🔹 Realistic (Adjective)
Meaning: Based on what is possible and practical.
Example: You should set realistic goals so you don’t feel overwhelmed or discouraged.

🔹 Resolution (Noun)
Meaning: A strong decision to improve something.
Example: My main resolution this year is to improve my English speaking skills.

မြန်မာပိုင်အဓိပ္ပာယ်တိအနိန်နန့်ကကျကေ-

1. Optimize (Verb) = (တစ်ခုခုကို)
အကောင်းဆုံးဖြစ်အောင်လုပ်သည်။

2. Simplicity (Noun) = ရိုးရှင်းမှု

3. Realistic (Adjective) = လက်တွေ့ကျသော

4. Resolution (Noun) = ဆုံးဖြတ်ချက် (သို့) သန္နိဋ္ဌာန်

အေ vocabulary ချေတိကို ဥပမာပီးထားရေ Sentence တိအပြင် ညီအစ်ကိုမောင်နှမရို့စိတ်ထဲမှာ ထည့်လို့အသုံးပြုချင်ရေ Sentence ချေတိရှိကေ Comment မှာ Share ပီးခပါအုံးနန်း 🤗

အစစအရာရာ ဂရုစိုက်ကတ်ပါ ၊ အားလုံးကို ကျေးဇူးတင်ပါရေ 💚

Join us on Telegram 👉https://t.me/wifitalks

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

08/05/2026

အားလုံးသာလီစွပါ👋👋👋

WIFI Talks ကမျှဝီပီးနိန်ကျဖြိုက်တေ English Conversation Club (ECC) ကနီပြန်လို့ကြိုဆိုလိုက်ပါရေ။ 🤎

👉🏻အေအပတ်အတွက် ညီအစ်ကို‌ေမာင်နှမတိနန့်တူတူ ဆွေးနွေးဖို့ ရွီးချယ်ထားရေ Topic ချေကတော့ကေ “Life Beyond Comfort” ဖြိုက်ပါရေ။

📈“Life begins at the end of your comfort zone” ဆိုရေ quote ကိုလူအများစုကြားဖူးကတ်ဖို့ထင်ပါရေ။ လူတိုင်းမှာ comfort zone ဆိုစော်ရှိပါရေ။

🪤ယင်းချင့်က ကိုယ်နေလို့ အဆင်ပြေရေနေရာ၊ လုံခြုံရေလို့ခံစားရရေအခြေအနေတိ၊ နေ့တိုင်းအကျင့်ဖြစ်နီရေ routines တိပိုင်မျိုးဖြိုက်ပါရေ။

📍Comfort zone ထဲမှာနီရစော်က စိတ်အေးရကေလည်း တစ်ခါတလီမှာ growth နဲ့ opportunities တိကိုတော့ လွတ်လားစီနိုင်ပါရေ။

💠လက်တွိ့မှာတော့ ဘဝမှာ meaningful changes တိ၊ new experiences တိ၊ personal growth တိက comfort zone အပြင်ဘက်မှာပဲ စတင်တတ်ပါရေ။

အသစ်တစ်ခုခုကို စမ်းလုပ်ကြည့်စော်မျိုး၊ လူသစ်တိနဲ့ စကားပြောစော်၊ မလုပ်ဖူးသိရေအရာတိကို ကြိုးစားကြည့်စော်၊ မဟုတ်ကေလည်း ကိုယ့်ကြောက်စိတ်တိကို ရင်ဆိုင်စော်မျိုးတိက initially uncomfortable ဖြစ်နိုင်ပါရေ။

📊ယကေလည်း ယပိုင် moments တိကပဲ ကိုယ့်ကိုပိုသန်မာလာစီပြီးကေ ကိုယ့်အကြောင်းကိုပိုသိလာစီပါရေ။

📖ယင်းနန့်လို့အေကနိန့်မှာ Comfort zone ကဇာလဲ၊ Comfort zone ကထွက်ဖို့ကြိုးစားရေအခြေအနေတိအပြင် Comfort zone အပြင်ဖက်က ကိုယ့်ရဲ့ပြောင်းလဲမှုချေတိကော တခြားညီအစ်ကိုမောင်နှမတိနန့်ပါ အတူတူ တိုးတက်မှုကို ရှာဖွေကတ်ဖို့ အကျွန်ရို့ ECC ကိုဖိတ်ခေါ်လိုက်ရပါရေ။

အကျွန်ရို့ WIFI Talks ECC မှာဆိုကေ

✅ Introduction section

✅ Game Section

✅ Vocabulary & Idiom Sharing Section
✅ Discussion Section

✅ Participate Sharing Section ဆိုပနာ အပိုင်း ၅ပိုင်းပါဝင်ပါရေ။

Section တစ်ခုချင်းစီကို ရင်းနှီးဖော်ရွေရေ Facilitators ချေတိက ပေါ့ပေါ့ပါးပါးနဲ့ Facilitate လုပ်ပီးလားဖို့ဖြိုက်တေအတွက် မဝံ့မရဲဖြိုက်စရာမလိုဘဲ စိတ်ဝင်စားရေအသူမဆို (English ဇာ Level မဆို) လာJoinနိုင်ပါရေနန်း။🤎

အေဂု WIFI Talks ECC ကို

✅ Date- 10.05.2026 (Sunday)

✅ Time- 7:00 PM

✅ Location- Zoom Platformမှာပြုလုပ်လားဖို့ ဖြိုက်ပါရေ။

WIFI Talks' ECC အကြောင်း အသေးစိတ်သိချင်ကေအောက်က link ထဲမှာ လားဖတ်ကြည့်လို့ရပါရေ။

https://www.facebook.com/share/p/gqJbTEQxLtJcpbaS/?mibextid=oFDknk

စိတ်ဝင်စားရေ
ညီအစ်ကိုမောင်နှမတိအနိန်နဲ့ Join ဖို့ Zoom Linkကို Messenger မှာလာယူနိုင်ရေပိုင်
Telegram Channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် Telegram Channelကိုလည်း Join ပီးထားကတ်ဖို့လည်း
အကြံပြုချင်ပါရေ။

https://t.me/wifitalks

အစစအရာရာဂရုစိုက်ကတ်ပါ💚
အားလုံးကို ကျေးဇူးတင်ပါရေ

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

07/05/2026

အားလုံးသာလီစွပါ👋👋👋

အပတ်စိုင်စနိန်နိန့်တိုင်းမှာ စာဖတ်ဝါသနာရှ င်ညီအစ်ကိုမောင်နှမရို့နန့်အတူ စိတ်ဝင်စားဖို့ကောင်းရေ Article တိကို ဆွေးနွေးပနာ English skills တိကို မြှင့်တင်နိန်ကျဖြိုက်တေ Reading Club ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။🥳✨

✅ အေအပတ်အတွက် ညီအစ်ကိုမောင်နှမ ရို့နန့်တတူ ဆွေးနွေးလေ့ကျင့်ဖို့ ရွီးထားရေ ဆောင်းပါးချေက စာရီးဆရာ “John Coleman” က ရီးသားထားရေ ‘3 Things That Won’t Make You Happy’ ဖြိုက်ပါရေ။💭

✨အကျွန်ရို့စော် ဆိုရှယ်မီဒီယာထက်မှာ ထောင်ပေါင်းများ‌စွာရှိရေ လူတိအကြောင်းနဲ့ ကိစ္စအထွေထွေကို ကိုယ့်အရေးကိုယ့်အကြောင်းပိုင် ကိုယ့်တန်ဖိုးဟိရေ အချိန်တိကို ပီးပနာ ဖြုန်းတတ်ကတ်ပါရေ။

✨ဒေကနိန် ပျော်ရွှင်စရာတိ ကိုယ့်ဘဝအတွက် အရေးပါရေအရာတိအပြင် မလိုလားရေ negative အရာတိကိုလေ့ ရဖို့ဆိုစော် မလွဲမသွေယာဖြိုက်ပါရေ။ ဒေပိုင် artificial dopamine က ရရေ ပျော်ရွှင်မှုဆိုစော် ရကေလေ့ ကြာရှည်မခံနိုင်ပါ။ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတိပါ တစ်ပါတည်း ဝင်ရောက်လာနိုင်ပါရေ။

✨ဒေပိုင်ဖြိုက်နိန်ရေ အကျွန်ရို့တိ နိန့်စိုင်ဘဝကို ဇာအရာတိက စစ်မှန်ရေ ပျော်ရွှင်မှုဆိုစော်အရာကို ရယူလားလေဆိုစော်ကို အချက် သုံးချက်နဲ့ဆွေးနွေးထားပါရေ။

✨ဒေဆောင်းပါးချေကိုဖတ်ဗြီးကေ လူတိအနိန်နဲ့ စစ်မှန်ရေ ပျော်ရွှင်မှုဆိုစော်ကို ဇာပိုင်ရှာဖွေရဖို့လေ့ဆိုစော်ကို အကျွန်ရို့ တတူ ဖော်ထုတ်အဖြေရှာကြည့်ကတ်ပါဖို့ ဖိတ်ခေါ်ပါရေ👋

Article Title - 3 Things That Won’t Make You Happy
Article Link - https://docs.google.com/document/d/1kYKDsJ9ZnTDxhJJpDtyLDVFqacQp5WSvkurRe8ncU3g/edit?usp=drivesdk

အကျွန်ရို့ Reading Club မှာဆိုကေ Introduction နန့် Game Session တိပါဝင်ရေအတွက်ကြောင့်နန့် Networking လည်းလုပ်ရဖို့ဖြစ်ပြီးကေ Discussion နန့် Sharing Session တိမှာ ကိုယ့်အမြင်တိကို ဝီမျှပနာ Reading Skill ကိုမြှင့်တင်ကတ်ပါဖို့။🤩

✳️Reading Club ကို Join ဖို့ဆို​ကေ အထက်မှာ​ဖော်ပြထား​ရေ Article link ကိုဝင်ပနာ ကြိုဖတ်လာဖို့လိုပါ​ရေနန်း။👆

🔰Date- 9.5.2026 (Saturday)

🔰Time- 7:00 PM

🔰Location- Zoom Platform

WIFI Talks' RCအ​ကြောင်း အ​သေးစိတ်သိချင်​ကေ​အောက်က link ထဲမှာ လားဖတ်ကြည့်လို့ရပါ​ရေ။⬇️

https://www.facebook.com/share/p/1CsQRHQ5Yh/

စိတ်ဝင်စားရေ ညီအစ်ကိုမောင်နှမတိအနိန်နဲ့ Join ဖို့ Zoom Linkကို Messenger မှာလာယူနိုင်ရေပိုင် Telegram Channel မှာလေ့ တင်ပီးလားဖို့ဖြိုက်တေအတွက် Telegram Channelကိုလည်း Join ပီးထားကတ်ဖို့လည်း အကြံပြုချင်ပါရေ။

👉 https://t.me/wifitalks👈

အစစအရာရာ ဂရုစိုက်ကတ်ပါ ၊ အားလုံးကို ကျေးဇူးတင်ပါရေ 💚

WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

03/05/2026

အားလုံးသာလီစွပါ👋👋👋

အပတ်စိုင် တင်ပီးနိန်ကျဖြိုက်တေ WIFI Talks’ quiz session ကနိန်ပြန်လို့ကြိုဆိုလိုက်ပါရေ။🙌

စာပီသမိုင်းမှာ အကျော်ကြားဆုံးဂန္ဓဝင်မြောက် ဝတ္ထုတိထဲက တစ်ခုဖြိုက်တေ ‘Romeo and Juliet’ ကို မသိရေလူရှိကတ်ဖို့မဟုတ်လို့ထင်ပါရေ။ ရုပ်ရှင်အဖြိုက်နန့် ထွက်လာခါလေ့ လူတိဘားကအားပီးမှုတိ တပျင်းရခရေ အေဝတ္ထုကို အသူရီးသားခစော်လဲ သိကတ်ပါလား။👩‍❤️‍👨

သိရေဆိုကေ ကိုယ့်အဖြေချေကို အောက်က comment မှာ ဖြေပီးခကတ်ပါနန်း။

Who wrote Romeo and Juliet?

A) Charles Dickens

B) William Shakespeare

C) Jane Austen

D) Mark Twain

အ​ဖြေမှန်ကို ဗုဒ္ဓဟူးနိန့်တိုင်း comment မှာ တင်ပီးလားဖို့ဖြိုက်လို့ လာတိုက်ကြည့်ဖို့မမိန့်ကတ်ပါ​ကေ့နန်း။ မှားမှားမှန်မှန် ဗဟုသုတတိုးဖို့အကြာင်းအရာချေဖြိုက်လို့ ကိုယ်ထင်ရေအဖြေကို comment မှာချရေးခကတ်ပါ။🤩

အစစအရာရာ ဂရုစိုက်ကတ်ပါ💚 ၊ အားလုံးကို ကျေးဇူးတင်ပါရေ

Join us on Telegram
https://t.me/wifitalks
WIFI Talks : Where I Feel Inclusive
WIFI Talks : Youth Talks

Want your organization to be the top-listed Non Profit Organization in Sittwe?
Click here to claim your Sponsored Listing.

Website

Address


Sittwe