Nyan Lin Kyaw's Notes
ကျွန်တော့်အတွေး၊ ကျွန်တော့်အသိ၊ ကျွန်တော်ဖတ်မှတ်လေ့လာထားတာတွေကို မျှဝေသွားမယ့် Page လေးဖြစ်ပါတယ်
ဒီနေ့မှာတော့ Learning & Research ပိုင်းမှာ အစွမ်းထက်တဲ့ Claude AI ကို စမ်းသုံးကြည့်ကြပါမယ်
Claude AI အတွက် ကျွန်တော်တို့က ကျွန်တော်တို့လိုချင်တဲ့ အကြောင်းအရာကို တိတိကျကျရနိုင်ဖို့ အောက်ပါ (၄) ချက်ကိုထည့်သုံးဖို့လိုပါမယ်
1. Goal (ကိုယ်ဘာလိုချင်တာလဲ)
2. Context (AI ကနေသိဖို့လိုအပ်တဲ့ နောက်ခံအကြောင်းတရားတွေ)
3. Constraints (ဘာစည်းမျဥ်းတွေ လိုက်နာဖို့လိုသလဲ)
4. Format (ကိုယ်လိုချင်တဲ့ Output ပုံစံ)
ပြီးရင်ကိုယ့်ရဲ့ Draft အကြမ်းထည်ကိုထည့်လိုက်ပါ
ChatGPT ကို ထိရောက်စွာသုံးနိုင်ဖို့
တစ်နေ့တာအတွက် ဒီ prompt လေးတစ်ခုစမ်းကြည့်လိုက်ပါ
Show me five problems you can solve for me today that will save me time or make my day easier. Then explain how you would solve each one.
ပြီးရင်ကိုယ့်အတွေ့အကြုံလေးတွေ comment မှာ မျှဝေပေးခဲ့ပါဦးခင်ဗျ
02/08/2025
ဘာလို့ ကျွန်တော်တို့တွေ စာမေးပွဲဖြေရတဲ့ အိပ်မက်တွေ မက်ကြတာလဲ?
လူတော်တော်များများ ဒီလိုအိပ်မက်မျိုးမက်ဖူးကြမှာပါ။
ပြီးတော့ အဲလိုမက်လိုက်တိုင်းလည်း ဘယ်တုန်းကမှ စာမေးပွဲကိုအောင်မြင်အောင် မဖြေနိုင်ပါဘူး။
အိပ်မက်ထဲမှာ စာမေးပွဲနီးမှ စာမေးပွဲခန်းထဲရောက်သွားတာမျိုး၊ မေးခွန်းတွေဘာမှမဖြေနိုင်တာမျိုး၊ ဘောပင်မေ့ကျန်ခဲ့တာမျိုး စတဲ့အလွဲလွဲအချော်ချော်တွေဖြစ်တတ်ကြပါတယ်။
ဒါဆို ဒီအိပ်မက်မျိုးက ဘာကြောင့်မက်တာလဲ?
ပုံမှန်ရိုးရိုးအိပ်မက်တစ်ခုပဲလား?
ဒါမှမဟုတ် နောက်ကွယ်ကအကြောင်းအရင်းတစ်ခုရှိနေလား?
ဆိုတာတွေကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
— ဘာလို့ ဒီလိုအိပ်မက်တွေမက်တာလဲ?
ဘာလို့လဲဆိုတော့ ဒီအိပ်မက်တွေက ကျွန်တော်တို့ မသိစိတ်ရဲ့ ရောင်ပြန်ဟပ်မှုအခြေအနေဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ စာမေးပွဲတွေဖြေရတဲ့အခါ ဖြစ်လေ့ရှိတဲ့ စိတ်ဖိစီးမှု အခြေအနေကို ဦးနှောက်ကနေ မသိစိတ်ထဲမှာ မှတ်ထားပါတယ်။
ဒါကြောင့် ဒီလိုစိတ်ဖိစီးမှုရှိနေတဲ့ အခြေအနေတစ်ခုရောက်တဲ့အခါ အိပ်နေတဲ့အချိန် ဦးနှောက်ရဲ့ မသိစိတ်ကနေ ကျွန်တော်တို့ဟာ စာမေးပွဲဖြေနေရပြီလို့ ဘာသာပြန်ဆိုလိုက်တာကြောင့် အိပ်မက်ထဲမှာ ကျွန်တော်တို့ဟာ ကိုယ်တိုင်တောင်မသိလိုက်ပဲ စာမေးပွဲတစ်ခုဖြေရမယ့်အခြေအနေကို ရောက်သွားပါတော့တယ်။
— ဘယ်လိုအခြေအနေမျိုးမှာ ဒီအိပ်မက်မျိုးတွေမက်လဲ
ကျွန်တော်တို့အနေနဲ့ လုပ်ငန်းခွင်အတွင်းမှာဖြစ်ဖြစ်၊ အခြေအနေတစ်ခုမှာဖြစ်ဖြစ် စိတ်ဖိစိီးမှုတွေရှိနေတဲ့အခါ ဒီအိပ်မက်မျိုးတွေမက်လေ့ရှိကြပါတယ်။
ဥပမာ - ကိုယ်ကလုပ်ငန်းခွင်မှာ position အသစ်၊ တာဝန်အသစ်တွေ ယူရတဲ့အခြေအနေမျိုး၊ ကိုယ်က ကြိုးစားပြနေရတဲ့ အခြေအနေမျိုးတွေမှာ ဒီအိပ်မက်မျိုးတွေမက်လာလေ့ရှိပါတယ်။
— ဘာလို့ ကျွန်တော်တို့ အိပ်မက်ထဲက ဒီစာမေးပွဲကို မဖြေနိုင်ကြတာလဲ
ဒါကတော့ ကျွန်တော်တို့ရဲ့ Self Doubt လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို မသိစိတ်မှာ သံသယဝင်နေမိလို့ဖြစ်ပါတယ်။
ကိုယ့်စိတ်ထဲမှာ ကိုယ်ကြံုနေရတဲ့ ပြဿနာတွေ၊ အခြေအနေတွေကို ဖြေရှင်းနိုင်ပါ့မလား စတဲ့ စိုးရိမ်ကြောင့်ကြမှုကြောင့်ဖြစ်ပါတယ်။
ပြီးတော့ ကိုယ်ကအရမ်းကို perfect ဖြစ်ချင်တတ်တဲ့ စိတ်ရှိနေရင်လည်းဖြစ်တတ်ပါတယ်။
ဆိုတော့ ဒီအိပ်မက်မျိုးမက်တာက ကျွန်တော်တို့အတွက် ကျွန်တော်တို့ရဲ့ အတွင်းစိတ်ကို ထင်ဟပ်ပြသတဲ့ ပုံမှန်အခြေအနေတစ်ခုသာဖြစ်ပါတယ်။
ပြီးတော့ ကိုယ့်ရဲ့အိပ်မက်အသေးစိတ်အပေါ်မူတည်ပြီး ကိုယ့်ရဲ့ အတွင်းစိတ်အခြေအနေကိုဆုံးဖြတ်နိုင်ပါတယ်။
အဲတော့ ကိုယ့်ကိုယ်ကိုလည်း သံသယစိတ်တွေမထားပါနဲ့ အချိန်တစ်ခုရောက်ရင် ပြဿနာတွေဟာ အဆင်ပြေသွားမှာပါ။
မိတ်ဆွေတို့လည်း ဒီလိုအိပ်မက်မျိုးတွေ ဘယ်လိုပုံစံမျိုးတွေမက်ဖူးကြလဲ comment မန့်ခဲ့ကြပါဦး
အဲဒီအချိန်မှာ မိတ်ဆွေတို့ရဲ့ မသိစိတ်အခြေအနေဟာဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်ပြောကြည့်ပေးပါမယ်။
Nyan Lin Kyaw
08/12/2024
Event & Process
လူတစ်ယောက်အောင်မြင်မှုတစ်ခုခု ဒါမှမဟုတ် ကြွယ်ဝမှုတစ်ခုခုကိုချပြလိုက်တဲ့အခါ ကျွန်တော်တို့တွေအနေနဲ့ မိုက်လိုက်တာ၊ တော်လိုက်တာ၊ ကံေကာင်းလိုက်တာဆိုပြီး အားကျမိတတ်ကြတယ်။
ဒါကို Event လို့ခေါ်တယ်။
ဒီ Event ကိုလူတွေသိပ်ကြိုက်တတ်ကြတယ်။
Motivational Speaker တွေက Event ကိုပဲ အသုံးချကြတာများတယ်။
"ရခဲလှတဲ့ လူဘဝတောင်ရနေပြီပဲ အောင်မြင်မှုဆိုတာ ခင်ဗျားအတွက်ပဲ" လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့စိတ်တွေတက်ကြွသွားကြတယ်။
ဒါပေမယ့်သေချာစဉ်းစားကြည့်ရင် အဲဲဒီ အောင်မြင်မှုဆိုတာကိုရောက်နိုင်ဖို့ သွားရမယ့်ခရီးကအဝေးကြီး။ အခက်အခဲတွေ၊ ပြဿနာတွေလည်းများစွာဖြေရှင်းရဦးမှာ။
ဒါကြောင့် ကျွန်တော်တို့တွေရဲ့ Motivation က အချိန်အကြာကြီးမခံတာပဲ။
ဒါကြောင့် ဒီလို Event တွေကိုဖြစ်လာစေဖို့ ဖြတ်သန်းလာခဲ့ရတာတွေကိုတော့ Process လို့ခေါ်ပါတယ်။
ကျွန်တော်တို့တွေ စိတ်မဝင်စားဆုံးအပိုင်းက ဒီ Process အပိုင်းပဲ။
ဒါပေမယ့် ဒီ Process မရှိရင် ဒီ Event ကလည်း ဖြစ်မလာနိုင်ဘူးဆိုတာသေချာမှတ်ထားရမယ်။
ဒါကြောင့်အရေးကြီးတာက Process ပဲ။
ကိုယ်က English ကျွမ်းကျင်တဲ့ Event ကို လိုချင်လား?
English စာအတွက် သေချာအားထုတ်ပြီးလေ့ကျင့်တဲ့ Process ကို လုပ်ရမယ်။
ကိုယ်က ချမ်းသာကြွယ်ဝတဲ့သူဖြစ်ချင်လား?
ကိုယ့်ကို ဝင်ငွေများများရှာပေးနိုင်တဲ့ အလုပ်တွေကို တည်ဆောက်တဲ့ Process ကိုလုပ်ရမယ်။
ကိုယ်က Process ကို သွားမကြိုးစားပဲ Event ကိုသွားဖန်တီးရင်တော့ အယောင်ဆောင်ပဲဖြစ်လာလိမ့်မယ်။
ဥပမာ ကိုယ်က ငွေကြေးချမ်းသာပြီး Branded တွေသုံးနိုင်တဲ့ သူဌေးတစ်ယောက်လို Event မျိုးပြချင်တယ်ဆိုပါစို့။
ကိုယ့်မှာ ဒီအခြေအနေအတွက် လိုအပ်တွေ Process တွေမလုပ်လာခဲ့ရဘူးဆိုရင်
ကိုယ်ဟာ သူဌေးဟန်ဆောင်တာပဲဖြစ်လိမ့်မယ်။ ကြာလာရင် သူဌေးဟန်ဆောင်ရင်း ငမွဲဖြစ်မဲ့ဘဝထဲရောက်သွားမှာပဲ။
Marketing သမားတွေဟာ ဒီ Event တွေနဲ့လည်း စားသုံးသူတွေကို ဆွဲဆောင်တတ်ကြတယ်။
နာမည်ကြီး High Class ဘားတစ်ခုကိုသွားတယ်ဆိုပါစို့။
ကားပေါ်ကတောင်မဆင်းရသေးခင်မှာပဲ ဆိုင်ဝန်ထမ်းက ကားတံခါးကိုဖွင့်ပေးလိမ့်မယ်။
ဝင်ဝမှာလည်း ဧည့်ကြိုကောင်မလေးချောချောလေးတွေက တံခါးလေးတွေဖွင့်ပေးပြီး အပြုံးချိုချိုနဲ့ ကြိုဆိုနေကြလိမ့်မယ်။
ဘားမှာထိုင်တဲ့အခါလည်း အနားမှာဘာလိုလိုအဆင်သင့် ကိုယ်တိုင်ဘာမှလုပ်စရာမလိုပဲ တကယ်ကို ဘုရင်တစ်ပါးလို ပြုမူဆက်ဆံကြလိမ့်မယ်။
ဒီလိုအတွေ့အကြုံတွေဟာ ကျွန်တော်တို့အတွက် တကယ် မက်လောက်စရာတစ်ခုမဟုတ်ပေဘူးလား။
ကိုယ်ဆေးလိပ်သောက်မယ်ဆိုရင်တောင် စားပွဲထိုးချောချောလေးက မီးညှိပေးတဲ့ Feeling က ဘယ်လိုပုထုဇဉ်မျိုးက လွန်ဆန်နိုင်ပါ့မလဲ။
ဒါပေမယ့် ဒီ အတွေ့အကြုံမျိုးကတာရှည်ခံလားဆိုမခံပါဘူး။
အချိန်တန်လို့ အိမ်ပြန်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝကိုပဲပြန်ရောက်တာပဲလေ။
ဒီအချိန်မှာ ကိုယ်ပြန်သွားရတဲ့ဘဝက ကိုယ်ပိုက်ဆံပေးပြီးရခဲ့တဲ့ ခဏတာဘဝနဲ့ မိုးနဲ့မြေလိုကွာခြားနေတယ်ဆိုရင် သွားပြီပေါ့။
ဘာလို့ဆို အဲဒီခဏတာဘဝလေးကိုသာယာမိလို့ အဲဒီအတွေ့အကြုံကို ခံစားနိုင်ဖို့ ခဏခဏ ကိုယ်ကသွားနေမိပြီဆိုရင် တကယ်အဲဒီဘဝကိုရောက်နိုင်ဖို့ ကိုယ့်ရဲ့ အချိန်တွေ၊ ငွေကြေးတွေကိုပေးဆပ်လိုက်ရတော့မှာပဲ။
ကိုယ်ကတော့ ဒုံရင်းမှာဒုံရင်းဖြစ်နေချိန်မှာ ကိုယ့်ငွေတွေကို ယူသွားတဲ့သူကတော့ ကိုယ်တကယ်လိုချင်တဲ့ ဘဝကို ခံစားနေကြပြီ။
ဘာလို့ဆိုသူတို့မှာ Process ရှိခဲ့လို့ပဲ။
မြန်မာစကားပုံတစ်ခုတောင်ရှိပါသေးတယ်။
လဖက်ကောင်းစားချင်တဲ့ Event ကိုရချင်ရင် ပလောင်တောင်တက်နှေးရမယ်ဆိုတဲ့ Process ကိုသွားရမယ်ဆိုတာပဲဖြစ်ပါတယ်။
10/11/2024
လူတစ်ယောက်ဟာ သူ့ဘေးမှာဘယ်သူတွေနဲ့ဝန်းရံထားလဲဆိုတာအရေးကြီးတယ်
ဘဝမှာကိုယ့်ကိုယ်ကို သဘောကျမိတဲ့အချက်တွေထဲက တစ်ခုက ဘယ် Celebrity ကိုမှ Worship မလုပ်တတ်တာပဲ။
ကိုယ် Worship လုပ်တာဆိုလို့ ဘုရား၊တရား၊သံဃာ (သံဃာတောင်မှ တကယ် အကျင့်သီလနဲ့ပြည့်စုံတဲ့သံဃာ)၊ မိဘ၊ဆရာပဲရှိတယ်။
ဒါတောင်မှ စုံလုံးကန်းပြီး ဘာပြောပြောယုံကြည်လက်ခံနေတာမျိုးမဟုတ်ဘူး
Celebrities, အနုပညာရှင်တွေကို သူတို့ရဲ့အနုပညာအရည်အချင်းတွေကိုမူတည်ပြီးတော့ သဘောကျတယ်၊ လေးစားတယ်။
ဒါပေမယ့်သူတို့ပြောသမျှ၊ လုပ်သမျှမှန်တယ်၊ ယုံကြည်တယ်လို့မရှိဘူး။
သဲသဲလှုပ် မျက်ရည်တွေထွက်ပြီးလည်း အားမပေးတတ်ဘူး။
Tiktok မှာ Video တစ်ပုဒ်တွေ့လိုက်တယ်။
Kamala Harris ဟာ ဒီနှစ်ရွေးကောက်ပွဲမှာ အနိုင်မရနိုင်တာတော့သူခန့်မှန်းမိတယ် ဒါပေမယ့် လုံးဝသေချာသွားတာကတော့ Cardi B ကို စင်ပေါ်မှာ စကားတက်ပြောခိုင်းတဲ့ အချိန်အခါမှာပဲတဲ့။
ဘာလို့ဆို လူတစ်ယောက်ဟာ သူ့ဘေးမှာ ဘယ်သူတွေနဲ့ ဝန်းရံထားလဲဆိုတာအရေးကြီးတယ်လို့သူကပြောတယ်။
ကိုယ်က ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံးနေရာကို တာဝန်ယူမယ့်လူတစ်ယောက်အနေနဲ့ Cardi B လိုတစ်ယောက်ကို စကားတက်ပြောခိုင်းတာမှားတာပဲတဲ့။
Cardi B ဟာ သူ့အလုပ်ဖြစ်တဲ့ အဆိုပိုင်းမှာတော်ချင်တော်မယ်၊ ဒါပေမယ့် ဒါဟာ သူမ မကျွမ်းကျင်တဲ့၊ သူမနဲ့မဆိုင်တဲ့နေရာတစ်ခုသာဖြစ်ပါတယ် လို့သူကဆိုတယ်။
ကျွန်တော်ကတော့ ဆက်ပြီးစဉ်းစားမိတယ်။ Cele တစ်ယောက်ယောက်က ဒါကောင်းပါတယ်ဆိုလို့ ဖန်တွေအားလုံးက အကုန်လိုက်ကောင်းနေကြမယ်ဆိုရင် ဒီကမ္ဘာကြီးဟာ တော်တော် အန္တရာယ်များတယ်ဆိုတာပါဘဲ။
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Address
Sittwe
07091