The Akyab Post
Akyab Post is set up to represent the voices and situations of diverse communities living in Rakhine.
The Akyab Post is a joint media enterprise that was established on April 23, 2023 and is managed by a group of experienced and inspiring individuals with backgrounds in journalism and writing. It is set up to represent the voices and situations of diverse communities living in Rakhine.
15/10/2025
◾️ဟားခါးမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးဆိုသည့် သတင်းမှား
The Akyab Post/ The Red Flag
Fact−check
15 Oct 2025
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာရှိတဲ့ ဗန်ဟာရွာကျေးရွာက စာသင်ကျောင်းမှာ ချင်းတော်လှန်ရေးတပ်တွေ နေထိုင်နေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုမှာ တော်လှန်ရေးအဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ အခုရက်ပိုင်း စစ်ကော်မရှင်ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “Ka Ka Han” ချန်နယ်ကနေ အောက်တိုဘာလ ၁၃ ရက်နေ့မှာ “ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းထဲမှာ ချင်းအမျိုးယုတ် PDF အကြမ်းဖက်တွေ ရောက်ရှိခိုအောင်း စုဖွဲ့ပြင်ဆင်နေကြောင်း ဒေသခံပြည်သူတွေရဲ့ သတင်းပေးချက်အရ ဗုံးကြဲချေမှုန်းရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်...ချင်းအမျိုးယုတ် PDF အကြမ်းဖက်တွေ ထိခိုက်သေဆုံးကုန်ပြီဆိုတော့ ပြည်ဖျက်အကြမ်းဖက်အားပေးမီဒီညာတွေက ထုံးစံအတိုင်း မဟုတ်မမှန် လိမ်ညာရေးသားပြောဆိုပြီး အူကြဟောင်ကြပြန်ပြီပေါ့” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 “Ka Ka Han” - https://archive.ph/rQH2x
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးတဲ့ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူပေါင်း ၂.၁၇k ရှိပြီးတော့ reaction ပေးသူ ၄၃ ဦးနဲ့ အခြား စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
📌 ဆက်စပ်သတင်းမှားလင့်ခ် - https://archive.ph/3BW6z
📌 ဆက်စပ်သတင်းမှားလင့်ခ် - https://archive.ph/fNoHr
ပျံ့နှံ့နေတဲ့ ဟားခါးမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးဆိုပြီး ရေးသားထားကြတဲ့ ပို့စ်တွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့ အခါမှာ စစ်ကော်မရှင်ဖက်ကနေ လေကြောင်းတိုက်ခိုက်ခဲ့တာဟာ မူလတန်းစာသင်ကျောင်းတစ်ခုဖြစ်ပြီးတော့ သေဆုံးသူတွေဟာလည်း အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးသာ ဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိတဲ့ ကလေးသူငယ်တွေလည်း အများအပြားရှိတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
▪️သတင်းစိစစ်ချက်
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို Google မှာ “ချင်းပြည်နယ် ဗန်ဟာ” ဆိုတဲ့ Keywords နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ချင်းဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ “Khonumthung” သတင်းဌာနကနေ အောက်တိုဘာလ ၁၃ ရက်နေ့မှာ “ဟားခါးမှာ မူလတန်းကျောင်းကို စစ်တပ်က ဗုံးကြဲ၍ ကလေးငယ် ၂ ဦးသေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူ များပြား” ဆိုတဲ့ သတင်းကို တွေ့ရှိရပါတယ်။
“Khonumthung” သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ဟားခါးမြို့နယ် Vanha ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းကို စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီခွဲအချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် မူလတန်းကျောင်းသား ၂ ဦး သေဆုံးပြီး ကလေးငယ် အများအပြား ထိခိုက်ဒဏ်ရာ ရရှိကာ တချို့ကလေးငယ်တွေမှာဒဏ်ရာ ပြင်းထန်မှု ရှိပြီးတော့ အရပ်သားမိဘပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 “Khonumthung” သတင်းအပြည့်အစုံ - https://bitly.cx/CTA6Y
ဒါ့အပြင် ဒီသတင်းကိုပဲ အခြားချင်းဒေသတွင်း သတင်းမီဒီယာတွေဖြစ်ကြတဲ့ Zalen သတင်းဌာနနဲ့ Chin World သတင်းဌာနတွေကနေ အောက်တိုဘာလ ၁၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်ကနေ ဟားခါးမြို့နယ်၊ ဗန်ဟာကျေးရွာက စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ် ၂ ဦးသေဆုံးပြီး ထိိခိုက်ဒဏ်ရာရရှိတဲ့ ကလေးငယ်တွေနဲ့ ပြည်သူအများအပြားရှိကြတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
🔗 Zalen - https://bitly.cx/LGcFT
🔗 Chin World - https://bitly.cx/wVhos
အခြားပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Myanmar Now ကနေလည်း ဟားခါးမြို့နယ်မှာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ “မြို့တော် ဟားခါးတွင် စာသင်ကျောင်းဗုံးကြဲခံရ၊ ကျောင်းသားလေး၂ ဦး သေဆုံး” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Myanmar Now - https://bitly.cx/ByITi
▪️ သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ဟားခါးမြို့နယ်က စာသင်ကျောင်းအပေါ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးတာဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ကြဘဲ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်တွေသာ ဖြစ်ကြပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့အထဲမှာလည်း ကလေးငယ်တွေအများအပြားပါဝင်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကော်မရှင်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဆက်စပ်နေပါတယ်ဆိုပြီး လိုသလို ပုံဖော်ပြီး ရေးသားဖော်ပြလေ့ရှိပါတယ်။
လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်လျက်ရှိပြီးတော့ ဒီကျူးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://bitly.cx/ahf2
https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post
10/10/2025
◾️မင်းတပ်မြို့နယ်ရှိ အေအေရဲ့စခန်းကို လေကြောင်းမှနေ တိုက်ခိုက်ဆိုကာ သတင်းမှားဖြန့်
Akyab Post- The Red Flag
Fact Check
10 Oct 2025
ချင်းပြည်၊ မင်းတပ်မြို့နယ်က အေအေရဲ့စခန်းကို လေကြောင်းမှနေ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အေအေ တပ်သားတွေနဲ့ ချင်းတော်လှန်ရေးတပ်သားတွေ သေဆုံးမှုရှိတယ် ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ “မှိုင်းဝေ” ချန်နယ်ကနေ အောက်တိုဘာလ ၉ ရက်နေ့မှာ “မင်းတပ်မြို့နယ်အတွင်းမှာ မူးယစ်ဂိုဏ်း အကြမ်းဖက် AA စခန်းကို ဗုံးကြဲရှင်းလင်း။ အကုန်ပြာကျ” ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 “မှိုင်းဝေ” - https://archive.ph/RxzYl
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၁၂K ထိရှိပြီးတော့ reaction ပြုလုပ်သူ ၄၀၇ ဦးထိရှိပြီးတော့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ View of Sue Myanmar National Post Western 24 News ချန်နယ်တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
📌 View of Sue - https://archive.ph/wCOOh
📌 Myanmar National Post - https://archive.ph/YTorx
📌 Western 24 News - https://archive.ph/8SNGu
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ မင်းတပ်မြို့နယ်မှာ အေအေရဲ့စခန်းကို လေကြောင်းနဲ့ တိုက်ခိုက်ရမှာ အေအေတပ်ဖွဲ့ဝင်တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေ သေဆုံးဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာတွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တာဟာ အေအေစခန်းမဟုတ်ဘဲ၊ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၂ မှ ၀မ္မသူးစာသင် ကျောင်း နဲ့ တိုက်နယ်အမှတ် ( ၃ )က ထင်ချောင်း( ကြက်ဉတင်) ၊စာသင်ကျောင်း ၀န်းရှိ RC ဘုရားကျောင်း တို့ကို ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့အထဲမှာ ကျောင်းသားတွေနဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦးပါ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိရပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ မင်းတပ်မြို့နယ်မှာ အေအေရဲ့စခန်းကို လေကြောင်းနဲ့ တိုက်ခိုက်ဆိုတဲ့ အကြောင်းအရာကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့် ချန်နယ်တွေကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ချင်းပြည်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Khonumthung ကနေ အောက်တိုဘာလ ၉ ရက်နေ့မှာ “မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
Khonumthung သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးတော့၊ ဝမ္မသူးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းဆောင်ပျက်စီးသွားပြီးတော့၊ ထင်ချောင်းရွာက RC ဘုရားကျောင်းဝန်းထဲရှိ ဘော်ဒါဆောင်ကို ဗုံးကြဲရာမှာ အရပ်သားပြည်သူများ သေဆုံးပြီး ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။
🔗 Khonumthung သတင်းဌာနရဲ့ သတင်းအပြည့်အစုံ -
https://bitly.cx/34UU
ဒါ့အပြင် ဒီသတင်းကိုပဲ ချင်းပြည်အခြေစိုက် Zalen သတင်းဌာနကနေ အောက်တိုဘာလ ၉ ရက်နေ့မှာ “ချင်းပြည်နယ် တောင်ပိုင်း ၊မင်းတပ်မြို့နယ် အတွင်း ရှိ စာသင်းကျောင်း နှစ်ကျောင်းကို မနေ့က အောက်တို ဘာ ၈ ရက်၊ ၇ နာရီ၀န်းကျင်မှာ စစ်ကောင်စီလေ ကြောင်းတိုက်ခိုက်မှုကြောင့် မသန်စွမ်းအမျိုးသမီး ၁ ဦးအပါအ၀င် ကျောင်းသား ၃ ဦး သေဆုံးပြီး ၊ ဒဏ်ရာရသူ ၁၂ ဦး ၀န်းကျင်ရှိတယ်လို့” ရေးသားဖော်ပြထားပါတယ်။
🔗 Zalen သတင်းဌာနရဲ့ သတင်းအပြည့်အစုံ - https://bitly.cx/Yjrav
အခြားပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေလည်း စက်တင်ဘာလ ၉ ရက်နေ့မှာ “အောက်တိုဘာ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ မင်းတပ်မြို့နယ် ထင်ချောင်းရွာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး RC ဘုရားကျောင်းဝင်းထဲရှိ စစ်ရှောင်စခန်းက စာသင်ကျောင်းကို ဗုံးကြဲချခဲ့တဲ့အတွက် ၁၀ တန်းကျောင်းသား ၃ ယောက်နဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့တဲ့အပြင် ဝမ္မသူးရွာ စာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 DVB သတင်းဌာနရဲ့ သတင်းအပြည့်အစုံ https://bitly.cx/qDJW
▪️သုံးသပ်ချက်
စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ မင်းတပ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးတာဟာ အေအေရဲ့စခန်းမဟုတ်ဘဲ စာသင်ကျောင်းတွေဖြစ်နေပြီးတော့ ထိခိုက်သေဆုံးသူတွေဟာလည်း ကျောင်းသား ၃ဦးနဲ့ မသန်စွမ်းအမျိုးသမီးတစ်ဦး ဖြစ်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကော်မရှင်ရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကော်မရှင်ဟာ မြန်မာတစ်နိုင်ငံလုံးအနဲ့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို ဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://bitly.cx/ahf2
https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post
05/10/2025
◾️ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက အုပ်စုဖွဲ့မုဒိန်းကျင့်မှု ကျုးလွန်သူမှာ ရခိုင်လူမျိုးများဖြစ်ကြောင်း သတင်းမှားဖြန့်
Akyab Post- The Red Flag
Fact Check
5 Oct 2025
ယခုရက်ပိုင်း Facebook စာမျက်နှာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသမှာ ဖြစ်ခဲ့တဲ့ အုပ်စုဖွဲ့ မုဒိန်းကျင့်မှုကို ကျုးလွန်သူတွေဟာ ရခိုင်လူမျိုးတွေ ဆိုပြီးတော့ ရေးသားထားတဲ့ အကြောင်းအရာဟာ ပျံံ့နှံ့လျက်ရှိပါတယ်။
Facebook ပေါ်မှာ သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေဖြန့်လေ့ရှိတဲ့ “Ko Chay” page ကနေ အောက်တိုဘာလ ၁ ရက်နေ့မှာ “(၁၂)အရွယ်ကျောင်းသူလေးကို မု-ဒိ-န်-မှုကြူးလွန်ခဲ့တာ ရခိုင်လူမျိုးတွေဖြစ်နေတယ်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ဗီဒီယိုနဲ့ တကွ ရေးသားဖြန့်ဝေ ထားပါတယ်။
📌 Ko Chay. - https://archive.ph/Cw1G7
Ko Chay Page ကနေ ဖြန့်ချိထားတဲ့ ပို့စ်ကို Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၅ ရက်နေ့အထိ reaction ပြုလုပ်သူ ၁.၄ k ၊ Comment ပေးသူ ၂၂၂ ဦးနဲ့ Share ပြုလုပ်သူ ၄၆၆ ဦးထိ ရှိပြီးတော့ Facebook ပေါ်မှာ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
Facebook စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသမှာ ၁၂ နှစ်အရွယ် ကျောင်းသူကို အုပ်စုဖွဲ့ မုဒိန်းမှုကျုးလွန်သူဟာ ရခိုင်လူမျိုး မဟုတ်ဘဲ ဘင်္ဂလီလူမျိုးဖြစ်နေကာ၊ Ko Chay page ဟာ လူမျိုးရေးကို အကြောင်းပြုပြီး အမုန်းစကားနဲ့ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
Facebook စာမျက်နှာမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက အုပ်စုဖွဲ့မုဒိန်းကျင့်မှု ကျုးလွန်သူဟာ ရခိုင်လူမျိုးတွေဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
“စစ်တကောင်း မုဒိန်းမှု” ဆိုတဲ့ Keywords နဲ့ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေ အောက်တိုဘာလ ၂ ရက်နေ့မှာ “စစ်တကောင်းဒေသက လူနည်းစု ရခိုင်မျိုးနွယ်စုဝင်များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ” ဆိုပြီးတော့ ရေးသားထားတာကို တွေ့ရပါတယ်။
🔗 DVB သတင်းအပြည့်အစုံ - https://bitly.cx/uJFA
ဒါ့အပြင် ဒီဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ သတင်းကိုလည်း ပြည်တွင်း သတင်းဌာနတစ်ခု Narinjara ကနေလည်း စက်တင်ဘာလ ၂၇ ရက်နေ့မှာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်တောင်တန်းနယ်၊ ခါကာဆိုရီခရိုင်တွင် ရခိုင်မျိုးနွယ်စုဝင်လူနည်းစု မရမာအမျိုးသမီးငယ် ရှစ်တန်းကျောင်းသူတစ်ဦးအား ဘင်္ဂလီလူငယ်သုံးဦးက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုဖြစ်ပွားပြီးနောက် ဆူပူမှုများ ပေါ်ပေါက်လာသဖြင့် စနေနေ့မွန်းလွဲ ၂ နာရီမှစတင်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိသည်။” ဆိုပြီးတော့ ရေးသား ဖော်ပြထားပါတယ်။
🔗 Narinjara သတင်းအပြည့်အစုံ - https://bitly.cx/I3Mp
ဒါ့အပြင် နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေလည်း စက်တင်ဘာလ ၂၉ ရက်နေ့မှာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမှာ မရမာကြီး အမျိုးသမီးငယ်တစ်ဦး အဓမ္မကျင့်ခံရတာကို ထိရောက်တဲ့အရေးယူမှု မရှိတဲ့အပေါ် ဆန္ဒပြခဲ့ရာက ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့ပြီး လူသေဆုံးမှု ရှိခဲ့ပါတယ်” ဆိုပြီးတော့ ရေးသားထားပါတယ်။
🔗 BBC သတင်းအပြည့်အစုံ - https://bitly.cx/TCOjL
ဒ့ါအပြင် ဒီအကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ သတင်းတုသတင်းမှားတွေကိုလည်း Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post နဲ့ DNA တို့ကနေလည်း သတင်းတုသတင်းမှား ဖြစ်ကြောင်း စစ်ဆေးခဲ့တာတွေလည်းရှိပါတယ်။
🔗 MFCN -https://bitly.cx/H4KUn
🔗 MFCN - https://bitly.cx/dVmKO
▪️သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ အသက် ၁၂ နှစ်အရွယ်ကို မုဒိန်းမှုကျုးလွန်သူဟာ ရခိုင်လူမျိုးတွေဆိုတဲ့ ရေးသားချက်ကို မတွေ့ရှိရပါဘူး။ မုဒိန်းမှုကျုးလွန်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေသာ ဖြစ်တယ်ဆိုတဲ့ ရေးသားချက်ကိုသာ တွေ့ရပြီးတော့ Ko Chay Page ကနေ လူမျိုးရေး ပဋိပက္ခဖြစ်အောင် အမုန်းစကားဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ယခင်ကလည်း Ko Chay page ကနေ ဘာသာရေး လူမျိုးရေးလို ပဋိပက္ခဖြစ်စေတဲ့ အမုန်းစကားတွေ၊ သတင်းတုသတင်းမှားတွေကို ဖြန့်ခဲ့ပြီးတော့ Akyab Post ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စိစစ်နိုင်ခဲ့ပါတယ်။
✅ Akyab Post စစ်ဆေးထားတဲ့ Fact Check - https://www.facebook.com/theakyabpost/videos/4507811906171077/
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်း မှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post
02/10/2025
◾️တောင်ကုတ်က အေအေရဲ့ သင်တန်းဌာနချုပ်ကို ဗုံးကြဲဆိုတဲ့ သတင်းမှား
၂၀၂၅ အောက်တိုဘာ ၂
Fact-check_ Akyab Post/ The Red Flag
ယခုရက်ပိုင်း ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ရခိုင်ပြည်တောင်ကုတ်မြို့က အေအေရဲ့ သင်တန်းဌာနချုပ်ကို ဒေသခံတွေရဲ့ သတင်းပေးပို့ချက်ကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ် ဆိုပြီးတော့ ရေးသားထားကြတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “တိုက်ပွဲသတင်းစုံ” ချန်နယ်ကနေ စက်တင်ဘာလ ၂၇ ရက်နေ့မှာ “တောင်ကုတ်ရှိ အကြမ်းဖက် အေအေ အဖွဲ့ အခြေပြုနေတဲ့ စခန်းနေရာကိုတပ်မတော်က လေကြောင်းဖြင့် စတင်ချေမှုန်းရှင်းလင်း” ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။
📌 “တိုက်ပွဲသတင်းစုံ” -https://archive.ph/CNCYO
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၂ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ ၄၇.၄ k၊ reaction ပြုလုပ်သူ ၁၁၀၂ ဦးထိရှိပြီးတော့ Facebook လူမှုစာမျက်နှာကွန်ရက်မှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။
📌 ဆက်စပ်သတင်းမှား လင်ခ့် - https://archive.ph/YtFK6
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ နေရာမှာ အေအေရဲ့စစ်စခန်း သင်တန်းကျောင်း မဟုတ်ဘဲ အရပ်ဖက်ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ဖြစ်နေတာကိုသာ တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
ပျံ့နှံ့နေသော ပို့စ်မှာပါရှိတဲ့ တောင်ကုတ်မြို့က အေအေရဲ့သင်တန်းကျောင်းကို ဗုံးကြဲဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ပို့စ်မှာပါရှိတဲ့ ပုံတွေကို ရှာကြည့်လိုက်တဲ့အခါ ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခု ဖြစ်တဲ့ Development Media Group ကနေ စက်တင်ဘာလ ၂၇ ရက်နေ့မှာ “တောင်ကုတ်မြို့ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲ” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
DMG ရဲ့ ရေးသားချက်တွေအရ “စက်တင်ဘာ ၂၆ ရက်၊ ညနေ ၄ နာရီဝန်းကျင်က တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက် စကခ ၅ အနီးရှိ တပ်ဦးကျောင်းတိုက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကျောင်းဆောင်တစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 DMG သတင်းအပြည့်အစုံ - https://bitly.cx/EZkgG
ဒါ့အပြင် ဒီသတင်းကိုပဲ “သံလွင်ခက်” သတင်းဌာနကလည်း စက်တင်ဘာလ ၂၆ ရက်နေ့မှာ “အာရက္ခတပ်တော် AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့ကို ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်မရှင်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။” လို့ ရေးသားဖော်ပြထားပါတယ်။
🔗 သံလွင်ခက် - https://bitly.cx/vV2zq
အခြားမြန်မာပြည်တွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DVB ကနေလည်း စက်တင်ဘာလ ၂၇ ရက်နေ့မှာ “တောင်ကုတ်မြို့ရှိ တပ်ဦးဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
🔗 DVB - https://bitly.cx/tfU7N
▪️သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ တောင်ကုတ်မြို့မှာ စစ်ကောင်မရှင်ကနေ ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပျက်ဆီးခဲ့တာဟာ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက် စကခ ၅ အနီးက တပ်ဦးကျောင်းတိုက်သာဖြစ်ပြီးတော့ အေအေရဲ့ စခန်းမဟုတ်ပါဘူး။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူပိုင်တဲ့ ဘာသာရေးအဆောက်အအုံသာ ပျက်ဆီးခဲ့တာသာ ဖြစ်ပါတယ်။
လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး လိုသလို ပုံဖော်ပြီး ရေးသားထားတဲ့ မှားယွင်းတင်ပြချက် သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://bitly.cx/ahf2
https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post
01/10/2025
◾️ အေအေကိုထောက်ပံ့နေတဲ့ ရခိုင်တွေကို ဘင်္ဂလားဒေ့ရှ်ဖက်ကနေ နှိမ်နင်းဆိုကာ ရုပ်သံဖြင့် သတင်းမှားဖြန့်
၂၀၂၅ အောက်တိုဘာ ၁
Fact-check_ Akyab Post/ The Red Flag
ယခုရက်ပိုင်း ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ အာရက္ခတပ်တော် အေအေကို ထောက်ပံ့နေတဲ့ ဘင်္ဂလားဒေ့ရှ်က ရခိုင်လူမျိုးတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ဖက်ကနေ နှိမ်နင်းနေဆိုပြီးတော့ ရေးသားထားကြတဲ့ အကြောင်းအရာတွေဟာ ပျံ့နှံ့လျက်ရှိပါတယ်။
တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Western 24 News ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ အေအေ အကြမ်းဖက် အဖွဲ့အားထောက်ပံ့နေသော ရက္ခိုင်များသာနေထိုင်သည့် ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara)တွင် နေအိမ်နှင့် စျေးဆိုင်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်းသိရသည်။ အေအေ အကြမ်းဖက် လော်ဘီများမှလည်း ဘင်္ဂလားဒေ့ရှ် တပ်မတော်အား အကြမ်းဖက် စစ်တပ်ဖြစ်ကြောင်းစွပ်စွဲပြစ်တင်နေကြသည်။” ဆိုပြီးတော့ ရုပ်သံဖိုင်တစ်ခုနဲ့ ဖြန့်ချိထားပါတယ်။
📌 Western 24 News - https://archive.ph/GaF7V
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ အောက်တိုဘာလ ၁ ရက်နေ့အထိ ဝင်ရောက်ကြည့်ရှုသူ ၅၀.၄ K ထိရှိပြီးတော့ reaction ပြုလုပ်သူ ၂၆ ဦထိရှိပြီးတော့ ဆက်လက်ပြီးတော့ May Yu Htar Nay နဲ့ Facebook စာမျက်နှာက “စဝ်နန်းဝတီမောင်”ပျံ့နှံ့လျက်ရှိပါတယ်။
📌 သတင်းမှားလင့်ခ်များ -https://archive.ph/rHydZ
📌 သတင်းမှားလင့်ခ်များ - https://archive.ph/wRklg
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှာ ဌာနေ မရမာ တိုင်းရင်းသူ အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုပေါ်ပေါက်ရေးဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်ပစ်ခတ် ဖြိုခွင်းမှုဖြစ်စဉ်ကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အေအေကိုထောက်ပံ့နေတဲ့ ရခိုင်တွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ဖက်ကနေ နှိမ်နင်းဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ကို Google reverse Image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ Daily Times of Bangaladesh ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တင်ထားတဲ့ “Protesters announce blockades across all three hill districts” ဆိုတဲ့ သတင်းက ဓာတ်ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။
Daily Times of Bangladesh ရဲ့ရေးသားချက်တွေအရ “ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းတောင်တန်းဒေသ ဂွီမာရာမြို့နယ်မှာ မရမာကြီးလူမျိုး အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦး မုဒိမ်းကျင့်ခံရပြီး စွန့်ပစ်ခံရမှုကို ဆန္ဒပြကြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှုမှာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့တယ်လို့” ရေးသားဖော်ပြထားပါတယ်။
🔗 Daily Times of Bangladesh - https://bitly.cx/TMYdk
ဒါ့အပြင် ဒီသတင်းကိုပဲ နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC burmese ကနေလည်း “ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသမှာ ဌာနေ မရမာ တိုင်းရင်းသူ အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုပေါ်ပေါက်ရေးဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်ပစ်ခတ် ဖြိုခွင်းမှုကြောင့် သေဆုံးသူ ၄ ဦး ရှိလာပါတယ်။ ဆန္ဒပြပွဲတွေ မြို့တော် ဒါကာအထိ ဆက်ရှိနေလို့ ဒီဖြစ်ရပ်ကနေ လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခ မဖြစ်လာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အထူးသတိထား ကိုင်တွယ်နေပါတယ်။ ဒီပြဿနာကြောင့် စစ်တကောင်းဒေသတွင်းတင်မက ရခိုင်စစ်ပွဲကြောင့် ရခိုင်ဒေသတွေကနေ စစ်တကောင်းဒေသကို ထွက်ပြေးတိမ်းရှောင်ကြနေတဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေအတွက်လည်း မလုံခြုံမှုတွေဖြစ်လာနေပါတယ်။” လို့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
🔗 BBC Burmese သတင်းများ -
https://bitly.cx/VLPX6
https://bitly.cx/vOnYA
အခြားဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေလည်း “စစ်တကောင်းတောင်တန်းနယ်၊ ခါကာဆိုရီခရိုင်၊ ဂွီမားရာ လူနည်းစုနေအိမ်များကို မီးရှို့၊ သေနတ်များဖြင့် ပစ်ခတ်၍ အသက် ၁၈ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးအပါအဝင် အနည်းဆုံး သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားခဲ့သည်။” ဆိုပြီးတော့ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
Narinjara သတင်းအပြည့်အစုံ - https://bitly.cx/sU06
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ ဆန္ဒပြနေတဲ့ ရက္ခိုင်တိုင်းရင်းသား ကျောင်းသားလူငယ်တွေက အာရက္ခတပ်တော် အေအေ ကိုထောက်ခံတာကြောင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့ ဆိုတဲ့ အကြောင်းအရာကိုလည်း Myanmar fact checking network အဖွဲ့ဝင်ဖြစ်တဲ့ DNA ကနေ “ရက္ခိုင်လူငယ်တွေပစ်ခတ်ခံရတာ AAကိုထောက်ခံတာကြောင့်လို့ဆိုတဲ့သတင်းအမှား”ဆိုပြီးတော့ စစ်ဆေး ရေးသားထားပါတယ်။
DNA - https://bitly.cx/HByrs
▪️သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ခါဂရာချရီခရိုင်၊ ဂုမ်မာရာ(Guimara) မြို့နယ်မှာ အာရက္ခတပ်တော် အေအေကို ထောက်ပံ့နေတဲ့ ဘင်္ဂလားဒေ့ရှ်က ရခိုင်လူမျိုးတွေကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ဖက်ကနေ နှိမ်နင်းနေတာ မဟုတ်ဘဲ စစ်တကောင်းဒေသမှာ ဌာနေ မရမာ တိုင်းရင်းသူ အမျိုးသမီးငယ် မုဒိမ်းကျင့်ခံရမှု တရားမျှတမှုပေါ်ပေါက်ရေးဆန္ဒပြပွဲကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က သေနတ်ပစ်ခတ် ဖြိုခွင်းမှုဖြစ်စဉ်ကို တွေ့ရပါတယ်။
ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ဟာလည်း ဆန္ဒပြပွဲက မီးရှို့ခဲ့တဲ့ ဖြစ်စဉ်သာဖြစ်ပြီးတော့ အေအေကို ထောက်ပံ့နေတာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာဟာ လိုရာဆွဲပြီးတော့ ရေးသားဖြန့်ဝေထားကြတဲ့ သတင်းမှားသာဖြစ်နေပါတယ်။
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်း မှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post
29/09/2025
◾️ သံတွဲမြို့က အေအေစခန်းကို လေကြောင်းနဲ့ တိုက်ခိုက်မှုအပြီး အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုသည့် သတင်းအမှား
The Akyab Post/ The Red Flag/MFCN
Fact-Check
29 Sep 2025
ရခိုင်ပြည် သံတွဲမြို့က အေအေစခန်းကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ပြီး အေအေတပ်ဖွဲ့ဝင်များ သေဆုံး ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။
Telegram မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “ka ka han” ဆိုတဲ့ ချန်နယ်ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “အေအေ အကြမ်းဖက်တွေကို ရွံရှာမုန်းတီးနေတဲ့ ဒေသခံတွေရဲ့ သတင်းပေးချက်အရ စက်တင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက သံတွဲမြို့ရှိ အေအေ အကြမ်းဖက်သောင်းကျန်းသူတွေ ရောက်ရှိခိုအောင်းနေတဲ့ နေရာအတိအကျကို လေယာဉ်နဲ့ ဗုံးကြဲချေမှုန်းရှင်းလင်းခဲ့ရာ အေအေ အကြမ်းဖက်အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်...ဒါကို ထုံးစံအတိုင်း ပြည်ဖျက်အကြမ်းဖက်အားပေးမီဒီညာတွေက ပြည်သူတွေ ထိပါတယ်ဆိုပြီး မဟုတ်မမှန် မျက်ရည်ချူအော်နေကြလေရဲ့…” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။
📌 Ka Ka Han - https://archive.ph/kfpF3
ဒီပို့စ်ကို ဖြန့်ချိထားတဲ့နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၂၉ ရက်နေ့အထိ ဝင်ရောက်ဖတ်ရှုသူ 3.3 k၊ reaction ပြုလုပ်သူ ၆၅ ဦး ထိရှိပြီး ဆက်လက်ပြီး ပျံ့နှံ့လျက်ရှိပါတယ်။
📌စစ်သွေး - https://archive.ph/vw7S1
📌 D.I Thameedaw - https://archive.ph/tS0JC
📌 MT news Myanmar Transparency - https://archive.ph/ixp2B
ဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ ပို့စ်တွေကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူဟာ အရပ်သားပြည်သူတစ်ဦးသာ ဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေပြီးတော့နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အဆောက်အဦးများ ပျက်ဆီးခဲ့တာကို တွေ့ရပါတယ်။
▪️သတင်းစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ သံတွဲမြို့က အေအေစခန်းကို စစ်ကော်မရှင်ဖက်က လေကြောင်းနဲ့ တိုက်ခိုက်ပြီး တိုက်ခိုက်မှုအတွင်း အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုပြီးတော့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။
ဝါဒဖြန့်ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ Myanmar Now သတင်းဌာနကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “သံတွဲမြို့ကို ညအချိန် လေယာဉ်ဖြင့် ဗုံးကြဲ၍ ဒေသခံ ၁ ဦး သေကာ ၆ ဦးဒဏ်ရာရ” ဆိုပြီးတော့ ရေးသားထားတဲ့ သတင်းကို အမှားခြစ်ပြီး ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Myanmar Now ရဲ့ ရေးသားချက်တွေအရ “သံတွဲမြို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ညက လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၁ ဦးသေကာ ကလေးများအပါအဝင် ၆ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်းသိရသည်။ သံတွဲမြို့၊ အမှတ် (၄) ရပ်ကွက်ကို ည ၈ နာရီခွဲခန့်တွင် ဗုံး နှစ်ကြိမ်ကြဲချခဲ့ခြင်းဖြစ်ပြီး ဦးညီညီ (အသက် ၄၇ နှစ်) သေဆုံးသွားသည်၊ မောင်သန့်ဇင်ဖြိုး( ၆ နှစ် )၊ မောင်အောင်သီဟဖြိုး (၁၄ နှစ်)၊ ဒေါ်ခင်ခင်ဌေး(၃၇ နှစ်) ၊ ဒေါ်ခင်ထွေး(၅၃နှစ်)၊ ဦးထွန်းနိုင်မင်း(၄၂ နှစ်)နှင့် ဇနီးဖြစ်သူ ဒေါ်ချိုချိုဝင်း (၄၃နှစ်) တို့ဒဏ်ရာရရှိသွားပြီး အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။” လို့ ရေးသား ဖော်ပြထားပါတယ်။
🔗 Myanmar Now ရဲ့ သတင်းအပြည့်အစုံ - https://bitly.cx/8rOg
ဒါ့အပြင် သံတွဲမြို့လေကြောင်းတိုက်ခိုက်ခံရဆိုပြီးတော့ google မှာ keywords နဲ့ ရှာကြည့်တဲ့အခါမှာလည်း မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ DVB နှင့် The Irrawaddy သတင်းဌာနတွေမှာ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “သံတွဲကို လေတပ်က ဗုံးကြဲ အရပ်သား ၁ ဦးသေဆုံး၊ ပြည်သူများ ဒဏ်ရာရရှိ” ဆိုပြီးတော့ ရေးသားထားကြပါတယ်။
🔗 DVB - https://bitly.cx/3Tqrc
🔗 The Irrawaddy - https://bitly.cx/0J6a
ဒီသတင်းကိုပဲ နိုင်ငံတကာ သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ BBC Burmese ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ “သံတွဲမြို့ပေါ် ကို စစ်တပ်ဗုံးကြဲလို့ တစ်ဦး သေဆုံးပြီး ကလေးအပါအဝင် ငါး ဦးဒဏ်ရာရ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။
🔗 BBC Burmese - https://bitly.cx/Nga2
▪️သုံးသပ်ချက်
သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ သံတွဲမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာဟာ စစ်ဘေးရှောင်အရပ်သားပြည်သူတစ်ဦးသာ ဖြစ်ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အေအေနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အရပ်သားသာ ဖြစ်နေပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။
ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်ဆီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။
ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။
✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://bitly.cx/ahf2
https://bitly.cx/tdwxm
လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Sittwe
95