Bo Bo Notes
10X - Food & Beverage Business Group ရဲ့ Founder & CEO
18/10/2025
"ရိုးသားမှု နှလုံးသားထဲမှာ အစဥ်သိမ်းထား
ဘာကိုမှ အရှုံးမပေးနဲ့" - သော်ဒီဝေ
စကားလုံးတွေနဲ့ အားအင်တွေ ဖြစ်စေသူ
ဦးသော်ဒီဝေ ငြိမ်းချမ်းပါစေ။
10X Box
One Hub, One Dream
ဆုံချက်တစ်ခု၊ အိပ်မက်တစ်ခု
15/10/2025
တချို့ အတွက် လွယ်တဲ့ အရာတွေ
ကိုယ့် အတွက် ခက်နေတာ ရှိသလို
တချို့ အတွက် ခက်နေတာတွေ
ကိုယ့် အတွက် လွယ်နေတာတွေလည်း ရှိတတ်ပါတယ်။
ဒါဟာ သဘာဝ ပါ။
10X Box ရဲ့ စတင်ခြင်းဟာ
လွယ်သလိုလိုနဲ့ မလွယ်ခဲ့ပါဘူး။
မလွယ်ပေမယ့် လွယ်သွားရမှာပါပဲ။
ဆိုင် ဖွင့်ဖို့ ကြန့်ကြာမှုက
10X Box ရဲ့ စာမျက်နှာတွေမှာ
၀ါကျ (၃) ၊ (၄) ကြောင်း ပို သွားစေခဲ့ပါတယ်။
10X Box မှာ ထမင်းစားတိုင်း
"ဒီလောက် ကောင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်၊ စီမံထားတဲ့
ဟင်းလျာတွေကို မြန်မာပြည်သားတွေကို စားစေချင်ပြီဗျာ" လို့
ပြောနေမိတာ
မကြာခင်
တကယ် စားခွင့်၊ ခံစားခွင့် ကြုံကြရတော့မှာပါ။
10X Box ဘာကြောင့် လုပ်ရသလဲ။
● အစားအသောက်တွေက ကျန်းမာရေးနဲ့ ညီညွတ် ရမယ်။
● အရသာ ရှိရမယ်။
● အေးအေးဆေးဆေး သုံးဆောင်လို့ရတဲ့ နေရာမှာ တည်ခင်းရမယ်။
● ဆန်းသစ်တဲ့ အမှတ်တံဆိပ် ဖြစ်ရမယ်။
ဒါဟာ 10X Box ရဲ့ "Why" ပါ။
ဆိုင်ဖွင့်မည့်ရက် နီးလာပါပြီ။
10X Box ရဲ့ စာမျက်နှာတွေမှာ
ပျော်ရွှင်စရာ အခိုက်အတန့်တွေကို
တစ်ရွက်ချင်း တစ်ရွက်ချင်း
ရေးကြပါမယ် နော်။
Bo Bo Notes
One Hub, One Dream
ဆုံချက်တစ်ခု၊ အိပ်မက်တစ်ခု
တစ်ခါ တစ်ခါ
ကိုယ့်ကျွမ်းကျင်မှုက ကိုယ့်အတွက် မခက်ခဲ၊ မပင်ပန်းတဲ့အတွက် ဘာမှ အရေးမကြီးဘူး ထင်ရပေမယ့်၊ အဲဒါကို မသိ၊ မတတ်တဲ့သူတွေအတွက် ကိုယ့်ရဲ့ ကျွမ်းကျင်မှုဟာ သူတို့ အတွက် တကယ့်ကို ခက်ခဲတဲ့ ကိစ္စ၊ လုပ်လို့ မရတဲ့ ကိစ္စ ဖြစ်ချင်ဖြစ်နေမယ်။
ကိုယ်က အချက်အပြုတ် ကျွမ်းကျင်တယ်၊ ဒါလည်း ကျွမ်းကျင်မှုပဲ။
ကိုယ်က ဂီတာ တီးတာ ကောင်းတယ်၊ ဒါလည်း ကျွမ်းကျင်မှုပဲ။
ကိုယ်က စာပေ လေ့လာလာအား ကောင်းတယ်၊ စာဖတ်အားကောင်းတယ်၊ ဒါလည်း ကျွမ်းကျင်မှုပဲ။
ကိုယ်က အလွယ်တကူ လုပ်နိုင်ပြီးတော့၊ စိတ်ပါဝင်စားပြီး ထဲထဲဝင်ဝင် လုပ်ရတာကို နှစ်သက်တာတွေကို ရှာဖွေကြည့်ပါ။
ဒါဟာ ကိုယ့်ရဲ့ စူပါပါဝါ ပါပဲ။
ဒါကို မျှဝေခြင်းဖြင့်လည်း အသက်မွေးဝမ်းကျောင်းတစ်ခုကို စတင်နိုင်သလို၊ စဖြစ်နေရင်လည်း လူတွေ ပိုသိအောင် မျှဝေခြင်းအားဖြင့်လည်း ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို ပိုကောင်းအောင် လုပ်နိုင်ပါတယ်။
ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ စူပါပါဝါကို သိဖို့ အရေးကြီးပါတယ်။
........
🔴 ဒီ ပို့စ်လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင်၊ Comment မှာ "Yes" လို ရေးခဲ့ပေးပါ။
🔴 ဒါမှမဟုတ်၊ တခြားသူတွေ ဖတ်ဖြစ်အောင် "Share" လုပ်ခဲ့ပေးနိုင်ပါတယ်။
🔴 နောက်ထပ် အကျိုးရှိတဲ့ အကြောင်းအရာလေးတွေ ဖတ်နိုင်ဖို့ Page ကို "Like & Follow" လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
....
#ဆုံချက်တစ်ခု_အိပ်မက်တစ်ခု
ကျွန်တော် ခု နောက်ပိုင်း ပြောင်းလဲ ခံယူမိတာလေး တစ်ခုကို ပြောပြချင်ပါတယ်။
အရင်တုန်းက ကိုယ့်ကိုယ်ကို ခံယူမိတာကို ပြောင်းပြန် လှန်လိုက်တဲ့ သဘောပါ။
အရင်တုန်းက ကိုယ် လေ့လာ မှတ်သားရင်း တစ်ခုခုသိလာရင်၊ ဒီအကြောင်းအရာက ကိုယ့် လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်မိသားစုဝင်တွေလည်း သိပြီးသား ဖြစ်မှာပါလေ ဆိုပြီး မပြောဘဲ ထားတတ်တယ်။
အခုတော့ အဲလိုမျိုးမဟုတ်ဘဲ၊
ကိုယ် သိတာ၊ တွေးမိတာတွေကို ပြောဖြစ်တယ်။
ရေးဖြစ်တယ်။
ကိုယ့် အသိ၊ အတွေး တစ်စ က တချို့လူတွေကို လမ်းကြောင်း တည့်သွားစေတယ်၊
လမ်းကြောင်းမှန်ပေါ် ရောက်သွားစေတယ်လို့ ယုံကြည်လာတယ်။
နောက်တစ်ခု
အဲဒီလို ကိုယ့် သိတာလေးကို ရေးလိုက်၊ ပြောလိုက်တဲ့အခါ
ကိုယ်လည်း ပြန်မှတ်မိတယ်ဆိုတာ ကောင်းကောင်း သဘောပေါက်သွားတယ်။
ဘာပဲဖြစ်ဖြစ်
ရေးပါ၊
ပြောပါ၊
တစ်ယောက်နဲ့ တစ်ယောက်ကြား
ဆက်သွယ်နေကြမယ်နော်၊
ဒါဟာ ရှင်သန်ခြင်း သက်သေပဲလေ။
........
🔴 ဒီ ပိုစ်လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင်၊ Comment မှာ "Yes" လို ရေးခဲ့ပေးပါ။
🔴 ဒါမှမဟုတ်၊ တခြားသူတွေ ဖတ်ဖြစ်အောင် "Share" လုပ်ခဲ့ပေးနိုင်ပါတယ်။
🔴 နောက်ထပ် အကျိုးရှိတဲ့ အကြောင်းအရာလေးတွေ ဖတ်နိုင်ဖို့ Page ကို "Like & Follow" လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
....
#ဆုံချက်တစ်ခု_အိပ်မက်တစ်ခု
Expert Secret စာအုပ်မှာ ရေးထားတာ တစ်ခုက
ဘယ် လှုပ်ရှားမှု (Movement) ပဲ ဖြစ်ဖြစ်ပါစေ၊ လှုပ်ရှားမှုတိုင်းမှာ ခေါင်းဆောင် တစ်ယောက်တော့ ရှိတတ်တယ်။
တစ်ချို့ကလည်း မွေးရာပါ ခေါင်းဆောင်၊ တချို့ကလည်း မဟုတ်ကြဘူး။
ကျွန်တော်တို့က ကိုယ့်ဟာကို မွေးရာပါ အရည်အချင်း မရှိဘူးလို့ ထင်တတ်ကြတယ်။
လူအများစုကတော့ သူတို့အတွက် ကျွမ်းကျင်မှု တစ်ခုခုကို ရှာဖွေကြတယ်။
ပြီးရင် အဲဒီကျွမ်းကျင်မှုကို လူတွေကို မျှဝေတတ်ကြတယ်။
ဒါဟာ Expert Secret ပဲ။
ဒါကြောင့် ကိုယ့်ရဲ့ ကျွမ်းကျင်မှုကို အထပ်ထပ် လေ့လာပြင်ဆင်ရမယ်။
........
🔴 ဒီ ပိုစ်လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင်၊ Comment မှာ "Yes" လို ရေးခဲ့ပေးပါ။
🔴 ဒါမှမဟုတ်၊ တခြားသူတွေ ဖတ်ဖြစ်အောင် "Share" လုပ်ခဲ့ပေးနိုင်ပါတယ်။
🔴 နောက်ထပ် အကျိုးရှိတဲ့ အကြောင်းအရာလေးတွေ ဖတ်နိုင်ဖို့ Page ကို "Like & Follow" လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
....
#ဆုံချက်တစ်ခု_အိပ်မက်တစ်ခု
ကျွန်တော်တို့ကို နှောင့်ယှက်နေတဲ့ အသံ
ကျွန်တော်တို့ တစ်ခုခု လုပ်တော့မယ် ဆိုရင်၊
မင်းက မကျွမ်းကျင်သေးဘူး၊
မင်းက မပြည့်စုံသေးဘူး၊
အတွေ့အကြုံ လိုသေးတယ်၊
ဒီလို အသံ တစ်သံ ကိုယ့်အတွင်းထဲကနေ ပြောနေတာကို ကြားရမယ်။
ဒီအသံဟာ ကိုယ့်ကို ဆက်သွားလို့ မရအောင် လုပ်ထားတဲ့ အသံပဲ။
အဲဒီ အသံကို ပြောင်းပြန် ပြောင်းနိုင်ရမယ်။
ဒီအချိန်က ကိုယ့် လေ့လာထားတာ၊ လုပ်နေတာကို စတင်ဖို့ အကောင်းဆုံး အချိန်ပဲ။
ဒီအချိန်မှာ မလုပ်ရင် ဘယ်အချိန် လုပ်မလဲ၊ စမယ် ဆိုပြီး စလုပ်ရမယ်။
အောင်မြင်ခဲ့တဲ့သူတိုင်းလည်း ဒီလို အခြေအနေကို ကျော်ဖြတ်သွားခဲ့တာပါပဲ။
........
🔴 ဒီ ပိုစ်လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင်၊ Comment မှာ "Yes" လို ရေးခဲ့ပေးပါ။
🔴 ဒါမှမဟုတ်၊ တခြားသူတွေ ဖတ်ဖြစ်အောင် "Share" လုပ်ခဲ့ပေးနိုင်ပါတယ်။
🔴 နောက်ထပ် အကျိုးရှိတဲ့ အကြောင်းအရာလေးတွေ ဖတ်နိုင်ဖို့ Page ကို "Like & Follow" လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
....
#ဆုံချက်တစ်ခု_အိပ်မက်တစ်ခု
"Good" အဆင့်ကနေ "Great" အဆင့်ကို ကူးပြောင်းဖို့အတွက် မဟာဗျူဟာ (Strategy)၊ နည်းပညာ (Technology) ဒါမှမဟုတ် ခေါင်းဆောင်မှုပုံစံ (Visionary Leadership) တွေက အဓိက မဟုတ်ပါဘူး။
မှန်ကန်တဲ့လူတွေ နဲ့ အမှန်တရားကို ရင်ဆိုင်ခြင်း ကသာ အခြေခံကျတဲ့ အရေးကြီးတဲ့ အချက်တွေ ဖြစ်ကြပါတယ်။
Jim Collins ရဲ့ Good to Great စာအုပ်မှ
........
🔴 ဒီ ပိုစ်လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင်၊ Comment မှာ "Yes" လို ရေးခဲ့ပေးပါ။
🔴 ဒါမှမဟုတ်၊ တခြားသူတွေ ဖတ်ဖြစ်အောင် "Share" လုပ်ခဲ့ပေးနိုင်ပါတယ်။
🔴 နောက်ထပ် အကျိုးရှိတဲ့ အကြောင်းအရာလေးတွေ ဖတ်နိုင်ဖို့ Page ကို "Like & Follow" လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
....
#ဆုံချက်တစ်ခု_အိပ်မက်တစ်ခု
07/10/2025
🪔🪔 ချစ်မိတ်ဆွေများအားလုံး နွေးထွေး လုံခြုံ ပျော်ရွှင်တဲ့ သီတင်းကျွတ် အားလပ်ရက် အခါသမယလေး ပိုင်ဆိုင်ကြပါစေကြောင်း 10X Box မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။ 🪔🪔
#သီတင်းကျွတ်
05/10/2025
အမာခံ ပရိသတ်လူမျိုးစု တည်ဆောက်ရေး အခြေခံ သဘောတရား
─── ⋆⋅☆⋅⋆ ──
အောင်မြင်တဲ့လုပ်ငန်းတွေဟာ သူတို့ရဲ့ အမာခံပရိသတ် လူမျိုးစု တစ်စုကို အမြဲဦးဆောင်လေ့ရှိပါတယ်။
ဒီလူမျိုးစုဝင်တွေဟာ သာမန်ဖောက်သည်တွေမဟုတ်ဘဲ၊ ကိုယ့် ကို အမြဲတမ်းအားပေးပြီး ပူးပေါင်းဆောင်ရွက်တဲ့ Customer အထူးအမျိုးအစား တွေပါ။
သူတို့ဟာ ကိုယ့် လုပ်ငန်းရဲ့ Marketing Message ကို အခမဲ့၊ အထိရောက်ဆုံး ချဲ့ထွင်ပေးသူတွေ ဖြစ်ပါတယ်။
ဒီလို အောင်မြင်တဲ့လုပ်ငန်းတွေရဲ့ ပထမဆုံး ထူးခြားချက် ကတော့ သူတို့ရဲ့ ဖောက်သည်တွေကို ဝန်ဆောင်မှုကောင်းတွေနဲ့ အမြဲအံ့အားသင့်စေတာ ပါပဲ။
နောက်ပြီး သူတို့ဟာ ဖောက်သည်တစ်ယောက်ရဲ့ ဘဝတစ်ခုလုံးအတွက် ရည်ရွယ်ပြီး ရေရှည်ဆက်ဆံရေးကို တည်ဆောက်ဖန်တီး ကြပါတယ်။
လုပ်ငန်းနဲ့ ဆက်ဆံရတာ လွယ်ကူပြီး ပျော်စရာကောင်းအောင် ဖန်တီးပေးထားတာလည်း သူတို့ရဲ့ အားသာချက်ပါ။
ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ကြော်ငြာတဲ့အခါမှာလည်း ပျင်းစရာမကောင်းဘဲ ဖျော်ဖြေမှု ပေးတတ်ကြပါတယ်။
ဒါ့အပြင် သူတို့ဟာ ဖောက်သည်တွေကို အကောင်းဆုံး အတွေ့အကြုံတွေ ဖန်တီးပေးနိုင်ဖို့ စိတ်ချရတဲ့ System တွေ ကိုလည်း တည်ဆောက်ထားပါတယ်။
ဒီလိုလူမျိုးစုတစ်ခုရှိခြင်းက ကိုယ့် လုပ်ငန်းရဲ့ အောင်မြင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုကို အာမခံ ပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ့် လုပ်ငန်းကို သာမန် Customer တွေထက် ကျော်လွန်တဲ့ အမာခံပရိသတ် လူမျိုးစုခေါင်းဆောင် အဖြစ် ပြောင်းလဲလိုက်ပါ။
........
🔴 ဒီ ပိုစ်လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင်၊ Comment မှာ "Yes" လို ရေးခဲ့ပေးပါ။
🔴 ဒါမှမဟုတ်၊ တခြားသူတွေ ဖတ်ဖြစ်အောင် "Share" လုပ်ခဲ့ပေးနိုင်ပါတယ်။
🔴 နောက်ထပ် အကျိုးရှိတဲ့ အကြောင်းအရာလေးတွေ ဖတ်နိုင်ဖို့ Page ကို "Like & Follow" လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
....
#ဆုံချက်တစ်ခု_အိပ်မက်တစ်ခု
05/10/2025
လုပ်ငန်းကို လူတစ်ယောက်အဖြစ် မြင်ကြည်ခြင်း
─── ⋆⋅☆⋅⋆ ──
Brand ဆိုတာ ဘာလဲဆိုတာကို လူအများစု၊ အထူးသဖြင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ ရှင်းရှင်းလင်း နားလည်ဖို့ အတွက် The 1-Page Marketing Plan စာအုပ်ကို ရေးတဲ့ Allan Dib ရဲ့ ဖွင့်ဆိုချက်ကို မျှဝေချင်ပါတယ်။
သူက "Brand ဆိုတာ လုပ်ငန်းတစ်ခုရဲ့ စရိုက်လက္ခဏာ (Personality) ပါပဲ" လို့ ရိုးရိုးလေးပဲ လို့ ဆိုပါတယ်။
လုပ်ငန်းကို လူတစ်ဦးလို သဘောထားလိုက်။
သူ့ရဲ့ နာမည်၊ အဝတ်အစား (ဒီဇိုင်း)၊ ပြောပုံဆိုပုံ (Positioning)၊ သူ တန်ဖိုးထားတဲ့အရာ (Brand Promise)၊ သူဆက်ဆံတဲ့ ပစ်မှတ်ဈေးကွက် တွေဟာ သူ့ရဲ့ စရိုက်တွေပေါ့။
ဒီလို Personality တွေဟာ လုပ်ငန်းအချင်းချင်း တော်တော်လေး ကွာခြားနိုင်ပါတယ်။
Toyota နဲ့ Rolls Royce က ကားတွေ ထုတ်လုပ်ပေမယ့် သူတို့ရဲ့ စရိုက်လက္ခဏာချင်း လုံးဝ မတူပါဘူး။
ကျွန်တော်တို့ လူတွေ တစ်ဦးနဲ့ တစ်ဦး အထာတွေ၊ ဒီဇိုင်းတွေ၊ ပြောဟန်ဆိုဟန်တွေ မတူသလို၊ လုပ်ငန်းတွေမှာလည်း သူတို့ရဲ့ စရိုက်လက္ခဏာတွေ မတူတဲ့ သဘောပါ။
ဒီအခြေခံလေးကို သဘောပေါက်ရင် ကိုယ့်လုပ်ငန်းကို ကိုယ်လိုချင်တဲ့ အနေအထားကို ဆွဲယူသွားလို့ ရနိုင်ပါတယ်။
........
🔴 ဒီ ပိုစ်လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင်၊ Comment မှာ "Yes" လို ရေးခဲ့ပေးပါ။
🔴 ဒါမှမဟုတ်၊ တခြားသူတွေ ဖတ်ဖြစ်အောင် "Share" လုပ်ခဲ့ပေးနိုင်ပါတယ်။
🔴 နောက်ထပ် အကျိုးရှိတဲ့ အကြောင်းအရာလေးတွေ ဖတ်နိုင်ဖို့ Page ကို "Like & Follow" လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
....
#ဆုံချက်တစ်ခု_အိပ်မက်တစ်ခု
04/10/2025
'Herding Cats' ဆိုတာ ဘာလဲ?
─── ⋆⋅☆⋅⋆ ──
"Herding Cats" ဆိုတဲ့ အသုံးအနှုန်းဟာ အင်္ဂလိပ်စကားပြော Idiom တစ်ခုဖြစ်ပြီး မြန်မာလို တိုက်ရိုက် ဘာသာပြန်ရရင် "ကြောင်တွေကို အုပ်စုဖွဲ့ ထိန်းကျောင်းခြင်း" လို့ အဓိပ္ပာယ်ရပါတယ်။
ဒီစကားစုရဲ့ တိကျတဲ့ အဓိပ္ပာယ်ကတော့ "အလွန် ခက်ခဲတဲ့၊ မဖြစ်နိုင်လောက်တဲ့ ဒါမှမဟုတ် အချည်းနှီး ဖြစ်နေတဲ့ ကြိုးပမ်းအားထုတ်မှု" ကို ဆိုလိုတာပါ။
အကြောင်းအရင်း
တိရစ္ဆာန်ဗေဒအရ— မြင်း၊ သိုး၊ နွား စတဲ့ တိရစ္ဆာန်တွေလို အုပ်စုလိုက်နေတတ်တဲ့ (Herd Animal) တွေနဲ့ မတူဘဲ၊ ကြောင် တွေဟာ လွတ်လပ်ပြီး ကိုယ်ပိုင်စိတ်ဆန္ဒ ရှိကြပါတယ်။
သူတို့ကို အတင်းအကျပ် အုပ်စုဖွဲ့ဖို့ ကြိုးစားတာဟာ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့ အလုပ်ပါ။
ဒီလိုပဲ၊ ဒီ Idiom ကို လူသားချင်းဆိုင်ရာ အခြေအနေတွေ မှာ သုံးတဲ့အခါ —
တူညီတဲ့ ရည်ရွယ်ချက် မရှိဘဲ၊ စိတ်ဆန္ဒ အမျိုးမျိုး၊ အကျိုးစီးပွား ကွဲပြားခြားနားတဲ့ လူတစ်စုကို စည်းလုံးညီညွတ်အောင်၊ ပူးပေါင်းဆောင်ရွက်အောင် စီမံခန့်ခွဲဖို့ ကြိုးစားတဲ့အခါ၊ အဲဒီ အခြေအနေကို "Herding Cats" လို့ တင်စားခေါ်ဝေါ်ပါတယ်။
အဲဒါဟာ အလွန်ခက်ခဲတဲ့ လုပ်ငန်းတာဝန်တစ်ခု ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေနဲ့ စီမံကိန်းတွေမှာ "Herding Cats" လုပ်ရသလို ခံစားရတဲ့ အခြေအနေတွေဟာ မကြာခဏဆိုသလို ကြုံတွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် ရှုပ်ထွေးတဲ့ (Complex) လုပ်ငန်းခွင်တွေ၊ ကွဲပြားခြားနားတဲ့ အဖွဲ့အစည်းတွေနဲ့ ပရောဂျက်ကြီးတွေ မှာ ပိုဖြစ်ပါတယ်။
အဖွဲ့အစည်းတစ်ခုမှာ ဝန်ထမ်းတွေဟာ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ စရိုက်နဲ့ လုပ်ငန်းဆောင်ရွက်ပုံ ကွဲပြားခြားနားကြပါတယ်။
အကြီးစား ပရောဂျက်တစ်ခုကို စတင်တဲ့အခါ အဲဒီလို လွတ်လပ်တဲ့ "ကြောင်တွေ" (Independent Individuals) ကို တစ်ခုတည်းသော ရည်မှန်းချက်ဆီ ဦးတည်အောင် ပို့ဆောင်ဖို့ဟာ ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာ "Herding Cats" လို့ ခံစားရတာဟာ ရှောင်လွှဲလို့မရတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ ခေါင်းဆောင်မှု အရည်အသွေးဟာ အတင်းအကျပ် စီမံခန့်ခွဲခြင်း မဟုတ်ဘဲ၊ စည်းလုံးညီညွတ်မှုကို ဖန်တီးနိုင်တဲ့ ဩဇာလွှမ်းမိုးမှုနဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်များ မှာ တည်ရှိပါတယ်။
ထိရောက်တဲ့ ခေါင်းဆောင်တွေဟာ အဲဒီ 'ကြောင်တွေ' အားလုံးကို တူညီတဲ့ ရည်ရွယ်ချက်တစ်ခုဆီ ပူးပေါင်းဆောင်ရွက်စေနိုင်တဲ့ "Cat Herder" အနုပညာကို ကျွမ်းကျင်စွာ အသုံးချသူတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ "Herding Cats" Skill ကျွမ်းကျင်ထားမယ်ဆိုရင် လိုရာ ပန်းတိုင်ကို ရောက်အောင် ဦးဆောင်သွားနိုင်ပါတယ်။
တနည်းပြောရရင် "ဇ" ရှိတဲ့ သူတွေ ပေါင်းပြီး ရလဒ်ထွက်အောင် လုပ်နိုင်တဲ့ စွမ်းရည်ပါပဲ။
မလွယ်တာကို လွယ်အောင် လုပ်နိုင်တာ၊ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်နိုင်တာဟာ ခေါင်းဆောင်တိုင်းမှာ ရှိတတ်တဲ့ ကျွမ်းကျင်မှုပါပဲ။
........
🔴 ဒီ ပိုစ်လေးက မိတ်ဆွေအတွက် တစ်စုံတစ်ရာ အကျိုးရှိတယ်ဆိုရင်၊ Comment မှာ "Yes" လို ရေးခဲ့ပေးပါ။
🔴 ဒါမှမဟုတ်၊ တခြားသူတွေ ဖတ်ဖြစ်အောင် "Share" လုပ်ခဲ့ပေးနိုင်ပါတယ်။
🔴 နောက်ထပ် အကျိုးရှိတဲ့ အကြောင်းအရာလေးတွေ ဖတ်နိုင်ဖို့ Page ကို "Like & Follow" လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။
....
#ဆုံချက်တစ်ခု_အိပ်မက်တစ်ခု
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
Sittwe