Aung Soe
Journalist
်မှူးချုပ်
#ဗိုလ်ချုပ်ထွန်းမြတ်နိုင်
#မိန့်ခွန်း
28/05/2025
PDF ဒုတပ်ရင်းမှူးဇနီးဖြစ်သူ CDM ရဲတပ်ဖွဲ့ဝင်ကို စစ်ကောင်စီတပ်ကပစ်သတ်
ဆော၊ မေ ၂၈၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်PDF အမှတ် ၁၆ တပ်ရင်း ဒုတပ်ရင်းမှူးရဲ့ဇနီးလည်းဖြစ်တဲ့ CDM ရဲတပ်ဖွဲ့ဝင်အမျိုးသမီး စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုခံရပြီး သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။
သေဆုံးသူမှာ ဒုတပ်ရင်းမှူး ကျော်မင်းသူ(ခ)ကျော်လေးရဲ့ဇနီး မမေသက်ဝေ ဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ ဆောမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှာရှိနေချိန် မေ ၁၉ ရက် နေ့လယ် ၁၂ နာရီကျော်မှာ အင်အား ၈၀ ခန့်ပါ ကျောက်ထုအခြေစိုက် အမတ ၃၆၈ စစ်ကောင်စီတပ်က အဆိုပါကျေးရွာအတွင်း စစ်ကြောင်းထိုးလာစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
" ကျနော်တို့လင်မယားအတူရှိနေချိန်မှာ စကစကမထင်မှတ်ဘဲ ဝင်ရောက်လာခဲ့တယ်။ ဝင်ရောက်လာတော့ ကျနော်တို့အတူ ထွက်ပြေးကြတာပေါ့။ အတူထွက် ပြေးတဲ့အချိန်မှာ ကျနော်ကရှေ့ကကျတယ်။ မိန်းမကတော့ နောက်ကနေကျန်ခဲ့တယ်။ စကစပစ်လိုက်တဲ့ကျည်က ပေါင်မှာမှန်တယ်။ ခေါင်းပိုင်းတွေမှာလည်းမှန်တယ်။ အလောင်းတွေ့တဲ့အချိန်မှာပဲ ပြေးတဲ့နေရာကနေ ထိမှန်သွားတာလို့ပဲ ယူဆပါတယ် ။ စကစက ဖမ်းမိလို့ပစ်သတ်တာမျိုးတော့ မဟုတ်ပါဘူး" လို့ ဒုတပ်ရင်းမှူး ကိုကျော်မင်းသူက မြေလတ်အသံကို ပြောပါတယ်။
သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မမေသက်ဝေရဲ့ရုပ်အလောင်းကို မေ ၂၃ ရက် မနက်ပိုင်းမှာ ဂန့် ဂေါခရိုင်အမှတ် ၁၅ တပ်ရင်းမှ တပ်မှူးနဲ့အဖွဲ့က ကံကြီးကုန်းကျေးရွာအနီး ရင့်ရဲကျေးရွာအပြင်ဘက် ရေမြောင်းအတွင်းတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ရုပ်အလောင်းကို ထီးလင်းမြို့နယ်၊ ကျေးရွာတရွာမှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့သိရပါတယ်။
မမေသက်ဝေမှာ CDM အမျိုးသမီးရဲတပ်ဖွဲ့ဝင်ဖြစ်သလို ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်းရဲ့ စစ်ဦးစီး/စစ်ရေး/စစ်ထောက်တာဝန်ခံအဖြစ် ထမ်းဆောင်နေတာဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၂ နှစ်အရွယ်သား ၁ ဦး ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။
ထီးလင်းမြို့နယ်အခြေစိုက် ဂန့်ဂေါခရိုင်အမှတ် ၁၆ တပ်ရင်းမှ ဒုတပ်ရင်းမှူးရဲ့ဇနီး ဦးရေးထောက်တာဝန်ခံ မမေသက်ဝေတို့ ရှိနေခဲ့တဲ့ ဆောမြို့နယ်၊ ကံကြီးကုန်းကျေးရွာမှာ ကျောက်ထုအခြေစိုက် အမတ ၃၆၈ အမြောက်တပ်ရင်းနဲ့ ၆ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။
သတင်း - အောင်စိုး၊ စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ဆော #ဒုတပ်ရင်းမှူးဇနီး ျိုးသမီးရဲတပ်ဖွဲ့ဝင် #သေဆုံး
မြေလတ်အသံ page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
*****************************************
အောက်ပါလင့်တွေမှာလည်း မြေလတ်အသံရဲ့ သတင်းများကို ဖတ်ရှုနိုင်ပါတယ်။
Website - https://myaelattathan.com/
Youtube - https://www.youtube.com/channel/UCJpykv7SLazaVzdurxhURIg
Telegram - https://t.me/myaelattathan
Twitter - https://twitter.com/Myaelatt_Athan
Instagram - https://www.instagram.com/myaelatt_athan/
Tiktok - https://www.tiktok.com/.athan
24/08/2022
ကယ်ဆယ်ရေးပေးနေသော အဖွဲ့အစည်းများအနေဖြင့် အခက်အခဲကြုံတွေ့ပါက အကူအညီတောင်းခံနိုင်သည်ဟု ULA/AA ပြော
မြေလတ်အသံ၊ ဩဂုတ် ၂၃၊ ၂၀၂၂။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ပေးအပ်ရန်ဆောင်ရွက်လျက်ရှိနေသည့် အဖွဲ့အစည်းများကို စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးတို့မှ အကြောင်းအမျိုးမျိုးပြ၍ လူမဆန်စွာ ပိတ်ပင်တားဆီးနေမှုများ၊ အခက်အခဲများကြုံတွေ့ရပါက ရက္ခိုင်ပြည်သူ့အစိုးရ(ULA/AA)သို့ ဆက်သွယ်၍ ကူညီပံ့ပိုးမှုများကို ဆောင်ရွက်နိုင်သည်ဟု AAကပြောဆိုလိုက်သည်။
အဆိုပါပြောဆိုမှုကို ဩဂုတ်လ ၂၃ ရက်ယမန်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်း စစ်ဘေးရှောင်များနှင့်ပတ်သက်၍ထုတ်ပြန်သည့် စာစောင်တွင် အထက်ပါအတိုင်းရေးသားပြောဆိုလိုက်ခြင်းဖြစ်သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ယခုလိုတာဝန်ယူပေးမည်ဆိုပါက စားနပ်ရိက္ခာအခက်အခဲများဖြစ်နေသည့် ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို ထောက်ပံ့မှုများဆက်လက်ပြုလုပ်သွားမည်ဟု ကူညီကာကယ်ရေးလုပ်ငန်းများဆောင်ရွက် နေသူတဦးက ပြောသည်။
"ကျနော်တို့က ရွာတွေ၊ စစ်ရှောင်စခန်းတွေကို သွားလို့ ထောက်ပံ့ပေးချင်နေတာပါ။ ဒါပေမယ့် စစ်ကောင်စီက သွားခွင့်မပြုတော့ မပေးရဘူး။ အခု တပ်တော်ကအကူအညီပေးမယ်ဆိုတော့ အဆင်ပြေသွားတာပေါ့။" ဟု ဆိုသည်။
ဩဂုတ်လ ၁၃ ရက်တွင်ဖြစ်ပွားခဲ့သော ရက္ခိုင်၊ ပလက်ဝဒေသအတွင်းတိုက်ပွဲများ နောက်ပိုင်းမှစ၍ အကျအဆုံးများပြီး အထိနာခဲ့သော စစ်ကောင်စီတပ်သည် ရေချမ်းပြင်-အငူမော်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်း (မြောက်ဘက်ပိုင်း) လမ်းတွင် ပြည်သူများခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို ပိတ်ထားလိုက်ပြီး၊ စစ်တွေအမြန်ရေယာဉ်ဆိပ်၊ ရေချမ်းပြင်ဆိပ်နှင့် မောင်တော-ဘူးသီးတောင်လမ်းများတွင် စစ်ဆေးခြင်းများကို ယခင်ကထက်ပို၍ တင်းကျပ်စွာလုပ်ဆောင်လျက်ရှိသည်။
ယင်းအပြင် ဩဂုတ်လ ၂၀ ရက်မှစတင်ပြီး ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်၏ ဗျူဟာဂိတ်မှ ဘူးသီးတောင်-မောင်တောသို့ ကုန်စည်ကူးသန်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များကို ပိတ်ပင်တားမြစ်ကာ ကုန်စည်ရိက္ခာစီးဆင်းခြင်းကိုလည်း လုံးဝ ဖြတ်တောက်လိုက်သလို မောင်တော-အငူမော် ကားလမ်းကြောင်းတလျှောက် မောင်တောမြို့နယ်တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းကျေးရွာများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စားနပ်ရိက္ခာ ဖြန့်ဝေရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများကိုလည်း စစ်ကောင်စီတပ်မှ သွားလာခွင့်များကို ကန့်သတ်ပိတ်ပင်လိုက်သည်ဟုသိရသည်။
ယင်းကြောင့် မောင်တောမြို့နယ်ရှိ ကျေးရွာများမှာ စားနပ်ရိက္ခာပြတ်တောက်ကာ အကူအညီများ မဲ့နေကြသည်ဟု ဒေသခံများထံမှသိရသည်။
ယင်းအပြင် မောင်တောမြောက်ပိုင်းရှိကျေးရွာများသို့ ထောက်ပံ့ပစ္စည်းများသွားပို့မည့် INGO,NGO များကို ၁၀ ရက်ခန့်ကြာ ပိတ်ပင်တားဆီးမှုများရှိရာမှ ပြီးခဲ့သည့်ဇူလိုင်လ ၂၈ ရက်မှစတင်ကာ အကန့်အသတ်ဖြင့် သွားရောက်ထောက်ပံ့ခွင့်ပြုလိုက်သည်ဟု သိရသည်။
#မြေလတ်အသံ
ဓါတ်ပုံ - AA
23/08/2022
AAက ALP အဖွဲ့ဝင်ကျောင်းထိုင်ဆရာတော် ၄ပါး ကိုဖမ်းဆီးသွား
မြေလတ်အသံ၊ ဩဂုတ် ၂၃၊ ၂၀၂၂။
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ပေါ်မှ ALPအဖွဲ့ဝင်များဖြစ်ကြသည့် ကျောင်းထိုင် ဆရာတော် ၄ပါးကို ယမန်နေ့ဩဂုတ် ၂၂ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသည့် ဆရာတော်များမှာ မြို့ဦးခေါင်း ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝဏ္ဏသာရ၊ နန်းမြို့စာသင်တိုက်ဆရာတော် ဘဒ္ဒန္တ ကေသရ၊ လကွယ်တောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ထေရဝံသ၊ ရွှေစည်းဝ(ပြင်ဈေး) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မပီယ တို့ဖြစ်ပြီး ၎င်းတို့မှာ ကျောင်းပေါ်၌ရှိနေစဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။
"ဖမ်းသွားတဲ့ဆရာတော် ၄ပါးစလုံးက ALPက မြို့နယ်အဆင့် ဥက္ကဌတွေဖြစ်ကြတယ်လို့သိရတယ်။ အဲဒါကြောင့် AAကဖမ်းသွားတာ။ အပြန် အလှန်ဖမ်းကြတဲ့သဘောပေါ့။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဖမ်းတာတော့ မဟုတ်ပါဘူး"ဟု မြောက်ဦးမြို့ပေါ်မှကျောင်းထိုင်ဆရာတော်တပါး က မြေလတ်အသံကို မိန့်သည်။
ယင်းအပြင် လကွယ်တောင် ကျောင်းတိုက် ဆရာ တော် ဘဒ္ဒန္တ ထေရဝံသမှာလည်း လကွယ်တောင်ပေါ်၌ သင်တန်းပေးမှုများရှိနေသည်ကို မြင်တွေ့ ခဲ့ရသည်ဟု ယင်းကျောင်းအနီး၌နေထိုင်သူတဦးက ပြောသည်။
"ဆရာတော်ဦးစီးလို့ပေါ့။လူကတော့ ၁၀ကျော် လောက်ရှိဖို့ထင်တယ်။သင်တန်းပေးနေတာ။ ကျနော်တို့ မြင်တာ ၂ရက်၊၃ရက်ရှိပြီ။ ပြီးတော့ ဆရာတော်က ALPကလို့ သိရတယ်"ဟု ဆိုသည်။
အဆိုပါဆရာတော် ၄ပါးမှာ ALP၏ တရားဝင် အဖွဲ့ဝင်ပုဂ္ဂိုလ်များမဟုတ်ဘဲ အမျိုးသားရေးဆန္ဒကိုအားပေးလိုသည့်သဘောမျိုးဖြင့် တခန်းတကဏ္ဍမှ အားပေးနေသည့် ပုဂ္ဂိုလ် များသာဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေး တပ်မ တော်(ALA)မှ ဗိုလ်ချုပ် ခိုင်စိုးမြက ပြောသည်။
"သူတို့ကကျနော်တို့ရဲ့ALPအပေါ်မှာတချိန်တုန်းကလည်း အားပေးခဲ့တယ်။ဒီနေ့လည်း ဆက်ပြီး တော့အားပေးနေတဲ့ ပုဂ္ဂိုလ်တွေပါ။ တရားဝင်အဖွဲ့ဝင်တွေလိုတော့ ပြောလို့မရဘူး။ ဒီလိုအပြန် အလှန်ဖမ်းနေရင် ကျနော်တို့လိုချင်တဲ့ ပန်းတိုင်မရောက်ဘဲနဲ့ အဓိပ္ပာယ်မရှိဘဲဖြစ်သွားတတ်တယ်။အဲဒါကြောင့် သံသစိတ်မထားဘဲနဲ့ သဘောထား ကြီးပေးဖို့လိုတယ်။ ဒီလိုပဲကျနော်တို့ခံယူ ထားတယ်"ဟု ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်၂ရက်နေ့တွင်လည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့သည်။
ပုံ- မြို့ဦးခေါင်းကျောင်းထိုင်ဆရာတော်
#မြေလတ်အသံ
20/08/2022
Click here to claim your Sponsored Listing.
Category
Contact the public figure
Website
Address
Main Road
Sittwe
07014