HTET Bookshelf

HTET Bookshelf

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTET Bookshelf, Book shop, Shwebo.

Photos from HTET Bookshelf's post 29/05/2026

ရွှေဘိုမြို့ရဲ့.....
SU ကိတ်ဆိုင်မှာ.....
ထိုင်းနိုင်ငံထုတ်.......
Cremo 🍦
အရသာအစုံ ရနေပါပြီနော် 😍

စတော်ဘယ်ရီ
ဘလူးဘယ်ရီ
ချောကလက်
ချောချစ်
အုန်းစိမ်း
ပိန်းဥ
သီးစုံ
Rainbow
ဒူးရင်း
ကွတ်ကီး

သုံးဆောင်နိုင်ပါပြီရှင် 😊
သံဃာတော်များကို ကပ်လှူရန် 🙏 နှင့်
ချစ်ရသော မိတ်ဆွေများကို ဧည့်ခံရန်အတွက်
(ခွက်ရေ ၁၀၀ ကျော်ခန့်အထိ ရနိုင်သော)
6kg packaging ပုံးများကိုလည်း ကြိုတင်မှာယူနိုင်ပါတယ်ရှင်
စျေးအပြောင်းအလဲ ရှိပါ၍
ကျေးဇူးပြုပြီး -
ဖုန်း 09988454210 ကို ဆက်သွယ်ပေးပါရှင် 🙏😊

26/05/2026

Cremo 🍦အရသာအစုံ ရနေပါပြီနော် 🎊

SU ကိတ်ဆိုင်
ဆေးရုံကြီးလမ်း
ရွှေဘိုမြို့

Photos from HTET Bookshelf's post 01/05/2026

သမီးကြီးနဲ့အတူ ဖတ်ခဲ့ရတဲ့စာအုပ်လေးပေါ့😍
အမေတွေပါ ချစ်ခဲ့ရတဲ့ စာအုပ်လေး💕

ဒီစာအုပ်လေးတွေမြင်ရတာ
တို့သားအမိရဲ့ ငယ်ဘဝလေးကို အမှတ်ရစေတာမို့
ပျော်လို့ ယူရောင်းတာပါ💕
တစ်အုပ် - ၁၆၀၀၀ကျပ်

SU ကိတ်ဆိုင်
ဆေးရုံကြီးလမ်း
ရွှေဘိုမြို့
09988454210

27/04/2026

သမီးကြီးငယ်တုန်းက နဲနဲတော့ ရူးခဲ့မိသေးတယ်😄
သားသားနဲ့မှ ခပ်ချေချေ ဖြစ်သွားတာ 😁

သူ့ဗီဇနဲ့သူလာကြတာပါ
Program ဆွဲလို့လဲ မရပါဘူး
သူ့အရွယ်နဲ့သူ ဖွံဖြိုးမှုလေးတွေကို
ပေါ့ပေါ့ဆဆ မထားမိဖို့ပါပဲ 👌

Anti Parenting Tips
ပထမဦးဆုံးအနေနဲ့ Parenting ဆိုတာကို သင့်သလောက်၊လိုသလောက် ပြုစုပျိုးထောင်ခြင်းမဟုတ်ဘဲ အပြုစုအပျိုးထောင်လွန်ကဲခြင်း လို့ လက်ရှိလူမှုဘဝမှာတွေ့ကြုံမြင်နေရတဲ့ ခံစားသိမှုအရ အဓိပ္ပါယ်ဖွင့်လိုပါတယ်။ ဒီအတိုင်းလဲ လက်တွေ့လူမှုဘဝမှာ ဖြစ်နေပါတယ်။
လူမှုမီဒီယာပလက်ဖောင်းတွေမှာ အရမ်းကိုခေတ်စားလာပီး Parenting က ခက်ထန်တဲ့ယဉ်ကျေးမှုဆူနာမီလှိုင်းသဖွယ် Parents မိဘတွေကို ဝန်ထုပ်ဝန်ပိုးအပိုတွေ၊ စိတ်ဖိစီးမှုတွေ၊ သောကတွေ ပေးလာပါတယ်။ ပြုစုပျိုးထောင်ခြင်းဆိုတာ မိဘနဲ့သားသမီးကြား ဆက်ဆံရေးတခုပဲမဟုတ်လား။ ဒါပေမယ့် parenting tips ပဲရင့်တင်းနည်းနာတွေက ဘာလို့ ကလေးကိုပျော်အောင်ထား၊ကလေးအတွက်အချိန်ပေး၊ ကလေး၊ကလေး....နဲ့ တ ကလေး တည်း ကလေးပီး မိဘတွေရဲ့ အကြောင်း ပါမလာရတာလဲ။
အခု ဒီပို့စ်ကတော့ မိဘတွေအတွက် စိတ်အေးရမယ့်၊ သောကဗျာပါဒ လျော့နည်းစေမယ့်၊ တနည်း ချေသင့်တာကို ခပ်ချေချေနေပီး မိဘ‌ေတွလည်း ကိုယ်ပိုင်အချိန် ၊ကိုယ်ပိုင်လွတ်လပ်မှု/ခွင့်၊ ကိုယ်ပိုင်အပျော် ဖန်တီးလို့ရတယ်/ဖန်တီးရမယ်/ ဖန်တီးသင့်တယ်ဆိုတဲ့အကြောင်းပါပဲ။ ငါ မပျော်ရချင်နေ ငါ့ကလေးပျော်ရမယ် ဆိုတာမျိုးကို ထားခဲ့။ ငါ (ငွေ) မသုံးရချင်နေ ငါ့ကလေးအတွက် သုံးမယ် ဆိုတာမျိုးလဲ ထားခဲ့။ ငါရော၊ ငါ့ကလေးရော ဆိုတဲ့ တဖက်သတ်မဟုတ်တဲ့အပြန်အလှန် သဘောမျိုး၊ နှစ်ဦးနှစ်ဖက်စလုံးအပြုသဘောဆောင်တာမျိုးကသာ တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးပုံစံဖြစ်ပါတယ်။ တကယ်ကောင်းမွန်တဲ့ဆက်ဆံရေးကသာ စစ်မှန်သော ပြုစုပျိုးထောင်ခြင်း မည်ပါလိမ့်မယ်။
ဒါကတော့
Dorsa Amir ရဲ့ Twitter ပေါ်မှာအတော်ပေါက်သွားတဲ့ ပို့စ် ကို မှီငြမ်းပီးရေးထားတာဖြစ်ပါတယ်။
၁။ အရာအားလုံးက ပညာရေးဆိုင်ရာတန်ဖိုးတစုံတရာရှိနေဖို့ မလိုပါဘူး။ ပညာရေးနဲ့ဆက်စပ်ပတ်သတ်နေဖို့မလိုဘူး။ ဥပမာ "သူများကလေးတွေက scribble ကစားတာ၊ နင်က မျောက်ရှုံး‌‌ေအာင်ဆော့တာ။ ကစားတာနဲ့ဆော့တာ မတူဘူး။" ဒီဥပမာ မှာ ကလေးက သူ့သဘာဝ အလျောက် ကစားတာတောင်မှ ပညာရေးတန်ဖိုး တစုံတရာ ၊ဆက်စပ်ပတ်သတ်မှု မရှိလို့ မိဘက သူများကလေးနဲ့ ချိန်ထိုးပီး ဆုံးမ တာကို ‌ေ‌တွ့ရတယ်။ တကယ်တော့ ကစားတာက ကစားဖို့အတွက်ပဲ။ ဘာမှ play and learn လာမလုပ်နဲ့။ ဘာမှ ကစားရင်းသင်ယူ မလုပ်နဲ့။ Play for Play's sake ပဲ။ ကိုယ့်ကလေး သူ့ဖာသာသူ စိတ်ကူးလေးအတိုင်း ကလေးနေရင် ပစ်ထားလိုက်ပါ။ ဒါကို သောကရောက်‌ေနစရာ ဘာအကြောင်းမှမရှိပါဘူး။ ပစ်ထားပီး ခပ်ချေချေပဲအေးဆေးနေပလိုက်။
၂။ ကလေးကို ပျင်းခွင့်ပေးပါ။ ကလေးကို ပျင်းခွင့် ပေးပါ။ သူများတွေက ဒီအချိန်မှာ Phonics, hand abacus, mental maths, art, sports ဒါတွေ သင်နေတာဆိုပီး ကိုယ့်ကလေး သူ့ဖာသာသူ အားလပ်နေတာ၊ ပျင်းစရာအချိန်လေးရှိနေတာကို အားမရ ၊ မကျေမနပ် ၊စတိုးစနောင့် မဖြစ်ပါနဲ့။ ပျင်းတာလဲ လူသားသဘာဝပဲမလား။
၃။ လူမှုဆက်ဆံရေးပဋိပက္ခ ဖြစ်စေပါ။ သူ့သူငယ်ချင်းတေနဲ့ပဲဖြစ်ဖြစ်၊ သူနဲ့နီးစပ်ပတ်သတ်သူ ကြီး၊ငယ် အရွယ်မရွေး မည်သူနဲ့ မဆို သဘောထားကွဲလွဲတာ၊ ငြင်းခုန်တာမျိုး ခွင့်ပြုပါ။ ပြဿနာတွေကနေ သူ့ဖာသာသူ သင်ယူစရာရှိတာ သင်ယူပါလိမ့်မယ်။ နေရာတကာ ကာကွယ်ဖြေရှင်းပေးနေတဲ့ ဆူပါမေမေ၊ဆူပါဖေဖေ လုပ်နေစရာ မလိုပါ။ ပစ်ထားစမ်းပါ။ သန်မာလာလိမ့်မယ်။
၄။ စိတ်တိုတာ၊ဒေါသထွက်တာ၊ အော်ငိုတာ စတဲ့ စိတ်ခံစားချက်များက ကလေးတွေအတွက် မကောင်းတဲ့အရာတွေမဟုတ်ပါဘူး။ ဒီတော့ မငိုအောင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတွေ၊ ဒေါသမထွက်အောင် ဘယ်လို ထရိန်းမလဲဆိုတာမျိုးတွေ လုပ်နေစရာ မလိုပါဘူး။ သဘာဝက သဘာဝပါပဲ။ လူသားကို ပရိုဂရမ်ဆွဲပီးစက်ရုပ်လို ထရိန်းနေတာမျိုးလုပ်စရာမလိုပါဘူး။ ကျောင်းသွားတဲ့အခါ မငိုအောင်တို့ ဘာတို့ ဆိုတဲ့ အပိုတွေလုပ်ပီး ကိုယ့်ကိုယ်ကိုယ် ဝန်ပိုတွေ မိပစေပါနဲ့။ ခပ်ချေချေခပ်အေးအေးနေစမ်းပါ။ ၁၉၈၀ လောက်က မိဘတွေ အတော်ချေသနော်။ အ့လိုချေစမ်းပါ။
၅။ ကလေးပျော်အောင် အချိန်ပြည့် လူရွှင်တော်လုပ်၊မြှူနေစရာမလိုပါဘူး။ ပျင်းစရာကောင်းတဲ့ မိဘ ဖြစ်ချင်ဖြစ်နေပါစေ ဖြစ်လို့ရပါတယ်။ အနောက်နိုင်ငံက ‌မိဘတွေလို ကလေးတွေကို ဆော့ပေး၊မြှူပေး၊ အချိန်တွေ အများကြီး ပေးတာတွေကို ကြည့်ပီး လိုက်လုပ်စရာလဲ မလိုပါဘူး။ မိဘမှာလဲ ကိုယ့်အကြိုက်၊ကိုယ့်ဖြစ်တည်မှု ကိုယ့်ပုံစံရှိပါတယ်။ အိုဗာတင်းတွေမဖျော်ပါနဲ့။ သင့်ရုံပေါ့။ သင့်သလောက်ပေါ့။ ဘဝက ဇာတ်ကားရိုက်နေတာမှ မဟုတ်ပါ။ ထပ် ချေလိုက်ပါဦး။အေးဆေးပေါ့။
၆။ လိုင်းပေါ်က နာမည်ကျော်/နာမည်ကြီးတွေလျှောက်ပြောတိုင်း အရုပ်တွေဝယ်၊စာအုပ်တွေ ဇွတ်ဝယ်‌ေပးနေတာမျိုးမလုပ်ပါနဲ့။ မဝယ်ပေးနိုင်လို့လဲ ဘာမှ ခံစားနေစရာအကြောင်းမရှိပါ။ အ့ နာမည်ကျောိတွေက စီးပွားရေးလုပ်နေတာပါ။ ကလေးတွေအတွက် စာဖတ်challenge လုပ်မယ်။ ဟိုစာအုပ်ဝယ်ပါ။ ဒီစာအုပ်ဝယ်ပါ။ ကလေးရဲ့ ဘာ ဖွံ့ဖြိုးဖို့ ဒီအရုပ်လေး ဝယ်ပါ။ ကလေးအကြောင်း သိရဖို့ ကျယ်မရဲ့ ဘယ်စာအုပ်လေး ဖတ်ပါ ဆိုတာနဲ့ လိုင်းပေါ်က တွေ့ရာတွေ လျှောက်ဝယ်နေဖို့ မလိုပါဘူး။ လိုအပ်မှ ဝယ်ပါ။ တကယ် လိုအပ်မှ ဝယ်ပါ။ သုံးမှ ဝယ်ပါ၊၊ တကယ် သုံးမှ ဝယ်ပါ။ ကလေးက မပြောဘဲ လိုတရ သလို ‌ဖြည့်ဆည်းပေးနေရင် ကလေးက သူကိုယ်တိုင် ဘာလိုအပ်နေသလဲဆိုတာ သူ့ဖာသာသူ စစ်မေးတာမျိုး ရှိမှာ မဟုတ်တော့ဘူး။ များလွန်းတာက ဘာမှ မကောင်းပါဘူး။
၇။ အိမ်အလုပ်တွေ ခိုင်းပါ။ မခိုင်းရင် မတတ်ဘူး။ "ငါက ငါ့ကလေးကို ဘာမှ မခိုင်းဘူး။ စာပဲ တော်အောင်သင်ခိုင်းတာ" ဆိုပီး ဂုဏ်ဆာနေစရာမလိုဘူး။ လုပ်တတ်ကိုင်တတ်ရှိအောင် နေတတ်ထိုင်တတ်ရှိအောင် ခိုင်း။ မနိုင်ဝန်မဖြစ်ပီးတာပဲ။
၈။ နောက်ဆုံးတခုကတော့ individual difference ဆိုတာကို လက်ခံ၊သိ၊နားလည်ထားပါ။ ဒါကရှင်းရှင်းလေးပဲ တမိတည်းပေါက်တဲ့ ညီကိုမောင်ဘွားတေ ညီအမတွေတောင် တယောက်နဲ့တယောက် ဉာဏ်ရည်၊လူမှုဆက်ဆံရေးစွမ်းရည် အခြားအခြားသော ကိစ္စများမှာ ကွာကြခြားကြတယ်။ လိုင်းပေါ်က နစ်နစ်နဲ့ စာတွေဖတ်တတ်နေလို့ ဘာမှ ကိုယ့်ကလေးကို ဖိအားပေးစရာမလိုသလို ကွကိုယ်လည်း အပြစ်ရှိသလို ခံစားစရာမလိုဘူး။ လိုင်းပေါ်က စာတော်တဲ့ကလေးတွေရဲ့ အသက်က ဆယ်နှစ်မကျော်ကြတာများတယ်။ ဘာလို့လဲဆိုတော့ ဆယ်နစ်၊ဆယ့်နှစ်နဲ့အထက်ရောက်တာနဲ့ အကုန်လုံး ထူးမခြားနား မကွာသလိုပဲဖြစ်နေလို့ပေါ့။ နောက်တချက်က child prodigy ကလေးဘွမှာ အံဖွယ်ထူးချွန်တဲ့ကလေးများက သိပ်မအောင်မြင်တတ်ကြဘူး။ ဘာလို့လဲဆိုတော့ ဖြစ်နိုင်တာက ငယ်ဘဝထဲက ဖိအားတွေထဲမှာ နစ်ခဲ့ကြလို့ပဲ။ ဒီတော့ ငါ့ကလေးက ငါ့ကလေးပဲ။ သူများကလေးတော်တိုင်း ငါ့ကလေး တော်ရမယ်ဆိုတာ မဟုတ်ဘူး။ ငါ့ကလေးက ငါ့ကလေးနှုန်းအတိုင်း တော်ရင် ရပီဆိုတဲ့ individual difference ကို သိရမယ်။ ဒါက မိဘကို ကလေးရဲ့ ပညာရေးဆောင်ရွက်ချက်တွေနဲ့ပတ်သတ်ပီး စိတ်ဖိစီးမှုနည်းစေတယ်။ မိဘက စိတ်ဖိစီးနေရင် ကလေးကို ဖိအားပေးတတ်တော့ ကလေးလည်း ဖိစီးရတယ်။ မိဘက ပေါ့ပေါ့ပါးပါးဆိုရင် ကလေးလဲ ပေါ့ပေါ့ပါးပါးပဲပေါ့။ ပေါ့ပေါ့ဆဆ မဟုတ်ရင် ပီးတာပဲ။
ကဲ အချုပ်ပြောရရင် လိုင်းပေါ်က Parenting tips ဆိုတာတွေ လျော့ဖတ်ပါ။ လိုင်းပေါ်က ဖလန်းဖလန်းကလေးပညာရေး အာဝါထား တွေကိုလည်း လျှော့ကြည့်ပါ။ ကိုယ့်ကလေးကို ကိုယ်သာအသိဆုံး မလား။ ခပ်ချေချေနဲ့ ပေါ့ပေါ့ပါးပါးသာနေပါ။ ကလေးကိစ္စနေရာတကာဝင်ပါပီး ကိုယ့်အချိန်ကို မဖြုန်းနဲ့။ ကဲစရာရှိတာကဲ၊ ဟဲဟဲ
just trying to take off the massive burden of Myanma Parents.
-calledparenting
-parenting

Photos from HTET Bookshelf's post 26/04/2026

ရောက်ပါပြီရှင် ☂

ရှမ်းမ် ကူလ်ဖီးမလိုင်ရေခဲချောင်း ( ရှယ်ချောင်း)
တစ်ချောင်း - ၃၀၀၀ကျပ်

SU ကိတ်ဆိုင်
ဆေးရုံကြီးလမ်း
ရွှေဘိုမြို့
09988454210
092038293

Photos from HTET Bookshelf's post 03/04/2026

Dimsum လေးတွေ ထပ်မံရောက်ရှိ 😊

စားချင်တဲ့အချိန် အလွယ်တကူစားဖို့ Frozen လေးဆောင်ထား👌

အသင့်ပဲစားမယ်ဆို ၄၅မိနစ်ခန့် ကြိုပြီး 📞📞09988454210

စျေးလေးတွေ ပြောင်းမထားသေးပါဘူးရှင်

Frozen - 18000ks
Ready to eat - 19000ks

SU ကိတ်ဆိုင်
ရွှေဘိုမြို့

31/03/2026

See you tomorrow!💕

မနက်ဖြန်
အဆင်ပြေပါ့မလား
တွေးရင်းစိတ်ပူမိတယ်😥
ကျွေးမှာကရေခဲမုန့်
လူတိုင်းက နိုင်ပါ့မလားပြောကြတော့
စိတ်ပူမိတာ အမှန်ပဲ😔
တတ်နိုင်သလောက် ဒေါင့်ပေါင်းစုံကစဉ်းစားပြီး
ကြိုတော့စီစဉ်နေပါတယ်😊
တခုခုအဆင်မပြေဖြစ်သွားရင်
နားလည်ပေးပြီး
ဝိုင်းကူပြီး ဧည့်ခံပေးသွားကြပါအုံးနော်☺️

ကံစမ်းမဲအစီအစဉ်လေးလဲ ထည့်သွင်းထားပါတယ်ရှင်
ခုပြထားတဲ့
4လက်မ mini cake လေး 3လုံးအပြင်
ဆိုင်မှာရောင်းတဲ့
Burnt cheese cake
Brownie
Slice cake
ပူတင်း
ကျောက်ကျော
ဒိုးနပ်
သာကူ လေးတွေလည်း ကံစမ်းမဲထဲထည့်ပေးထားပါတယ်လို့
မနက်ဖြန် ပျော်ပျော်ရွှင်ရွှင် တွေ့ကြရအောင်နော😊

Photos from HTET Bookshelf's post 31/03/2026

ဘာဂါပေါင်မုန့်သား အရသာ စစ်စစ်လေးကိုမှ....
Cheese slice
Mayonnaise
Butter
Chicken patty
Salad
Cucumber
ထိမိနေသော....🍔🍔🍔
100% Halal ဖြစ်ပါသည်ရှင် ✅✅✅

ပူပူနွေးနွေး သုံးဆောင်ချင်တယ်ဆို
📞09988454210

🍔 7000ks
Double Cheese slice /
Double Chicken patty - 10000ks

SU ကိတ်ဆိုင်
ဆေးရုံကြီးလမ်း
ရွှေဘိုမြို့

31/03/2026

ထုံးစံအတိုင်း.....
အိမ်က ကလေးတွေအတွက် ဝယ်....
ဖတ်ပြပြီးနောက်....
အရမ်းကြိုက်မိပါသော.....

ပေးရတဲ့စျေးနဲ့မတန်အောင်ကိုပါပဲ...
အရမ်းကိုတန်ပါသော.......
တစ်အုပ် - ၁၀၀၀၀ကျပ်

SU ကိတ်ဆိုင်
ဆေးရုံကြီးလမ်း
ရွှေဘိုမြို့
09988454210

Photos from SU bakery and floral services's post 30/03/2026

လူ တစ်ဦးလျှင်
တစ်ခု တစ်ခွက်ပေါ့နော် 😜🤞

နောက်နှစ်တွေမှာ အဝကျွေးနိုင်ပါရစေရှင် 🙏

အိုးသူကြီး ကျမ လက်သွေးနေပါပြီရှင် 😄

Want your business to be the top-listed Shop in Shwebo?
Click here to claim your Sponsored Listing.

Category

Website

Address


Shwebo