Mxulian

Mxulian

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mxulian, .

27/08/2023

ကို့ပံုစံလှပအောင်နေနိုင်ခဲ့ပေမယ့်
ဘဝတော့မလှခဲ့ပါဘူးဗျာ🥲

25/05/2023

နေပူတယ် ပရိတ်သတ်ကြီးရေ 😌🥵

Photos from Mxulian's post 11/01/2022

ဘေထုတ်ရောင်းတာ ရှက်စရာလား?
ဘေထုတ်ဝယ်ဝတ်တာရော ရှက်စရာလား?

ဘေထုတ်လို့ပြောလိုက်တာနဲ့ လူကြီးတွေ "ဟင်း" ကနဲဖြစ်သွားကြတာ ဘာကြောင့်လဲ?

ဒီနိုင်ငံမှာသိထားတဲ့ဘေထုတ်ဆိုတာနဲ့ လမ်းဘေးပွဲစျေးတန်းထဲမှာ ပုံရောင်းတဲ့ အထည်အဟောင်းအနွမ်းတွေ၊ ဘားလမ်းနား အပေါ်ဘလောက်က အထည်အစုတ်တွေကိုပဲ လူကြီးတွေသိထားကြလို့ပါ။

ကိုယ်ရောင်းတဲ့ ဘေထုတ်ဆိုတာ အဲ့လိုအစုတ်အဟောင်းတွေမဟုတ်တဲ့အကြောင်း၊ Korea, BKK, Japan ကွန်တိန်နာကျ အထည်အကောင်းလေးတွေရောင်းမယ့်အကြောင်းကို အိမ်ကလူကြီးတွေကိုအရင် နားလည်အောင်ရှင်းပြရပါတယ်။

စိတ်ဓာတ်ကျလွယ်၊ စိတ်ညစ်လွယ်၊ အရှုံးပေးလွယ်ရင်တော့ ဘေထုတ်မရောင်းတာ အကောင်းဆုံးပါ။ စီးပွားရေး တစ်ခုစလုပ်တော့မယ်ဆိုရင်တော့ အရှုံး/အမြတ်၊ အဆိုး/အကောင်းက အမြဲဒွန်တွဲနေတာပါ။

ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကိုယ့်အင်အား ကိုယ့် ideasနဲ့ ကိုယ်ပိုင်စီးပွားရေးလေးစလုပ်ပြီး ဝင်ငွေလေးရအောင်စျေးရောင်းတာ လုံးဝ လုံး၀ လုံးဝ ရှက်စရာမဟုတ်ပါဘူး။ 📛📛သူများပိုက်ဆံလိမ်တာ၊ သူများပစ္စည်းခိုးတာ၊ သူများကို ကဲ့ရဲ့လှောင်ပြောင်တာ၊ သူများမကောင်းကြောင်းအဆိုးမြင်ဝါဒီပြောတာတွေကမှ ရှက်စရာတွေဖြစ်ပါတယ်။

အခုခေတ်မှာ ပိုက်ဆံချွေတာပြီး vintage အထည်သန့်လေးတွေကို စျေးတန်တန်နဲ့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝ
ယ်ဝတ်တာ လုံးဝ လုံးဝ လုံးဝ ရှက်စရာမဟုတ်ပါဘူး။
ကိုယ့်ဝင်ငွေလေးနဲ့ ကိုယ့် Budget ကိုယ်ချွေတာ တာကမှ ပိုပြီးဂုဏ်ယူစရာကောင်းပါသေးတယ်။

Don't feel bad, don't get all heated just respond them with real result......

Photos from Mxulian's post 09/01/2022

Branded အဝတ်စားများနှင့် တချို့ အဝတ်စားတွေ ပါလေ့ရှိတဲ့ လျှော်ဖွတ်နည်း သင်္ကေတများ 💧🎫🔖

▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

လျှော်ဖွတ်တဲ့အခါ အဝတ်စားတိုင်း ထုတ်လုပ်ပုံ ထုတ်လုပ်တဲ့ပုံစံ ၊ အသား တွေ မတူတာကြောင့် လျှော်ဖွတ်တဲ့နည်းတွေလဲ မတူကြပါဘူး။

တချို့က ရေထိလို့မရဘူး၊ တချို့က မီးပူတိုက်လို့မရဘူး စသဖြင့် အမျိုးမျိုးရှိပါတယ်။

ထို့ကြောင့် လျှော်ဖွတ်တဲ့အခါ မပျက်စီးပဲ နည်းစနစ်မှန်မှန် လျှော်ဖွတ်လို့ရအောင် တင်ပေးလိုက်ပါတယ်။

အဲ့ဒီ Label Tags များကို အဝတ်စားအတွင်းပိုင်းမှာ ရှာလို့ရပါတယ်။

မိဘပြည်သူများ ကျန်းမာချမ်းသာကြပါစေဗျ🤟🤟

Credit ~
Vizual Shop ❣️

29/12/2021

💲ဈေးနှုန်း'"6000"ကျပ်ထဲနဲ့💲
မင်မင်ဝတ်ထားတဲ့Stpantဘောင်ဘီအထည်လေးတွေရောင်းပေးနေပါပြီဗျာ။❤️❤️❤️🙆‍♂️

Website