KSL Aircon Service

KSL Aircon Service

Share

Aircon, Refrigerator, Watercolor
Washing machine service &
Repair
စလင်းမြို့

Photos from HYPER Institute's post 16/01/2026
09/06/2024

🚩စကာသီးကိုဖောက် ချုပ်မဖြစ်အောင်ပင်ဗားတပ်ပြီး သုံးသင့်သလား

စကာသီးလို့ခေါ်တဲ့Filter drier ထဲကဂျယ်သီဟာအက်ဆစ်နဲ့ရေငွေ့ကိုစုပ်ပေးတာပါ။
အက်ဆစ်နဲ့ရေငွေ့က အလူမီနီယမ်အအေးကွိုင်ကို စားပြီးပါးစေသလို၊ကွန်ပရက်ဆာကွိုင်ရဲ့ ဗားနစ်ကာဗာကိုစားနိုင်ပါတယ်၊ကွန်ပရက်ဆာရဲ့လည်‌ေနတဲ့အစိတ်အပိုင်းတွေကို ပွန်းစားမှုပိုစေသလို ၊သံချေးလည်းပိုတက်နိုင်ပါတယ်။
(အဲဒါကိုကာကွယ်ဖို့ အင်ဂျင်နီယာတွေကညတွက်ချက်ပြီး စကာသီးထဲမှာ ဆီလီကာဂျယ်နဲ့အလူမီနာ ပေါင်းစပ်ပါ၀င်တဲ့ လိုအပ်လို့အသီးလေးတွေထည့်ပေးထားတာပါ)

ဂျယ်သီးထုတ်သုံးတော့ လိုင်းပိတ်တာအတွက်အဆင်‌ေပြပေမယ့် ၊ အထက်ကပြောတဲ့ သံချေးတက်တာ၊ကွိုင်ရဲ့ ဗားနစ်တွေစားတာ ၊အအေးကွိုင်အလူမီနီယမ်ပိုက်ကို ပါးစေတာတွေ ဖြစ်လာလို့ ချုပ်မဖြစ်ပေမယ့်စက်ရဲ့သက်တမ်းတိုလာစေမှာပါ။

ဒါအပြင်ပုံအရလည်း စကာသီးထဲက စကာတခု ဖယ်ထုတ်ပြစ်ရမှာမလို့ အမှုန်အမွှားလည်း မစစ်နိုင်တော့ဘူးလို့မြင်ပါတယ်။

ဒါမျိုးလုပ်တာဟာာချုပ်ဖြစ် လိုင်းပိတ်တာကို အလွယ်တကူမဖြစ်စေပေမယ့် ၊အဲဒါတွေနဲ့ယှဉ်ရင် တခြား ဆိုးကျိုးတွေပိုစေလို့ မလုပ်သင့်ဘူးလို့မြင်ပါတယ်။ဒါကတပွဲထိုး ပဲအဆင်ပြေမယ်လို့မြင်ပါတယ်ဗျ။

ကျနော့်အမြင်ပါ။❤️

အဲလိုသုံးချင်ရင် two way စကာသီးသာသုံးသင့်တယ်လို့မြင်ပါတယ်။

🚩ကိုနန္ဒမိုး

Photos from KSL Aircon Service's post 30/01/2024

Water Heater 50l
Installation finished

21/01/2024

Pump Size တွက်နည်း
Pump size တွက်ချင်ရင် အရင်ဆုံး flow rate ကို အရင်ရှာရမယ် flow rate သိဖို့ over head tank size သိဖို့လိုမယ် over head tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေဖြည့်ချင်တာလဲသိဖို့လိုမယ် ဒါကြောင့် ကိုယ့်တွက်မယ့် ဆ/ဦ ရဲ့ ground tank size ကိုအရင်ရှာမယ်
e.g 2U 4 S အတွက်ဆို 1unit မှာ လူ (၅) ယောက်နေမယ် လူတစ်ယောက်က တစ်နေ့ကို gal 40 သုံးမယ်
2U4S ဆိုတော့ အားလုံး (၈)ခန်းရှိမယျ GT size တွက်ချင်ရင် (၂)ရက်စာ ထားတွက်ရမယ်
2U4Sအတွက် တစ်နေ့တာရေလိုအပ်ချက်ပမာဏ= 8ခန်း* 5ယောက်* 40 Gal = 1600 gal /day ရမယ်
GT size က (၂) ရက်အတွက်ဆိုတော့ 1600 * 2= 3200 Gal ဖြစ်သွားမယ်
OH tank size က တစ်နေ့တာရေလိုအပ်ချက် ပမာဏရဲ့ 50% ပဲရှိရမယ်ဆိုတော့ = 1600 gal/2= 800 Gal OH tank size ရမယ်
OH tank size ရပြီဆို အဲ့ tank ထဲကို ဘယ်နှစ်မိနစ်နဲ့ ရေတင်ချင်တာလဲဆိုတဲ့ flow rate ကိုတွက်ရမယ်
e.g 800 Gal OH tank ကို 15 မိနစ်နဲ့ရေတင်ချင်ရင်
15 minute = 800 gal
1 minute = ?
= 800* 1/15
1. flow rate= 53.33 gal/min ရမယ်
2. head ရှာချင်ရင် ရေတင်ရမယ့် pump to OH tank ရဲ့ အမြင့်ပေကိုသိရမယ်
ရေတင်ရမယ့် အလျားလိုက် pipe length ကြောင့် ဆုံးရှုံးမယ့် friction losses တွေအားလုံးအပါတွက်ရမှာမို့ Head တန်ဖိုးက ဆ/ဦ ရဲ့အမြင့်ပေ ကို losses အတွက် (40%) ထပ်ပေါင်းပေးလိုက်ရင် ရေတင်ရမယ့် head တန်ဖိုးရမယ်
head = 4ထပ်တစ်ထပ်ကို 10' ထားတွက်မယ်ဆိုတော့ 40' ရမယ် အဲ့ဒါကို (40%) ထပ်ပေါင်းတော့
total head = 56' ရတယ်
3. Ep = efficiency pump power ကို 60% ထားတွက်မယ်
4. Em = Efficiency motor power ကို 80% ထားတွက်မယ်
ဒီ4 ချက်သိပြီဆို pump size တွက်လို့ရပြီ
pump size = (flow rate * Head)/(33000* Ep* Em)
flow rate ရဲ့ ယူနစ်က lb/min ဆိုတော့
ရေ 1gal =10 Lb
53.33 gal=?
= (10* 53.33) lb/min ရမယ်
pump size = (53.33*10)* 56/33000* 0.6*0.8
= 1.88 Hp~ 2Hp ရမယ်
ဒီနည်းအတိုင်းပဲ အခြား ဆ/ဦ တွေရဲ့ pump size ကို ရှာနိုင်တယ်

credit မူရင်း 🙏🙏

Photos from KSL Aircon Service's post 16/01/2024

CHIGO Portable aircon
Repair

Want your business to be the top-listed Engineering Company in Salin?
Click here to claim your Sponsored Listing.

Website

Address


Salin