Lily Mart

Lily Mart

Share

🛒 အိမ်အတွက်လိုအပ်တဲ့ အရာရာတိုင်းကို ဈေးနှုန်းချိုသာစွာနဲ့ Lily Mart မှာ အခုပဲ ဝယ်ယူလိုက်ပါ။ 🙇‍♀️🙇‍♂️

22/07/2023
22/07/2023
20/07/2023

Good Reviews တွေ အများကြီးရထားတဲ့ Common Collagen ဘူးကြီးလေးတွေ ဆိုင်မှာ Instock ရနေပါပြီရှင်

🍇💜

ကျန်းမာနုပျိုအလှပိုစေတာ💋💋
Common collagen 💜ပါ

ကော်လဂျင်ကိုနေ့စဉ်သောက်သုံးပေးခြင်းဖြင့်
👉အသားရေနုပျိုမှုကို
ပိုမိုမြှင့်တင်ပေးခြင်း👈

👉အရိုးပါလွှာယိုယွင်းခြင်းကို
ကာကွယ်ပေးခြင်း👈

👉အရေပြားအစိုဓာတ်ကို
မြန်ဆန်စွာပြန်လည်ဖြည့်တင်းပေးခြင်း👈

👉ဆံပင်သန်စွမ်းထူထဲလာခြင်း👈
စသည့်အကျိုးကျေးဇူးများစွာကိုခံစားရမှာပါ

Common Collagenလေးကို အသက်(၂၀) ပြည့်ပြီးသူတိုင်း အမျိုးသားရော အမျိုးသမီးပါ သောက်သုံးနိုင်ပါတယ်👫👫

Common Collagen Price:
ဗူးသေးက 21,500ks ပါရှင့် (၅ ထုတ်)
ဗူးကြီး 49,000ks ပါရှင့် (၁၄ ထုတ်)

Common ကို Life Plus, ဂမုန်းပွင့်, city mart, ocean, marketplace, စိန်ဂေဟာ, Super One, Beauty Diary, Medicare, Shwe Ohh, သစ်ခွ ဆေးဆိုင်တွေမှာလဲဝယ်ယူအားပေးလို့ရပါတယ်ရှင့်

Contact: 01504138 / 01532835 / 09795654297 /09449909803 /09449909804 /09449909805 /09449909806

29/03/2023

နေလောင်ကာခရင်မ်တွေမှာပါတဲ့ SPFနဲ့ PAဆိုတာ ဘာကိုဆိုလိုတာလဲ။ နွေရာသီမှာ SPFနဲ့ PAဘယ်လောက်ပါတဲ့ နေလောင်ကာခရင်မ်ကို ရွေးချယ်သင့်သလဲ။

🌤◽️🌤◽️🌤◽️🌤◽️🌤◽️🌤◽️
နေလောင်ကာခရင်မ်ဝယ်တဲ့အခါ SPF ဘယ်လောက်၊ PAနောက်မှာ + ဘယ်လောက်ပါလဲဆိုပြီး မေးဝယ်လေ့ရှိပါတယ်။ ဒီဂဏန်းတွေက ဘာကို ဆိုလိုတာလဲ။ ဘယ်လိုမျိုး ရွေးချယ်ပြီး ဝယ်ရမလဲဆိုတာကို ရှင်းပြပေးမှာပါ။

🟡 SPF ဆိုတာ
SPFဆို တာ Sun Protection Factor ကို အတိုကောက်ခေါ်တာပဲ ဖြစ်ပါတယ်။ နေလောင်တာကို ဘယ်လောက်ကာကွယ်နိုင်သလဲဆိုတာပါ။ တနည်းအားဖြင့် UVB ကို ဘယ်လောက်ကာကွယ်နိုင်သလဲဆိုတာကို ကိုယ်စားပြုပါတယ်။
SPF တွေမှာ နံပါတ်အမျိုးမျိုး ရှိတာကို တွေ့ဖူးမှာပါ။ ဒါတွေက ဓာတ်ခွဲခန်းထဲမှာ တိုင်းတာထားတာတွေပါ။ ဥပမာ နေလောင်ကာမလိမ်းဘဲ အချိန်ဘယ်လောက်ကြာရင် နေလောင်မှာလဲဆိုတာနဲ့ နေလောင်ကာခရင်မ်လိမ်းထားရင် ဘယ်လောက်ကြာမှ နေလောင်မှာလဲဆိုတာကို တွက်ချက်ပြီး SPF နံပါတ်တွေ ထွက်လာတာပဲဖြစ်ပါတယ်။
အကြမ်းအားဖြင့်တော့ SPF နံပါတ်တွေက နေလောင်တာကို ဘယ်လောက်ကြာကြာကာကွယ်နိုင်မလဲဆိုတာကို ကိုယ်စားပြုတယ်လို့ ပြောကြပါတယ်။ ဥပမာ ဘာမှမလိမ်းထားတဲ့အချိန်မှာ နေပူထဲကို ၁၀မိနစ်လောက် ထွက်တာနဲ့ နေလောင်တယ်ဆိုရင် SPF 15 ရှိတဲ့ နေလောင်ကာခရင်မ် လိမ်းထားတဲ့အခါ (၂) နာရီခွဲကြာလောက်မှ နေလောင်မှာပါ။
ဒါပေမယ့် ဒါက အမြဲတမ်းမမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ SPF နံပါတ်တွေက ဓာတ်ခွဲခန်းမှာ စမ်းသပ်ပြီး ပေးထားတာကြောင့်ပါ။ အပြင်မှာတော့ မနက် (၉) နာရီမှာ ပါတဲ့ UVB နဲ့ နေ့လယ် ၁၂နာရီမှာ ပါတဲ့ UVB ပမာဏက မတူပါဘူး။ မနက် (၉) နာရီမှာအပြင်မှာ (၁) နာရီလောက်နေမှ နေလောင်တာမျိုး ဖြစ်နိုင်ပေမယ့် နေ့လယ် (၁၂) နာရီမှာဆိုရင်တော့ ခဏလေးနဲ့ နေလောင်မှာပါ။
ဒါကြောင့် SPF နည်းရင် ခဏခဏပြန်လိမ်းရမယ်၊ SPFများရင် အကြာကြီး ခံတယ်လို့ ယူဆစရာရှိပေမယ့် လက်တွေ့မှာတော့ SPF ဘယ်လောက်ကိုပဲ လိမ်းထားပါစေ။ (၂) နာရီကြာတိုင်းမှာ ပြန်လိမ်းရတာ ဖြစ်ပါတယ်။

🟡 SPF များလေလေ ကောင်းလေလေလား။

အကြမ်းဖျင်းပြောရရင်တော့ ဟုတ်ပါတယ်။ SPF တွေနဲ့ သူတို့ရဲ့ UVB ကို ကာကွယ်နိုင်တဲ့ နှုန်းကို ကြည့်မယ်ဆိုရင်
☀️ SPF15 ဆိုရင် အရေပြားဆီကို ရောက်လာတဲ့ UVB တွေရဲ့ ၉၃% ကို တားဆီးနိုင်ပါတယ်။
☀️ SPF30 ဆိုရင် ၉၇%
☀️ SPF50 ဆိုရင် ၉၈% ထိ ကာကွယ်နိုင်ပါတယ်။
ဒီရာခိုင်နှုန်းတွေအရ ကြည့်မယ်ဆိုရင် နေလောင်ကာခရင်မ်တွေက UVBကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်တယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် နေလောင်ကာခရင်မ်လိမ်းတာအပြင် တခြားနည်းတွေနဲ့ပါ နေမလောင်အောင် ကာကွယ်နေရတာပါ။
နောက်ထပ်ထူးခြားတာက SPF တက်လာသလောက် UVB ကို ကာကွယ်နိုင်တဲ့ ရာခိုင်နှုန်းတွေက တက်မလာပါဘူး။ SPF15 နဲ့ SPF30 မှာ နှစ်ဆတက်လာပေမယ့် ရာခိုင်နှုန်းကတော့ (၂) ဆတက်လာတာမျိုး မရှိပါဘူး။

ဒါကြောင့် SPF က များရင် ကောင်းတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတဲ့အချက်က ဘယ်လိုလိမ်းသလဲဆိုတာပါ။
၂၅%-၅၀% သောသူတွေက နေလောင်ကာခရင်မ်ကို လုံလုံလောက်လောက် မလိမ်းကြပါဘူးတဲ့။ တကယ်ပဲ နေလောင်ကာခရင်မ်ရဲ့ ကာကွယ်မှုကို လိုချင်တယ်ဆိုရင် တစ်ခါလိမ်းရင် ၁အောင်စ (စားပွဲတင်ဇွန်း ၂ဇွန်းစာ) လိမ်းဖို့ လိုပါတယ်။
နောက်တစ်ချက်က ပြန်မလိမ်းတာပါ။ အများစုက SPF များတာကို လိမ်းထားရင် ကြာကြာခံတယ်လို့ ယူဆပြီး ထပ်မလိမ်းကြပါဘူး။ SPF နံပါတ် ဘယ်လောက်ပဲ ဖြစ်ပါစေ။ ၂နာရီကြာတိုင်းမှာ ပြန်လိမ်းမှ လုံလောက်တဲ့ ကာကွယ်မှုကို ရမှာ ဖြစ်ပါတယ်။
ဥပမာ SPF50 ကို နည်းနည်းပဲ လိမ်းပြီး ပြန်မလိမ်းတဲ့သူနဲ့ SPF30 ကို လုံလုံလောက်လောက်လိမ်းပြီး (၂) နာရီတစ်ခါ ပြန်လိမ်းတဲ့သူဆိုရင် ဒုတိယသူက ပိုပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်မှာပါ။

🟡 PAဆိုတာ

PA ဆိုတာ Protection Grade for UVA ကို ဆိုလိုတာ ဖြစ်ပါတယ်။ သူကကျတော့ နေလောင်ကာခရင်မ်က UVA ကို ဘယ်လောက်ကာကွယ်ပေးနိုင်သလဲဆိုတာကို ကိုယ်စားပြုပါတယ်။ UVA က အသားအရေကို အိုမင်းစေပြီး အရေးကြောင်းတွေ ဖြစ်စေပါတယ်။
PA ကို အချိန် ၂−၄ နာရီအတွင်းမှာ အရေပြားမှာ UVA ပမာဏဘယ်လောက်က တင်းတိပ်ဖြစ်စေမှာလဲဆိုတာပေါ် မူတည်ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။ဒါကြောင့် PA သတ်မှတ်ချက်တွေကို ကြည့်မယ်ဆိုရင်

🔸 PA+ဆိုရင် UVA ကို ၄၀%-၅၀%ထိ ကာကွယ်ပေးနိုင်ပါတယ်။
🔸 PA++ ဆိုရင် UVA ကို ၆၀%-၇၀%ထိ ကာကွယ်ပေးနိုင်ပြီး ၄−၆ နာရီကြာ စစ်ထုတ်ပေးနိုင်ပါတယ်။
🔸 PA+++ဆိုရင် ၉၀% ထိ ကာကွယ်ပေးနိုင်ပြီး ၈−၁၂ နာရီကြာ စစ်ထုတ်ပေးနိုင်ပါတယ်။
🔸 PA++++ဆိုရင် ၉၅% ထိ ကာကွယ်ပေးနိုင်ပြီး ၁၆ နာရီကြာ စစ်ထုတ်ပေးနိုင်တာကို တွေ့ရပါတယ်။
ဒါကြောင့် နေလောင်ကာခရင်မ်မှာ SPF ရော PA ရော ပါနေပြီဆိုရင် ဒါက Broad Spectrum (UVA ရော UVB ရောကို ကာကွယ်နိုင်တဲ့) နေလောင်ကာခရင်မ်လို့ သတ်မှတ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ မကြာခင် နွေရာသီရောက်တော့မှာဆိုတော့ UV Rays တွေနဲ့ ပိုပြီး ထိတွေ့ရတော့မှာပါ။ အဲ့ဒီအခါမှာ နေလောင်ကာခရင်မ်ကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့ အရေးကြီးပါတယ်။

နေလောင်ကာခရင်မ် ဝယ်မယ်ဆိုရင်

✅ အနည်းဆုံး SPF30 ပါတာကို ဝယ်ပါ။ ဒီထက်များတာကို ဝယ်နိုင်ရင် ပိုကောင်းပါတယ်။
✅ Broad Spectrum (PA ပါတာကို) ဝယ်ပါ။
✅ Water Resistance ဖြစ်တာကို ဝယ်ပါ။ နွေရာသီရောက်ပြီဆို ချွေးကလည်း ထွက်ဦးမှာပါ။ ဒါတွေထပ် ပိုအရေးကြီးတာကတော့

〽️ ပမာဏကို လုံလုံလောက်လောက်လိမ်းပါ။
〽️ ၂ နာရီတစ်ခါ ပြန်လိမ်းပါ။
〽️ ချွေးထွက်ရင်၊ ရေစိုရင် ပြန်လိမ်းပါ။
〽️ Water Resistance အမျိုးအစားဆိုရင်တော့ ရေစိုချွေးစိုပြီး မိနစ် ၄၀−၈၀ ကြာတိုင်းမှာ ပြန်လိမ်းပါ။

💛 Bioderma ရဲ့ Photoderm Range မှာဆိုရင် ကလေး၊ လူကြီးနဲ့ အသားအရေအမျိုးအစားအလိုက် ရွေးချယ်လို့ရတဲ့ နေလောင်ကာခရင်မ် အစုံပါဝင်ပါတယ်။

ဥပမာ 💛 Photoderm Aquafluide ဆိုရင် အသားအရေအမျိုးအစားမရွေး ထိခိုက်လွယ်အသားအရေပါ မကျန် အသုံးပြုလို့ရပါတယ်။

💛 Photoderm AKN Mat ဆိုရင် ဝက်ခြံရှိသူတွေ အသုံးပြုနိုင်ပါတယ်။

💛 Photoderm Spot-Age ဆိုရင် နေရောင်ခြည်ကြောင့် ဖြစ်တဲ့ အမည်းစက်တွေပါ သက်သာစေပါတယ်။

ကလေးတွေအတွက်ဆိုရင်လည်း 💛 Photoderm Kid ရှိပြီး အသက် (၁) နှစ်ကစပြီး သုံးနိုင်ပါတယ်။

💛 Photoderm Range တွေမှာ တူညီတဲ့အချက်က Broad Spectrum ကာကွယ်နိုင်တဲ့ နေလောင်ကာခရင်မ်တွေဖြစ်နေတာပဲ ဖြစ်ပါတယ်။

Ref: https://www.fda.gov/.../center.../sun-protection-factor-spf
https://www.medicalnewstoday.com/articles/306838...
https://www.verywellhealth.com/what-is-spf-1068889
https://www.vinmec.com/.../how-many-levels-of-pa-in.../....
https://www.aad.org/media/stats-sunscreen
https://www.aad.org/.../shade.../understand-sunscreen-labels
------------------------------------------

ဆရာဝန်၏အကြံပြုချက်

🏨 Dr.N Lux Face and Body Aesthetics Center
Taunggyi , Shan State.

“-SPF သည် UVB ကာ ကွယ် နှုန်း ကိုပြ ပြီး
-PA သည် UVA ကာ ကွယ်နှုန်း ကို ပြသည်။
-ပူ ပြင်း စိုထိုင်း သော ရာ သီဥတု တွင်
SPF 30 နှင့်အထက် လိုကာ။ PA 3+ လိုအပ်ပါသည်”

Photos from Healtppy - ဟက်ပီး's post 12/03/2023
Photos from Dr. Kyaw Zaw Hein's post 09/03/2023

— “ကင်ဆာ ဖြစ်စေနိုင်သော အရာများ ပေါင်းချုပ် (အပိုင်း- ၂) —“
◾️သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိထားသော
ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာများကို
သတိပြုမိစေရန် အလို့ငှာ
တစ်စုတစ်စည်းတည်း
စုဆောင်း ရေးသားလိုက်ပါတယ် ခင်ဗျာ…
◾️ကျောက်ကပ်ကင်ဆာ
နံပါတ် (၁)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၂)။ အဝလွန်ခြင်း
နံပါတ် (၃)။ သွေးတိုးရှိခြင်း
နံပါတ် (၄)။ မျိုးရိုးရှိခြင်း
◾️ဦးနှောက်ကင်ဆာ
နံပါတ် (၁)။ ဓါတ်ရောင်ခြည်ထိခြင်း
နံပါတ် (၂)။ ကင်ဆာပျံ့နှံ့ခြင်း (အခြားကင်ဆာများသည် ဦးနှောက်သို့ ပြန့်ပွါးလာခြင်း)
နံပါတ် (၃)။ အဖုအကျိတ်ရောဂါ (အင်အက်ဖ်-၁ (NF1), အင်အက်ဖ်-၂ (NF2))
နံပါတ် (၄)။ HIV ရောဂါ
◾️ပြန်ရည်ကျိတ်ကင်ဆာ (လင်ဖိုးမား)
နံပါတ် (၁)။ အီးဘီဗီ(EBV) ဗိုင်းရပ်စ်ကူးစက်ခံရဖူးခြင်း
နံပါတ် (၂)။ အသက်အရွယ် (အသက် ၂၀ ကျော်အဖြစ်များ)
နံပါတ် (၃)။ မျိုးရိုးရှိခြင်း (အထူးသဖြင့် ညီအစ်ကို မောင်နှမ)
နံပါတ် (၄)။ ကိုယ်ခံအားနည်းသောရောဂါရှိခြင်း
◾️မှဲ့ ကင်ဆာ
နံပါတ် (၁)။ ခရမ်းလွန်ရောင်ခြည်(UV) အထိများခြင်း
နံပါတ် (၂)။ မှဲ့ အမြောက်အများရှိခြင်း
နံပါတ် (၃)။ အသားအလွန်ဖြူခြင်း
နံပါတ် (၄)။ ကိုယ်ခံအားနည်းသောရောဂါရှိခြင်း
◾️သည်းခြေပြွန်ကင်ဆာ
နံပါတ် (၁)။ သည်းခြေပြွန်ရောင်ရောဂါ (PSC -Primary sclerosing cholangitis)
နံပါတ် (၂)။ သည်းခြေကျောက်တည်ခြင်း
နံပါတ် (၃)။ အသည်းခြောက်ခြင်း
နံပါတ် (၄)။ အူရောင်ရောဂါ (IBD) ရောဂါရှိခြင်း
◾️အူမကြီးကင်ဆာ
နံပါတ် (၁)။ အဝလွန်ခြင်း
နံပါတ် (၂)။ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
နံပါတ် (၃)။ အသက်အရွယ် (အသက်၅၀ နောက်ပိုင်း)
နံပါတ် (၄)။ အူရောင်ရောဂါ (IBD) ရောဂါရှိခြင်း
နံပါတ် (၅)။ ဗိုက်တာမင် ဒီ ချို့တဲ့ခြင်း
◾️အထက်ပါ အကြောင်းအရာထဲမှ
တစုံတခု မိမိမှာရှိခဲ့လျှင်
ကင်ဆာ သေချာပေါက်ဖြစ်မည်ဟု မဆိုလိုပါ။
ကင်ဆာဖြစ်နိုင်ခြေ ပိုများသော
အမူအကျင့်များအဖြစ်သာ
ဆေးသိပ္ပံတွေ့ရှိချက်များမှာ ဖော်ပြထားပါသည်။
အပိုင်း (၁) ကို ဒီလင့်ခ်မှာ ကြည့်ပါ။
https://m.facebook.com/story.php?story_fbid=746198330238364&id=100045446122316&mibextid=qC1gEa
အပိုင်း (၃) ကိုလည်း ဆက်လက် ရေးသားပါမယ်ခင်ဗျာ…
လေးစားစွာဖြင့်...
Dr. ကျော်ဇောဟိန်း
လ/ထ ပါမောက္ခ (ဆေးပညာ)
REF: American Cancer Society. International Agency for Research on Cancer
ကျွန်တော့် YouTube အကောင့်မှာလဲ ကျန်းမာရေးဗီဒီယိုများ စတင်ပါမယ် ခင်ဗျာ . ✅
လင့်ခ် : https://www.youtube.com/.KyawZawHein

Photos from Dr. Kyaw Zaw Hein's post 09/03/2023

-- "ကင်ဆာ ဖြစ်စေနိုင်သော အရာများ ပေါင်းချုပ် (အပိုင်း- ၁)" --
◾️ အစားအသောက်၊ အနေအထိုင်၊
အလုပ်အကိုင်၊ မျိုုးရိုးဗီဇ
စသည့် အကြောင်းအရာအမျိုးမျိုးကြောင့်
ကင်ဆာရောဂါ ဖြစ်နိုင်ပါသည်။
◾️ သိပ္ပံနည်းကျ တွေ့ရှိထားသော
ကင်ဆာ ဖြစ်စေနိုင်တဲ့ အရာများကို
သတိပြုမိစေရန် အလို့ငှာ
တစ်စုတစ်စည်းတည်း
စုဆောင်း ရေးသားလိုက်ပါတယ် ခင်ဗျာ…
◾️ အသည်းကင်ဆာ
နံပါတ် (၁)။ အသည်းရောင် ဘီပိုး
နံပါတ် (၂)။ အသည်းရောင် စီပိုး
နံပါတ် (၃)။ အသည်းခြောက် ရောဂါ
နံပါတ် (၄)။ အသည်း အဆီဖုံး
◾️ ပန်ကရိယကင်ဆာ
နံပါတ် (၁)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၂)။ အဝလွန်ခြင်း
နံပါတ် (၃)။ ဆီးချို၊ သွေးချိုရှိခြင်း
◾️ သားအိမ်ခေါင်းကင်ဆာ
နံပါတ် (၁)။ အိပ်ချ်ပီဗီ (HPV) ပိုးရှိခြင်း
နံပါတ် (၂)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၃)။ အသက်ငယ်ရွယ်စဥ် -င်ဆက်ဆံခြင်း (အသက် ၁၈ နှစ်အောက်)
.
◾️ ဆီးကျိတ်ကင်ဆာ (အမျိုးသား)
နံပါတ် (၁)။ မျိုးရိုး ရှိခြင်း
နံပါတ် (၂)။ ဘီအာစီအေ (BRCA1 or BRCA2) ဗီဇ ပြောင်းလဲမှု ရှိခြင်း
နံပါတ် (၃)။ လင့်ချ် (Lynch syndrome) ခေါ် ရောဂါရှိခြင်း
◾️ အစာအိမ်ကင်ဆာ
နံပါတ် (၁)။ အိပ်ချ် ပိုင်လိုရီပိုး (H. pylori) ရှိခြင်း
နံပါတ် (၂)။ အဝလွန်ခြင်း
နံပါတ် (၃)။ ကြာရှည်ခံအောင် ဆားနယ်ထားသော အသားများ
နံပါတ် (၄)။ အရက်သောက်များခြင်း (ဥပမာ - တစ်ရက်ကို ဘီယာ ၃ ဗူး ထက်ပိုသောက်ခြင်း)
◾️ အဆုတ်ကင်ဆာ
နံပါတ် (၁)။ ဆေးလိပ်သောက်ခြင်း
နံပါတ် (၂)။ ဆေးလိပ် ငွေ့ရှူမိခြင်း (ကိုယ်တိုင်ဆေးလိပ်မသောက်သူများ)
နံပါတ် (၃)။ ကျောက်ဂွမ်းမှုန့်များ
နံပါတ် (၄)။ အာစင်နစ်များသော ရေသောက်ခြင်း
မှတ်ချက်၊
အထက်ပါ အကြောင်းအရာထဲမှ
တစုံတခု မိမိမှာရှိခဲ့လျှင်
ကင်ဆာ သေချာပေါက်ဖြစ်မည်ဟု မဆိုလိုပါ။
ကင်ဆာဖြစ်နိုင်ခြေ ပိုများသော
အမူအကျင့်များအဖြစ်သာ
ဆေးသိပ္ပံတွေ့ရှိချက်များမှာ ဖော်ပြထားပါတယ် ခင်ဗျာ …
လေးစားစွာဖြင့်...
Dr. ကျော်ဇောဟိန်း
လ/ထ ပါမောက္ခ (ဆေးပညာ)

ကျွန်တော့် YouTube အကောင့်မှာလဲ ကျန်းမာရေးဗီဒီယိုများ စတင်ပါမယ် ခင်ဗျာ . ✅
လင့်ခ် : https://www.youtube.com/.KyawZawHein

REF: American Cancer Society. International Agency for Research on Cancer

08/03/2023

Happy Women's Day✨🎉

အံ့ဖွယ်အမျိုးသမီးတို့ကို ဂုဏ်ပြုလိုက်ကြရအောင်🥰

Photos from Ensure Myanmar's post 07/03/2023

Ensure Gold vanilla ဘူးသေးလေးတွေ ဆိုင်မှာရောက်ပါတယ်ရှင် 🥛🥛🥛

07/03/2023

တန်မှတန် Promotion လေး လာပြီနော်

တခုဈေး 400နီးပါးကျမယ့် test strip ကို
အခု 50 ပါ တဘူးလုံးမှ 14000ကျပ်နဲ့ ရမယ့် အခွင့်အရေးကြီးမို့ လုံးဝ လုံးဝ လက်လွှတ်မခံသင့်ပါဘူးနော်

မင်မင်တို့ဆိုင်မှာ
Expiry Date 7/2023 test strips အခု 50 ပါတဘူးမှ 14000ကျပ်တည်းနဲ့ ဝယ်ယူနိုင်ပါပြီရှင်

အရေအတွက်အကန့်အသတ်ရှိလို့ မြန်မြန်မှာမှ စိတ်ချရမယ်နော်

Kpay
Cash

နှစ်မျိုးလုံးနဲ့ ငွေရှင်းလို့ရပါတယ်ရှင်

07/03/2023

ထောပတ်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါကို ကာကွယ်နိုင်သည့်အပြင် သွေးတွင်း မကောင်းသောအဆီများ ကျစေခြင်း၊ အသားအရေနှင့် ဆံကေသာကို လှပစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပြီး ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း လုံလောက်သော အာဟာရဓာတ်များ ပေးစွမ်းနိုင်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

07/03/2023

အခုဆို နွေရာသီကျောင်းပိတ်ရက်လေးလည်း ရောက်လာပြီဆိုတော့ သားသားမီးမီးတို့ ဝါသနာပါပြီး အကျိုးရှိစေမယ့် သင်တန်းလေးတွေကို မေမေရော သားသားမီးမီးတို့ပါ အားလပ်ချိန်မှာ ပျော်ပျော်ရွှင်ရွှင် နှင့် သင်ကြားနိုင်ဖို့ Enervon-C Kidz Summer Special Class ကနေ နွေရာသီသင်တန်းလေးတွေကို အွန်လိုင်းကနေ မကြာခင်စတင်သင်ကြားပေးတော့မှာပဲဖြစ်ပါတယ် 🤩☀️👧🏻👦🏻📚

Enervon-C Kidz Summer Special Class ကနေ သင်ကြားပေးမယ့် သင်တန်းလေးတွေကတော့

🎨ပန်းချီသင်တန်းနှင့်
🧮ပေသီးသင်္ချာသင်တန်း တို့ပဲဖြစ်ပါတယ်။

အွန်လိုင်းကနေ သင်တန်းတက်ရောက်မယ့် သားသားမီးမီးတွေအတွက်လိုအပ်တဲ့အချက်အလက်လေးတွေကတော့

🟠Enervon-C Kidz ဆေးဘူးဓါတ်ပုံ ၊ March လအတွင်းဆေးဘူးဝယ်ယူထားတဲ့ဘောင်ချာလေးနဲ့အတူ
🟠အမည်-
🟠အသက်-
🟠တက်ရောက်လိုသည့်သင်တန်း-
🟠တက်ရောက်လိုသည့်အကြောင်းအရာ-
🟠လိပ်စာ-
🟠ဖုန်းနံပါတ်-

🟠ယခုအွန်လိုင်းသင်တန်းကို တက်ရောက်လိုသည့်အကြောင်းရင်းနဲ့ Enervon C Kidz ကို ဘာကြောင့်ရွေးချယ်တိုက်ဖြစ်တာလဲဆိုတဲ့မေးခွန်းလေး ၂ ခုရဲ့ အဖြေနဲ့အတူ Enervon-C Kidz Facebook Messenger မှာ မတ်လ ၃၁ ရက်နောက်ဆုံး စာရင်းပေးသွင်းပြီး လာရောက်အပ်နှံနိုင်ပါပြီ။

အွန်လိုင်းသင်တန်းတစ်ခုစီအတွက် ပထမဦးဆုံးအပ်နှံတဲ့ အယောက် ၃၀ အတွက် သင်ထောက်ကူ ပစ္စည်းများကိုအခမဲ့ပေးဆောင်ပေးသွားမှာဖြစ်တဲ့အပြင် Enervon-C Kidz က သားသားမီးမီးတို့အတွက် ဆုလက်ဆောင်တွေ ချီးမြှင့်ပေးသွားမယ့်အစီစဉ်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်အစီစဉ်လေးတွေလည်း ဖန်တီးပေးအုံးမှာဖြစ်လို့ နွေရာသီအားလပ်ရက်မှာ အပျင်းလည်းပြေ၊ ဗဟုသုတတွေလည်းတိုးဖို့ စာရင်းပိတ်ရက်မတိုင်ခင် အခုပဲစာရင်းပေးလိုက်ရအောင 📝🧡

စာရင်းပေးပြီးသွားတဲ့ သားသားမီးမီးတို့တွေရှိရင်လည်း ဒီပိုစ့်လေးမှာပြောပြခဲ့အုံးနော်😍👧🏻👦🏻

Want your business to be the top-listed Grocery Store in Sagaing?
Click here to claim your Sponsored Listing.

Website

Address


Nearby MoneYwar-Mandalay Main Road,Ywar Htaung Quarter, Sagaing.
Sagaing