Success Life 11

Success Life 11

Share

boost service myanmar

26/12/2023

🔷 စိတ်ညစ်နေလားသူငယ်ချင်း...
မင်းလိုပဲ စိတ်ညစ်နေသူတွေ အများကြီးပါ။

🔷 တစ်ယောက်ယောက်ကို
ရင်ဖွင့်ချင်နေလား သူငယ်ချင်း..
ခဏတော့ သည်းခံ မျိုသိပ် လိုက်ပါ...

🔷 တစ်ခါတစ်လေကျရင်လေ
ဒီနေ့ ပြောချင်နေတဲ့ စကားကို
နောက်တစ်ရက် ရွှေ့လိုက်လို့လည်း
အများကြီး နောက်ကျ မသွားပါဘူး ။

🔷 မင်းမမျိုသိပ်နိုင်တော့ရင်
နောက်နေ့မှ..ငါ့ကိုပြောပြနော်...

🔷 သေချာပါတယ် နောက်နေ့ကျ
ငါမေးတဲ့အခါ..
မင်းက "ဒီလိုပါပဲ
ဘာမှ မဟုတ်တော့ပါဘူး "
လို့ ပြန်ပြောလိမ့်မယ်။

🔷 ဒီလိုပါပဲ သူငယ်ချင်း..ခံစားချက်ဆိုတာ...
အရှိန် တက်နေတုန်းတော့ ရင်နဲ့အမျှပါပဲ....
တစ်ရက်ထက်တစ်ရက်
ရက်ကြာလာတာနဲ့အမျှ
အနယ်ထိုင်သွား လိမ့်မယ်။

အဲ့ဒီ အခါမှာ မင်း..

🔷 တစ်ချို့ခံစားချက်တွေကို
ပြန်ပြောပြချင်စိတ် မရှိတော့ဘူး..

🔷 တချို့ခံစားချက်တွေကို
ဥပက္ခာ ပြုတတ်လာမယ်....

🔷 တချို့ခံစားချက်တွေကို
မင်းပြန်သုံးသပ်တတ်လာမယ်....

🔷 တချို့ခံစားချက်တွေကို
သင်ခန်းစာ ယူတတ်လာမယ်...

🔷 တချို့ခံစားချက်တွေက
ဟာသ ဖြစ်သွားမယ်....

🔷 တချို့ခံစားချက်တွေက
တစ်ကယ်တွေးကြည့်ရင် ဘာမှ မဟုတ်ပါဘူး...

🔷 မင်းစဉ်းစားကြည့်
မင်းခံစားချက်တွေကို ငါ့ကိုရင်ဖွင့်ရင်
မှန်လား မှားလားဆိုတာ....

🔷 မစာနာလို့ပြောတာမဟုတ်ဘူးနော်
ကိုယ်ချင်းစာလို့ ပြောပြတာ....

🔷 မင်းစကားအဖတ်တင်
ကျန်မနေစေချင်လို့ပါ...မင်းခံစားချက်ကို
လူတကာလိုက်ပြောရအောင်
ဝတ္ထုတစ်ပုဒ်မှမဟုတ်ပဲ...
ရင်နဲ့အမျှ ခံစားခဲ့ရတာ တွေလေ

🔷 ပြောပြရင်တော့ နားထောင်ကြမှာပဲ..
နားထောင်လို့ ကောင်းတာကိုး..
အပြည့်အဝ ထပ်တူ
ခံစားပေးလိမ့်မယ်လို့ မင်းထင်သလား...

🔷 သူတို့က မင်းမဟုတ်ဘူးလေ ....
မင်းအကြောင်းကို မင်းသာ အသိဆုံး....
မင်းခံစားချက်ကိုလည်း မင်းသာ အသိဆုံး ...

🔷 ဘာလုပ်သင့်တယ်ဆိုတာ
မင်းသာ အသိဆုံး ဖြစ်ရမှာပေါ့...

🔷 ငါပေးတဲ့ အကြံက
ဘယ်လောက်မှန်နိုင်မှာမို့လို့လဲ...
ငါခိုင်းတဲ့ အတိုင်းကော
မင်းလိုက်လုပ်မှာမို့လို့လား

🔷 စိတ်ပေါ့သွားရုံသက်သက်နဲ့တော့
ရင်မဖွင့်ပါနဲ့....မင်းခံစားချက်တွေ
တန်ဖိုးမဲ့ သွားမှာ ...
စကား အဖတ်တင်ကျန်ခဲ့မှာ စိုးလို့ပါ..

🔷 တစ်ချို့ခံစားချက်တွေက
ခံစားရတဲ့သူတိုင်း
မှန်နေတယ်လို့ ပြောလို့မရဘူး..
နေရာတိုင်းမှာ အကြောင်း
အကျိုးဆက်နွယ်မှုတွေရှိနေတတ်တာကို
မမေ့ဖို့တော့ မှာချင်တယ် ....

🔷 နွားသိုးမှန်ရင် ဂျိုချက်နဲ့ မကင်းပါဘူး ...
ရင့်ကျက်မှုဆိုတာကလည်း
ရင်ထဲက အနာတရတွေက
တစ်ဆင့် ရလာတာ....
ဘဝအတွေ့အကြုံတွေကနေ
တစ်ဆင့်ရလာတာပါ...

🔷 ဒဏ်ရာမရှိတဲ့
နှလုံးသားပိုင်ရှင်ဖြစ်ချင်ရင်တော့
မင်းကလေးလေးပဲလုပ်တော့..
ဘယ်တော့မှ လူလားမြောက်လာမှာ မဟုတ်ဘူး..

🔷 စိတ်ညစ်ပြေသွားပြီလားသူငယ်ချင်း ....
စိတ်ညစ်မပြေသေးဘူးဆို
နောက်နေ့တွေကျမှ ငါ့ဆီလာ ရင်ဖွင့်လိုက်ပါ......

26/12/2023

ခွန်အားဖြည့် စာစုလေးတွေမို့မျှဝေ
********************************
{1} ပညာ၏ ရည်ရွယ်ချက်မှာ ဗဟုသုတ စုရန်မဟုတ်
စုပြီးသား ဗဟုသုတကို အသုံးချရန် ဖြစ်သည် ။

{2} "လောက၌ အဖိုးထိုက်တန်သော အရာသည်
ဆောင်ယူရန် ခက်ခဲ၏" ။
"ဆောင်ယူရန် ခက်ခဲသော အရာသည်
လောက၌ အဖိုးထိုက်တန်၏" ။

{3} "လူလိမ္မာတို့သည် တပါးသူ၏ အမှားမှ
သင်ခန်းစာ ယူတတ်ကြ၏" ။
"လူမိုက်တို့သည် မိမိကိုယ်တိုင် မှားပြီးမှ
သင်ခန်းစား ယူတတ်ကြ၏" ။
"ပို၍ မိုက်မဲသော သူတို့သည်
မိမိကိုယ်တိုင် မှားပြီးပါလျက်နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်" ။

{4} ခွန်အားကြီးမားသူတို့သည် မိတ်ဆွေဖြစ်လာလျင်
အလွန် အားကိုးရသော်လည်း
ရန်သူ ဖြစ်လာသော အခါတွင်မှု
အလွန် ကြောက်စရာ ကောင်းတတ်၏ ။

{5} အရက်အိုးထဲ ခေါင်းနှစ်ထားခြင်းဖြင့်
ပြဿနာများအားလုံး ပြေလည်စေမည်ဟု
ကျွန်ုပ် မည်သည့် အခါမှ မယုံကြည်ခဲ့ပေ ။

{6} အချိန်တွေ ဖြုန်းတာဟာ
ကိုယ်ရည်ကိုယ်သွေးကို ကျစေပြီး
လူတောထဲလည်း မတိုးရဲတော့ဘူး
တက်ကြွမှုတွေ,ရဲရင့်မှုတွေ ပျောက်ဆုံးကုန်တတ်တယ် ။

{7} ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဆေးဝါးများကို
မှီဝဲ,သုံးဆောင်ခြင်းထက် ရောဂါမရခင်
သတိဖြင့် နေထိုင်,စားသောက်,လုပ်ကိုင်ခြင်းက
သင့် ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်သည် ။

{8} ဒုံးပျံတွေ,လေယာဉ်ပျံတွေ,ဂြိုလ်တုတွေရဲ့ အစဟာ
စိတ်ကူးယဉ်အိပ်မက်ပါ ။ လက်တွေ့ဟူသမျှ
စိတ်ကူးယဉ်,အိပ်မက်က စခဲ့တာပါ ။ ဒါကြောင့်
ကြီးမားတဲ့ စိတ်ကူးယဉ်,အိပ်မက်လှလှလေးတွေ
များများ မက်ပေးပါ ။

{9} ကြုံတွေ့ရတဲ့ ခလုတ်,ကန်သင်းတွေကို
လှေကားထစ်တွေအဖြစ် ပြောင်းလဲနိုင်ရမည် ။
တိုက်မိတဲ့ ကျောက်တုံးတွေကို ခြေနင်းတုံးတွေအဖြစ်
အသုံးပြုတတ်ရမယ် ။

{10} ငယ်ရွယ်ချိန်မှာ ကိုယ့်ကိုယ်ကို ခိုင်းပါ ။
ငယ်ရွယ်ချိန်မှာ ကိုယ့်ကိုယ်ကို မခိုင်းရင်
ကြီးလာတဲ့အခါ သူများခိုင်းတာ ခံရလိမ့်မယ် ။

{မိုးတိမ်-မှတ်စု} မှ

Credit: Original writer

26/12/2023

တကယ်ကောင်းလိုက်တာကျွန်တော်နဲ့အရန်းကိုတိုက်ဆိုင်သွားတယ်☺☺☺☺
ခင်ဗျားကို ကျွန်တော်ချစ်တယ်
ခင်ဗျားကို ကျွန်တော်ချစ်တယ်တဲ့ ။ ကျွန်တော်တို့ ဒီစကားကို ဒီထက်ရှင်းအောင် ပြောလို့ မရတော့ဘူးလို့ ထင်တာပဲ။ ကျွန်တော်တို့ ဘဝမှာ အကြိမ်ကြိမ်လည်း ပြောဖူးကြပါလိမ့်မယ်။ ပြောခွင့် မရှိတော့တာမျိုးလည်း အကြိမ်ကြိမ် ရှိခဲ့ကြမယ်။
ကျွန်တော်တို့ အရက်တွေသောက်ကြတဲ့ အခါ ပြောလေ့ရှိတဲ့ စကားလို For the Ladies we loved, For the Ladies we lost ပေါ့ဗျာ။ ကျွန်တော်တို့ ဘဝမှာ ချစ်ခဲ့ဖူးပြီး ဘယ်တော့မှ ပြန်မတွေ့တော့ကြေး ဆုံးရှုံးသွားခဲ့ရတဲ့ အမျိုးသမီးတွေ ရှိတယ်လေ။ ကျွန်တော်တို့ က ယောက်ျားတွေဆိုတော့ တချို့စကားတွေကို နှုတ်ကနေ ပြောလို့ မထွက်ကြဘူး။
ညီလေး စဝ်ခွန်ဇက သူ့စာတွေကို ကဗျာတွေ အက်ဆေးတွေရယ်လို့ ခေါင်းစဉ် မတပ်ပါဘူး။ ကျွန်တော်ကလည်း မင်းရေးတာတွေကို ငါဝေဖန်မှာ မဟုတ်ဘူး နော်။ အချစ်အကြောင်းတော့ နည်းနည်း ပြောကြည့်မယ်လို့ မျက်နှာချင်းဆိုင် ပြောခဲ့ပါတယ်။

သူရေးထားတာတွေက ပေါ့ပါးလွတ်လပ်ပြီး ချစ်ဖို့ ကောင်းပါတယ်။ မိုတွေ ရွာနေတဲ့ အချိန် ကော်ဖီတစ်ခွက်လို၊ ဆောင်းညထဲက ဝီစကီတစ်ခွက်လို ကျွန်တော်တော့ ရိုးဖြောင့်တဲ့ မေတ္တာစာလွှာတချို့ကို ဖတ်ခဲ့ရတာပဲ။ သူ့အတွက်တော့ ငိုချင်စရာတွေလည်း ဖြစ်ကောင်းဖြစ်နေနိုင်တာပေါ့။
ခင်ဗျားကို ကျွန်တော်ချစ်တယ်…တဲ့ ။ သူ့မှာ စာတွေ အရှည်ကြီးရေးပြီး အသည်းကွဲရတယ် ထင်ပါတယ်။
ခင်မင်စွာဖြင့်
စစ်ငြိမ်း
ခင်ဗျားကို ကျွန်တော်ချစ်တယ်☺

26/12/2023

ယောက်ျားဆိုတာ တစ်ခါ ဆင်းရဲသွားရုံနဲ့ ဘယ်သူက ကိုယ့်ကိုတကယ်ချစ်မှန်း သိသွားတယ်။

မိန်းမဆိုတာ တစ်ခါ ရုပ်ဆိုးသွားရုံနဲ့
ဘယ်သူက ကိုယ့်ကိုမခွဲနိုင်အောင် ချစ်နေမှန်း သိသွားတယ်။

လူဆိုတာ တစ်ခါလောက် စီးပွားပျက်ကြည့်ရုံနဲ့
ဘယ်သူက ကိုယ့်ကို စေတနာထားမှန်း သိသွားတယ်။

အတူတကွဆိုတာ ငွေကြေးချမ်းသာမှ မဟုတ်ပါ။
တန်ဖိုးထားတယ်ဆိုတာ လှပ ချောမောနေမှ မဟုတ်ပါ။
အချိန်ကြောင့် ကျန်ခဲ့တဲ့ အရာတွေထဲမှာ...
ငွေကြေးမဟုတ်ပါ ... လှပခြင်းလည်း မဟုတ်ပါ ...
အစစ်အမှန်အားလုံး ကျန်ခဲ့ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ၊ မေတ္တာကိုသာ မတိုးပွားစေနိုင်ပေမဲ့
စိတ်ထား အစစ်အမှန်တွေကိုတော့၊ တကယ်စီစစ် သိရှိသွားပါတယ်။

ငါ့မှာပန်းသီးတစ်လုံးရှိတယ်။
မင်းကိုတစ်၀က်ကြွေးမယ်၊ ငါတစ်၀က်စားမယ်၊
ဒါ သူငယ်ချင်းတဲ့။

ငါ တစ်ကိုက်ပဲ ကိုက်မယ်၊
ကျန်တာအားလုံးမင်းကိုပေးမယ်၊
ဒါ အချစ်တဲ့။

ငါ တစ်ချက်မှ မစားရက်ဘူး၊
အားလုံးပဲ ပေးလိုက်မယ်၊
ဒါ မိဘတဲ့။

ငါက ပန်းသီးကို ဖွက်ထားလိုက်မယ်၊
ဗိုက်ဆာပြီ၊ ဗိုက်ဆာပြီ ဆိုတာကိုလဲ ပါးစပ်က အော်နေမယ်၊
ဒါကြတော့ လောကကြီးတဲ့ ...

မိမိအပေါ်ကောင်းတဲ့သူတွေကို
ပြန်၍ကောင်းနိုင်အောင် ကြိုးစားပါ။"
"မိမိအပေါ် မကောင်းတဲ့သူတွေကို
ဥပေက္ခာပြုနိုင်အောင် ကြိုးစားပါ။

Bright Future

07/12/2023

မိတ်ဆွေ လူရာဝင်ချင်ရင်ပိုက်ဆံရှိအောင်အရင်လုပ်ပါ

မိတ်ဆွေရဲ့ ပတ်ဝန်းကျင်တွေဆီမှာ စကားတခွန်းပြောကြည့်ပါ

မိတ်ဆွေ ပြောချင်တဲ့ စကားတခွန်းလောက်ပေါ့

သေချာတယ် ပတ်ဝန်းကျင်ကပြောပါလိမ့်မယ်

အဲဒီကောင် ရူးနေတာပါလို့ ပြောလိမ့်မယ် အဲဒါဘာဖြစ်လို့ သိလား

မိတ်ဆွေမှာ ပိုက်ဆံမရှိလို့ (တစ်နည်းအားဖြစ်ဆင်းရဲ့လို့)

မိတ်ဆွေ ပိုက်ဆံကိုများများရှာနိုင်ခဲ့လို့ ချမ်းသာသွားပြီဆိုရင်

မိတ်ဆွေ ဆင်းရဲ ခဲ့တဲ့အချိန်က ပြောခဲ့တဲ့ စကားကိုပဲ ပြန်ပြောကြည့်ပါ

သေချာတယ် ပတ်ဝန်းကျင်ကပြောပါလိမ့်မယ်

သူ ပြောတာအရမ်းမှန်တယ်လို့ ပြောလာလိမ့်မယ်

ဘာဖြစ်လို့....သိလား

လူရာဝင်ချင်ရင် ပိုက်ဆံရှိအောင်အရင်လုပ်ပါ

အဲဒါမွ မိတ်ဆွေ ပြောသမျှ စကားတိုင်းက

သတ်ပုံမှန်တာ.........

ဒီစာကို ဖတ္ပီးသြားတဲ့ အချိန်မှာ စဉ်စားကြည့်ပါ

စီးပွားရေးလုပ်ချင်တဲ့သူဆိုရင် အခုကျွန်တော်လုပ်နေတဲ့
Network Marketing စီပှားရေးမှာ လာလေ့လာကြည့်ပါ
စိတ်ဝင်စားရင် Hi ခဲ့ပါခင်ဗျ

ကျေးဇူးတင်ပါတယ်ခင်ဗျ....

05/12/2023

နေရာကောင်းရချင်ရင် စေတနာကောင်းနဲ့အလုပ်လုပ်ပါ

မင်္ဂလာပါ

Credit

05/02/2023

ဒဏ်ရာပေါ်မှာ အာရုံစိုက် မယ်ဆိုရင် ဆက်ပြီးနာကျင် ခံစားရမယ်၊

သင်ခန်းစာပေါ်မှာ အာရုံစိုက်မယ်ဆိုရင် ဆက်ပြီးတော့
တိုးတက်နေမယ်တဲ့။

လူတွေဟာ နာကျင်စရာတစ်ခုတွေ့ပြီဆိုရင် အဲဒီနာကျင်မှု့
ကပေးတဲ့ ဒဏ်ရာတွေကိုပဲအာရုံစိုက်ပြီး တော့ ငါ့မှ ဘာကြောင့်ဖြစ်တာလဲ ၊ဖြစ်အောင်လုပ်တဲ့သူက ဘယ်သူလဲ၊
ဘာကြောင့်လုပ်ရက်တာလဲ စတာတွေတွေးမိကြတယ်၊အဲ
ဒီတော့ ပထမမှန်ထားတဲ့ မျှားချက်နေရကိုပဲဒုတိအကြိမ်ပြန်မှန်သလို ၂ ကြိမ် နာကျင် ခံစားရတယ်။

အဲလိုမဟုတ်ပဲ အဲဒီနာကျင်စရာတွေဆီကနေဘာတွေလေ့
လာခွင့်ရလိုက်သလဲ၊ နောက်တစ်ခါဒီလိုမခံစားရအောင် ဘယ်လိုလုပ်ရင် ​ကောင်းမလဲလို့တွေးပြီးလုပ်နိုင်တာတွေ
အပေါ်မှာ အာရုံစိုက်ရင် နာကျင်မှု့တွေလျော့ပြီး ပိုမိုတိုးတက်လာလိမ့်မယ်။

ချစ်ခြင်းများစွာဖြင့်

ဉာဏ်လင်းအောင်
Unlock Your Future

05/01/2023

ငြင်းသင့်ရင် ငြင်းလိုက်ပါ
********************
ဖတ်ကြည့်နော်…

လူအများစုရဲ့ နှလုံးသားမှာ
အားနာတဲ့စိတ်က
ခိုအောင်းနေတယ်။

ကိုယ် မလုပ်ချင်တဲ့ အလုပ်
ကိုယ် မလုပ်နိုင်တဲ့ အလုပ်ကို
ဒီစိတ်အရင်း ခံနေလို့
ကူညီပေးနေရတယ်။

ကိုယ်ဘယ်လို ခံစားရမှာဆိုတာထက်
သူ့ခံစားမှုကိုပဲ ဦးစားပေးတယ်။

သူငယ်ချင်း ဖြစ်နေလို့
မိတ်ဆွေ ဖြစ်နေလို့
ဆွေမျိုး ဖြစ်နေလို့ ဆိုပြီး
ငြင်းရမှာ အားနာတယ်။

မနိုင်တဲ့ဝန်ကို ထမ်းတယ်။

မငြင်းသာတဲ့စိတ်နဲ့
ဆက်ကူညီပေးတယ်။

လောကမှာ…
အားလုံးဟာ
အလိမ်အညာတွေ မဟုတ်သလို
အားလုံးဟာ
သူတော်စင်တွေ မဟုတ်ပါဘူး။

ကိုယ်က မအားတဲ့ ကြားကနေ
အချိန် ခွဲဝေပြီး
ကူညီပေးလိုက်တယ်။

အဆင်မပြေ ဖြစ်သွားရင်…
ပါးစပ်သေနတ် အပစ်ခံရတော့မှာ။

သူ့ ယုံကြည်လို့ အားကိုးပါတယ်
ဘာညာပေါ့…

ဟော…
အဆင်လည်း ပြေသွားရော
ငါ့ ကုသိုလ်လှ ကံနဲ့ပါ ဆိုတာ
စကား ထွက်လာသေးတယ်။

အလိုလို ကိုယ့်စေတနာဟာ
ဘေးရောက်သွားတယ်။

လူတိုင်းကို
အားနာသင့်သလောက်ပဲ
အားနာပါ။

သူတစ်ပါးရဲ့ အသုံးချခြင်းကို
ခံရတာလည်း ဒီစိတ်။

ရှေ့မှာ ရယ်ရယ်ပြုံးပြုံးနဲ့
နောက်ကွယ်မှာ
ဓားနဲ့ အထိုးခံရတာလည်း
ဒီစိတ်ကြောင့်ပဲ။

"အားနာရင် ခါးပါတယ်"တဲ့။

ခါး ပါရုံတင် မကဘူး
တချို့
ဘဝပါ ပါသွားကြတယ်။

ဒါကြောင့်မို့…
ကိုယ့်နှလုံးသား ပျော်ရွှင်ဖို့ကိုလည်း
ထည့်ထွက်ပါ။

ချောင်မှာ ကပ်မငိုရအောင်
ကိုယ်လည်း အဆင်ပြေအောင်
ငြင်းသင့်ရင်…
ရဲရဲသာ ငြင်းလိုက်ပါ မိတ်ဆွေ။

24/12/2022

Page မှာ Likes တွေ သိပ်မတက်လာရတဲ့ အဓိကအကြောင်းအရင်း (၄) ချက်

=============

ကိုယ့်ရဲ့ Page မှာ Likes တွေသိပ်မတက်တော့ဘူးလို့ ခံစားနေရရင် အောက်မှာပြောပြပေးထားတဲ့ Like မတက်ရတဲ့ အဓိကအကြောင်းအရင်း (၄) ချက်ကိုဖတ်ကြည့်ပြီး ကိုယ့် Page မှာရော အဲဒီအချက်တွေထဲက တစ်ခုခုများ လုပ်မိနေသလားဆိုတာ ဆန်းစစ်ကြည့်ရအောင်...


(၁) စိတ်ဝင်စားစရာ အကြောင်းအရာတွေ မတင်တာ။

Social media ဆိုတာ user တွေအတွက် စိတ်ဝင်စားစရာကောင်းပြီး တက်ကြွစေတဲ့ အကြောင်းအရာတွေကို မျှဝေလို့ရအောင် ကူညီပေးတဲ့နေရာပါ။ သင့်ရဲ့ content က မကောင်းရင်တော့ audience ဘက်ကလည်း နောက်အသစ်တစ်ခု တင်တဲ့အထိ ထိုင်စောင့်နေမှာမဟုတ်ပါဘဲ တခြား စိတ်ဝင်စားစရာ post တွေရှိမယ့် page တစ်ခုဘက်ကို စိတ်ပြောင်းသွားနိုင်ပါတယ်။ Page မှာ post တင်ရရင်ပြီးရောဆိုတဲ့စိတ်နဲ့ မတင်ပါနဲ့။ quality မကောင်းတဲ့ content တွေဟာ Likes တွေလျော့ကျစေပါတယ်။

=============

(၂) Page နဲ့ မဆီလျော်တဲ့ content တွေတင်တာ။

တခါတလေမှာ user တွေအတွက် စိတ်ဝင်စားစရာအကြောင်းအရာသတင်းတွေဖြစ်တဲ့ content တွေ ဥပမာ – မကြာခင်ထွက်တော့မယ် နာမည်ကြီး movie အကြောင်း မကြာခင်ကျင်းပမယ့်ပွဲအကြောင်း စသဖြင့်တင်တာဟာ page နဲ့မဆီလျော်ပေမယ့် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ဒီလို မဆီမဆိုင်အကြောင်းအရာတွေကို ခဏခဏ တင်တဲ့အခါ audience က စိတ်ဝင်စားမှုလျော့သွားတတ်ပါတယ်။ တကမ္ဘာလုံးမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရဖို့ တခြားနည်းလမ်းများစွာရှိတာကြောင့် သင့်ရဲ့ page ကို သတင်းတွေချည်းထိုင်တင်နေတဲ့နေရာမျိုး မဖြစ်ပါစေနဲ့။ သင့်ရဲ့လုပ်ငန်းနဲ့ဆက်စပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာမျိုးတွေ မျှဝေပါ။ ဥပမာ – product/service အသစ်တွေအကြောင်း discount အစီအစဉ်အကြောင်း စသဖြင့်ပေါ့။

=============

(၃) လိုရင်းမရောက်တာ။

ဘယ် post ကိုမဆို facebook မှာမတင်ခင် သင်ကိုယ်တိုင် အရင်ဆုံး ပြန်ဖတ်ကြည့်ပြီး audience အနေနဲ့တွေးကြည့်လို့ ဖတ်ရတာ စိတ်ဝင်စားစရာကောင်းရင်တော့ အဆင်ပြေမှာပါ။ ဒါမှမဟုတ်ရင်တော့ post ကို ဖတ်ရလွယ်တဲ့အထိ ပြန်ပြင်သင့်ပါတယ်။ page မှာ post တင်တယ်ဆိုတာဟာ ကြေငြာနည်းတစ်မျိုးဖြစ်ပြီး ဒီ post ကနေတဆင် Fan တွေရဲ့ အထင်ကြီးမှုကို ရယူနိုင်ပါတယ်။ သင့်ရဲ့ post ဟာ ဆိုလိုရင်းကိုလည်း ထိထိမိမိမရောက် စိတ်ဝင်စားစရာလည်း မကောင်းရင်တော့ လူတွေက စိတ်မဝင်စားတဲ့အပြင် သင်တင်မယ့် နောက် post တွေကိုလည်း ဖတ်ဖို့ စိတ်ပါတော့မှာမဟုတ်ပါဘူး။

=============

(၄) တစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲတင်တာ။

post တစ်ခုတည်းကိုပဲ ထပ်တလဲလဲပြန်တင်နေရင် audience က ငြီးငွေ့သွားမှာ အသေအချာပါ။ idea အဆန်းအသစ်တွေနဲ့ပဲ သင့်ရဲ့ page ကို update ဖြစ်အောင်ထားတာဟာ audience ကို စိတ်ကျေနပ်စေပြီး engagement နှုန်းလည်း မြင့်လာစေပါတယ်။ ခေါင်းထဲက အကြံသစ်ဥာဏ်သစ်တွေ မထွက်တော့ရင်လည်း စိတ်မပူပါနဲ့..သင့်ရဲ့ fan တွေကို post တွေ ယှဉ်ပြိုင်ပွဲအသေးစားလေးတွေကနေတဆင့် အကြံဥာဏ်တောင်းလို့ရပါတယ်။ ဒီနည်းကြောင့် engagement များများ ရရုံတင်မက အကြံပေးတဲ့ fan တွေကို ချီးကျူးရင်း သူတို့ရဲ့ idea ကို ယူသုံးနိုင်မှာပါ။

=============

သင့်အနေနဲ့ ဒီအချက် ၄ ချက်ထဲက တစ်ခုခုကို လုပ်မိနေတယ်ဆိုရင် အခုချက်ခြင်းရပ်လိုက်ပါတော့။

Fan တွေဖက်ကလည်း သင့်ကို အရည်အသွေးကောင်းတဲ့ content တွေ ဖန်တီးနိုင်မယ်လို့ ပြန်ယုံကြည်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ရေရှည်အဆင်ပြေနိုင်မယ့် နည်းဗျူဟာတစ်ခုကို စဉ်းစားပြီး အမြဲဆန်းသစ်နေအောင် မွန်းမံသင့်ပါတယ်။ ဒါ့အပြင် ဒီလိုအကြောင်းအရာတွေနဲ့ စပ်လျဉ်းလို့ audience တွေနဲ့ အဆက်အသွယ်မပြတ်စေဘဲ အပြန်အလှန် ဆွေးနွေးဆက်ဆံနေသင့်ပါတယ်။

=============

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးက မိတ်ဆွေတို့အတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

Credit

23/12/2022

တခါတလေ တချို့ဆုံးဖြတ်ချက်တွေက သင့်ရင်ကွဲခံပြီး ဆုံးဖြတ်လိုက်ရတာဖြစ်ပေမယ့် တကယ်တမ်းပြန်တွေးကြည့်ရင်တော့ သင့်စိတ်ချမ်းသာဖို့ဆိုတာ သတိရပါ။ တကယ်တော့ စွန့်လွှတ်ရဲတဲ့စိတ်ကလည်း သတ္တိပါပဲ။ အထူးသဖြင့် ကိုယ့်ကို ပူလောင်မှုတွေမဖြစ်စေတဲ့ စိတ်ချမ်းသာခြင်းမျိုးလည်းရစေပါတယ်။ တခါတလေမှာ မစွန့်လွှတ်ရဲဘဲ အတင်းဆုပ်ကိုင်ထားချင်တာ၊ အတင်းပိုင်ဆိုင်ထားချင်တဲ့စိတ်ကပဲ ကိုယ့်ကိုပြန်သတ်တဲ့စိတ်ဖြစ်နေတတ်ပါတယ်။ ဆုပ်လည်းစူး၊ စားလည်းရူးဆိုတဲ့အခြေအနေမျိုးပေါ့။

ဆုပ်ကိုင်ထားရင်လည်း ဆူးတွေနဲ့မို့ နာကျင်ရပြန်တယ်၊ အဲဒါကြောင့်ကိုပဲ ဆုပ်ကိုင်ထားဖို့ထက် ကိုယ့်နာကျင်မှုကို လျစ်လျူရှုထားလို့မဖြစ်ပါဘူးနော်။
ဥပမာ။ ဓားတစ်လက်ကို သင့်လက်နဲ့ မဖြစ်မနေဆုပ်ကိုင်ထားမယ်ဆိုရင် သင့်လက်ထဲသွေးစိမ်းရှင်ရှင်တွေထွက်နေသည့်တိုင်အောင် ဆုပ်ကိုင်ထားအုံးမှာလား။ သင်ဆုပ်ကိုင်ထားနိုင်တာ မှန်ပါတယ်၊ ဒါပေမယ့် ဆုပ်ကိုင်ထားလေလေ သင်သွေးစိမ်းရှင်ရှင်ထွက်ကာ နာကျင်ရလေလေပါပဲ။ အဲဒီ့အခါ အဲဒီ့နာကျင်မှုဒဏ်ရာကို သင်ပဲခံစားနေရတော့တာပါပဲ။ နေ့စဥ်နဲ့အမျှ ဆုပ်ကိုင်ထားလေ နာကျင်လေပါ။
အဲဒါဆိုရင် စွန့်လွှတ်လိုက်ပြီဆိုရင်ရော…..စွန့်လွှတ်လိုက်ရတဲ့အချိန်မှာသာ သင်နာကျင်ရပါလိမ့်မယ်။ အချိန်ကာလတစ်ခုကို အ‌ရောက်မှာတော့ သင့်အတွက် အမာရွတ်သာသာပဲ ပြန်စမ်းလိုက်တိုင်း ပြန်သတိရမိတာကလွဲပြီး ထပ်တူနာကျင်မှုမျိုးကနေ လျှော့နည်းသွားမှာပါပဲ။
အဲဒါက သင်တစ်ခါပဲ စူးနစ်စွာ နာကျင်ပြီးရင် သင့်အတွက် ခံသာသွားပါပြီ။ အဲဒါကြောင့် အထက်ရှဆုံးဓားက အနာကျင်ဆုံးဒဏ်ရာကိုပေးပေမယ့် တိတိရိရိဖြတ်ချပစ်နိုင်တယ်လေ။ နေ့တိုင်းနာကျင်ခံစားနေစရာမလိုတော့ဘူးပေါ့။

ဘဝမှာလည်း အဲဒီ့လို အခြေအနေမျိုးကြုံလာတဲ့အခါ နေ့တိုင်းဆုပ်ကိုင်ထားပြီး နာကျင်နေမလား။ တခါပဲ နာကျင်မှုကို ဆိုးရွားစွာခံစားပြီး လူသစ်စိတ်သစ်နဲ့နေမလားရွေးသင့်ပါတယ်။ ရခဲလှတယ်ဆိုတဲ့လူ့ဘဝမှာ နေ့တိုင်းနာကျင်မှုနဲ့ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ဒဏ်ရာကြီးပိုက်ပြီး ဘာမှမလုပ်နိုင်၊ ဘာမှမကြိုးစားနိုင်၊ ရုန်းမထွက်နိုင်တာက လူဖြစ်ရှုံးလှပါတယ်။
အဲဒါကြောင့် တချို့အရာတွေကို ရင်နာခံပြီး ပြတ်သားစွာ စွန့်လွှတ်ပစ်ရဲတဲ့ သတ္တိလိုပါတယ်လို့ပြောရတာပါ။
ကိုယ့်ကိုနာကျင်စေတဲ့အရာကို ဆုပ်ကိုင်ထားတာက ဆုပ်ကိုင်ထားနိုင်တယ်လို့ ထင်ရပေမယ့် တစ်နေ့တစ်ခြား ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေဆုံးရှုံးလာမယ်၊ ကိုယ့်အနာဂတ်တွေဆုံးရှုံးလာမယ်၊ ကိုယ့်အောင်မြင်ခြင်းတွေဆ့ုးရှုံးလာမယ် စသဖြင့် တကယ်တမ်းက ကိုယ့်မှာ ရှိထားတာလေးတွေ တတိတိ ဆုံးရှုံးလာတာပါ။ ကိုယ်ဟာ လူအများအမြင်မှာ ဆုပ်ကိုင်ထားသူဖြစ်ပေမယ့် ကိုယ်ကချည်း မိအေးနှစ်ခါနာအဖြစ်‌ရောက်နေရတာပါ။
အဲဒါကြောင့် စွန့်လွှတ်ရဲတဲ့သတ္တိကို မွေးပြီး ကိုယ့်ဘဝရဲ့ သာယာမှုနေ့သစ်တွေကို ရဲရဲစွန့်လွှတ်ခြင်းနဲ့အတူ ပြန်မွေးဖွားဖို့ ကြိုးစားကြည့်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။ တစ်ခါထဲ သေလောက်အောင်နာကျင်နေရတယ်လို့ထင်ရပေမယ့် စွန့်လွှတ်ပြီးတဲ့အခါ ဘာနဲ့မှမတူတဲ့ လွတ်လပ်ခြင်းအရသာကို ကောင်းကောင်းကြီးခံစားလာရပါလိမ့်မယ်။ အဲဒီ့အတွက် ကိုယ့်အပေါ်မကောင်းတဲ့သူတွေ၊ ကိုယ့်ကို နာကျင်စေတဲ့လူတွေ၊ ကိုယ့်အတွက် ဘာကောင်းကျိုးမှမဖြစ်လာစေတဲ့လူတွေအားလုံးကို ရဲရဲဝင့်ဝင့် စွန့်လွှတ်ပစ်လိုက်ပါနော်။

22/12/2022

သူတစ်ပါး စိတ်နှလုံးသားထဲမှာ
နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့မရဘူး။
တစ်ဖက်က ပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မကျေနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ
မင်းခံစားချက်ကို မေးနေမှာ မဟုတ်ဘူး။
ဒါတွေဟာ သမားရိုးကျ ဖြစ်စဉ်တွေလေ
ထွေထွေထူးထူး ကြေကွဲမနေနဲ့။

22/12/2022

ဒီလိုဒီလို လူ ( ၁၀ ) မျိုးကို တွေ့ခဲ့ရင် တန်ဖိုးထားပါ
~~~~~~~~~~~~~~~~~~~~

( ၁ ) ကိုယ် တစ်ကယ် ချစ်တဲ့သူကို တွေ့ခဲ့ရင်
သူနဲ့ဘဝတစ်လျှောက်လုံး လက်တွဲသွားဖို့
အခွင့်အရေး ရအောင်ကြိုးစားပါ ။

ဘာကြောင့်လဲ ဆိုတော့" သူ ထွက်သွားတဲ့အခါ
အရာအားလုံး နောက်ကျသွားပါလိမ့်မယ် ။

( ၂ ) ကိုယ် တစ်ကယ် ယုံကြည်ရတဲ့ သူငယ်ချင်းကို
တွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်
ဆက်ဆံသွားပါ ။

ဘာဖြစ်လို့လဲ ဆိုတော့" ဘဝမှာ သူငယ်ချင်းအစစ်
တွေ့ရဖို့ဆိုတာ မလွယ်တော့လို့ပါ ။

( ၃ ) ကိုယ့်ကို တစ်ချိန်တုန်းက ကူညီပေးခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူ့ကို ကောင်းကောင်း
ကျေးဇူးတင်ပါ ။

ဘာဖြစ်လို့လဲ ဆိုတော့" သူဟာ ကိုယ့် ဘဝရဲ့
အလှည့်အပြောင်း ဖြစ်ခဲ့လို့ပါပဲ ။

( ၄ ) ကိုယ် တစ်ချိန်တုန်းက ချစ်ခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့
မမေ့ပါနဲ့။

ဘာဖြစ်လို့လဲ ဆိုတော့" သူက ကိုယ့်ကို အချစ်အကြောင်း ပိုနားလည်စေခဲ့လို့ပါ ။

( ၅ ) ကိုယ့်ကို တစ်ချိန်တုန်းက မုန်းတီးခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် ပြုံးပြုံးလေးနဲ့သူ့ကို နှုတ်ဆက်လိုက်ပါ ။

ဘာဖြစ်လို့လဲ ဆိုတော့" သူ့ကြောင့် ကိုယ်က
ပိုပြီး သတ္တိ ရှိလာခဲ့တယ် ။

( ၆ ) ကိုယ့်ကို တစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေး
စကားစမြည် ပြောလိုက်ပါ ။

ဘာဖြစ်လို့လဲ ဆိုတော့" သူ့ကြောင့် မဟုတ်ရင်
ကိုယ်လည်း
လောက အကြောင်းကို သိလာမှာ မဟုတ်ဘူး ။

( ၇ ) ကိုယ် တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့
သူကို တွေ့ခဲ့ရင် သူ့ကို ပျော်ရွှင်ပါစေဆိုပြီး
ဆုတောင်းပေးလိုက်ပါ ။

ဘာဖြစ်လို့လဲ ဆိုတော့" ကိုယ် သူ့ကို တိတ်တခိုး
ချစ်ခဲ့တုန်းက သူပျော်ရွှင်တာကိုပဲ လိုလားခဲ့တာ မဟုတ်လား ။

( ၈ ) ကိုယ့် ဘဝထဲကနေ ထွက်သွားခဲ့တဲ့ သူကို
တွေ့ခဲ့ရင် သူ ကိုယ့်ဘဝထဲ ဝင်ခဲ့တာကို
ကျေးဇူးတင်လိုက်ပါ ။

ဘာဖြစ်လို့လဲ ဆိုတော့" သူက ကိုယ့်ဘဝရဲ့
ပျော်ရွှင်စရာ ကောင်းတဲ့ အစိတ်အပိုင်းတစ်ခု
ဖြစ်ခဲ့ဖူးတယ်လေ ။

( ၉ ) ကိုယ့်ကို တစ်ချိန်က အထင်လွဲခဲ့ဖူးတဲ့ သူကို
တွေ့ခဲ့ရင် အချိန်မှီ ဖြေရှင်းချက် ပေးလိုက်ပါ ။

ဘာဖြစ်လို့လဲ ဆိုတော့" သူ နားလည်အောင်
ဖြေရှင်းပေးဖို့ အခွင့်အရေးက တစ်ခါပဲ ရှိနိုင်လို့ပါ ။

( ၁၀ ) ယခု ကိုယ်နဲ့ဘဝတစ်လျှောက်လုံး
လက်တွဲသွားမယ့်သူကို တွေ့ခဲ့ရင်
သူ ကိုယ့်ကို ချစ်တာ ရွေးချယ်ခဲ့တာကို
ရာနှုန်းပြည့် ကျေးဇူးတင်လိုက်ပါ ။

ဘာဖြစ်လို့လဲ ဆိုတော့" အခု နှစ်ယောက်လုံး
ပျော်ရွှင်မှုနဲ့အချစ်စစ်ကို ပိုင်ဆိုင်နေရလို့ပါ ။

Want your business to be the top-listed Advertising & Marketing Company in Sagaing?
Click here to claim your Sponsored Listing.

Address

Sagaing