Nutri-Link

Nutri-Link

Share

We provide nutritional coaching, lifestyle modification and consultation for those struggling with body weight issue in their lives.

22/10/2022
03/11/2018

ကယ်လိုရီ မတက်အောင် ကြက်ဥကို ရေနဲ့ချက်မယ်။ [2]
************************

အရင်နေ့က ကြက်ဥမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ ကြက်ဥဟာ ဝိတ်ချရာမှာ အလွန်အသုံးဝင်ကြောင်း ပြောပြခဲ့ပါတယ်။

မနက်စာအတွက် ကြက်ဥကြော်စားရင် ဆီသုံးရမှာမို့ ကယ်လိုရီ တက်မှာ ကြောက်နေသူတွေ၊ ကြက်ဥကို ပြုတ်စားရမှာ ရိုးနေပြီ ဆိုတဲ့ သူတွေ အတွက် မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ဆီမပါတဲ့ ကြက်ဥကြော်နည်း ဝေမျှချင်ပါတယ်။

ဒီနေ့ share ပေးတဲ့ နည်းက ကြက်ဥ တလုံးမက တကြိမ်ထဲပေါင်းချက်လို့ရတဲ့ နည်းပါ။

ရေသက်သက်ပဲ သုံးတာဆိုတော့ ဆီကြောင့်တက်မဲ့ ကယ်လိုရီတွေ မပါတော့တဲ့အတွက် ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက် ဒီနည်းက အရမ်းအသုံးဝင်ပါတယ်။

ဒီနည်းကို သုံးဖို့အတွက် ကြက်ဥက လတ်ဆတ်နေဖို့ လိုပါတယ်။ ကြိုးစားကြည့်ပြီး လုပ်လို့ရလား ပြန်ပြောပြနော်။

By Nutri-Link Myanmar

Video credit - Youtube.

31/10/2018

ကယ်လိုရီ မတက်အောင် ကြက်ဥကို ရေနဲ့ကြော်မယ်။
************************

အရင်နေ့က ကြက်ဥမှာပါတဲ့ အာဟာရဓာတ်တွေနဲ့ ကြက်ဥဟာ ဝိတ်ချရာမှာ အလွန်အသုံးဝင်ကြောင်း ပြောပြခဲ့ပါတယ်။

မနက်စာအတွက် ကြက်ဥကြော်စားရင် ဆီသုံးရမှာမို့ ကယ်လိုရီ တက်မှာ ကြောက်နေသူတွေ၊ ကြက်ဥကို ပြုတ်စားရမှာ ရိုးနေပြီ ဆိုတဲ့ သူတွေ အတွက် မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ဆီမပါတဲ့ ကြက်ဥကြော်နည်း ဝေမျှချင်ပါတယ်။

ရေသက်သက်ပဲ သုံးတာဆိုတော့ ဆီကြောင့်တက်မဲ့ ကယ်လိုရီတွေ မပါတော့တဲ့အတွက် ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက် ဒီနည်းက အရမ်းအသုံးဝင်ပါတယ်။

ဒီနည်းကို သုံးဖို့အတွက် ကြက်ဥက လတ်ဆတ်နေဖို့ လိုပါတယ်။ ကြိုးစားကြည့်ပြီး လုပ်လို့ရလား ပြန်ပြောပြနော်။

By Nutri-Link Myanmar

Video credit - Youtube.

Photos from Nutri-Link's post 31/10/2018

မိမိ ကိုယ်အလေးချိန်အလိုက် " မိနစ် ၃၀" လှုပ်ရှားမှုအတွက် ကယ်လိုရီ လောင်ကျွမ်းမှု

Photos from Nutri-Link's post 31/10/2018

သင့်ခါးဆိုဒ် ကပြောသော ကျန်းမာရေး
(Waist to Hip Ratio - ခါး နဲ့ တင်ပါး ရဲ့ အချိုး)

**************************************
(Zawgyi)
ဝ ခြင်း သို့မဟုတ် ခန္ဓာကိုယ်တွင်း အဆီကို တိုင်းတာနိုင်တဲ့ နောက်ထပ် နည်းတမျိုးက ခါး နဲ့ တင်ပါး ရဲ့ အချိုးပါ။

ဝ လာလို့ ကိုယ်တွင်းမှာ အဆီတွေများလာရင် အများဆုံး စုနိုင်တဲ့နေရာတွေက -
⛔ ကိုယ်တွင်းရှိ ကလီစာများ၊
⛔ ကြွက်သားများ အကြား နှင့် အရေပြားအောက်
⛔ ဝမ်းဗိုက် နှင့် ခါးနေရာ တဝိုက်
⛔ တင်ပါး နှင့် ပေါင်ရင်း တို့ဖြစ်ပါတယ်။

(CP ကြက်တကောင်ကို ဝယ်လာပြီး မချက်ခင် သေချာလေ့လာကြည့်ရင် အဆီတွေ ဘယ်နားမှာ စုနေလဲဆိုတာ သိနိုင်ပါတယ်။)

ကိုယ့်ရဲ့ မျိုးရိုးဗီဇ၊ လိင်ကွာခြားမှုနဲ့ နေထိုင်စားသောက်မှုပေါ် မူတည်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ အဆီပိုများလည်းဆိုတာ ကွာခြားနိုင်ပါတယ်။ ဥပမာအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် တင်ပါးမှာ အဆီပိုများပါတယ်။

----------------------------

❓ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ စုမိတဲ့ အဆီက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒုက္ခ အပေးနိုင်ဆုံးလဲ။ ❓

⛔ အသည်း၊ နှလုံး၊ အစာအိမ်၊ အူ စတဲ့ ကိုယ်တွင်း ကလီစာတွေနဲ့ ကလီစာတွေရဲ့ အနီးတဝိုက် abdominal cavity ခေါ် ဝမ်းခေါင်း အတွင်းစုနေတဲ့ အဆီနဲ့

⛔ သွေးကြောတွေထဲမှာ စုမိတဲ့ အဆီက ကျန်တဲ့နေရာတွေနဲ့ယှဉ်ရင် ဒုက္ခ အပေးနိုင်ဆုံးပါ။

အဲဒီ ဝမ်းခေါင်းတွင်းက အဆီကို visceral fat သို့မဟုတ် abdominal fat လို့ခေါ်ပါတယ်။

-------------------------

❓ သင် ဝ လာတဲ့အခါ ဖြစ်လာတဲ့ ခန္ဓာကိုယ်ပုံစံက ဘယ်လိုမျိုးလဲ။ ❓

⛔ ဝ လာတဲ့အခါ ခါးတုတ် ဗိုက်ပူ လာတဲ့့သူကို ပန်းသီးပုံ ခန္ဓာကိုယ် အချိုးအစား ရှိသူ - Apple shaped body

⛔ ဝ လာတဲ့အခါ တင်ပါးပိုကြီးလာတဲ့ သူကို သစ်တော်သီးပုံ ခန္ဓာကိုယ် အချိုးအစား ရှိသူ - Pear shaped body လို့ခွဲခြားနိုင်တယ်။

Apple shaped body ပုံစံနဲ့ ဝနေပြီဆိုရင် အပေါ်ကပြောခဲ့တဲ့ visceral or abdominal fat တွေကြောင့်ဖြစ်ရတာမို့ ပိုပြီး အန္တရာယ်များလို့ အဆီကျဖို့ ပိုကြိုးစားသင့်ပါတယ်။

--------------------------

‼️ အောက်ဖော်ပြပါရောဂါတွေနဲ့ ဝမ်းဗိုက်တဝိုက်မှာ ဝခြင်းက ဆက်စပ်မှု ရှိပါတယ်။ ‼️

နှလုံးရောဂါ၊ ဆီးချိုရောဂါ (DM type II) ၊ သွေးတိုး၊ ဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာ၊ အထူးသဖြင့် အမျိုးသမီးတွေမှာ သည်းခြေထဲမှာ ကျောက်တည်တာ၊ အိမ်ထောင်ရှင်တွေ ကလေးမရနိုင်တာ ................. အစရှိ သဖြင့်

----------------------------

❓ Waist to Hip Ratio (WHR) ခါး နဲ့ တင်ပါး ရဲ့ အချိုး ကိုဘယ်လို တိုင်းတာကြမလဲ။ ❓

⛔ ခါးနဲ့တင်ပါးကို တိုင်းတာဖို့ ပေကြိုး အပျော့ တခုလိုပါမယ်။
⛔ မိမိကိုယ်တိုင် တိုင်းတာထက် အခြားတယောက်က တိုင်းပေးရင် ပိုတိကျနိုင်ပါတယ်။
⛔ ခြေထောက်ကို စုပြီးရပ်ပါ။ ကိုယ်ကို တည့်တည့် ရပ်ပါ။
⛔ အဝတ်အစား အထူကြီးဝတ်ထားပြီး မတိုင်းပါနဲ့။
⛔ အသက်ကို ရှုထုတ်လိုက်တဲ့ အချိန်မှာ တိုင်းပါ။
⛔ ခါးမှာ သိမ်တဲ့နေရာ ရှိနေသေးရင် အသိမ်ဆုံးနေရာကို တိုင်းပါ။
⛔ ခါးပျောက် လောက်အောင် ဝနေပြီဆိုရင် ချက်ရဲ့အပေါ် တလက်မ သို့ လက်နှစ်လုံးတက်ပြီး တိုင်းပါ။

⛔ တင်ပါးအတွက် - တင်ပါးရဲ့ အကျယ်ဆုံးနေရာကို တိုင်းပါ။

-----------------------------

❓WHR အဖြေကို ဘယ်လိုကောက်ချက် ချမလဲ။ ❓

WHO guideline အရ

⛔ အမျိုးသမီးတွေအတွက် ခါးနှင့်တင် အချိုးက 0.80 ထက်များနေရင် အပေါ်ကပြောခဲ့တဲ့ ရောဂါတွေဖြစ်နိုင်ချေများတယ်

⛔ အမျိုသားတွေအတွက် ခါးနှင့်တင် အချိုးက 0.95 ထက်များနေရင် အပေါ်ကပြောခဲ့တဲ့ ရောဂါတွေဖြစ်နိုင်ချေများတယ်

⛔ ခါးဆိုဒ်ကြီးလေ ရောဂါဖြစ်နိုင်ခြေက ပိုများလေ ဖြစ်ပါတယ်။

------------------------------

❓ WHR ဘာ့ကြောင့် အသုံးဝင်တာလဲ ❓

WHR က ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ အဆီပိုများနေလဲဆိုတာ အလွယ်တကူ တိုင်းပေးနိုင်တယ်။ BMI နဲ့တွက်နည်းကတော့ ကိုယ့်အရပ်အတွက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ကိုသာ တိုင်းတာဖြစ်တဲ့ အတွက် ခါး တင် တိုင်းတာမှုတွေ မပါလို့ ဘယ်နားမှာ အဆီပိုစုနေလဲဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် BMI နဲ့ WHR နှစ်ခုလုံးကို ကြည့်ရင် ကိုယ့် patient က ဘယ်လိုပုံစံနဲ့ ဝနေတာလဲဆိုတာ သိနိုင်ပါတယ်။

------------------------------

‼️သတိပြုရန်။ လူကပိန်နေပေမဲ့လည်း ခါးတုတ်နေရင် သတိထားပါ။ အဲဒီအခြေအနေကို Normal weight central obesity လို့ခေါ်ပါတယ်။ ‼️

❗BMI တွက်လို့ ကိုယ်အလေးချိန်က ပုံမှန်အတွင်းရှိနေပေမဲ့ ခါးတုတ်နေရင် Cardio metabolic risk တွေရှိတယ်လို့ သုတေသန ပြုလုပ်ချက်တွေအရ သိလာရပါပြီ။

❗လူ ၁ထောင်ခန့် ပါဝင်တဲ့ UK က သုတေသန တခုမှာ ပုံမှန်ကိုယ် အလေးချိန် (Normal BMI ) ရှိသူတွေရဲ့ ၂၅-၄၀% လောက်က central obesity ခေါ် ခါးတဝိုက်မှာ ဝခြင်း ဖြစ်နေပါတယ်။ အဲဒီသူတွေမှာလည်း ဝတဲ့သူတွေလိုပဲ သွေးတိုးရောဂါနှင့် cardio metabolic risk များတယ်လို့ ဆိုပါတယ်။

---------------------------

နောက်ထပ်တိုင်းတာလို့ ရတာတွေကတော့ ခါးဆိုဒ်နဲ့ အရပ် waist to height ratio (WHtR) နဲ့ Lipid profiles ခေါ်သွေးထဲမှာ ပါဝင်တဲ့ အဆီဓာတ်ကို တိုင်းတာခြင်းဖြစ်ပါတယ်။ နောင်လာမဲ့ ဆောင်းပါးတွေမှာ ပြောပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါ။

======================

Dr. Nora.

Nutri-Link Myanmar

========================

(Unicode)

သင့်ခါးဆိုဒ် ကပြောသော ကျန်းမာရေး
(Waist to Hip Ratio - ခါး နဲ့ တင်ပါး ရဲ့ အချိုး)

************************

ဝ ခြင်း သို့မဟုတ် ခန္ဓာကိုယ်တွင်း အဆီကို တိုင်းတာနိုင်တဲ့ နောက်ထပ် နည်းတမျိုးက ခါး နဲ့ တင်ပါး ရဲ့ အချိုးပါ။

ဝ လာလို့ ကိုယ်တွင်းမှာ အဆီတွေများလာရင် အများဆုံး စုနိုင်တဲ့နေရာတွေက -
⛔ ကိုယ်တွင်းရှိ ကလီစာများ၊
⛔ ကြွက်သားများ အကြား နှင့် အရေပြားအောက်
⛔ ဝမ်းဗိုက် နှင့် ခါးနေရာ တဝိုက်
⛔ တင်ပါး နှင့် ပေါင်ရင်း တို့ဖြစ်ပါတယ်။

(CP ကြက်တကောင်ကို ဝယ်လာပြီး မချက်ခင် သေချာလေ့လာကြည့်ရင် အဆီတွေ ဘယ်နားမှာ စုနေလဲဆိုတာ သိနိုင်ပါတယ်။)

ကိုယ့်ရဲ့ မျိုးရိုးဗီဇ၊ လိင်ကွာခြားမှုနဲ့ နေထိုင်စားသောက်မှုပေါ် မူတည်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ အဆီပိုများလည်းဆိုတာ ကွာခြားနိုင်ပါတယ်။ ဥပမာအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ယှဉ်ရင် တင်ပါးမှာ အဆီပိုများပါတယ်။

----------------------------

❓ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာ စုမိတဲ့ အဆီက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဒုက္ခ အပေးနိုင်ဆုံးလဲ။ ❓

⛔ အသည်း၊ နှလုံး၊ အစာအိမ်၊ အူ စတဲ့ ကိုယ်တွင်း ကလီစာတွေနဲ့ ကလီစာတွေရဲ့ အနီးတဝိုက် abdominal cavity ခေါ် ဝမ်းခေါင်း အတွင်းစုနေတဲ့ အဆီနဲ့

⛔ သွေးကြောတွေထဲမှာ စုမိတဲ့ အဆီက ကျန်တဲ့နေရာတွေနဲ့ယှဉ်ရင် ဒုက္ခ အပေးနိုင်ဆုံးပါ။

အဲဒီ ဝမ်းခေါင်းတွင်းက အဆီကို visceral fat သို့မဟုတ် abdominal fat လို့ခေါ်ပါတယ်။

-------------------------

❓ သင် ဝ လာတဲ့အခါ ဖြစ်လာတဲ့ ခန္ဓာကိုယ်ပုံစံက ဘယ်လိုမျိုးလဲ။ ❓

⛔ ဝ လာတဲ့အခါ ခါးတုတ် ဗိုက်ပူ လာတဲ့ဲ့သူကို ပန်းသီးပုံ ခန္ဓာကိုယ် အချိုးအစား ရှိသူ - Apple shaped body

⛔ ဝ လာတဲ့အခါ တင်ပါးပိုကြီးလာတဲ့ သူကို သစ်တော်သီးပုံ ခန္ဓာကိုယ် အချိုးအစား ရှိသူ - Pear shaped body လို့ခွဲခြားနိုင်တယ်။

Apple shaped body ပုံစံနဲ့ ဝနေပြီဆိုရင် အပေါ်ကပြောခဲ့တဲ့ visceral or abdominal fat တွေကြောင့်ဖြစ်ရတာမို့ ပိုပြီး အန္တရာယ်များလို့ အဆီကျဖို့ ပိုကြိုးစားသင့်ပါတယ်။

--------------------------

‼️ အောက်ဖော်ပြပါရောဂါတွေနဲ့ ဝမ်းဗိုက်တဝိုက်မှာ ဝခြင်းက ဆက်စပ်မှု ရှိပါတယ်။ ‼️

နှလုံးရောဂါ၊ ဆီးချိုရောဂါ (DM type II) ၊ သွေးတိုး၊ ဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာ၊ အထူးသဖြင့် အမျိုးသမီးတွေမှာ သည်းခြေထဲမှာ ကျောက်တည်တာ၊ အိမ်ထောင်ရှင်တွေ ကလေးမရနိုင်တာ ................. အစရှိ သဖြင့်

----------------------------

❓ Waist to Hip Ratio (WHR) ခါး နဲ့ တင်ပါး ရဲ့ အချိုး ကိုဘယ်လို တိုင်းတာကြမလဲ။ ❓

⛔ ခါးနဲ့တင်ပါးကို တိုင်းတာဖို့ ပေကြိုး အပျော့ တခုလိုပါမယ်။
⛔ မိမိကိုယ်တိုင် တိုင်းတာထက် အခြားတယောက်က တိုင်းပေးရင် ပိုတိကျနိုင်ပါတယ်။
⛔ ခြေထောက်ကို စုပြီးရပ်ပါ။ ကိုယ်ကို တည့်တည့် ရပ်ပါ။
⛔ အဝတ်အစား အထူကြီးဝတ်ထားပြီး မတိုင်းပါနဲ့။
⛔ အသက်ကို ရှုထုတ်လိုက်တဲ့ အချိန်မှာ တိုင်းပါ။
⛔ ခါးမှာ သိမ်တဲ့နေရာ ရှိနေသေးရင် အသိမ်ဆုံးနေရာကို တိုင်းပါ။
⛔ ခါးပျောက် လောက်အောင် ဝနေပြီဆိုရင် ချက်ရဲ့အပေါ် တလက်မ သို့ လက်နှစ်လုံးတက်ပြီး တိုင်းပါ။

⛔ တင်ပါးအတွက် - တင်ပါးရဲ့ အကျယ်ဆုံးနေရာကို တိုင်းပါ။

-----------------------------

❓WHR အဖြေကို ဘယ်လိုကောက်ချက် ချမလဲ။ ❓

WHO guideline အရ

⛔ အမျိုးသမီးတွေအတွက် ခါးနှင့်တင် အချိုးက 0.80 ထက်များနေရင် အပေါ်ကပြောခဲ့တဲ့ ရောဂါတွေဖြစ်နိုင်ချေများတယ်

⛔ အမျိုသားတွေအတွက် ခါးနှင့်တင် အချိုးက 0.95 ထက်များနေရင် အပေါ်ကပြောခဲ့တဲ့ ရောဂါတွေဖြစ်နိုင်ချေများတယ်

⛔ ခါးဆိုဒ်ကြီးလေ ရောဂါဖြစ်နိုင်ခြေက ပိုများလေ ဖြစ်ပါတယ်။

------------------------------

❓ WHR ဘာ့ကြောင့် အသုံးဝင်တာလဲ ❓

WHR က ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာ အဆီပိုများနေလဲဆိုတာ အလွယ်တကူ တိုင်းပေးနိုင်တယ်။ BMI နဲ့တွက်နည်းကတော့ ကိုယ့်အရပ်အတွက် ရှိသင့်တဲ့ ကိုယ်အလေးချိန်ကိုသာ တိုင်းတာဖြစ်တဲ့ အတွက် ခါး တင် တိုင်းတာမှုတွေ မပါလို့ ဘယ်နားမှာ အဆီပိုစုနေလဲဆိုတာ မသိနိုင်ပါဘူး။ ဒါကြောင့် BMI နဲ့ WHR နှစ်ခုလုံးကို ကြည့်ရင် ကိုယ့် patient က ဘယ်လိုပုံစံနဲ့ ဝနေတာလဲဆိုတာ သိနိုင်ပါတယ်။

------------------------------

‼️သတိပြုရန်။ လူကပိန်နေပေမဲ့လည်း ခါးတုတ်နေရင် သတိထားပါ။ အဲဒီအခြေအနေကို Normal weight central obesity လို့ခေါ်ပါတယ်။ ‼️

❗BMI တွက်လို့ ကိုယ်အလေးချိန်က ပုံမှန်အတွင်းရှိနေပေမဲ့ ခါးတုတ်နေရင် Cardio metabolic risk တွေရှိတယ်လို့ သုတေသန ပြုလုပ်ချက်တွေအရ သိလာရပါပြီ။

❗လူ ၁ထောင်ခန့် ပါဝင်တဲ့ UK က သုတေသန တခုမှာ ပုံမှန်ကိုယ် အလေးချိန် (Normal BMI ) ရှိသူတွေရဲ့ ၂၅-၄၀% လောက်က central obesity ခေါ် ခါးတဝိုက်မှာ ဝခြင်း ဖြစ်နေပါတယ်။ အဲဒီသူတွေမှာလည်း ဝတဲ့သူတွေလိုပဲ သွေးတိုးရောဂါနှင့် cardio metabolic risk များတယ်လို့ ဆိုပါတယ်။

---------------------------

နောက်ထပ်တိုင်းတာလို့ ရတာတွေကတော့ ခါးဆိုဒ်နဲ့ အရပ် waist to height ratio (WHtR) နဲ့ Lipid profiles ခေါ်သွေးထဲမှာ ပါဝင်တဲ့ အဆီဓာတ်ကို တိုင်းတာခြင်းဖြစ်ပါတယ်။ နောင်လာမဲ့ ဆောင်းပါးတွေမှာ ပြောပြပေးသွားမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါ။

Want your practice to be the top-listed Clinic in Rangoon Ahlone?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Rangoon Ahlone
11121