Hypersonic Online Programming Training

Hypersonic Online Programming Training

Share

Computer Programming, Online Training we are support to your IT programming knowledge and Programming Career.

17/05/2026

🌿ဒီနေ့ Javaရဲ့ အားသာချက်နဲ့ အားနဲချက်တွေကို‌‌ ပြောပြပေးပါမယ်..
💯အားသာချက်များ
✅Speed နှင့် Performance မြင့်မားခြင်း:
✅JIT (Just-In-Time) compiler ပါဝင်တဲ့အတွက်ကြောင့် Python ထက် speed ပိုမြန်ပါတယ်။
✅Any Platform တွင်အလုပ်လုပ်နိုင်ခြင်း (Write Once, Run Anywhere): ဒါက‌တော့ Java ရဲ့ goal ပါပဲ...
Java code ကို မည်သည့် Operating System မှာမဆို ပြောင်းလဲစရာမလိုဘဲ Run နိုင်ပါတယ်။
✅Job Market တွင် တွင်ကျယ်ခြင်း: Banking System များ၊ Enterprise ဆော့ဖ်ဝဲလ်ကြီးများနှင့် Android App ရေးသားရာတွင် မရှိမဖြစ်လိုအပ်တာ‌ ကြောင့် အလုပ်အကိုင်အခွင့်အလမ်း အလွန်များပြားပါတယ်။
✅Security ပိုင်းပိုမိုအားကောင်းခြင်း: Data ပိုင်းဆိုင်ရာ စည်းကမ်းတင်းကျပ်မှုများ (Strongly Typed) ပါရှိတာကြောင့် ပိုစိတ်ချရပါတယ်။💢အားနည်းချက်များ:
👉ကုဒ်ရေးရတာ ရှုပ်ထွေးခြင်း: စာကြောင်းရေ အများကြီးရေးရပြီး စည်းကမ်းချက်များ တိကျလွန်းသောကြောင့် အစပိုင်းတွင် လေ့လာရန်ခက်ခဲပါတယ်။
👉Memory ပမာဏ ပိုယူခြင်း:
Java Virtual Machine (JVM) လိုအပ်သောကြောင့် စက်၏ Memory ကို အတော်အတန်စားသုံးပါတယ်။
( ဒါပေမဲ့ Write Once Run Anywhere ဆိုတဲ့ goal သာ JVMကြောင့်ရနေတာပါ)
အဲဒါဆို Java နဲ့ Python ဘယ်ဟာကို ရွေးချယ်သင့်လဲ❓
🐍Python ကို ဘယ်သူတွေသုံးသင့်လဲ❓
👉Programming ကို စတင်လေ့လာမည့်သူများ၊
👉AI/Data Science ပညာရှင်များနဲ့ Automation သို့မဟုတ် Web Backend မြန်မြန်ဆန်ဆန် ဖန်တီးလိုသူများ။

☕Java ကို ဘယ်သူတွေသုံးသင့်လဲ❓
👉ခိုင်မာသော Programming Basic ကို တည်ဆောက်လိုသူများ၊
👉Android App များ သို့မဟုတ် ဘဏ်လုပ်ငန်းသုံး (Enterprise) စနစ်ကြီးများ ရေးသားလိုသူများ။

💥ကဲ ဒီလောက်ဆိုရင်တော့ Java နဲ့ Python ရဲ့ အားသာချက် အားနည်း ချက်တွေကို တီးမိခေါက်မိလောက်ပါပြီ..
👋နောက်မှ သူတို့ ၂ခုရဲ့ code တွေရေးတဲ့နေရာမှာ Java နဲ့ python ဘယ်လိုကွာခြားလဲဆိုတာ နှိုင်းယှဉ်ပြပါမယ်..
👩‍🏫
တီချယ် ဝတ်ရည်

15/05/2026

☕Java နဲ့ 🐍Python ရဲ့ အားနည်းချက် အားသာချက်❓
✅Java နှင့် Python တို့ဟာ ကမ္ဘာပေါ်မှာ အသုံးအများဆုံး Programming Language တွေဖြစ်ကြပြီး တစ်ခုနှင့်တစ်ခု မတူညီတဲ့အားသာချက်၊ အားနည်းချက်တွေ အသီးသီးရှိပါတယ်..
🌿ဒီနေ့တော့
Python ရဲ့ အားသာချက်နှင့် အားနည်းချက်တွေကို ပြောပြသွားပါမယ်..
💯အားသာချက်များ:
✅လေ့လာရလွယ်ကူခြင်း:
ရေးရတဲ့ statements‌ တွေဟာတိုတောင်းပြီး အများပြောဆိုသော အင်္ဂလိပ်စာနှင့် နီးစပ်တဲ့အတွက်ကြောင့် Beginner များအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။
✅AI နှင့် Data Science တွင် ထိပ်တန်းဖြစ်ခြင်း:
Artificial Intelligence (AI), Machine Learning (ML) နှင့် Data Analysis တို့အတွက် အကောင်းဆုံးသော Library များနဲ့ Framework များစွာ ပိုင်ဆိုင်ထားပါတယ်။
✅Productivity မြင့်မားခြင်း:
လုပ်ဆောင်ချက်တစ်ခုအတွက် codeရေးရသည့်အချိန်နှင့် ပမာဏကို အလွန်သက်သာစေသည်။
🙇အားနည်းချက်များ:
🛑အလုပ်လုပ်နှုန်း (Speed) နှေးကွေးခြင်း:
Python က Interpreted Language ဖြစ်တာကြောင့် Java ထက် speed ပိုနှေးပါတယ်။
🛑Memory အသုံးပြုမှုများခြင်း:
Memory အသုံးပြုမှု မြင့်မားပါတယ်။
🛑Mobile Development တွင် အားနည်းခြင်း:
Android သို့မဟုတ် iOS Application များ တိုက်ရိုက်ရေးသားရန်အတွက် သိပ်မတွင်ကျယ်ပါဘူး။
🌻ဒီနေ့တော့ ဒီလောက်ပါပဲ..
နောက်နေ့မှပဲ Java ရဲ့ အားနည်းချက်အားသာချက်တွေကို ထပ်ပြောပြသွားပါမယ်။

07/05/2026

Programming ကို အခုမှစပြီး သင်ကြားမဲ့သူတွေအတွက် အခက်အခဲမရှိအောင် သိသင့်တဲ့ basic concept တွေကို ပညာဒါနသင်ပေးတဲ့ group link လေးချပေးထားပါတယ်..
ဝင်ကြည့်ပြီး လေ့လာနိုင်ပါတယ်😊

မင်္ဂလာပါရှင်🌹🌹

☘️ပညာဒါနအဖြစ် 🎥 video lesson file လေးတွေ create လုပ်ပြီး private group လေးcreate လုပ်ပေးထားပါတယ်။
☘️ programmingကို ခုမှ စလေ့လာမယ့် beginnersများအတွက် လိုအပ်တဲ့ knowledgeတွေကို ပညာဒါနအဖြစ်သင်ကြားပေးတာဖြစ်ပါတယ်..
☘️ Python basic courseနဲ့ Java Fundamentals Courseအတွက် registerလုပ်တဲ့သူတိုင်းကို ပညာဒါနgroupကိုပါ joinစေပြီးလေ့လာစေပါတယ်..
☘️ဒါတွေသင်မှ programmingသင်လို့ရမှာမဟုတ်ပေမဲ့ သင်လိုက်ရင်တော့ ပိုပြီး knowledge‌ တွေပြည့်စုံသွားတဲ့ အခြေခံပိုင်တဲ့ programmer ကောင်းတယောက်ဖြစ်နိုင်မှာပါ
☘️ပညာဒါနဆိုပြီး ဘာလို့ group link ကို ဖွင့်မပေး🔒တာလဲဆိုတော့ ခရီးသွားဟန်လွဲ၀◌င်ကြည့်တာမျိုးမဟုတ်ပဲ အမှန်တကယ် စိတ်၀င်စားပြီးတောင်းဆိုတဲ့သူတွေကို အလိုရှိလို့ပါ။👍
☘️အခုတော့ request လုပ်တဲ့သူများလာတာလဲတစ်ကြောင်း
ပညာဒါနဆိုတဲ့အတိုင်း ကန့်သတ်ချက်တွေနဲ့ မလုပ်ချင်တော့တာကြောင့် group ရဲ့ link လေးကို အောက်ဆုံးမှာပြောပြထားပါတယ်..🔓
☘️၁၀တန်းအောင်ပြီး IT ကို စိတ်၀◌င်စားသူတွေအတွက် သင့်တော်တဲ့ course လေးကို သင်ကြားပေးထားပါတယ်နော်..
☘️ဒါလေးကို နားထောင်လေ့လာရင်း IT လိုင်းကိုလိုက်သင့်မလိုက်သင့် လိုက်နိုင်မလိုက်နိုင် ဆုံးဖြတ်နိုင်ပါတယ်..
☘️lesson တွေဟာ japan information technology engineer examination center (JITEC) ကထုတ်တဲ့ စာအုပ်တွေကို reference လုပ်ပြီး သင်ကြားပေးထားတာဖြစ်ပါတယ်။
☘️အားလုံးကို သင်ပေးထားတာမဟုတ်ပါဘူးနော်။
☘️programming ကို စိတ်၀င်စားတဲ့သူတွေ programming သင်တဲ့အခါ အဆင်ပြေစေဖို့ သိသင့်တာကို သင်ကြားပေးသွားမှာပါ။
🌹🌹အကျိုးကျေးဇူးတွေကတော့ JITEC က ကျင်းပတဲ့ IP , FE exam တွေအတွက် အများကြီး အထောက်အကူဖြစ်သွားမှာပါ။
🌹🌹ကျေးဇူးတင်ပါတယ်နော်။
group link လေးပါနော်။
https://www.facebook.com/groups/HypersonicOPT

31/12/2025

Happy New Year ❤️❤️❤️

06/10/2025

ပျော်ရွှင်စရာ သီတင်းကျွတ်လပြည့်ညလေး ဖြစ်ပါစေ❤️❤️❤️

Photos from Hypersonic Online Programming Training's post 15/07/2025

💢စာမသင်တော့ဘူးလားလို့မေးနေတဲ့သူတွေရှိလို့ စာသင်ပါတယ်နော်..💢
💯ဆရာမနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး သင်နေတာမို့ pageမှာ post မတင်ဖြစ်တာပါ..
👉 Programmingကို အရင်လိုပဲ video recording နဲ့သင်ချင်တဲ့ သူတွေလည်း group ထဲမှာ video recording fileလေးတွေနဲ့ သင်နေကြပါတယ်..
👉Pass paper preparation for IGCSE O level CIE & Pearson Edexcel (Computer Science &ICT)
အတွက်လည်း ဆရာမနဲ့ အတန်းချိန်‌တွေညှိပြီးသင်ကြားပေးနေပါတယ်..

🌷Video recording အတွက် fees ကတော့ အရင်လိုပဲ
🍀python basic courses အတွက် 35000mmk.
🍀python advanced courses အတွက် 80000mmk
🍀Java fundamentals courses အတွက် 50000mmk
📕Courses contents
🔵Python basic courses
Module 1 . Basic Programming Concept
Module2-Introduction to Python
Module 3.Basic Syntax
Module 4-Variables and Data types
Module 5- Basic Operators
Module 6-Decision Making
Module 7-Loops
Module8- Numbers
Module9- String
Module10- List
Module11- Tuple
Module 12 Set
Module13- Dictionary
🔵Python advanced course

Module 1- python array
Module 2- Reg Expression
Module 3- OOP
Module 4- Multithreading
threading
Module 5- Database Access(MySQL)
Module 6- GUI Programming(using Tkinter)
🔵Java fundamentals course
Module 1: Programming Concepts
Module 2: Writing Java Programs
Module 3: Data Types
Module 4: Operators
Module 5: Expression and Control Flow
Module 6: Classes and Objects
Module 7: The Object and Objects Classes
Module 8: Wrapper Classes
Module 9: Exception Handling & Assertions
Module 10: Strings
Module 12: Arrays

👉အသေးစိတ်သိရှိလိုပါက page messenger သို့မဟုတ် ဖုန်း 09796240589သို့ တိုင်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်

03/05/2023

💢Python for beginners 💢 သင်တန်းလေးကို လာမယ့် 3-6-23 မှာဖွင့်ဖို့ရှိပါတယ်..
♦️ဘယ်သူတွေတက်သင့်ပါလဲ❓
👉Programming ကို ခုမှစတင်လေ့လာမဲ့သူတွေ
👉preIGCSE တက်နေသူတွေ
👉၈တန်း ၉တန်း ၁၀တန်းဖြေထားပြီး ITကို စိတ်ဝင်စားသူတွေ

♦ပညာအရည်အချင်းဘယ်လောက်ရှိမှ သင်လို့ရတာပါလဲ❓
✅သင်္ချာဥာဏ်ကောင်းရင် စိတ်၀င်စားရင် အလယ်တန်းအဆင့်ကလေး‌ေတွလည်းသင်လို့ရပါတယ်..
♦ python ကို ဘာလို့ လေ့လာသင်ယူသင့်တာလဲ❓
💯အခုအချိန်မှာ popular အဖြစ်ဆုံး programming language တွေထဲမှာ တခုအပါအဝင်ဖြစ်ပြီး industry များစွာမှာ အသုံးချနေပါပြီ
💯 UK, Australiaစတဲ့ နိုင်ငံကြီးတွေရဲ့ University တွေမှာ Non IT fieldအတွက် Masterအတန်း‌ရဲ့ subject တခုအနေနဲ့ python ကို မဖြစ်မနေသင်ကြားနေပါပြီ.
💯 Non IT field တွေမှာလည်း python ကို မဖြစ်မနေအသုံးချနေရပါပြီ..
💯Data science, AI, Web services စတဲ့ application တွေအတွက်လည်း python နဲ့ လွယ်ကူစွာ ရေးလို့ရနေပါပြီ..
👍ဒါကြောင့်မို့ python ကို အခုအခြေခံကစပြီး လေ့လာသင်ယူသင့်ပါတယ်..
♦သင်ကြားမဲ့ course တွေက ဘာတွေလဲ❓
📋Course Contents
Module 1 . Basic Programming Concept
Module2-Introduction to Python
Module 3.Basic Syntax
Module 4-Variables and Data types
Module 5- Basic Operators
Module 6-Decision Making
Module 7-Loops
Module8- Numbers
Module9- String
Module10- List
Module11- Tuple
Module 12 Set
Module13- Dictionary

♦သင်တန်းကြေးကရော.❓
👉သင်တန်းသား တယောက်ကို 100000ကျပ်ပါ..

👉 payment ကို တခါထဲပေးရမှာလား❓❓
First payment - သင်တန်းအပ်နှံချိန်မှာ 70%
Second payment - ၄ပတ်သင်ကြားပြီးချိန်မှာ ကျန်တဲ့ 30%

♦️သင်ကြားမှုပုံစံက❓
🖊️Google meet ဖြင့် သင်ကြားပေးပြီး lesson recording တွေကိုလည်း share ပေးသွားမှာဖြစ်ပါတယ်..
🖊️လက်တွေ့သင်ကြားပေးမှာဖြစ်လို့ သင်တန်းသားတွေနားမလည်တာတွေကိုလည်း တခါတည်း ရှင်းပေးမှာဖြစ်ပါတယ်..
🖊️နားလည်မှုကို စစ်ဆေးတဲ့အနေနဲ့ quizzes, homework, assignment တွေလုပ်ရမှာဖြစ်ပါတယ်..
♦️သင်ကြားမယ့်သူက❓
🖊️ computer science & programming ကို သင်ကြားရေးအတွေ့အကြုံ 15နှစ်ကျော်ရှိတဲ့ UCSYမှ ဆရာမဟောင်းတစ်ဦးဖြစ်တဲ့ ‌Daw Wutt Yee Soe (M. C. Sc) မှ သင်ကြားပေးသွားမှာဖြစ်ပါတယ်..
🌸ဆရာမရဲ့ သင်ကြားခြင်းနဲ့ ပတ်သက်ပြီး page မှာ review တွေဖတ်ပြီးလေ့လာသုံးသပ်နိုင်ပါတယ်..🌸

🗓️Start Date:3-6-23
သင်ကြားမည့်နေ့ - sat&sun
သင်ကြားမည့်အချိန်-8:30pm-10:30pm
သင်တန်းကာလ - 1.5months
💢သင်တန်းကာလ ၁လခွဲ သတ်မှတ်ထားပေမဲ့ ‌သင်တန်းသားတွေရဲ့ စာလိုက်နိုင်မှုပေါ်မူတည်ပြီး ၁လခွဲထက်ပိုရင်လည်းပိုနိုင်ပါတယ်..
🧑လူဦးရေ👩‍💼
👉အများဆုံး ၁၀ယောက်

🌺အသေးစိတ်သိရှိလိုပါက page messenger or ph no. 09796240589 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်..

♦️ video lesson files တွေနဲ့ သင်ရတဲ့ သင်တန်းကတော့ အမြဲလက်ခံပေးနေပါတယ်နော်...သင်တန်းကြေးကတော့ 35000mmk ပါ♦️

01/05/2023

📖Pass paper preparation 💯

👉 Register for IGCSE O level CIE & Pearson Edexcel Computer Science (Pass paper 1 & paper 2)

👉For Oct/Nov 2023 exam

🗓️ Starting Date: 1.6.2023

🌼Thursday & Friday

🕕 6:00pm - 8:00pm

🤵 Maximum 5 students per class

💵 100000 mmk for one student per month

Daw Wutt Yee Soe
M.C.Sc
📱09796240589

Want your business to be the top-listed Computer & Electronics Service in Rangoon Ahlone?
Click here to claim your Sponsored Listing.

Telephone

Website

Address


Rangoon Ahlone

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00