STS Japanese
သင့်ရဲ့ ဂျပန်အိပ်မက်ကို STS Japanese နဲ့အတူ
မဆုတ်မနစ်ကြိုးစားမှု တွေနဲ့ ကောင်းမွန်တဲ့ရလဒ် တွေဖန်တီးနိုင်ကြပါစေ။🤎
☺️
☺️
Kaigo Scholarship လေးရှိပါမယ်ရှင့်💁🏼♀️
N2 passed - 10 ဦး
N3 passed - 10 ဦး ခေါ်ယူပါမယ်ရှင်
🔹N2 passed များ အနေဖြင့် Semon gakkou 2 နှစ်တက်ရောက်ပြီး work visa
ဖြင့်အလုပ်အကိုင်ရရှိမှာဖြစ်ပါတယ်
🔹N3 passed များ အနေဖြင့် Language School ၁ နှစ် ၊ senmon gakkou ၂ နှစ်တက်ရောက်ပြီး work visa ဖြင့် အလုပ်အကိုင် ရရှိမှာဖြစ်ပါတယ်
🔷 N4 သမားများ နောက်နှစ် 7လပိုင်း အတွက် စာရင်းပေးသွင်းလို့ရပါ
2024 4လပ်ုင်းလာချင်တဲ့သူများ
လက်ရှိ N5level or above
ဂျပန်စာစလေ့လာမဲ့သူများ
2023 / 10လပိုင်း အတွင်း N3 ထိ ရန်ကုန်နှင့် ဖြူး မကွေး
ရှိ ဂျပန်စာကျောင်းတွင် ကြိုးစားနိုင်သူများ။
2024 စိတ်ဝင်စားသူများ 2024ဟု Cb မှာ လာHi ပေးပါရှင်။
2023 စိတ်ဝင်စားသူများ ဒီလကုန် အင်တာဗျုးမှာမို့
2023 ဟု Cb မှာ လာHi ပေးပါ။
နှစ်စဉ် ၂နှစ်ကျောင်းသား ၁၀ဦး နှင့်
၃နှစ်ကျောင်းသား ၁၀ဦး ခေါ်ယူပါမယ်။
注意❗️❗️
Kaigo အလုပ်သည် ဘိုးဘွားစောက့်ရှောက်ရေး ဖြစ်သည့်အတွက် စိတ်ရှည်သော အနစ်နာခံတတ်သော
ဝတ်ကြီးဝတ်ငယ် လုပ်ကိုင်နိုင်သူများနှင့် သင့်တော်ပါသည်။ ရွံရှာတတ်လွန်းသော စိတ်ဆက်သော ခြေမွှေးမီးမလောင် နေရသော သူများနှင့် အမှန်တကယ် မကိုက်ညီပါ။
💢Kaigo အလုပ်သည် ဂျပန်နိုင်ငံတွင်များ
ပြားစွာ လိုအပ်နေတာကြောင့် COE အောင်မြင်နိုင်ချေ များ၍ လစာလည်း ကောင်းပါသည်။
💢 ရှေ့တစ်ပတ်အတွင်း interview အစီအစဥ်ရှ်ပါတယ်
စိတ်ဝင်စားပါက - page messenger ( သို့ ) 09889357160,09428016741,
09799933349 သို့ ဆက်သွယ်စုံစမ်းမေး
မြန်းနိုင်ပါတယ်ရှင့်။
27/09/2022
မင်္ဂလာပါ
ဒီနေ့လေးမှာ convenience store တွေမှာဈေးဝယ်တဲ့အခါ staff တွေ
ဘက်မှ customer များသို့ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ Japanese Conversation phrases လေးတွေကို လေ့လာမှတ်သားနိုင်ရန် ဝေမျှ ပေးလိုက်ပါတယ်🌟🌟
みんなさんတို့အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ရှင့်🤎
😁
日本へ行く。✈️🇯🇵
‼️မနက်ဖြန် Seminar လေး ရှိတယ်နော်။
▪️Japan work & Education Seminar
Myanmar Time (1:00 pm to 2:30 pm )
♦️at Zoom Meeting
26/08/2022
■ဂျပန်သွားချင်တယ်မှတ်လား။🇯🇵✈️
ဂျပန်စာနဲ့ဂျပန်လမ်းကြောင်းတွေအပေါ်ပဲ
အဓိကထားအာရုံစိုက်။
■အတွေးမမှားနဲ့။
■လမ်းမပျောက်နဲ့။
■လက်မလျှော့နဲ့။
■နောက်ပြန်လဲမလှည့်နဲ့။
■အားလဲငယ်မနေနဲ့။
ခေတ်ပျက်နေပေမယ့်
ခေတ်ပျက်ကြီးထဲမှာကြိုးစားနေတဲ့
ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလိုက်ပါ။
■သွားရပြီလား၊ခုထိမသွားရသေးဘူးလား။
ဘေးပတ်ဝန်းကျင်ဘာပဲပြောပြော၊ဘာပဲမေးမေးပတ်ဝန်းကျင်က သင်တန်းကြေးပေးထားတာမဟုတ်ဘူး။စာလဲဝင်ကျက်ပေးနေတာမှမဟုတ်တာ။ အာရုံထဲထဲ့မနေနဲ့။ ခေါက်ထားလိုက်။ ကိုယ့်ရည်မှန်းချက်ကိုယ်သိရင်ရပြီပဲ။ကိုယ့်အတွက် မလိုအပ်တဲ့လေတွေ အတိုက်မခံနဲ့။
#ကိုယ့်ဘဝကို...
ကိုယ်ခြေကိုယ်လက်နဲ့
လှလှပပလေးဖန်တီးပြီးသာလျှောက်
တကယ်တော့ ပတ်ဝန်းကျင်ဆိုတာ
အလကားရတဲ့လေ သက်သက်ပါ။ပြောပါစေ။
ဘာမှထွေထွေထူးထူး ခေါင်းအလေးခံဂရုစိုက်မနေနဲ့ဦး။
#မှာချင်လို့ဒါလေး....
အခက်အခဲတွေကြားကကြိုးစားနေကြရတဲ့
ညီ၊ညီမတွေအတွက် moti💪
Credit: ML sharing
25/08/2022
🇯🇵ဂျပန်စာ N5 level ပြီးထားပြီး N4 တန်းတက်ဖို့
စောင့်ဆိုင်းနေသူတွေအတွက် သတင်းကောင်း💯
STS Japanese အနေနဲ့ လက်ရှိမှာ N5 အတန်းကို မနက်အချိန် နဲ့ ညနေအချိန်ဆိုပြီး နှစ်ချိန်ခွဲကာ
ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။
အချို့တွေကျတော့လည်း N 5 level ပြီးထားပြီး N 4
level တက်ဖို့ စောင့်ဆိုင်းနေကြပါတယ်။
Chat box မှာလည်း N 4 အတန်းဖွင့်လားဆိုပြီး စိတ်ဝင်စားလို့ လာမေးထားသူတွေ ရှိပါတယ်။
အစကတော့ N 5 ပြီးမှပဲ N 4 အတန်းဖွင့်ဖို့ စဉ်းစားထားတာပါ။
N 5 ပြီးမှဆိုရင် အချိန်အရမ်းပုပ်သွားမှာစိုးလို့ တကယ်လို့ N 4 တက်ချင်တယ်ဆိုရင် comment မှာ
" Yes N4 "လို့ မန့်ခဲ့ပေးပါ။
အတန်းတစ်တန်းစီစဉ်ပေးလို့ရအောင် လူများတယ်ဆိုရင် ဆရာက အတန်းတစ်တန်း စီစဉ်ပေးပါ့မယ်။
ကိုယ့်သူငယ်ချင်းအသိတွေထဲမှာ စိတ်ဝင်စားတဲ့သူရှိလား မေးပြီး အတူတူစာရင်းလာပေးထားလို့လည်း ရပါတယ်။
နောက်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်က စခဲ့တဲ့ N5 အတန်းကို မမီလိုက်လို့ N5 အတန်းသစ်ကို မြန်မြန်တက်ချင်တဲ့သူတွေ ရှိရင်လည်း " Yes N5 " လို့ မန့်ခဲ့ပေးပါ။
လူများတယ်ဆိုရင် N5 အတန်းပါ နောက်တစ်တန်းဖွင့်ဖို့ စီစဉ်ပေးပါ့မယ်။
ဂျပန်သွားဖို့အတွက် အချိန်အကြာကြီးစောင့်နေရတာမျိုး မဖြစ်စေချင်တဲ့ စေတနာနဲ့ စီစဉ်ပေးမှာဖြစ်လို့ တကယ်တက်ချင်တယ်ဆိုရင် comment သို့မဟုတ် Messenger မှာ ကြိုတင်စာရင်းပေးထားဖို့ မမေ့ပါနဲ့နော်။
☎️ စုံစမ်းရန်
STS Japanese Center
Ph no - 09428016741, 09889357160
(၃)လမ်း,ရုံးရပ်ကွက်,ဖြူးမြို့။
#ပျော်ရွှင်လေ့လာဂျပန်စာ
22/08/2022
💥 တန်ဖိုးရှိတဲ့ ဘယ်အရာတိုင်းကမှ လွယ်လွယ်ကူကူ မရတတ်ပါဘူး။ ထိုက်တန်တဲ့ပေးဆပ်မှုရှိရပါတယ်။
လူငယ်တွေအနေနဲ့ မိမိဘဝအတွက် တိုးတက်အောင်မြင်အောင် ကြိုးစားနေတဲ့ကာလမှာ လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့စိတ်ကို မဖြစ်မနေ မွေးမြူထားရပါမယ်။
အဲလိုမဟုတ်ဘဲ နည်းနည်းလေး အခက်အခဲကြုံတာနဲ့ ငါနဲ့ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့စိတ်မျိုး ထားလိုက်မယ်ဆိုရင်တော့ အောင်မြင်မှု အသီးအပွင့်တွေနဲ့ ဝေးကွာနေဦးမှာပါ။
ဒီနေ့ဆို JLPT စာမေးပွဲအောင်စာရင်းတွေ ထွက်ပါတယ်။ အောင်တဲ့သူတွေက အတိုင်းထက်အလွန် ပျော်ကြပြီး မအောင်တဲ့သူတွေကတော့ အနည်းနဲ့အများဆိုသလို စိတ်ဓာတ်ကျမိကြမှာပါ။
တကယ်တော့ JLPT စာမေးပွဲဝင်ဖြေဖို့ဆိုတာ တော်ရုံ ကြိုးစားအားထုတ်မှုနဲ့ မရနိုင်ပါဘူး။ စာလေ့လာတဲ့ကာလမှာ သေချာလိုက်လုပ်ရသလို ဖောင်ထုတ်တဲ့နေရာမှာလည်း ခက်ခက်ခဲခဲနဲ့ ဒုက္ခမျိုးစုံခံပြီး ထုတ်ကြရတာပါ။
အဲဒီလို ဒုက္ခမျိုးစုံကို ရင်ဆိုင်ကျော်လွှားပြီး ရလာတဲ့ အသီးအပွင့်က ပိုပြီးချိုမြိန်ပါတယ်။ ကိုယ့်အရည်အချင်းနဲ့ကိုယ် ရလာတာဖြစ်လို့ ဘာနဲ့မှ လဲလို့မရအောင် တန်ဖိုးလည်းရှိပါတယ်။
သင်တန်းမှာလည်း ကျောင်းသားအချို့ ရှိပါတယ်။
ပထမနှစ်ရက်လောက် သင်တန်းတက်ပြီး ဆရာရေ စာတွေခက်လို့ မလုပ်နိုင်တော့ဘူးဆိုပြီး လွယ်လွယ်ကူကူ အရှုံးပေးချင်နေကြတာပါ။
အဲဒီတော့ သူတို့ကို သေချာရှင်းပြရပါတယ်။
တကယ်တော့ ဂျပန်ဘာသာစကားက ထင်ထားသလောက်တော့ မလွယ်ကူပါဘူး။ တအားလွယ်နေရင် လူတိုင်းဂျပန်သွားပြီး လူတိုင်းသူဌေးဖြစ်နေမှာ ပေါ့လေ။ လူတိုင်းမလုပ်နိုင်တာကို ကိုယ်ကလုပ်နိုင်မှသာ သူများထက် ထူးခြားပြီး အောင်မြင်တဲ့သူ ဖြစ်မှာပါ။
အဲဒီအတွက် မဆုတ်မနစ်နဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယရှိရှိ ကြိုးစားဖို့ လိုပါတယ်။
ဇွဲဆိုတာက တစ်ခေါက်နဲ့မရရင် အခေါက်ခေါက်အခါခါ ကြိုးစားတဲ့စိတ်ကို ပြောတာပါ။ ကိုယ်က သူများလို ဉာဏ်တအားမကောင်းလို့ ခဏလေးနဲ့ စာမရရင် သူများထက် အကြိမ်ရေများများ စာပိုကျက်ရပါမယ်။
လုံ့လဆိုတာကတော့ အားစိုက်ထုတ်မှုပါ။ အခုဆိုရင် ကျောင်းသားတွေအနေနဲ့ ဂျပန်စာသင်ဖို့ သင်တန်းကို လာကိုလာမှရပါတယ်။ အိမ်မှာထိုင်ပြီး ဂျပန်စာတတ်ချင်တယ် အော်နေလို့ မရပါဘူး။ သင်တန်းလာဖို့ကို မိုးရွာလို့၊ နေပူလို့၊ မိသားစုပြဿနာတွေဖြစ်လို့ စတဲ့ အကြောင်းပြချက်တွေ ပေးနေရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။
ဝီရိယဆိုတာကတော့ အချိန်ကို လေးစားတတ်ခြင်းကို ခေါ်တာပါ။ သင်တန်းလာတိုင်း နောက်ကျနေတာ၊ စာကျက်ဖို့ နေ့ရွှေ့ညရွှေ့လုပ်နေတာမျိုးဆိုရင်လည်း ကိုယ်က သူများနောက် ကျန်နေခဲ့မှာပါ။
အခုချိန်မှာ ကိုယ်ပိုင်အောင်မြင်မှုနဲ့ ပျော်ရွှင်ချမ်းသာနေကြတဲ့ Bill Gates တို့၊ Elon Musk တို့လို သူတွေမှာ လည်း တစ်ချိန်တုန်းက ရှုံးနိမ်ခဲ့တာတွေ၊ အခက်အခဲအတားအဆီးတွေ၊ ပြိုလဲခဲ့ရတဲ့ အချိန်တွေ သေချာပေါက် ရှိခဲ့တာပါပဲ။
အဆင်မပြေမှုနဲ့ ကြုံရတိုင်း စိတ်ဓာတ်ကျပြီး လက်လျှော့မသွားဖို့ပဲ လိုပါတယ်။ ဘာဖြစ်ဖြစ်လိုချင်တဲ့ပန်းတိုင် မရောက်မချင်း စိတ်ရှည်ရမယ်၊ စိတ်ဓာတ်ကြံ့ခိုင်ရပါမယ်။ စိန်ခေါ်မှုတိုင်းကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားရဲရပါမယ်။
အတွေ့အကြုံတွေကနေပဲ သင်ခန်းစာတွေ ယူရမှာပါ။
အခု ဂျပန်စာသင်ဖို့ အခွင့်အရေးရနေတဲ့သူတွေဟာ သိပ်ကို ကံကောင်းပါတယ်။ သူများတွေဆို သင်ချင်ပေမဲ့ အဆင်မပြေလို့ မသင်နိုင်တဲ့သူတွေ အများကြီးပါပဲ။
အဲဒါကြောင့် ကိုယ်က ရတဲ့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး အစွမ်းကုန်ကြိုးစားပစ်လိုက်ပါ။
ဂျပန်ရောက်ကိုရောက်ရမယ်ဆိုတဲ့ ရည်မှန်းချက်၊ မျှော်လင့်ချက်ထားပါ။ ဘယ်အရာကမှ ကိုယ့်အိပ်မက်ကို မနှောင့်ယှက်ပါစေနဲ့။ စလိုက်ပြီဆိုကတည်းက အဆုံးထိရောက်အောင် လျှောက်ဖို့ လိုပါတယ်။
ပြောင်းလဲချင်တဲ့သူဟာ အများနည်းတူသက်သောင့်သက်သာနေချင်လို့မရပါဘူး။
ပျင်းရိညည်းတွားနေလို့ မရပါဘူး။
ပညာနဲ့ပတ်သက်ရင် ဘယ်တော့မှ မရောင့်ရဲဘဲ အမြဲမပြတ် ဆည်းပူးလေ့လာနေပါ။
ဒါဆိုရင်တော့ တစ်နေ့မှာ ကိုယ့်အိပ်မက်တွေ တကယ်ဖြစ်လာမှာပါ။
တန်ဖိုးရှိတဲ့အရာတိုင်းက လွယ်လွယ်နဲ့မရတတ်လို့ ထိုက်တန်တဲ့ပေးဆပ်မှုရှိကြဖို့ လူငယ်တွေကို အကြံပြုချင်ပါတယ်။
#ပျော်ရွှင်လေ့လာဂျပန်စာ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
3st
Pyu