Organic Transform

Organic Transform

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Organic Transform, Health/Beauty, Pyu.

Photos from Organic Transform  's post 09/02/2023

❎❎ တောင်သူ အယောက် (100)ရှိရင် (80)လောက်က ရွက်ဖြန်းဆေးဆိုရင် စိတ်မဝင်စားဘူး ၊ မသုံးချင်ကြဘူး။
ဒါဟာ ဘာ့ကြောင့်လဲ....?❎❎

- ဆေးပုံးထမ်းပြီး ဝင်ဖြန်းရတော့ ပင်ပန်းလို့
- အကြိမ်ရေ များများနဲ့ ရွှဲရွှဲ စိုစို ဖြန်းရတော့အလုပ်ရှုပ်လို့
- ဆေးဖြန်းပေးမယ့်သူ ရှာရခက်လို့
-ဆေးဖြန်းပြီး နောက်ပိုင်း မိုးရွာရင် မိုးရေနဲ့ အကုန်ပါသွားမှာ စိုးလို့
- အဲလို မပါသွားအောင် ချုပ်ဆေးလို့ ခေါ်တဲ့ ဆေးတွေ ထပ်ဖြန်းရတော့ အလုပ်ပိုရှုပ်လို့
- အပင်တွေထဲ ဝင်ဖြန်းရတော့ အပင်အရမ်း ထူလာရင် ဝင်ဖို့မလွယ်လို့
-အပင်တွေ လဲကုန်မှာစိုးလို့ ၊ အရွက်တွေ ရှမှာစိုးလို့
စတဲ့ သမားရိုးကျ အတွေးများစွာနဲ့ ရပ်တန့်သွားကြတယ်။

✳️✳️ရွက်ဖြန်းဆေးသုံးရင် ဘယ်လို ထူးခြားမှုတွေ ရှိလာမလဲ......?✳️✳️

✳️✳️ရွက်ဖြန်းဆေးသုံးရင် ဘယ်လိုကောင်းကျိုး
လေးတွေ ရလာနိုင် မှာလဲ ဆိုတာကိုတော့ ဘယ်သူကမှ အရေးတယူ လုပ်ပြီးမတွေးကြပါဘူး✳️✳️

✅ ယခု မိတ်ဆွေ တောင်သူကြီးများ နဲ့ စိုက်ပျိုးရေး စိတ်ဝင်စားသူ မိတ်ဆွေများကို (Transform) ဓာတုကင်းလွတ် သဘာဝ ရွက်ဖြန်း မြေဩဇာရဲ့ ထူးခြားမှုနဲ့ သုံးစွဲရင်း ရလာနိုင်တဲ့အကျိုးကျေးဇူး လေးများကို မျှဝေပေးချင်ပါတယ်။

✳️✳️(Transform) ဓာတု ကင်းလွတ် သဘာဝရွက်ဖြန်း မြေဩဇာသုံး ခြင်းအားဖြင့် ရရှိလာနိုင်တဲ့ ထူးခြားမှုနဲ့ အကျိုး ကျေးဇူးတွေ ကတော့

➡️(Nano Inzine) ဂျပန် နည်းပညာကို အသုံးပြုထားလို့
စိမ့်ဝင်မှု မြန်ဆန်ပြီး စုပ်ယူမူ အားကောင်း စေပါတယ်
ဘယ်လောက်ထိ စိမ့်ဝင်မှု မြန်ဆန်လဲဆိုရင် အနည်းဆုံး
မိနစ် (20) အများဆုံး နာရီဝက်အတွင်း အပင်ရဲ့အတွင်းပိုင်းထဲထိ စိမ့်ဝင်သွားနိုင်လို့ ဆေးဖြန်းပြီး နာရီဝက် နောက်ပိုင်း မိုးဘယ်လောက်ရွာရွာ ဆေးအာနိသင် လုံးဝမပျက်စီး စေသောကြောင့် ချုပ်ဆေးလုံးဝ ဖြန်းပေးစရာ မလိုတဲ့ အပြင် အပင်ရဲ့ဘယ်အစိတ်အပိုင်းကို ထိထိ တပင်လုံးကိုပျံ့နှံ့စိမ့်ဝင် စေနိုင်တဲ့
ပင်လုံးပျံ့ အာနိသင်လည်း ပါဝင်ပါတယ်။

➡️(သတ်မှတ်ထားတဲ့ ဆေးပမာဏ အတိုင်း မှန်မှန် ကန်ကန် သုံးစွဲရင် ဆေးသုံးစွဲရမှု ပမာဏ နည်းနည်းနဲ့ အထွက်နှုန်းတိုး စေတော့ကုန်ကျစရိတ်ကို သက်သာစေမှာပါ။)

-➡️ဆေးဖြန်းရာတွင်လည်း ရွှဲရွှဲ ဖြန်းစရာ မလိုပဲ ရေမှုန် ရေမွှား နဲ့သာ ဖြန်းပေးရတဲ့ အတွက် (တစ်ဧကမှာ 3ပုံး) လောက်ပဲ ဖြန်းရတော့ အချိန်ကုန် သက်သာစေတဲ့ အပြင် အလုပ်ရှုပ် လဲ သက်သာစေပါတယ်။

➡️စပါးပင်တွေဆိုလည်း အပင်ငယ်တုန်းမှာ (15 ) ရက် တစ်ကြိမ်
ဖြန်းထား ပေးနိုင်မယ်ဆိုရင် မြစ်ပွားတွေကောင်းတယ် အပင်ပွားနှုန်းတွေကောင်းတယ် ထွက်နှုန်းအတွက်စိတ်ချရတဲ့ထုတ်ကုန်ကောင်းဖြစ်ပါတယ်။

➡ရာသီဥတုမရွေး စိုက်ပျိုးသီးနှံမရွေး အသုံးပြုလို့ရတဲ့ ဓာတုကင်းလွတ် ရွက်ဖြန်းမြေသြဇာပဲဖြစ်ပါတယ်🙏

✅✅နည်းလမ်းဟောင်းမှာမနေဘဲ နည်းစနစ်သစ်တွေအတိုင်း ပြောင်းလဲအသုံးပြုမဲ့မိတ်ဆွေတို့အတွက်👉ဆက်သွယ်မှာယူလိုပါက👇

ph 0978409130


#ထရမ်စဖောင်းမြန်မာ
#ပစ္စည်းမှန်_ဈေးမှန်
#လက်လီ_လက်ကား
#ကုမ္ပဏီတိုက်ရိုက်ဖြန့်ချိရေး
#ဒီနေ့မှာ_ဒီနေ့ပို့
#အကောင်းဆုံးသောဝန်ဆောင်မှု

09/02/2023

ဖြစ်ချင်စိတ်သာရှိပြီး
ဖြစ်အောင်လုပ်မယ်ဆိုတဲ့
ဇွဲမရှိရင် ဘယ်လောက်ထိ
စိတ်ပြင်းပြနေပါစေ
သင်...တိုးတက်မှာ မဟုတ်ဘူး...

လူကသာ အောင်မြင်ချင်တာ
စိတ်ဓါတ်က ခဏခဏကျနေရင်
သင့်...အတွက် ပန်းတိုင်မရှိဘူး...

လူရယ်လို့ဖြစ်လာရင်
ခံယူချက်၊ဦးတည်ချက်၊
ရည်မှန်းချက် ရှိရတယ်...
လေထဲတိုက်အိမ်ဆောက်နေသရွေ့
ဘဝက လေဘောလုံးလိုပဲ
တရွေ့ရွေ့ လေနှင်ရာမျောနေမှာပါပဲ...

ဘဝမှာ
အရာရာကိုကိုယ်ဖြစ်ချင်တာ
လုပ်ပိုင်ခွင့်ရှိတယ် ဒါပေမဲ့
အောင်မြင်ဖို့အတွက် ကတော့.....

၁...ဖြစ်သင့်တာကို ဦးစားပေးတတ်ရတယ်။

၂...စိတ်ဓာတ်ခွန်အား ထက်သန်မှုရှိရတယ်။

၃...ကိုယ်ရဲ့လုပ်ရပ်တိုင်းကို လက်ခံနိူင်ရတယ်။

၄...အမှားတွေ့တိုင်း မတွေဝေပဲ
သင်ခန်းစာယူတတ်ရတယ်။

၅....အရှုံးကို လက်ခံနိူင်ရတယ်။

၆....ဝေဖန်မှုတိုင်းကို
အမှားအမှန်ခွဲခြားပြီး
လက်ခံသင့်တာကို သင်ယူပြီး
လက်မခံသင့်တာကို အတွေးထဲက
ချက်ချင်းထုတ်ပြစ်ပါ။

၇....သင်ယူပါ လေ့လာပါ
ပညာဆိုတာ သင်ယူလို့ကုန်သွားတယ်
မရှိပါဘူး ဘယ်နေရာ၊ဘယ်သူဖြစ်ဖြစ်
သင်ယူသင့်တာသင်ယူပြီး ၊
လေ့လာသင့်တာ လေ့လာပါ။

၈....စိတ်ဓါတ်မကျပါနဲ့
ငွေတစ်ထောင်ကျရင်တောင်
ပြန်ကောက်သေးတာပဲ
သင့်စိတ်ဓါတ်က
ငွေတစ်ထောင်ထက် ပိုတန်ဖိုးရှိမှာပါ။

၉...စိတ်ကောင်းထားပါ
စိတ်ကောင်းထားရင် ကံကောင်းပါတယ်
စေတနာက လူတိုင်းနဲ့မတန်ရင်နေပါစေ
ကိုယ်ထားတဲ့ စေတနာနဲ့တန်တဲ့
အကျိုးကိုတော့
ကိုယ်တိုင်ခံစားရမှာပါ။

၁၀....စာများများဖတ်ပါ
စာမဖတ်တဲ့သူက
မျက်မမြင်တစ်ယောက်နဲ့
အတူတူပါပဲ။

မှောင်နေတဲ့ ဘဝ
အားငယ်နေတဲ့စိတ်
ပျောက်ကွယ်နေတဲ့ အသိဉာဏ်တွေ
ပျော်ရွှင်မှု၊ငြိမ်းချမ်းမှု၊အေးချမ်းမှုစတဲ့
ခွန်အားတွေကို အလင်းပေးနိူင်တာ
စာအုပ်၊စာပေတွေပါပဲ။

Credit

Photos from Organic Transform  's post 08/02/2023

💧ဓာတ်မြေသြဇာစျေးတွေ ကြီးနေလို့ စိတ်ညစ်နေကြရပီလား💧
👳👳👳တောင်သူဦးကြီးတို့ 👳👳👳
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

🔹ဒါဆိုရင်တော့ ဖျန်းဆေးသုံးပါ တောင်သူကြီးတို့

🔹အရမ်းကိုရောင်းအားမြင့် အရည်အသွေးကောင်းတဲ့

🔹ထိုင်းနိုင်ငံထုတ် ရွက်​ဖြန်းမြေဩဇာလေးနဲ့ မိတ်ဆက်ပေးပါရစေ....

♻ ဂျပန်နိုင်ငံမှ နာနိုနည်းပညာဖြင့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 👇👇👇👇

‼️နာနို အင်ဇိုင်းမ်မှရရှိနိုင်သောအကျိူးကျေးဇူးများ‼️
-------------------------------------

1.အပင်အား ၂၄နာရီ အစာစားနိုင်အောင် လှုံဆော်ပေးပြီး အပင်၏ကြီးထွားနှုန်းကိုတိုးမြင့်စေခြင်း။🍒🍑🥭

2.ပတ်၀န်းကျင်၏ပြောင်းလဲမှုဒဏ် ၊ဘတ်တီရီးယားနှင့် ဗိုင်းရပ်စ်တို့မှဖြစ်တတ်သော ရောဂါများကို တောင့်ခံနိုင်စေရန် အပင်မှ Chitinase ဓါတ်ထုတ်လုပ်မှုကို အားပေးခြင်း။🍓🍈🍇

3.အပင်၏ရန်သူပိုးကောင်များနှောက်ယှက်မှုဒဏ်ကို
ခံနိုင်စေရန် အပင်အားသန်မာစေခြင်း။🍎🍐🍏

4.မြေအောက်ထဲတွင်ရှိသော အပင်မှလိုအပ်သည့်
ဓါတ်များကို ပိုမိုစုပ်ယူနိုင်ရန်အတွက် အပင်၏မြစ်ပွားငယ်များကို ပိုမိုရှည်လျားပြီး သန်မာစေခြင်း။🍉🍌

5.မြေကိုမွစေပြီး ရေကိုလည်းသင့်တော်သည့် အခြေနေရောက်အောင်ပြုပြင်ပေးခြင်း။🍋🍌🥒

6.အရွက်များတွင် ဖျန်းဆေးများဆွဲကျန်အောင်သုံးသောအကူဆေးများသုံးစရာမလိုခြင်း။🌽🌶🥕

7.အဆိပ် အတောက်ကင်းပြီး အန္တရာယ်ကင်းကာ
ပတ်၀န်းကျင်ကို မပျက်ဆီးစေခြင်း။🍇🥝🍅

8.အပင်အမျိူးအစားတိုင်းသုံးစွဲနိုင်ခြင်း။🍠🥔

‼️ထရမ်စဖောင်ဖော်မြူလာ - ၁ ရဲ့ ကောင်းကျိုး‼️
=================================
👉အမြစ်ရှည်မယ်
👉အမြစ်ဖြူမယ် (မဝါဘူး)
👉မြစ်ပွားများမယ်
👉ပင်ပွားများမယ်
👉မှိုမကျဘူး (ကာကွယ်)
👉ပိုးမကျဘူး (ကာကွယ်)
👉အပင်သန်မယ်
👉 ရာသီဥတုဒဏ် ခံနိုင်မယ်။

‼ထရမ်စဖောင်ဖော်မြူလာ -၂ ရဲ့ ကောင်းကျိုး ‼
=================================
👉အထွက်နှုန်း တိုးစေမယ်
👉အစေ့အဆံအောင်မယ်
👉အသီးထွားမယ်
👉အလေးချိန်စီးမယ်
👉သီးနှံအရည်အသွေးကောင်းစေတယ်
👉ခူးပြီးနောက် အထားခံမယ်

‼ ကုန်ကျစရိတ် တွေအနေနဲ့ကတော့ 👇👇

🥜ပဲအမျိုးမျိုး တစ်ဧက ကုန်ကျစရိတ် =30,000
☘နှမ်း တစ်ဧက ကုန်ကျစရိတ် = 30,000

🌽ပြောင်း တစ်ဧက ကုန်ကျစရိတ် = 36,000
🌾စပါးတစ်ဧက ကုန်ကျစရိတ် = 36,000

မှတ်ချက် = ကုန်ကျစရိတ် တွေက အပင်ငယ်ချိန်ကနေ ရိတ်သိမ်ချိန်အထိ ကုန်ကျငွေပဲဖြစ်ပါတယ်

♻ တစ်ဘူးစျေး ♻
လက်လီစျေး....117000
လက်ကားစျေး.. 90,000
(ပါဝင်မှု = 1000CC)
🤗 အစမ်းသုံး ဘူးအသေးလေးတွေလည်း ရှိပါတယ်ခင်မျာ 🤗

‼️ထုတ်လုပ်သူ‼️
👉 SUCCESSMORE Being Co.Ltd,
No.10/1-2 Ratchadapisek Road,
Chatuchak, Bangkok 🇹🇭🇹🇭

‼️ဖြန့်ချီသူ‼️
👉SCM Trading Co,Ltd, 🇲🇲🇲🇲

‼️မှတ်ပုံတင်အမှတ် - ၆၇၆၄ / ၆၇၆၅ ‼️

‼️ဒီလိုအာမခံချက်ရှိသောထရမ်စဖောင်​သဘာ၀မြေသြဇာကိုသုံးကြစို့လား ​ဦးကြီးတို့ရေ‼️

🍃 အပင်အလိုက် အသုံးပြုနည်း အသေးစိတ် သိချင်ကြတဲ့ တောင်သူကြီးများအနေနဲ့ Messenger မှာ စာပို့၍သော်၄င်း

☎ 09.784091305ကိုဆက်သွယ်နိုင်ပါတယ်

🚛 မြန်မာတစ်နိုင်ငံလုံး ပို့ဆောင်ပေးပါတယ်

#စိုက်ပျိုးရေး
#မြေဆီ
#မြေဩဇာ

08/02/2023

တစ်ချို့ စျေးရောင်းရင် ဘာလို့အောင်မြင်တယ်ထင်လဲ.. ဗျူဟာရှိပါတယ်

၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။

၂ ။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။

၃ ။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။

၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။

၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။

၆ ။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။

၇ ။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။

၈ ။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။

၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။

၁၀ ။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။

၁၁ ။ ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။

၁၂ ။ စျေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက်နိုင်စေပါတယ် ။

၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။

၁၄ ။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။

၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။

၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။

Credit – Original

07/02/2023

#ဟိုရှေ့ရှေ့တုန်းကလည်းလူတွေရှိခဲ့တာပါပဲ

ဟိုရှေ့ရှေ့တုန်းကလည်းလူတွေရှိခဲ့ တာပါပဲ... ပြီးတော့အဲလူတွေလည်းသေဆုံးသွားကြတယ်..နောက်တော့ ကျုပ်တို့ခင်ဗျတို့.....ပြီးရင် ကျုပ်တို့ ခင်ဗျတို့လည်း ရှေ့လူတွေနည်းတူ သေဆုံး သွားကြရအုံးမှာပါပဲ.....
ပြီးနောက်မှာ အနာဂါတ်လို့ ခေါ်တဲ့လူ ငယ်လေးတွေ မျိုးဆက်သစ်လေးတွေ ပေါ်ပေါက်လာမယ်....ပြောချင်သာက....ကျုပ်တို့ခင်ဗျတို့က အဲဒီမျိုးဆက်သစ်တွေအတွက်ဘာချန်ခဲ့မှာလည်း....
ကျုပ်တို့ သေဆုံးသွားတာက ​နေပြီး သူတို့ကို ဘာတွေ သင်ခန်းစာရစေချင်တလည်း...... ဘာတွေအတုယူစေချင်သလည်း...
ကျုပ်တို့ဟာ ကျုပ်တို့ ထွက်ခွာ သွားတဲ့နေရာမှာ ဘာတွေကျန်ခဲ့ စေချင်သလည်း... ကျုပ်တို့ရဲ့အကြောင်းနဲ့ပတ်သက်ပြီး...ကောင်းတာတွေလား......ဆိုးတာတွေလား....နာမည်ကောင်းတွေလား...နာမည်ဆိုးတွေလား...
သင်ကိုယ်တိုင်စဥ်းစား....သင်ကိုယ်တိုင် ဆုံးဖြတ်ပါ....
မနက်ဖြန်ဆိုတာ မသေချာလို့ သင်ဆုံးဖြတ်တဲ့အရာကို ယနေ့ပဲ သင်အကောင်အထည်ဖော်လိုက်ပါ.......🙏🙏🙏

#စာဖတ်ဝါသနာတူမိတ်ဆွေများကိုလေးစားလျက်🙏🙏
ဒီလိုစာစုလေးတွေကို ဖတ်ချင်တယ် ၊ စာဖတ်ရတာ ဝါသနာပါတယ်ဆိုရင် ဒီ page လေးကို Like and Follow ထားစေချင်ပါတယ်🙏🙏 #နိုင်းနိုင်း

06/02/2023

လူတချို့
ငွေကြေးနောက်လိုက်ရင်း
အကျင့်တွေ ပျက်စီးသွားကြတယ် ။

လူတချို့
အောင်မြင်မှုနောက်လိုက်ရင်း
စိတ်ဓာတ်တွေ ပျက်စီးသွားကြတယ် ။

လူတချို့
ပျော်ရွှင်မှုနောက်လိုက်ရင်း
ဘဝတွေ ပျက်စီးသွားကြတယ် ။

လူတချို့
ရာထူး ဂုဏ်ထူးနောက်လိုက်ရင်း
အကျင့်တွေ ပျက်စီးသွားကြတယ် ။

လိုချင်တပ်မက်မှုတွေကြောင့်
မိမိရဲ့ ဖြူစင်နေတဲ့ စိတ်ကလေး
ကိုယ်ကိုယ်တိုင်ပဲ
အရောင်တွေ ဆိုးလိုက်ကြတယ် ။

ဒါကြောင့်
မိမိရဲ့ ဖြူစင်နေတဲ့ စိတ်ကလေး
အရောင်တွေ မစွန်းထင်ရလေအောင်
မိမိမှာ ရှိတာလေးနဲ့
ရောင့်ရဲနိုင်သမျှ ရောင့်ရဲပါ ။

လောဘတွေကို
လိုချင်တပ်မက်မှုတွေကို
လျှော့ချနိုင်သမျှ လျှော့ချပါ ။

📖 “ အေးချမ်းချင်ရင် စိတ်ကိုပြင် ” စာအုပ်မှ

06/02/2023

ဟင်းသီးဟင်းရွက်များ…စိုက်ပျိုးသင့်တဲ့အချိန်
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

သေချာဖတ်ထားကြပါ

(၁) ဗူး… ကဆုန် မှ…နယုန်လအတွင်း။
(၂) သခွား… တန်ခူး မှ…နယုန်လအတွင်း။
(၃) ပဲတောင့်ရှည်… တန်ခူး မှ…ဝါခေါင်လအတွင်း။
(၄) ခဝဲ… တန်ခူး မှ…နယုန်လအတွင်း။
(၅) ငြု တ်… ကဆုန်မှ…သီတင်းကျွတ်အတွင်း။
(၆) ခရမ်းချဉ်သီး

တော်သလင်းမှ…တန်ဆောင်မုန်းအတွင်း။
(၇) ချဉ်ပေါင် တန်ခူးမှ…ဝါဆိုလအတွင်း။
(၈) ရုံးပတီ ကဆုန်မှ…နယုန်လအတွင်း။
(၉) ကော်ဖီထုပ်

တော်သလင်းမှ…တန်ဆောင်မုန်းအတွင်း။
(၁၀) ဆလပ် တော်သလင်းမှ…တပို့တွဲလအတွင်း။
(၁၁) ခရမ်းသီး ကဆုန်မှ…နယုန်လအတွင်း။
(၁၂) မုံလာဥဖြူ တော်သလင်းမှ…နတ်တော်လအတွင်း။

Credit: ဦးစစ္​
ဗဟုသုတကျေးရွာ

ဟင်းသီးဟင်းရွက်များ…စတင်စိုက်ပျိုးသင့်တဲ့အချိန်
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

သေချာဖတ်ထား ဟိုတျောက်

(၁) ဗူး… ကဆုန် မှ…နယုန်လအတွင်း။
(၂) သခွား… တန်ခူး မှ…နယုန်လအတွင်း။
(၃) ပဲတောင့်ရှည်… တန်ခူး မှ…ဝါခေါင်လအတွင်း။
(၄) ခဝဲ… တန်ခူး မှ…နယုန်လအတွင်း။
(၅) ငြု တ်… ကဆုန်မှ…သီတင်းကျွတ်အတွင်း။
(၆) ခရမ်းချဉ်သီး

တော်သလင်းမှ…တန်ဆောင်မုန်းအတွင်း။
(၇) ချဉ်ပေါင် တန်ခူးမှ…ဝါဆိုလအတွင်း။
(၈) ရုံးပတီ ကဆုန်မှ…နယုန်လအတွင်း။
(၉) ကော်ဖီထုပ်

တော်သလင်းမှ…တန်ဆောင်မုန်းအတွင်း။
(၁၀) ဆလပ် တော်သလင်းမှ…တပို့တွဲလအတွင်း။
(၁၁) ခရမ်းသီး ကဆုန်မှ…နယုန်လအတွင်း။
(၁၂) မုံလာဥဖြူ တော်သလင်းမှ…နတ်တော်လအတွင်း။

Credit
#စိုက်ပျိုးရေး #စိုက်ပျိုးနည်း

06/02/2023

လောကမှာ ဖုံးကွယ်လို့မရတဲ့အရာ(၃)ခု...
၁။ပညာမတတ်တာ
၂။ဆင်းရဲတာ
၃။ချစ်တာ
အဲ့ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ် လွင်လေမို့ပါ... ။

လောကမှာလက်မလွှတ်သင့်တဲ့အရာ(၃)ခု
၁။ယုံကြည်မူ့
၂။မျှော်လင့်ချက်
၃။ရိုးသားမူ့
လက်လွှတ်လိုက်လေလေ နောင်တ ရလေလေမို့ပါ... ။

လောကမှာ ဆိုင့်ငံ့ထားလို့မရတဲ့ အရာ(၃)ခု
၁။အသက်
၂။အချိန်
၃။ချစ်ခြင်းတရား
ဆိုင်းငံ့ထားလေလေ ဝေကွားသွားလေမို့ပါ.... ။

လောကမှာ ဆောင်ထားရမဲ့ အရာ(၃)ခု
၁။ရိုးသားမှု
၂။လေးစားမှု
၃။ခင်မင်ဖော်ရွေမှု
ဆောင်ထားလေလေ နောင်တ ကင်းလေလေမို့ပါ.... ။

လောကမှာ ရှောင်ရှားသင့်တဲ့ အရာ(၃)ခု
၁။လိုမှတမ်းတတဲ့ သူငယ်ချင်း
၂။ကွယ်ရာမကောင်းပြောတဲ့ မိတ်ဆွေ
၃။နူတ်စည်းမစောင့်သော အပေါင်းသင်း
ရှောင်ရှားနိုင်လေလေ စိတ်အေးချမ်းလေလေမို့ပါ ။

လောကမှာ နောက်ကိုမရွှေ့သင့်တဲ့အရာ(၃)ခု
၁။အလှူအတန်း
၂။မိဘကျေးဇူးဆပ်ခြင်း
၃။တရားဘဝနာ
နောက်ရွှေ့လေလေ နောင်တရလေလေမို့ပါ.... ။
Fx
Advisor
Credit ::to original writer✍

06/02/2023

သင့်အနေနဲ့ ဝေးဝေးကို မြင်နိုင်ဖို့ဆိုရင် ကြီးကျယ်ခမ်းနားတဲ့ သူတွေရဲ့ ပုခုံးပေါ်ကနေ ရပ်ပြီးကြည်ဖို့လိုတယ်။

Want your business to be the top-listed Beauty Salon in Pyu?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Pyu