saw ko wai

saw ko wai

Share

15 .3.1996

Photos from saw ko wai's post 06/02/2025

အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ကျော်သေဆုံးဟု ဗိုလ်မှူးဒါဘော ပြော

စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ခန့် အင်အားဖြည့်တင်းထားဟုဆို

အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူနှင့် ဖမ်းမိသူ စုစုပေါင်း ၅၈ဦးရှိ

သတိုး/People's Spring

ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် ကာလအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ကျော် သေဆုံးပြီး လက်ရှိတွင် အဆိုပါစစ်ကြောင်းထံ စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ကျော် အင်အားဖြည့်ထားကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြောသည်။

"ကျွန်တော်တို့ ပြန်ပြီးခြုံပြီးသုံးသပ်မယ်ဆိုရင် ဖြုန်းတီးအင်အားနဲ့ သေဆုံးမှုက ၅၀၀ အထက်မှာရှိတယ်။ ဒီအောင်ဇေယျစစ်ဆင်ရေး ဒါကြောင့်လည်း သူတို့ဆက်မတိုးနိုင်တာအခုချိန်အထိ။ အင်အားဖြုန်းတီးမှုတွေ၊ ကျဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေများတဲ့အပေါ်မှာ ရှေ့ဆက်မတိုးနိုင်တာပေါ့" ဟု ဗိုလ်မှူးဒါဘောက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးကာ သင်တန်းသုံးလပေးထားသည့် ပြည်သူ့စစ် သင်တန်းဆင်းဟုဆိုသော အပတ်စဉ်(၆)မှ တပ်သားသစ် ၆၀၀ကျော် ကို အောင်ဇေယျစစ်ကြောင်းထံ စေလွှတ် အင်အားထပ်မံဖြည့်ထားသည်ဟု ပြောသည်။

"ပြည်သူ့စစ် စစ်မှုမထမ်းမနေရ လက်ထက်မှာ အပတ်စဉ်(၆)ဆိုရင် အင်အား ၆၀၀ ဖြည့်တယ် အောင်ဇေယျစစ်ကြောင်းမှာ။ ဒါက အပတ်စဉ် (၁၊၂ ၊၃)မပါသေးဘူး။ တောက်လျှောက်ဖြည့်တယ်။ လွန်ခဲ့တဲ့အပတ်စဉ်တွေက နည်းတယ်။၅၀ ၊ ၁၀၀ ။ တစ်တပ်ရင်းကို ၄၊၅ ၊ ၁၀ယောက်"ဟု ဗိုလ်မှူးဒါဘောကပြောသည်။

အင်အားဖြည့်တင်းမှုများရှိသော်လည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး၍ သင်တန်းပေးထားသူများဖြစ်သောကြောင့် တော်လှန်ရေးအင်အားစုများထံသို့ ထွက်ပြေးလာသူ ပိုမိုများပြားလာကြောင်းလည်း ၎င်းကဆိုသည်။

"၂၀၂၄ လေးလပိုင်းကစပြီး ၂၅ နှစ်လပိုင်းအထိ လက်နက်နဲ့ အလင်းဝင်လာတာ ၁၉ယောက်ရှိတယ်။ လက်နက်မပါဘဲ အလင်းဝင်လာတာက ၃၂ ဦးရှိတယ်။ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းက ၇ဦးရှိတယျ။ အားလုံးအောင်ဇေယျစစ်ကြောင်းမှာ ကျွန်တော့တို့ဆီရောက်လာတာ ၅၈ဦးရှိပြီ။"ဟု ဗိုလ်မှူးဒါဘောကပြောသည်။

အောင်ဇေယျစစ်ကြောင်းအနေဖြင့် ချီတတ်လာချိန်တွင် တပ်ရင်းတစ်ခုစီ၌ အင်အား ၁၂၀မှ ၁၅၀ခန့် အထိပါဝင်သော်လည်း လက်ရှိအချိန်၌ တပ်ရင်းတစ်ခုလျှင် အင်အား ၄၀မှ ၇၀ခန့်သာရှိတော့ကြောင်း မြေပြင်သတင်းအရသိရသည်ဟု ၎င်းက ဆိုသည်။

အောင်ဇေယျစစ်ကြောင်းထံမှ လေယာဉ်ပစ်လက်နက်များအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ခန့် သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ၁၅စီးခန့် ဖျက်ဆီးနိုင်ခဲ့သည်ဟု ဗိုလ်မှူးဒါဘောက ပြောသည်။

မြဝတီဒေသအတွင်း လက်လွတ်ခဲ့ရသည့်နေရာများကို ပြန်လည်ထိန်းချုပ်မည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏ ဒုခေါင်းဆောင်ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် နိုင်ငံတော်အဆင့် "အောင်ဇေယျစစ်ဆင်ရေး" ဟုအမည်ပေး၍ တပ်မ(၅၅)ဦးဆောင်သော အင်အား ၁၂၀၀ခန့်ပါ အောင်ဇေယျစစ်ကြောင်းသည် ၂၀၂၄ ဧပြီ ၉ရက်မှစ၍ ဖားအံနှင့် မော်လမြိုင်ဘက်မှ ချီတက်လာခဲ့သည်။

လေးရက်ဖြင့် မြဝတီမြို့အရောက်ချီတက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ၁၀လကျော်ကြာသည်အထိ ဒေါနတောင်ပေါ်၊ တောနောရေတံခွန်၌ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ပိတ်မိနေသည်။

ထို့အပြင် လက်ရှိတွင်လည်း အောင်ဇေယျစစ်ကြောင်းမှာ ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခံနေရပြီး ခံစစ်အသွင်ဖြင့် ခုခံနေရကြောင်း ဗိုလ်မှူးဒါဘောက ပြောသည်။

အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူများနှင့် သိမ်းရသော လက်နက်များ။(ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

18/09/2024

မိတ္တီလာတွင် ရဲကင်းကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ထီလာပြည်သူ့ ကာကွယ်​ရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းလမ်းနှင့် ကန်ပတ်လမ်း လမ်းဆုံ ရထားသံလမ်း​ဘေးရှိ ရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးဖောက်ခွဲမှုကြောင့် ရဲ ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။

“ပွဲတော်ရှိတဲ့အချိန် အဲလိုဂိတ်လေးတွေကို ရပ်ကွက်ဆုံတဲ့နေရာ၊ လမ်းဆုံနေရာတွေမှာ ဖွင့်ထားတဲ့ ဂိတ်ပါ။ ဒီကလည်း ဖောင်တော်ဦး ဘုရားပွဲရက်ရှိတော့ ဖွင့်တာ၊ ဘုရားပွဲမရှိရင်တော့ အဲဒီရှေ့ကို တိုး ပြီးတော့ လုပ်တယ်၊ အဲဒီဂိတ်က အမြဲတမ်းလိုလို ရှိတယ်၊ မနက်ပိုင်းပွဲတော်မစခင် ၈ နာရီလောက်မှာ ခွဲခဲ့လိုက်တာ၊ ၂ ဦးသေသွားတယ်၊၁ ဦးကတော့ သေမလားမသိဘူး။ သေဖို့ကတော့များတယ်လို့ ပြော တယ်၊ နှစ်ယောက်ကတော့ ခြေထောက်ပြတ်တယ်၊ ရဲမေနှစ်ယောက်မှာ တစ်ယောက်က ထိခိုက် ဒဏ်ရာပြင်းထန်တယ်ပေါ့၊ တစ်ယောက်ကတော့ မျက်လုံးထွက်သွားတယ်၊သေတာက ၂ ယောက်၊ အ ပြင်းအထန်ဒဏ်ရာရတာက ၃ ယောက်၊သိပ်မပြင်းထန်တဲ့ဒဏ်ရာရတာက ၄ ယောက်ပါ၊ ပြည်သူမပါ ဘူး။ ရဲနဲ့ စခလိုလားတဲ့ အုပ်ချုပ်ရေးတွေတော့ပါလောက်တယ်” ဟု မိတ္တီလာမြို့နယ် ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ စက်တင်ဘာလ ၁၆ ရက် ည ၉ နာရီဝန်းကျင် အချိန်ခန့်ကလည်း မိတ္ထီလာမြို့ပေါ်ရှိ မြို့မ ရဲစခန်းရှေ့၌လည်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းတစ်လုံးပေါက်ကွဲပြီး တစ်လုံးပေါက် ကွဲမှုမရှိကြောင်း၊မိုင်းပေါက်ကွဲမှုကြောင့် အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မိတ္ထီလာမြို့နယ် ပကဖ နှင့် မိတ္ထီလာခရိုင်တပ်ရင်း ၄ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

မိတ္တီလာမြို့မှ ပြည်သူတစ်ဦးက "မနက် ၈ နာရီလောက်မှာ မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် သံလမ်းနားက အစောင့် ရဲကင်းနား ဗုံးကွဲတယ်။ ရဲ ၁ ဦး ခြေ ထောက်ပြတ်တယ်။ အခြား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်သူတွေ ဒဏ်ရာပြင်းထန်တယ်။ ဆိုင်ကယ်တွေကတော့ အများကြီးပဲ ပျက်စီးတာ" ဟု ပြောဆိုသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ပြီး ဂိတ်ချ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

မိတ္ထီလာမြို့နယ် ပကဖနှင့် မိတ္ထီလာခရိုင်တပ်ရင်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား များကို အရှိန်မြှင့်တိုက်ခိုက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ ရဲ၊ အုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းလုပ်ကိုင် နေထိုင်ခြင်းမပြုရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင် ရွက်နေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ဆယ်အိမ်မှူးရာအိမ်မှူးများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဓာတ်ပုံ- ဗုံးကွဲမှုကြောင့် ထိခိုက်သေဆုံးသွားသော ရဲ ၃ ဦး။

14/09/2024

10/07/2024

😊😊

08/05/2024
07/05/2024

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ပြုန်းတီးသွားပြီလို့ NUG ပြော

ရန်ကုန် ၊ မေ ၇

စစ်ကောင်စီတပ်ရဲ့ အမာခံ တိုက်ခိုက်ရေးအင်အား သုံးပုံနှစ်ပုံနီးပါး ယိုယွင်းပြုန်းတီးခဲ့ပြီဖြစ်တဲ့အတွက် စစ်အခြေအနေဖန်တီးနိုင်မှုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်သို့ အပြည့်အဝ ရောက်ရှိခဲ့ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဆင်ရေးကြောင့် အခုအခါမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ ၁၀ ခု ၊ စကခ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးအင်အားပြုန်းတီးခဲ့မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ် မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း သုံးနှစ်ပြည့်မှာ ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးအဓမ္မစစ်သားစုဆောင်းနေမှုဟာ စစ်ကောင်စီတပ်ရဲ့ အင်အားချိနဲ့မှုကို ဖော်ပြနေသလို စစ်တပ်ရဲ့ ထိပ်ပိုင်းအရာရှိတွေမကြာခဏ အပြောင်းအလဲ လုပ်နေခြင်းကလည်း စစ်ရေးအရေးနိမ့်မှုနဲ့ ကွပ်ကဲမှု ဖရိုဖရဲဖြစ်နေတာကို ထင်ရှားစေတယ်လို့ ဆိုပါတယ်။

ပြည်သူ့တော်လှန်ရေးအင်အားစုတွေက ပြောက်ကျားနည်းပရိယာယ် အားပြုပြီး ခုခံတွန်းလှန်စစ်ကို ၂ နှစ်ကျော် အဆက်မပြတ်ဆင်နွှဲနေချိန်နဲ့ ဟန်ချက်ညီစွာ ရှမ်းမြောက်နဲ့ ရခိုင်ဒေသမှာ ၁၀၂၇ စစ်ဆင်‌ရေးနဲ့ ကချင်ဒေသစစ်ဆင်ရေးတို့ ဆက်တိုက်ပေါ်ပေါက်လာခဲ့တာပါ။

ဒါ့အပြင် အမှတ် ၁ စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသတို့မှာလည်း ၂၀၂၃ ခုနှစ်နိုဝင်ဘာလဆန်းကစ တင်ပြီး အရှိန်မြှင့်စစ်ဆင်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြည်သူသို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

အခုလို ဟန်ချက်ညီ စစ်ဆင်ရေးတွေက စစ်ကောင်စီရဲ့အုပ်ချုပ်ရေးနဲ့ စစ်ရေးယန္တရားတွေကို ဒေသအလိုက် ရှင်းလင်းနိုင်ခဲ့ရုံမက ရန်သူရဲ့ရုပ်ပိုင်း၊ စိတ်ပိုင်း အားနည်းပျော့ညံ့မှုကို ဖုံးဖိမရ ဖြစ်စေခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီစစ်ဆင်ရေးတွေမှာ PDF တပ်မတော် ရဲဘော်တွေဟာ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန် ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒေသတိုင်းမှာ တိုက်ပွဲဝင်နေသလို လတ်တလော စစ်ဆင်ရေးတွေမှာ ရန်သူစစ်ယန္တရားကို ဖျက်ဆီးနိုင်ရုံမက လက်နက်ကြီး၊ လက်နက်ငယ်မြောက်များစွာကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

အခုလို ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်နိုင်တာဟာ အရေးကြီးတဲ့ စစ်ရေးတိုးတက်‌အောင်မြင်မှုဖြစ်ပြီး ရန်သူ့လက်နက်တွေနဲ့ PDF တပ်မတော်ကို အားဖြည့်တပ်ဆင်သွားမယ်လို့ NUG က ဆိုပါတယ်။

တစ်ဘက်မှာ PDF ရဲဘော်တွေရဲ့ လက်နက်ကြီး သုံးစွဲနိုင်စွမ်း မြင့်တက်လာမှာဖြစ်သလို PDF ဒရုန်း တပ်ဖွဲ့ ကိုလည်း အင်အားတိုးချဲ့နေပြီး ရည်ရွယ်ချက်မှာ မဟာဗျုဟာ ထိုးစစ်တွေဆင်နွှဲဖို့ ဖြစ်ပါတယ်။

ဒါကြောင့် အခုအခါမှာ စစ်ဒေသနဲ့ စစ်နယ်ဝှန်းအလိုက် အင်အားထောင်ချီ ပါဝင်ပြီးမွမ်းမံလေ့ကျင့်တာ၊ စုဖွဲ့ တပ်ဆင်တာ၊ ကွပ်ကဲမှုတည်ဆောက်တာနဲ့ထုအင်အား တည်ဆောက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြောထားပါတယ်။

သတင်း - သံလွင်တိုင်းမ်
ပုံစာ - ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ

06/05/2024

အောင်​ဇေယျစစ်​ကြောင်းတွင် စစ်မှုထမ်းဥပ​ဒေဖြင့်​ခေါ်ထားသည့် စစ်သားသစ်များပါဝင်​နေဟု စစ်​ရေးရင်းမြစ်အချို့​ပြော

▪︎​​​စစ်​ကောင်စီက သင်တန်းသားစစ်သားများကို ရှေ့တန်းသို့တန်းမလွှတ်ဘဲ သင်တန်းများပြီးမှ မိမိသွားလို​သော​ဒေသသို့သွားရမည်ဟု​ပြောဆို စု​ဆောင်းခဲ့ခြင်းဖြစ်

▪︎​အောင်​ဇေယျ စစ်​ကြောင်းအထိနာ​​နေပြီး​သေဆုံးဒဏ်ရာရသူ ၊ထွက်​ပြေးသူများတွင်လည်းစစ်သားသစ်များပါဝင်​နေဟု သိရ

ဒီးဒီ/People's Spring

ဒေါနတောင်ပေါ်၌ တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းတွင် စစ်မှုထမ်းဥပဒေဖြင့်​ခေါ်ယူစု​ဆောင်းထား​သော အပတ်စဥ်(၁)သင်တန်းဆင်း လူငယ်များပါဝင်ပြီး စစ်​ကြောင်းကိုစွန့်ခွာထွက်ပြေးမှုများရှိနေသည်ဟု People's Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

"စစ်မှုထမ်းဥပဒေက အပတ်စဥ်(၁) သင်တန်းဆင်းထားတဲ့ ကလေးတွေလည်းပါတယ်။ အပတ်စဥ်(၁)က ကလေးတွေလည်း ရှေ့တန်းကို လွှတ်တယ်။ အခုက ဘယ်လိုပြောမလဲဆိုတော့ သူတို့ကတော့ နိုင်ငံတော်အဆင့်စစ်ဆင်ရေးလို့ သတ်မှတ်ထားတော့ မညှာမတာတိုးချဲ့နေတဲ့ သဘောတော့ ရှိတာပေါ့"ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဧပြီလဒုတိယပတ်မှစ၍ မြဝတီသို့စစ်ကူပို့ရန်ကြိုးစား​နေသည့် အောင်ဇေယျစစ်ကြောင်းမှ စစ်မှုမထမ်းမ​နေရဥပဒေဖြင့် ​ခေါ်ယူစု​ဆောင်းထား​သော အပါတ်စဥ်(၁)သင်တန်း
ဆင်းသူများအပါအဝင် စစ်ကောင်စီတပ်သားများမှာ ​တော်လှန်​ရေးတပ်ဖွဲ့များက ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ထိခိုက်​သေဆုံးမှုများနေ၍ စွန့်ခွာထွက်ပြေးမှုများ ဖြစ်ပေါ်နေသည်ဟု ၎င်းက ဆက်​ပြောသည်။

" ကလေးတွေက ထွက်ပြေးချင်တယ်။ ပြေးလို့မတက်ဘူးလေ။ နယ်မြေခံမဟုတ်တော့။ တချို့ဆို ပြေးလို့ရှိရင် တပ်ဆီပဲ ပြန်ပြန်ရောက်သွားတယ်လို့ ပြောတယ်"ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

​မေလ ၄ရက် ညနေကလည်း အောင်ဇေယျစစ်ကြောင်းမှ စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၀)မှ စစ်ကောင်စီတပ်သား သုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း တောင်ပိုင်းတိုင်း၊ အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက People's Spring သို့ ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများသည် ယခင်ကလည်းအလင်းဝင်ရောက်လာရန် ချိတ်ဆက်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြ
သည်။

"စစ်မှုထမ်းဥပဒေက တပ်သားသစ်တွေပါတယ်လို့ ပြောလို့ရမယ်။ ပါတယ်လို့လည်း ကြားတယ်။ အလင်းဝင်ဖို့ ချိတ်တာ နှစ်ခါရှိပြီး။ ကျနော်တို့ စောင့်ဆိုကြိုတာမှာ ချိတ်ဆက်မှုလွှဲနေလို့"ဟု ဗိုလ်မှူးက ပြောသည်။

အောင်​ဇေယျစစ်​ကြောင်းတွင် စစ်သားသစ်စု​ဆောင်းခံထားရသူများပါဝင်မှု အ​​ခြေအ​နေ၊​သေဆုံးမှုအ​ခြေအ​နေ ၊ထွက်​ပြေးအလင်းဝင်သူအ​ခြေအ​နေများကို လူထု​​နွေဦးက ဆက်လက်စုံစမ်း​နေဆဲဖြစ်ပါသည်။

စစ်​​ကောင်စီကမူ စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် စစ်သားသစ်များရရန်ဖိအား​ပေး​ခေါ်ယူ စု​​ဆောင်းရာတွင် ​ရှေ့တန်းသို့ချက်ချင်းထွက်ရမည်မဟုတ်​ကြောင်း ၊မိမိတို့ တာဝန်ထမ်းလို​​​ဒေသများတွင်များသာသွားရမည်ဖြစ်​ကြောင်း စသဖြင့် ​ပြောကြားစု​ဆောင်းခဲ့သည်။

စစ်​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်​ဇော်မင်းထွန်းက "ပြည်သူ့စစ် မှုထမ်းဥပဒေဆောင်ရွက်တဲ့နေရာမှာ အားလုံးခြိမ်းခြောက်ခံနေရတာက ဒီနေ့ပဲ သေနတ်ကိုင်ပြီး ဒီနေ့ပဲရှေ့တန်းထွက်ရမလိုပြောနေကြတယ်။ မဟုတ်ပါဘူး။ ကျွန်တော်တို့ Professinonal စစ်သား တစ်ယောက်၊ Professional နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်တဲ့ သူတွေလို စစ်ပညာ၊ နိုင်ငံတော်ကာ ကွယ်ရေးပညာကို အပြည့်အဝ သင်ကြားပြီးမှ တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်"ဟု ​ဖေ​ဖော်ဝါရီလ ၁၁ ရက်တွင် ​ပြောကြားခဲ့သည်။

ထိုအပြင် စစ်သားသစ်များစု​ဆောင်း​ရန်​​ပေး​ဝေသော လက်ကမ်းစာ​စောင်များတွင်လည်း "စစ်မှုထမ်း​ဆောင်မည့်သူများအ​နေဖြင့် စစ်သင်တန်း၊တက်​ရောက်ပြီးပါက မိမိတို့ဆန္ဒရှိရာ​ဒေသများတွင် သာတာဝန်ထမ်း​ဆောင်ရမည်"ဟု​ ဖော်ပြထားသည်။

ထို​ကြောင့် ​အောင်​ဇေယျစစ်​ကြောင်းတွင် စစ်သားသစ်စု​ဆောင်းထား​သော ပထမဆုံးအသုတ် သင်တန်းဆင်းများပါဝင်ပြီး တိုက်ခိုက်​စေသည်မှာ​သေချာပါက စစ်​ကောင်စီ​ပြောကြားထားမှုများမှာ လိမ်လည်ထားခြင်းဖြစ်​ကြောင်း
ထင်ခြား​​သော ဥပမာဖြစ်လာမည်ဖြစ်သည်။

စစ်မှုထမ်းသင်တန်းအပတ်စဥ် (၁)ကို နိုင်ငံတဝန်းရှိ စစ်သင်တန်းကျောင်းများတွင် ပြီးခဲ့သည့် ဧပြီ ၈ရက်က သင်တန်းစတင်ဖွင့်လိုက်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များက အသိပေးထားသည်။စစ်​ကောင်စီက မူလက သကြ်န်ပြီးမှ သင်တန်းစ​ပေးမည်ဆို​သော်လည်း လက်​တွေ့တွင် မတ်လကုန်ပိုင်းတွင် ​​ဆေးစစ်ရန်ဆိုကာ​ခေါ်ယူပြီး ပြန်မလွှတ်ဘဲသင်တန်း​ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းသားအရေအတွက်ကို အတိအကျမထုတ်ပြန်ခဲ့သော်လည်း သင်တန်းအမှတ်စဉ်(၁)ကို အင်အား ၅,၀၀၀ဖြင့်စတင်မည်ဟု စစ်ကောင်စီက အသိပေးခဲ့သည်။

ထိုအပြင် ယခုအခါအပတ်စဥ်(၂) စစ်သင်တန်းအတွက် ဖိအား​ပေးခြင်း၊အဓမ္မခေါ်ယူမှုပင် စတင်နေပြီဖြစ်သည်။

စစ်မှုထမ်းဥပဒေခေါ်ဆောင်ခံရသူများအား ကျွမ်းကျင်မှုအလိုက် တာဝန်ယူရမည်ဟု စစ်ကောင်စီက ပြောထားသော်လည်း လက်ရှိတွင် ခေါ်ဆောင်ခံရသူအားလုံး ရှေ့တန်းစစ်မျက်နှာပြင်သို့အတင်းပို့ဆောင်နေသည်ဟု တော်လှန်ရေးရဲဘော်များက ပြောသည်။

ထိုအပြင် ​အောင်​ဇေယျစစ်​ကြောင်းမှာ ဧပြီဒုတိယပတ်ကတည်းက ဖားအံ ၊​မော်လမြိုင်မြို့များမှစတင်ထွက်လာခြင်းဖြစ်သည်။ မတ်လကုန်တွင်​ခေါ်ယူပြီး ဧပြီလတွင် သင်တန်း​ပေးကာ ဧပြီ ဒုတိယပတ်မှစ၍ အပြင်းအထန်တိုက်ပွဲဖြစ်​နေသာ ​ဒေါန​တောင်​ရှေ့တန်းသို့ သင်တန်းဆင်းစစ်သားသစ်များ ​စေလွှတ်ထားပါက ၎င်းတို့စစ်သင်တန်းဘယ်နှစ်ရက်ကြာတက်ခဲ့ရသည်ဆိုသည်မှာလည်း ​မေးခွန်းထုတ်စရာဖြစ်​နေသည်။ ဗိုလ်ချုပ်​ဇော်မင်းထွန်းကမူ စစ်ပညာအပြည့်အဝ သင်ကြားပြီးမှ​စေလွှတ်မည်ဟု​ပြောထား​သော​ကြောင့် ဖြစ်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅ နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟု ဆိုသည်။ သို့သော် အချို့ဒေသများတွင် မတ်လကတည်းက မဲနှိုက်၍ ခေါ်ဆောင်ခြင်း၊ ခရီးသွားသူအချို့အား အတင်းအဓမ္မခေါ်ဆောင်ခြင်း စသည်တို့ရှိခဲ့ပါသည်။

​ဒေသအချို့တွင်မူ ယခုနှစ်စပိုင်းကတည်းက ဧည်စာရင်းစစ်ရင်း ၊ခရီးသွားများကို မသင်ကာဟုဆိုကာဖမ်းဆီးရင်း ၊​ကျေးရွာများကိုခြိမ်း​ခြောက်၍ခွဲတမ်းဖြင့် လူ​တောင်းရင်း ပြည်သူစစ်အဖြစ် အဓမ္မဖမ်းဆီး​ခေါ်​​ဆောင်ခြင်းများရှိခဲ့သည်။

အောင်ဇေယျစစ်ကြောင်းသည် လက်ရှိတွင် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော်တွင် ရောက်ရှိနေပြီး ​တော်လှန်​ရေးတပ်များက ပိတ်ဆို့ဖြတ်​တောက်တိုက်ခိုက်၍ စစ်သားများ​သေဆုံးဒဏ်ရာရမှုများ​နေသည်ဟု People's Spring၏ သတင်းရင်းမြစ်အချို့က ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာနေသော အောင်ဇေယျစစ်ကြောင်းသည် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

"တိုက်ပွဲဖြစ်တဲ့ (၁၀)မိုင်လောက်ဝေးတဲ့ ရွာတွေထဲကို ဟောင်ဝစ်ဇာတို့ အမြောက်တို့နဲ့ ပစ်နေတာ။ တိုက်ပွဲဖြစ်တာက တစ်နေရာပေါ့။ တိုက်ပွဲနဲ့ (၁၀)မိုင်လောက်ဝေးတဲ့ ရွာတွေကို စကစက ပစ်နေတာ။ ကော့ကရိတ်ကနေ ပစ်နေတာ"ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်အဆင့်စစ်ဆင်ရေးဟု​ကြေညာထားသည့် အောင်ဇေယျစစ်ကြောင်းသည်တပ်မ(၄၄)နှင့် (၅၅)တို့ဖြင့် စစ်ကြောင်းထိုးခဲ့ရာ အထိနာ​နေသဖြင့် တပ်မ(၇၇)ကို ထပ်မံအင်းအားဖြည့်တင်း​စေလွှတ်ထား​ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်

"အခုလက်ရှိကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကောင်းကောင်းထိန်းထားနိုင်တဲ့သဘောရှိတယ်။ သူတို့က အင်အားတအားများတော့ ရေရှည်တော့ ကြည့်ရမှာပေါ့။ လောလောဆယ်အခြေနေကြည့်ရတာတော့ ဟိုဘက်(စစ်​ကောင်စီတပ်) က အထိအခိုက်အကျအဆုံးတော်တော်များတယ်။ အင်အားက ထပ်ပြီးပို့၊ ပို့ပြီးရင်းပို့ဆိုတော့ ဒီဘက်( မြဝတီ​ဒေသတွင် ) မှာသာ စစ်ရှုံးသွားရင် သူတို့(စစ်​ကောင်စီတပ်) ကုန်ပြီလေ"ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(​အောင်​ဇေယျစစ်​ကြောင်းကို အာရှလမ်းတွင်ဖြတ်​တောက်တိုက်ခိုက်​နေ​သော ​ကော်ဘရာစစ်​ကြောင်းမှတပ်ဖွဲ့ဝင်တစ်ဦး / စစ်မှုထမ်းဥက​ဒေဖြင့်စစ်သားသစ်စု​ဆောင်းစဥ်က စစ်​ကောင်စီကရပ်ကွက်အတွင်းရန်ကုန်မြို့တွင်ပန်းပလက်များဖြန့်​ဝေရာ သင်တန်းတက်သူများကို​ရှေ့တန်းတန်းမပို့ဘဲ မိမိဆန္ဒရှိရာ​ဒေသတွင်တာဝန်ထမ်းရမည်ဟုလိမ်လည်​ဖော်ပြထားမှု / ဗိုလ်ချုပ်​ဇော်မင်းထွန်းက ​ဖေ​ဖော်ဝါရီ ၁၁ ရက်တွင် စစ်သားသစ်များကိုစစ်ပညာအပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်း​ဆောင်ရမည်ဟု လိမ်လည်​ပြောကြားထားမှု /
​အောင်​ဇေယျစစ်​ကြောင်းမှ စစ်သား ၃ ဦး ကျားဖြူစစ်​ကြောင်းသို့ လက်နက်နှင့်အတူအလင်းဝင်လာစဥ်။
ဓါတ်ပုံ-Cobra Column ၊ စစ်​ကောင်စီ ၊ကျားဖြူစစ်​ကြောင်း )

Want your public figure to be the top-listed Public Figure in Pyinmana?
Click here to claim your Sponsored Listing.

Category

Website

Address


Pyinmana