Four-Leaf Clover

Four-Leaf Clover

Share

Whatever will be, will be.

07/05/2026

- If You -

မင်းသာရှိမယ်ဆို အရာရာဟာ ပိုလွယ်ကူလောက်မယ်ထင်ပါရဲ့...။

အချစ်သာရှိမယ်ဆို ပျက်ဆီးသွားသမျှတွေ
ရပ်တန့်သွားလောက်မယ်ထင်ပါရဲ့။
မင်းသာဆို (ကိုယ်ဒီ့ထက်ပို) ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးမိနေတာတွေ ရပ်တန့်သွားလောက်ရောပေါ့။

မင်းသာဆို...
မင်းသာဆို ကိုယ့်ကိုတွဲကူပေးလောက်မယ် ထင်တာပါပဲ။

🍀

03/05/2026

Confession No.29

ငါ့ရဲ့အတွင်းစိတ်တစ်နေရာက ဆာလောင်လာတယ်။
ဘာနဲ့ဖြည့်ဖြည့်မပြည့်တဲ့ ကွက်လပ်တစ်ခုလို၊
ဘာတွေလောင်းထည့်ထည့် ပိုလျှံမလာတဲ့ခွက်တစ်ခုလို၊
ဘယ်လိုမှပျောက်မသွားနိုင်တဲ့ ထုထည်တစ်ခုလိုကိုဆာလောင်နေခဲ့တာ။

ရုတ်တရက်ကြီး အရာရာက လေးလံလာပြန်တယ်။
ဘတ်စ်ကားမှတ်တိုင်မှာ မတ်တပ်ရပ်ခဲ့တုန်းကလိုမျိုး၊
ပြန်စရာအိမ်မရှိတုန်းကလိုမျိုး၊
တက္ကစီပေါ်မှာ နေရောင်ကျနေတဲ့ ငါ့လက်ဖျံကိုမြင်ခဲ့ရတုန်းကလိုမျိုး၊
အရာရာဟာ ကူကယ်ရာမဲ့ပြီးတော့ကို လေးလံလာတာ။

တစ်ထောင့်တစ်နေရာမှာ ခေါက်ထိုးထားတဲ့မှတ်ဥာဏ်တွေကတော့ အစီအရီပြန်ပေါ်လာတယ်။
ငါထားခဲ့တုန်းကရော၊
ငါကျန်ခဲ့တုန်းကရော၊
ငါအလေးမထားခဲ့တဲ့လူတွေ၊
ငါ့ကိုမဆင်မခြင်ဆက်ဆံခဲ့တဲ့သူတွေ၊
ငါမှတ်မိခဲ့ဖူးတဲ့ နေရောင်ခြည်တွေ။

ရယ်စရာကောင်းတာက
ငါအခုထိ သူများပန်မယ့်ပန်းတွေ ခူးနေတုန်းပဲ။
သူများပုခုံးစွန်းတွေလုံအောင်လို့ ငါ့ပုခုံးစွန်းတွေ ရေစိုခံ​နေတုန်းပဲ။
ငါမရခဲ့တဲ့အရာတွေကို ငါနှစ်သက်တဲ့သူတွေဆီ ပေးနေမိတုန်းပဲ။
ဘာကမှ မပြောင်းလဲခဲ့သလို၊
ဘာတစ်ခုကမှ ဝင်လာမရိုက်ခတ်ခဲ့သလိုကို ရက်ရက်ရောရော...။

ဒါကြောင့်လည်း ငါအမြဲဆာလောင်နေတာဖြစ်မယ်။
ဒါကြောင့်ပဲ ငါအမြဲသတိအနေအထားမှာ နေမိနေတာဖြစ်မယ်။
ဒါကြောင့်မို့လို့ပဲ အမြဲတမ်းအတွက် ကွက်လပ်ဖြစ်နေတာဖြစ်မယ်။

🍀

30/04/2026

Confession No.28

တစ်ခုခုကိုလုပ်နေရင်းနဲ့ပဲ ဘာဆက်လုပ်ကြမလဲဆိုတဲ့မေးခွန်းတွေ ပြည့်လာတယ်။
အရာရာဟာအဆင်ပြေခဲ့ရင်းနဲ့ အရာရာဟာအဆင်မပြေတော့ပြန်ဘူး။
တစ်နေ့ကပဲ အားလုံးကိုတိုက်ခိုက်ပစ်လိုက်ဖို့ ဆန္ဒရှိခဲ့တဲ့ငါက
ဒီနေ့ကျ တိတ်တဆိတ်နေချင်ပြန်တယ်။

ဒါကြောင့်ပဲ ရုပ်ရှင်တွေတည်ရှိနေတာဖြစ်မယ်။
ဒါကြောင့်ပဲလူတွေ အချစ်ကိုတောင်းတကြတာနေမယ်။

ကျူးလွန်သူကငါဖြစ်ပြီး နစ်နာသူကလည်း ငါဖြစ်နေပြန်တယ်။
အရာအားလုံးကိုလက်လွှတ်နိုင်ဖို့ဆိုရင် ငါ့ကိုယ်ငါလည်း ခွင့်လွှတ်ရလိမ့်ဦးမယ်။

🍀

26/04/2026

I don't mind standing in the ruins.

| Your Gaze |

And suddenly, I find myself wanting to know your favorite song.
The kind you play on repeat when no one’s around.

I want to understand the way you see life,
what you believe in, what you’ve given up on,
what keeps you going on the quiet days.

I wonder if you like coffee, or if you’re the type who lingers over ci******es,
lost in your own thoughts.

I want to hear your voice
even though I know I probably wouldn’t remember it clearly later,
because right now, we are just… nothing.

And maybe that’s where the worry quietly begins,
that soft, unspoken sadness I can’t really explain.
Because you’re not mine,
and deep down, I know you never will be.

Like before.
Like all the times I’ve fallen,
failed at loving,
failed at belonging,
failed at calling someone “mine”
and meaning it without hesitation.

Still, I want to know you.
In the smallest, simplest ways.

I want to hold you,
even if just for a moment that doesn’t promise anything after.

Because sometimes,
one small glance from you feels like
the whole galaxy quietly falling apart
and somehow,
I don’t mind standing in the ruins.

-Cordelia

24/04/2026

Mini Diary - 64

ငိုမယ်ဆို ငိုစရာတွေများတဲ့ကမ္ဘာထဲ
ပျော်စရာတွေကိုသာ အလေးပေးရင်း
အရွယ်နည်းနည်းရောက်လာတယ် ထင်ပါရဲ့။
လူကြီးဖြစ်မလာချင်ဘူးလို့ အတန်တန်ငြင်းခဲ့ပေမယ့်
လူကြီးတစ်ယောက်ဖြစ်လာလို့ပဲ ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်းကို နားလည်လာရတယ်။
အတိတ်တွေကိုလည်း သယ်သွားစရာမလိုသလို
မလိုတဲ့လူတွေကိုလည်း သယ်လို့မသွားချင်တော့ဘူး။
လမ်းဟာ ရှည်ဦးမယ်လေ။
လက်ရှိထက်အရေးကြီးတာတွေအားလုံးက
လက်ရှိလောက် တကယ်ပဲအရေးပါနိုင်ပါ့မလား။

🍀

12/04/2026

Mini Diary - 63

အဲ့ဒီလိုနဲ့ တစ်စုံတစ်ယောက်အပေါ် အလုံးစုံမှီခိုမိလိုက်မှာကိုလည်းမရဲ
တစ်စုံတစ်ယောက်အတွက် ပုခုံးတစ်ဖက်ဖြစ်မပေးနိုင်မှာကိုလည်းမရဲ
မှီခိုမိတဲ့ပုခုံးမှာ မျက်ရည်တွေ ထင်ကျန်မှာကိုလည်းမရဲ

🍀

05/04/2026

I liked you, and I still do.

But deep down, I know we’re never going to be anything. It feels like an ocean between us — like fate is determined to keep us apart, no matter what.

And the saddest part is, I have to stop before I cross the line. Before I start hoping for something that will never be mine.

I know when to stop… I just don’t know how to let go.

-Cordelia

24/03/2026

သူများတွေအတွက်တော့ ဘယ်လိုလဲမသိပေမယ့် ကိုယ့်အတွက်ကတော့ အစားအစာဆိုတာ ကိုယ်ထုတ်ပြနိုင်တာတွေထဲက အမြင့်မားဆုံး love language တစ်ခုပဲ။

လူတစ်ယောက်ကို အစားအသာက်လုပ်ပေးတယ်ဆိုတာ နွေးနွေးထွေးထွေးလေးနဲ့ ချစ်ခြင်းမေတ္တာတွေ ပေါပေါသီသီ ထုတ်ပြနိုင်တဲ့နည်းတစ်နည်းပဲလို့ ကိုယ်ကတော့ယုံတယ်။ အစားအစာတွေဖန်တီးနေတဲ့အချိန်အတွင်း ရလိုက်တဲ့ ငြိမ်းချမ်းမှုရယ်၊ ကိုယ်ချစ်ရသူတွေအတွက်ဆိုတဲ့ စိတ်ကလေးရယ်က ကိုယ်ကိုယ်တိုင်လည်း ကြိုက်နှစ်သက်တဲ့ healing တစ်မျိုးလို့တောင် ပြောလို့ရတယ်။

ဟင်းတစ်ပွဲရဲ့ နွေးထွေးကြည်နူးမှုကိုက အတိုင်းမသိမြင့်မားနေပြီးသားကို ကိုယ်ဖန်တီးထားတာလေးများ ကြိုက်ကြပြီဆို စိတ်အချမ်းသာရဆုံးပဲပေါ့။

ကိုယ်ကတော့ အရမ်းခင်မင်မိပြီဆိုရင် တစ်ခုခုလေးချက်ကျွေးချင်တယ်၊ ကိုယ်ဖန်တီးထားတဲ့ အနုပညာသေးသေးမွှားမွှားလေးတွေ ပေးချင်တယ်။ နောက်ပြီး အပင်လေးတွေပေးရတာလည်း ကြိုက်သေးတယ်။ နောက်ထပ် ကိုယ်တိုင်စိုက်ထားလို့ ရလာတဲ့ အသီးအရွက်တွေကို ကိုယ်ချစ်တဲ့သူတွေဆီ ဝေမျှပေးရတာကလည်း ပီတိတစ်မျိုးပဲ။

ကိုယ့်ရဲ့ရေရှည်ပလန်ကတော့ ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ချစ်ရသူတွေအတွက် အစားအသောက်တွေချက်ကျွေးရင်း ကုန်ဆုံးသွားချင်တော့တာပဲ။

(ပုံလေးကတော့ Little Forest (original ver) ထဲက သစ်ကြားသီးထမင်းဘူးလေးပါ။)

🍀

22/03/2026

- After -

ဝေးသွားကြတဲ့နောက်...
တစ်ယောက်ရဲ့မနက်တွေမှာ တစ်ယောက်မပါတော့ဘူး။
နောက်ဆိုနဲ့ စတဲ့စကားဝိုင်းတွေမှာ
တစ်ယောက်က မသက်ဆိုင်တော့ဘူး။
ခရီးဟာ အကွာဝေးတူသည့်တိုင်
ရှုခင်းနဲ့ရှုထောင့်တွေ မတူတော့ဘူး။

🍀

18/03/2026

- Loop -

အရာရာမှာ နှောင့်နှေးခဲ့လို့ဖြစ်မယ်
မေ့ပျောက်ခြင်းတွေမှာတော့ အချိန်ကြာ​ကြာယူရတယ်။
မေတ္တာတရားမှာလည်း မရေလည်ခဲ့ပါဘူး။
ချစ်နေယုံအပြင်မတတ်နိုင်ခဲ့တော့
သံသရာဟာ တကယ်ကိုရှည်ကြာမြဲပဲ။

ကိုယ်နားလည်ထားတဲ့ အဖန်တစ်ရာဆိုတာ ဒီလိုလေ...
မေ့မေ့ပျောက်ပျောက်နဲ့ ခရီးရောက်ခဲ့လည်း
နွေဦးတွေမှာဆို မင်းကျောပြင်ဆီကိုသာ အခေါက်ခေါက်ပြန်ရောက်ချင်လာတာမျိုး။
ဝဋ်နာကံနာလှလှလေးဟာတော့
နွေရာသီတစ်ခုရဲ့ လမ်းမပေါ်ကနေ ပြန်လှည့်ကြည့်ခဲ့ဖူးလေရဲ့။

ကိုယ်ဟာ လောဘမဲ့ပေမယ့်
မင်းကျောပိုးအိတ်ဘေးက သော့ချိတ်လေးအဖြစ်တော့ ကပ်ပါချင်မိသေးတယ်။
ကိုယ့်ကိုယ်ကိုယ်အရှုံးပေးချင်လာရင်တောင်
မင်းကိုတော့ဖြင့် အခါခါ ပြန်ဆယ်မိနေပါသေးတယ်။

အိပ်မက်တွေမကောင်းတိုင်း
အဦးဆုံးစိုးရိမ်မိတာဟာ မင်းပဲ။
မေတ္တာတရားရဲ့အကွာအဝေးတွေ မတိကျတဲ့အခါ
ပူပန်ခြင်းတွေဟာလည်း အရာမဝင်ခဲ့။

စိတ်ချမ်းသာစေချင်တယ်။
ကိုယ်ကျန်းမာစေချင်တယ်။
ကိုယ်နဲ့ဝေးရာအရပ်မှာ
အအေးမမိစေချင်တာဟာလည်း အချစ်ပဲအချစ်ရဲ့...

🍀

14/03/2026

- After Winter -

သီသီလေးလွဲရခြင်းတွေရယ် များလာတယ်။
ဒဏ်ရာအနာတရတွေဆိုတာလည်း ပြောမကုန်နိုင်အောင်ကိုပဲ။
ဒီစာတစ်ပုဒ်က မင်းကိုသိစေချင်မိတဲ့ ကိုယ့်ရဲ့တစ်ထောင့်တစ်နေရာစီက
သိမ်ငယ်ရခြင်းတွေပေါ့။

လွန်ခဲ့တဲ့နှစ်ကာလတွေတုန်းက အချိန်ဟာ ဒီလောက်မမြန်ခဲ့ဘူး။
ခံစားချက်တွေဟာ ဗလာမဖြစ်သေးဘူး။
ငယ်ရွယ်ပျိုမြစ်မှုတွေကတော့ မစောင့်ပါဘဲထွက်ခွာသွားတဲ့ ရထားတစ်စင်းလို...
မနိုးထနိုင်လို့ လွတ်သွားတဲ့ မနက်ခင်းလို...။

နွေရာသီဟာ ဗလာပဲ။
ရာသီစာ စိတ်ညစ်ညူးမှုတွေကလွဲ ဖွဲ့နွဲ့စရာမရှိတော့။
ဖရဲသီးများများရယ် အဝေးတစ်နေရာက အချစ်ရဲ့ရယ်သံတိုးလျလျရယ်...
ရင်အေးရယုံနဲ့တင် ကျေးဇူးတင်ရပါတယ်။

ကိုယ့်မှာတော့ ဆောင်းအကုန်ထိ ရှင်သန်နိုင်ခဲ့ယုံအပြင် ဂုဏ်ယူနိုင်စရာဟာ ဘာဆိုဘာမှပါပဲ။
ကိုယ်ရှင်သန်ရတဲ့ ကမ္ဘာမှာတော့
မျက်စိတစ်မှိတ်စာ အနားယူမိယုံနဲ့တင် လဲပြိုနိုင်တယ်၊
နောင်တတွေကြားမှာလည်း ငိုရနိုင်တယ်။

ပိုင်ဆိုင်ရတာလေးတွေရှိလာတော့
ဆုံးရှုံးရခြင်းတွေကို ကိုယ်ချင်းစာလာနိုင်တယ်။
သူရဲဘောကြောင်ခြင်းတွေ တစ်ပွေ့ကြီးနဲ့ လက်လွှတ်ရခြင်းတွေမှာတော့ ရဲတင်းလာခဲ့တယ်။
ကိုယ်ကတော့ ကိုယ်ပီသစွာနဲ့ပဲ
တစ်ကိုယ်ကောင်းလည်း ဆန်ဖြစ်နေတုန်းပါပဲ။

🍀

Want your public figure to be the top-listed Public Figure in Pyinmana?
Click here to claim your Sponsored Listing.

Category

Website

Address


Pyinmana