SOE Electric Foundation

SOE Electric Foundation

Share

တတ်နိုင်စွမ်း၏ ဆောင်ရွှက်မူသည် အများပြည်သူ၏ လိုအပ်ခြင်းအား ဖြည့်စည်းခြင်း

Photos from SOE Electric Foundation's post 18/04/2026

- ဝမ်းသာကြည်နူးရပါသော မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့၏ ညနေချမ်း ဖြစ်ခဲ့ရပါတယ်၊

- စိုးလျှပ်စစ်ဖောင်ဒေးရှင်း နာယက မိခင်ကြီး ဒေါ်ရီရီမာကို အမူးထား၍ ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်း နှင့် ဇနီးဒေါ်မျိုးမျိုးခိုင်၊ သား ကိုသုခစိုး မိသားစုတို့က စီစဉ်ဆောင်ရွှက်သော လူဦးရေ ( ၁၈၀၀ ) အတွက် စတုဒီသာ သီးစုံ ဘဲဥ ပဲကုလားဟင်း +ငရုတ်သီးကြော်+ ထမင်း တို့ကို အများပြည်သူများကို ဧည်ခံကျွေးမွေး မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေ့ခင်းတွင် ပန်းမြိုင်လည် ဥယျာဉ်ရှေ့၌ စတုဒီသာ ကုသိုလ်ပြုခြင်းကို ဆောင်ရွှက်နိုင်ခဲ့ပါသည်။

- ကြွရောက်သုံးဆောင်ကြပါသော မိဘပြည်သူများကို နာယက မိခင်ကြီးနှင့် ဥက္ကဋ္ဌ ဒေါက်တာကျော်မင်းထွန်း တို့ကိုယ်တိုင် စိုးလျှပ်စစ်ဖောင်ဒေးရှင်း အမူဆောင်များနှင့်အတူ ကျွေးမွေးဧည်ခံကြပါသည်။
- စတုဒီသာ ကုသိုလ်ပြုခြင်းတွင် ပါဝင်ဆောင်ရွှက်ပေးကြပါသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ရှိရပြီး ကြွရောက်သုံးဆောင်ကြကုန်သော မိဘပြည်သူများသည်လည်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းကောင်းစွာပြည့်စုံရပါသော မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေလို့ စိုးလျှပ်စစ် ဖောင်ဒေးရှင်းက မေတ္တာဆုမွန်ကောင်း ပို့သရပါသည် ။

Photos from SOE Electric Foundation's post 17/04/2026

မြန်မာနှစ်သစ်ဦး အလှူဖြစ်သော စိုးလျှပ်စစ်ဖောင်ဒေးရှင်းက သုံးဘီးယာဉ်များ ပေးအပ်လှူဒါန်းခြင်း

စိုးလျှပ်စစ်ဖောင်ဒေးရှင်း၏ နာယက မိခင်ကြီး ဒေါ်ရီရီမာကို အမူးထား၍
ဥက္ကဋ္ဌ သီရိသုဓမ္မ မဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်း နှင့်ဇနီး ဒေါ်မျိုးမျိုးခိုင်၊ သား ကိုသုခစိုး မိသားစုတို့က
စိုးလျှပ်စစ်ဖောင်ဒေးရှင်းတွင် နေ့စဉ် အုံနာကြေးဖြင့် ဌားရမ်းပြေးဆွဲနေကြသော သုံးဘီးယာဉ်မောင်းနှင်သူများကို
သုံးဘီးယာဉ် အုံနာကြေးများ ဆက်လက်ပေးသွင်းရန် မလိုတော့ပဲ ယနေ့တွင် အပြီးအပြတ် ပေးအပ်လှူဒါန်းပေးပါသည်။
လက်ရှိ ကာလပေါက်စျေးအရ တစ်စီးလျှင်သိန်းတစ်ရာ ဝန်းကျင် တန်ဖိုးရှိရပြီး
သုံးဘီးယာဉ်မောင်းတို့သည် ဌားရမ်းမောင်းနှင်စဉ်ကာလအတွင်း စည်းကမ်းကောင်းခြင်း၊ လူမူရေးလုပ်ငန်းများတွင် ပါဝင်ကြခြင်းတို့ကြောင့် စေတနာအကျိုး ခံစားရခြင်းဖြစ်ပါသည်။
ပေးအပ်လှူဒါန်းသော သုံးဘီးယာဉ်မှာ ( ၁၂ ) စီးဖြစ်ပါသည်။
ယနေ့ပေးအပ်လှုဒါန်းသော အခမ်းအနားတွင် ဥက္ကဋ္ဌ သီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်မင်းထွန်းက လှူဒါန်းရခြင်းနှင့်ပက်သတ်၍ မုဒိတာ အဖွင့်အမှာစကားပြောကြားပေးပြီး သုံးဘီးယာဉ်မောင်းနှင်သူများကိုယ်စား ကိုဘိုဘိုကျော်မှ ကျေးဇူးတင်စကားပြောကြားပေးပါသည်။
ယနေ့ပေးအပ်လှုဒါန်းသော အခမ်းအနာ:ကို
စိုးလျှပ်ဖောင်ဒေးရှင်းဝန်းအတွင်းရှိ အေးငြိမ်းချမ်းသာ ဓမ္မဗိမ္မာန်တော်တွင်ယနေ့ မနက် ( ၁၀:၃၀ ) နာရီတွင် ဆောင်ရွှက်ပါသည်။


#နှစ်သစ်ဦးအလှူ

Photos from Hitachi Soe Electric and Machinery Co., Ltd.'s post 07/03/2026
Photos from အေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ's post 16/02/2026

🙏🙏🙏

Photos from SOE Electric Foundation's post 19/01/2026

သံဃဆေးရုံဥက္ကဌ ဒေါက်တာကျော်မင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်တို့၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဥ်းမနားမြို့သံဃဘေသဇ္ဇဌာနဝိဟာရ ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆရာဝန်ကြီးများအား ဖိတ်ကြားကာ ညစာနှင့်တည်ခင်းဧည့်ခံပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ညစာစားပွဲတွင် သံဃဆေးရုံ၏ လက်ရှိအခြေအနေများ၊ ပြန်လည်ဖွင့်လှစ်ပြီးနောက် ဆောင်ရွက်မည့် ဆေးကုသမှုဆိုင်ရာလုပ်ငန်းစဥ်များနှင့် အနာဂတ်တွင် ဆောင်ရွက်သွားမည့် ရည်မှန်းချက်များကို ပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး သံဃာတော်များနှင့် လူမှုအကျိုးပြု ဆေးကုသမှုနှင့်ဝန်ဆောင်မှုများကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။

17/01/2026

မယ်တော်ကြီး Happy Birthday ပါ ခင်ဗျာ 🎉

စိုးလျှပ်စစ်ဖောင်ဒေးရှင်း နာယက မိခင်ကြီး ဒေါ်ရီရီမာ ၏
ယနေ့ပြုရသော မွေးနေ့ကုသိုလ်အလုံးစုံတို့အား ဝေနေယျအပေါင်းတို့အား
ကုသိုလ်အမျှပေးဝေဌပါသည် 🙏

သက်ရှည် ကျန်းမာ နေပေးပါ 🙏

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာ့အကျိုး ကောင်းစွာ ပြုနိုင်နေပါစေ 🙏

Photos from SOE Electric Foundation's post 03/01/2026

နေပြည်တော် မာရသွန်ပြိုင်ပွဲ၏ မှတ်တမ်းပုံရိပ်များ

03/01/2026

နေပြည်တော် မာရသွန်ပြိုင်ပွဲ
နေပြည်တော်ကောင်စီ၏ လမ်းညွှန်မူ၊
နေပြည်တော် အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ စိုးလျှပ်စစ်ဖောင်ဒေးရှင်းတို့၏ ပူးပေါင်းဆောင်ရွှက်မူတို့ဖြင့်
မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်တို့က ပြိင်ပွဲကျင်းရေးပရေး ဆောင်ရွှက်မူတို့နှင့် နေပြည်​တော် မာရသွန်ပြိင်ပွဲကို
ယနေ့မနက် ၆ နာရီတွင် နေပြည်တော ဉပ္ပါတ္တသန္တိ ဘုရားကြီး တောင်ဘက် ရာဇဌာနီလမ်းကြီးတွင် ဆောင်ရွှက်ခဲ့ပါသည်။

နေပြည်တော် မာရသွန်ပြိုင်ပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဂျာဖန်နော်တောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဦးသန်းထွန်ဦး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ နေပြည်တော် ဒုတိယ မြို့တော်ဝန်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင်များ၊
ညွှန်ကြားရေးမူးချုပ်များ၊ နေပြည်တော် ဌာနဆိုင်ရာ အရာရှိကြီးများနှင့်အတူ စီုးလျှပ်စစ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ သီရိသုဓမ္မ မဏီဇော်တဓရ ဒေါက်တာကျော်မင်းထွန်း၊ ဒု ဥက္ကဋ္ဌ ဦးကောင်းထက်အောင် တို့ တက်ရောက်ခဲ့ကြပါသည်၊
ပြိုင်ပွဲကို ၂၁ ကီလိုမီတာ အလွတ်တန်းပြိုင်ပွဲ( ကျား/မ )၊ ၁၀ ကီလိုမီတာ ၁၆ နှစ်နှင့်အောက် ပြိုင်ပွဲ( ကျား/မ)၊ အသက် ၁၃ နှစ်နှင့်အောက် ပြိုင်ပွဲ( ကျား/မ) ၊ အတန်း( ၆ ) တန်းဖြင့် ကျင်းပပေးခဲ့ပါသည်၊
ယခု ပြိုင်ပွဲ တွင် အခြေခံပညာ ကျောင်းသား ကျောင်းသူများနှင့် အလွတ်တန်း ယှဉ်ပြိုင်ကြသော ကစားသမားဦးရေ ၈၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ကြပါသည်။
ထူးခြားမူအနေဖြင့် မနှင်းပွင့်အောင်သည် အမျိုးသမီးအလွတ်တန်းတွင် မြန်မာပြည်စံချိန် ချိုးနိုင်ခံပြီး၊
ပြိုင်ပွဲ၏ အသက်အကြီးဆုံး အမျီုးသမီး အလွတ်တန်းအားကစားသမား ( ၅၄ ) နှစ်ရှိသူတို့ ပန်းဝင်သည်အထိ ပါဝင်ယှဉ်ပြိုင်ပွဲခဲ့ပါသည်။

01/01/2026

လာခြင်းကောင်းသော မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ 🙏

Want your organization to be the top-listed Non Profit Organization in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


PO 008, Padonemar Street, Bawgawaddy Qt
Pyinmana
0067