TechK
Phone Number - 09899117563
Telegram - @Techkpma
28/08/2026
Onda SSD Sata 512Gb SecondHand ပစ္စည်း
အနည်းငယ်ရောက်ထားပါတယ်
OndaSSD 512Gb - 125000
နေပြည်တော် ပျဥ်းမနားအတွင်း
လာရောက်ဝယ်လို့ရပါတယ်ခင်ဗျာ
Phone - 09899117563
Announcement post ‼️📣
Hello မင်္ဂလာပါခင်ဗျာ🙆🏼
TechK ရဲ့ TechK Laptop & Digital Product Licensed Page ကနေ ကြိုဆိုပါတယ် ခင်ဗျာ.
TechK ရဲ့ Customer အဟောင်းတွေရော အသစ်တွေရော ဒီ page မှာ serviceများ ပြန်အပ်လို့ ရပါပြီဗျ🥰🥰
📍ပထမဆုံးမိတ်ဆက်ပေးချင်တာကတော့
❝ TechK❞ Laptop & Digital Product မှာရရှိနိုင်တဲ့ Service တွေနဲ့ပဲ ဖြစ်ပါတယ်ခင်ဗျာ
ကျွန်တော်ရဲ့ Page လေးကနေ ဝန်ဆောင်မှုပေးသွားမှာတွေကတော့...
➥ Window Installation & Software Installation Service ( Games & Office softwares )
➥ Fixing the software errors
➥ Checking & Solving the Windows drivers comflit
➥ Finding & Solving the Laptops & Desktops errors
➥ Cleaning Service ( Laptops & Desktops )
➥ Upgrading Service ( Laptops & Desktops )
တွေပဲဖြစ်ပါတယ်။
📌 နေပြည်တော်အတွင်း Door-to-door service လုပ်ပေးသလို Online Remote service လည်းလုပ်ပေးပါတယ်
📌ကိုယ်လိုချင်တဲ့ Service ပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့ Service Fees လေးတွေကလည်း အနည်းငယ်ကွာခြားမှုရှိနိုင်တာကြောင့် အသေးစိတ်စုံစမ်းလိုပါက Page Chat Box ( သို့ ) ☎︎09899117563 ဆက်သွယ်စုံစမ်းလို့ရပါတယ်
ခင်ဗျာ။
25/07/2026
🇯🇵 Japan TikTok Account များကို မြန်မာငွေ ၁၀၀၀၀ ကျပ် ဖြင့် TechK ဆီမှာ လာဖွင့်လို့ရပါပီနော်
သင်က Japan Region TikTok Account နဲ့ ဝင်ငွေရှာချင်နေပါသလား။
ဒါပေမဲ့ Japan acc ကိုလဲ ဝယ်ချင်တယ်ချင်တယ် အလိမ်ခံရမှာလဲ ကြောက်တယ်ဆိုရင်တော့
TechK ရဲ့ Page လေးကို Japan လို့ပို့လိုက်နော်
စိတ်မပူပါနဲ့! TikTok Account များကို စျေးနှုန်းသက်သာစွာနဲ့ အမြန်ဆုံး ဖွင့်ပေးနေပါပီ
ဘာကြောင့် ကျွန်တော်တို့ကို ရွေးချယ်သင့်သလဲ?
✅ Japan Region 100% အစစ်အမှန်
✅ လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူခြင်း
✅ အမြန်ဆုံးဝန်ဆောင်မှု ရရှိနိုင်ခြင်း
သူများသုံးပီးသား Acc တွေလဲ မဝယ်
ချင်ဘူး အလိမ်ခံရမှာလဲ ကြောက်တယ်ဆိုရင် ကျွန်တော် တို့ TechK ကို သတိရလိုက်ပါ
25/07/2026
Customer LaptopထဲAutoCAD 2018 နဲ့ SketchUp 2024 ထည့်ချင်ကြောင်းပြောလို့ ထည့်ပေးဖြစ်တာလေးပါဗျ။
AutoCAD 2018 And SketchUp 2024 Install, Crack & Testingပေးလိုက်ပါတယ်ဗျ။
24/07/2026
ရုံးလုပ်ငန်းများကို ပိုမိုမြန်ဆန် စနစ်ကျစေဖို့အတွက်
MS Office 365 Official လိုင်စင်
ကို ရွေးချယ်အားပေးခဲ့တဲ့အတွက်
အထူးပင် ကျေးဇူးတင်ရှိပါတယ်။
24/07/2026
**နေပြည်တော်က ဟိုတယ်ကြီးတစ်ခုမှ Microsoft Office 365 License များကို ယုံကြည်စိတ်ချစွာ အားပေးမှာယူသွားသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။**
လူကြီးမင်းတို့ ဟိုတယ်၏ ရုံးလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဒေတာ အချက်အလက်များ ပိုမို ချောမွေ့မြန်ဆန် စနစ်ကျစေရန်အတွက် ကျွန်ုပ်တို့ ရဲ့ MS Office 365 ကို ရွေးချယ်အားပေးခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူရပါသည်ခင်ဗျ.
> လူကြီးမင်းတို့ လုပ်ငန်းစုများ၊ ကုမ္ပဏီများနှင့် ဟိုတယ်/ဆိုင်ခွဲများအတွက်လည်း တိုက်ရိုက်အသုံးပြုနိုင်မည့် MS Office 365 Genuine License များကို အသက်သာဆုံး စျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။
> 📩 **အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Inbox မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။**
📞☎ PH NUMBER - 09899117563
Telegram -
03/05/2026
နေပြည်တော်မှာ ရှာရခက်တဲ့ Osmo Pocket 4 Creator Combo ကို TechK မှာ ရနိုင်ပြီ! 💎
လူတိုင်းလိုချင်နေကြတဲ့ Osmo Pocket 4 ရဲ့ Creator Combo ကို နေပြည်တော်မှာ ရှားရှားပါးပါး တစ်လုံးရောက်ထားပါတယ်။ မှာလိုက်ရင် ကြာမလား၊ ပစ္စည်း
စစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ကင်းဝေးအောင်
ပျဥ်းမနား မြို့ထဲမှာတင် ကိုယ်တိုင်လာကြည့်ပြီး ဝယ်လို့ရပါတယ်.
Creator တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အစုံအလင်ပါဝင်တဲ့ ဒီ Combo Set က သင့်ရဲ့ Content creation ခရီးလမ်းကို ပိုပြီး လွယ်ကူလှပစေမှာပါ။
အသေးစိတ်ကို Comment မှာ မေးမြန်းနိုင်သလို Chat box ကနေလည်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ။ 📩
Phone Number - 09899117563 ☎📞
Osmo Pocket 4 ရဲ့ အဓိကအားသာချက်တွေကို အောက်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်
၁။ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ Slow Motion
4K/240fps: အရင် Pocket 3 မှာ 120fps အထိပဲ ရခဲ့ပေမဲ့ အခု Pocket 4 မှာတော့ 4K resolution နဲ့တင် 240fps အထိ ရိုက်ကူးနိုင်လို့ ပိုပြီးကြည်လင်တဲ့ Ultra Slow-motion ဗီဒီယိုတွေ ရနိုင်မှာပါ။
14-Stop Dynamic Range: 1-inch CMOS sensor ကိုပဲ ဆက်သုံးထားပေမဲ့ Dynamic Range က 14-stop အထိ မြင့်တက်လာလို့ အလင်းအမှောင် အရမ်းကွာတဲ့နေရာတွေ (ဥပမာ- နေဝင်ချိန် ဒါမှမဟုတ် နေပြင်းတဲ့အချိန်) မှာ အသေးစိတ်အချက်အလက်တွေကို ပိုမိုပီပြင်စွာ ရိုက်ကူးနိုင်ပါတယ်။
၂။ ပိုမိုစမတ်ကျလာတဲ့ နည်းပညာများ
ActiveTrack 7.0: လူ၊ တိရစ္ဆာန်နဲ့ ကားတွေကို ခြေရာခံတဲ့စနစ်က ပိုပြီးတိကျမြန်ဆန်လာပါတယ်။ အရာဝတ္ထုတစ်ခုခုက ကြားထဲမှာ ခေတ္တကွယ်သွားရင်တောင် ပြန်ပြီး အမိအရ ဖမ်းနိုင်စွမ်း ပိုကောင်းလာပါတယ်။
Lossless Zoom: 2x lossless zoom ပါဝင်လာလို့ အဝေးကအရာတွေကို ဆွဲရိုက်ရင်လည်း ပုံရိပ်ကြည်လင်မှုကို ထိခိုက်မှုနည်းစေပါတယ်။
၃။ Hardware ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ
Built-in Storage (107GB): အရင်လို SD card မေ့ကျန်ခဲ့မှာ ပူစရာမလိုတော့ပါဘူး။ စက်ထဲမှာတင် 107GB internal storage ပါဝင်လာပြီး file transfer speed ကလည်း 800MB/s အထိ မြန်ဆန်ပါတယ်။
1000-nit OLED Screen: လှည့်လို့ရတဲ့ Screen က အရင်ထက် ပိုလင်းလာလို့ (1000 nits) အပြင်မှာ နေပူထဲရိုက်ရင် ပိုပြီး မြင်သာစေပါတယ်။
Physical Buttons: Screen အောက်မှာ Zoom ဆွဲဖို့အတွက်နဲ့ တခြား functions တွေအတွက် ခလုတ်အသစ် ၂ ခု ထပ်တိုးလာလို့ အသုံးပြုရတာ ပိုမြန်ဆန်လာပါတယ်။
၄။ ဘက်ထရီနဲ့ အသံပိုင်းဆိုင်ရာ
ဘက်ထရီသက်တမ်း: 1080p နဲ့ ရိုက်ရင် မိနစ် ၂၄၀ (၄ နာရီ) နီးပါးအထိ ခံပြီး အားပြန်သွင်းရင်လည်း ၁၈ မိနစ်အတွင်း ၈၀% အထိ အားအမြန်တက်ပါတယ်။
OsmoAudio: 4-channel recording စနစ်သစ်ကြောင့် အသံကို ပိုပြီး Professional ဆန်ဆန် ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။
အကျဉ်းချုပ်ပြောရရင်:
သင်ဟာ Vlog ရိုက်တာပဲဖြစ်ဖြစ်၊ ခရီးသွားမှတ်တမ်းတွေ ရိုက်တာပဲဖြစ်ဖြစ် Pocket 4 ရဲ့ built-in storage နဲ့ 4K/240fps capability က တကယ့်ကို အသုံးတည့်မယ့် အချက်တွေပါပဲ။
11/04/2026
Microsoft Office 365 (1 Year License)
ဘယ်နေရာတွေမှာ သုံးလို့ရမလဲ?
✅ Excel, PowerPoint, Word (Full Features)
✅ Windows Laptop & MacBook
✅ iPad & Android Tablets
✅ Smartphones
Microsoft Office Crack Version တစ်ခါသွင်းတိုင်း Service ကြေးတွေ ခဏခဏ ပေးနေရလို့ စိတ်ညစ်နေပြီလား? 😫
ပုံမှန်ဆိုရင် တစ်နှစ်ကို (၂ သိန်းကျော်) ဝန်းကျင်အထိ ကျသင့်တတ်ပေမယ့် အခု ကျွန်တော်တို့ဆီမှာတော့ တစ်နှစ်စာကို (၅၀၀၀၀ကျပ်) တည်းနဲ့ ရရှိနိုင်ပါပြီ။
ဘာလို့ Official License ကို သုံးသင့်တာလဲ?
Safety First: Crack Version တွေ သုံးစွဲခြင်းဟာ တရားမဝင်သလို (Illegal ဖြစ်သလို) Virus နဲ့ Malware အန္တရာယ်တွေလည်း ရှိနိုင်ပါတယ်။
Cost-Effective: တစ်နှစ်မှ ၅၀၀၀၀ကျပ် ဆိုတော့ တစ်လကို (၅၀၀၀) ကျပ်တောင် မကျသင့်ပါဘူး။ Official Version ကို စိတ်ချလက်ချ သုံးရတာလောက် ဘာမှမတန်ပါဘူး။
Multi-Device Support: Account တစ်ခုတည်းနဲ့တင် Device (၅) လုံးအထိ တစ်ပြိုင်နက် ဝင်ရောက်အသုံးပြုနိုင်ပါတယ်။
နေပြည်တော် ပျဥ်းမနား အတွင်းဆိုရင် အိမ်တိုင်ရာရောက်
လာရောက်ထည့်သွင်းပေးပါတယ် ခင်ဗျာ
@
📩 စိတ်ဝင်စားတယ်ဆိုရင် Page Messenger ကနေ တစ်ဆင့် အသေးစိတ် ဆက်သွယ်မေးမြန်း မှာယူနိုင်ပါပြီခင်ဗျာ။
Phone Number - 09899117563
@nayptitaw
06/03/2026
နာမည်ကြီး Page တွေကပါ သောက်တလွှဲတွေ ထတင်နေကြလို့
နည်းနည်းလေး ရှင်းပြဦးမယ်
IMEI Status မှာ Correct
Tax Payment Status မှာ Paid
Device Blocking Status မှာ Allowed ဆိုပြီး
(၃) ခုစလုံး မဖြစ်မနေ စိမ်းနေဖို့ မလိုပါဘူး
Tax Payment Status မှာ Unpaid ပြနေတိုင်း လန့်မနေပါနဲ့။
ဒါက အရင်တုန်းက ဒီဖုန်း မြန်မာပြည်ထဲ ဝင်လာတုန်းက တရားဝင် အခွန်ဆောင်ပြီး သွင်းလာတာမဟုတ်လို့ မှတ်တမ်းကို အမှန်အတိုင်း ပြနေရုံသက်သက်ပါ။ အခွန် သွားဆောင်စရာ လုံးဝ(လုံးဝ) မလိုပါဘူး။
အဓိက အရေးအကြီးဆုံးက အောက်ဆုံးက Device blocking status မှာ Allowed ဖြစ်နေရင် ရပီ
Allowed ပြနေရင် ခင်ဗျားတို့ ဖုန်းကို ပိတ်မပစ်ဘူး၊ ဆက်သုံးခွင့် ပေးထားပါတယ်လို့ 🥵
ထုတ်ထားတဲ့ ကြေညာချက်စာရွက်ရဲ့ အပိုဒ် (၃) ကို သေချာ ပြန်ဖတ်ကြည့်ပါ။
လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေကို အခွန်ပေးဆောင်ရန် မလိုအပ်ဘဲ အလိုအလျောက် စာရင်းသွင်းပေးသွားမယ်လို့ ရေးထားပြီးသားပါ။
အဓိကက ၂၀၂၆ မတ်လ (၃၁) ရက် မတိုင်ခင် ဖုန်းထဲမှာ ပြည်တွင်းဆင်းကတ်တစ်ခုခု ထည့်ပြီး သုံးနေဖို့ပဲ လိုတာ
Page ကြီးတွေအနေနဲ့လည်း သေချာနားမလည်ဘဲ လျှောက်မရေးကြပါနဲ့။
ပြည်သူတွေလည်း Unpaid ဆိုတဲ့ စာတန်းလေးတွေ့တာနဲ့ အလကားနေရင်း ငွေကုန်ကြေးကျခံပြီး အခွန်သွားဆောင်ဖို့ မလုပ်ကြပါနဲ့။
ကိုယ့်ဖုန်းအောက်ဆုံးက Status မှာ Allowed ဖြစ်နေရင် ဘာမှလုပ်စရာမလိုဘူး၊ ပုံမှန်အတိုင်းသာ ဆက်သုံးပါ။ ရှင်းပြီလား။ 🥵
06/03/2026
မိမိလက်ရှိကိုင်သုံးနေတဲ့ ဖုန်းဟန်းဆက်က C.E.I.R ထဲမှာ
correct / paid / allowed ဖြစ်နေပြီလားဆိုတာ စစ်နိုင်တဲ့ တရားဝင် website လေးပါ။
( ပုံထဲကအတိုင်း အကုန်လုံးစိမ်းနေမှသာ March 31 နောက်ပိုင်းမှာ မိမိတို့ ဟန်းဆက်က SIM အားလုံးနဲ့ ဆက်လက်အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။ )
အခု website ထဲကိုဝင်ပြီးတော့
မိမိတို့ ဖုန်းဟန်းဆက်ရဲ့ IMEI ကို
( * #06 # ကို ဖုန်းခေါ်တဲ့နေရာမှာ ရိုက်ထည့်လိုက်ရင် IMEI ကြည့်လို့ရပါတယ် )
ထည့်ပြီးတော့ စစ်ကြည့်နိုင်ပါတယ်။
ပုံထဲကအတိုင်း Correct / Paid / Allowed ဖြစ်နေရင်တော့
မြန်မာက SIM Card အားလုံးနဲ့ ဆက်လက်အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။
Website Link ကို comment မှာ တင်ပေးထားပါတယ်
----------
တစ်ချို့ နားလည်မှုလွဲနေတာတွေ့ရပါတယ်။
အဓိကစစ်တာက ဟန်းဆက်ပါ။
ဟန်းစက်မှာပါတဲ့ IMEI က ခွင့်ပြုစာရင်းထဲမှာ မရှိထားရင်
ဘယ် sim card ထည့်ထည့် အဲ့ဒီဟန်းဆက်က လိုင်းတက်မှာမဟုတ်ပါဘူး။
Sim Card Register က သီးသန့်သပ်သပ်ပါ။
အခုဟာနဲ့ မဆိုင်ပါဘူး။
---------
အခုလိုစစ်တာက စာထုတ်လာတဲ့အတိုင်းစစ်လို့ရတယ်ပြောလို့ စစ်လို့ရအောင်လေးတင်ပေးလိုက်တာပါ။
စာထဲမှာ သေချာမရှင်းသေးလို့ လက်ရှိမှာ အကုန်စိမ်းတယ်ဆိုရင်တော့
အဆင်ပြေပြီလို့ထင်ပါတယ်။
နောက်ဆက်တွဲစဉ်းစားစရာတွေကျန်ပါသေးတယ်။
အဲ့ဒီဖုန်းက all sim ရသွားမှာလား၊
ဒါမှမဟုတ် ကိုယ်ထည့်ထားတဲ့ sim နဲ့ပဲ allow ဝင်သွားမှာလားတွေပေါ့။
သေချာထပ်သိရရင် ထပ်တင်ပေးပါမည်။
Contact the business
Website
Alerts
Be the first to know and let us send you an email when TechK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.