Pyinmana Education Center - PEC

Pyinmana Education Center - PEC

Share

PEC Education centerမှကြိုဆိုပါတယ်

16/06/2022

အောင်သွားတဲ့ ကလေးတွေအားလုံးအတွက် ဝမ်းသာဂုဏ်ယူပါတယ် ကျန်ခဲ့တဲ့ကလေးများလည်း အကောင်းဆုံးကြိုးစားလို့ရပါသေးတယ် စိတ်မညစ်ပါနဲ့

16/06/2022

၂၀၂၂ ခုနစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူဦးရေနှင့် အောင်ချက်ရာခိုင်နှုန်း အခြေပြဇယား

Pyinmana Education Center - PEC 16/06/2022

အောင်စာရင်းတွေသိရသလောက် linkထဲမှာတင်ပေးထားပါတယ် join ပီးကြည့်ပါ

Pyinmana Education Center - PEC PECမှကြိုဆိုပါတယ်👨‍🎓👩‍🎓

Photos from Pyinmana Education Center - PEC's post 16/06/2022

အပေါက်ဝတဲ့ အောင်စာရင်း

Telegram linkမှလည်း ကြည့်ရူနိုင်သည်။
https://t.me/PyinmanaEducationCenter

16/06/2022

၁၇ . ၆. ၂၀၂၂ မနက် ၄ နာရီမှစ၍ ဒီ link ကနေ
http://www.myanmarexam.org ဝင်ရောက်ကြည့်ရူနိုင်ပါသည်။
-------------------------------------
အောင်စာရင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
ဒီ link ကို joinထားပြီး ကြည့်နိုင်သည်။ https://t.me/PyinmanaEducationCenter

30/04/2022

ဘယ်အတန်းပီးရင် ဘယ်အတန်းတက်ရမလဲဆိုတာမေးနေသူများအတွက်
crd

23/04/2022

ဆယ်တန်းအဖြေလွှာများစစ်ဆေး
ခြင်းကို25ရက်နေ့မှ 30ရက်နေ့အထိအပြီးစစ်ဆေးမှာဖြစ်ပြီး
အောင်စာရင်းကိုတော့ဇွန်လဒုတိယပတ်မှာထွက်ဖို့
ပညာရေးဋ္ဌာနကလျာထားလျက်ရှိပါသည်

20/04/2022

#အခြေခံပညာရေးစနစ်သစ်သင်ရိုးအကြောင်း

ယခုသွားးနေတဲ့သင်ရိုးပုံစံအတန်းများ

ကKG+5/4/3ပါ။

မူလတန်းပညာရေးစနစ်ကKGပါရင်6နှစ်

အလယ်တန်းပညာရေးစနစ်က4နှစ်

အထက်တန်းပညာရေးစနှစ်က၃နှစ်ပါ​။

#၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင်ရှိနေမည့်

စနစ်သစ်၊စနစ်ဟောင်းအတန်းများ။

#မူလတန်းအဆင့်(အားလုံးစနစ်သစ်
သင်ရိုးဖြစ်ပါတယ်)

KG+5ပါ။
kg(စနစ်သစ်သင်ရိုးပြောင်းပြီး)

Grade1(စနစ်သစ်သင်ရိုးပြောင်းပြီး)

Grade2(စနစ်သစ်သင်ရီုးပြောင်းပြီး)

Grade3(စနစ်သစ်သင်ရိုးပြောင်းပြီး)

Grade4(စနစ်သစ်သင်ရိုးပြောင်းပြီ)

Grade5((ယခုနှစ်စပြောင်းမည့်စနစ်သစ်သင်ရိုးပါ)

#အလယ်တန်းအဆင့်

Grade6(စနစ်သစ်သင်ရိုးပြောင်းပြီး)

Grade7(စနစ်သစ်သင်ရိုးပြောင်းပြီ)

Grade8(ယခုနှစ်စပြောင်းမည့်စနစ်သစ်သင်ရိုးပါ)

Grade9(စနစ်ဟောင်းအဌမတန်းပါ)(​​သင်ရိုးသစ်ပြောင်းရန်ကျန်ဆဲနှင့်၂၀၂၃ -၂၀၂၄ပညာသင်နှစ်တွင်ပြောင်းပါမည်)

#အထက်တန်းအဆင့်

Grade10(စနစ်သစ်သင်ရိုးပြောင်းပြီး)

Grade 11(ယခုနှစ်စပြောင်းမည့်စနစ်သစ်သင်ရိုးပါ)

Grade11 old courseစနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲကယခုနှစ်ဆက်ရှိနေအုံးမှာပါ။

Grade 12(၂၀၂၃-၂၀၂၄ပညာသ​င်
နှစ်တွင်100%စနစ်သစ်သင်ရိုးပြောင်းမှာပါ)

မှတ်ချက်။စနစ်သစ်ပညာရေးစနစ်အတန်းအားလုံး

သင်ရိုးကူးပြောင်းမူ့သည်၂၀၂၂-၂၀၂၃ပညာသင်နှစ်

တွင်အလုံးစုံကူးပြောင်းပြီးဖြစ်ရမည်ဟုပညာ​ရေး

စီမံကိန်းထားရှိသော်လည်းcovid19​​ကြောင့်

၂၀၂၀-၂၀၂၁ပညာ သင်နှစ်စာသင်ကျောင်း

များရပ်နားထားမူ့ကြောင့်၂၀၂၃-၂၀၂၄ပညာသင်နှစ်

တွင်အလုံးစုံကူးပြောင်းပြီးဖြစ်ပါသည်။

လေ့လာသိရှိရသောအချက်အလက်များအား

မျှဝေပေးခြင်းဖြစ်ပါတယ်။

Credit
ဦးညီပေါက်
၂၀-၄-၂၀၂၂

20/04/2022

တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း )၂၂/၂၃ ပညာသင်နှစ်မှာ နောက်ဆုံးနှစ်ဖြစ်ပြီး အပြင်ဖြေ အဖြစ်သာခွင့်ပြုတော့မည်

20/04/2022

ဇွန်လ ၂၀၂၂ တွင် ရှိလာမည့် အတန်းများ နှင့်
ပျောက်သွားမည့်အတန်း
______________________________
လာမည့် ပညာသင်နှစ် ၂၀၂၂/၂၃ တွင်
ပဉ္စမတန်း(စနစ်သစ်)၊ အဌမတန်း(စနစ်သစ်)
နှင့် ဧကာဒဿမတန်း(စနစ်သစ်)တို့ ရှိလာရမည်
ဖြစ်ပါသည်။

၂၀၂၁/၂၂ ပညာသင်နှစ်က စတုတ္ထတန်း
(စနစ်သစ်)အောင် ကျောင်းသား/သူဟာ
၂၀၂၂/၂၃ ပညာသင်နှစ်မှာ ပဉ္စမတန်း(စနစ်သစ်)
ကို ဆက်လက် တက်ရောက်ရမည် ဖြစ်သည်။
ပဉ္စမတန်း(စနစ်သစ်) စာအုပ်များ ထွက်လာပြီး
ဖြစ်ကာ ဆရာ/မ Training များစတင်ပြီ
ဖြစ်ပါတယ်။

၂၀၂၁/၂၂ ပညာသင်နှစ်က သတ္တမတန်း
(စနစ်သစ်)အောင် ကျောင်းသား/သူဟာ
၂၀၂၂/၂၃ ပညာသင်နှစ်မှာ အဌမတန်း(စနစ်သစ်)
ကို ဆက်လက် တက်ရောက်ရမည် ဖြစ်သည်။
ဒါကြောင့် ယခုလာမယ့် စာသင်နှစ် ၂၀၂၃/၂၃မှာ
အဌမတန်း(စနစ်သစ်)ဟာ ရှိကို ရှိရမှာ ဖြစ်ပါတယ်။
အဌမတန်း(စနစ်သစ်)စာအုပ် အပြင်ထွက်(leak)
လာတာ မကြားသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁/၂၂ ပညာသင်နှစ်မှာ သတ္တမတန်း
(စနစ်ဟောင်း) ရှိခဲ့ပါတယ်။သတ္တမတန်း(စနစ်
ဟောင်း) အောင်လာတဲ့ ကျောင်းသား/သူဟာ
စနစ်သစ်ကို ပြောင်းရင် နဝမတန်း(စနစ်သစ်)ကို
တက်ရမှာပါ။ဒါပေမယ့် လာမယ့် ၂၀၂၂/၂၃ပညာ
သင်နှစ်မှာ နဝမတန်း(စနစ်သစ်)သင်ရိုး ရေးဆွဲ
မပြီးသေးဘဲ နဝမတန်း(စနစ်သစ်)သင်ရိုးနဲ့
ဒွါဒဿမတန်း(စနစ်သစ်)သင်ရိုးတို့ကို ၂၀၂၃/၂၄
ပညာသင်နှစ်မှသာ စတင် သင်ကြားမှာ ဖြစ်လို့
ယခုစာသင်နှစ် ၂၀၂၂/၂၃ ပညာသင်နှစ်မှာ
အဌမတန်း(စနစ်ဟောင်း)ကိုပဲ ဆက်လက်
တက်ရောက်ရမှာ ဖြစ်ပါတယ်။
ဒီ့အတွက် ယခုလာမယ့် စာသင်နှစ် ၂၀၂၃/၂၃မှာ
အဌမတန်း(စနစ်သစ်)ဟာ ရှိကို ရှိရမှာ ဖြစ်ပါတယ်။
အဌမတန်း(စနစ်သစ်)စာအုပ် အပြင်ထွက်(leak)
လာတာ မကြားသိရသေးပါ။
ဒါကြောင့် ဇွန်လ ကျောင်းပြန်ဖွင့်ရင်
၈တန်း(အဌမတန်း) အတွက် စနစ်သစ်လည်း
ရှိ၊စနစ်ဟောင်းလည်း ရှိနေမှာပါ။

ပြီးခဲ့တဲ့ စာသင်နှစ်က ပဉ္မမတန်း(စနစ်သစ်)မရှိခဲ့လို့
ပဉ္မမတန်း(စနစ်သစ်)အောင် ကျောင်းသား/သူ မရှိခဲ့ပါ။
ပဉ္မမတန်း(စနစ်သစ်)အောင်ရင် ဆဌမတန်း(စနစ်သစ်)
အတန်းဟာ အခုလာမယ့် စာသင်နှစ်(၂၀၂၂/၂၃)မှာ
ရှိမှာ မဟုတ်ပါ။

ယခု ပညာသင်နှစ်၂၀၂၂/၂၃ နှစ်မှာ ဧကာဒဿမတန်း
(စနစ်သစ်)စတင်မှာဖြစ်ပါတယ်။

၂၀၂၁/၂၂ နဲ့ ၂၀၂၂/၂၃ ပညာသင်နှစ် နှစ်ခုမှာ ရှိတဲ့
အတန်းများကို အောက်မှာ ဖော်ပြထားပါတယ်။
အဝါရောင်လေးတွေနဲ့ ဘောင်ခတ်ထားတာကတော့
အခုနှစ်မှ စ ရှိလာမယ့် အတန်းသစ်များဖြစ်ပါတယ်။

Credit

Photos from Pyinmana Education Center - PEC's post 07/04/2022

ကျောင်းပြောင်း

၁။ ၂၀၂၀မှာအောင်ပြီးနေ့သင်တန်းလျှောက်ထားတဲ့ကလေးတွေက ၁၂.၅.၂၀၂၂ မှာစတက်ရမယ်။

၂။‌ဝင်ခွင့်ကျထားတယ်။ကျောင်းပြောင်းလျှောက်ချင်တဲ့ကလေးတွေက ၄.၄.၂၀၂၂ ကနေ ၂၇.၅.၂၀၂၂ အထိ ပြောင်းခွင့်ရှိတယ်။ရုံးပိတ်ရက်တော့ပြောင်းမရဘူး။

၃။နေ့သင်တန်းတက်မဲ့သူတွေရဲ့ ကျောင်းအပ်ရက်က ၁၈.၄.၂၀၂၂ ကနေ ၂၇.၄.၂၀၂၂ အထိပါ။အဝေးသင်တွေအတွက်က ရက်မထွက်သေးပါ။

၄။ (က) ကနေ (ဋ) အထိ ကျောင်းတွေကို လျှောက်လို့မရတော့ပါ။

၅။ကျောင်းပြောင်းခြင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်များကို စာထဲမှာရှင်းပြထားပါတယ်။

၆။ကျောင်းပြောင်းမယ်ဆိုရင် ပြောင်းမဲ့ကျောင်းရဲ့
သတ်မှတ်ထားတဲ့အချက်အလက်တွေကိုက်ညီရမယ်။
ဝင်ခွင့်ပြုအနိမ့်ဆုံးအမှတ်မီရတယ်။မဟုတ်ရင်ပြောင်းလို့မရပါ။

*အခုစာကဝင်ခွင့်သိရတဲ့ သူများအတွက်သီးသန့်ပါ။မသိရသေးတဲ့သူတွေက ဖောင်တင်ခဲ့တဲ့နေရာမှာ သွားစုံစမ်းကြပါ။လုံးဝမတင်ရသေးတဲ့သူတွေက
အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်)ကို သွားတင်ရပါမယ်။*

Credit.......

07/04/2022

25.4.2022
တက္ကသိုလ်ဝင်တန်း စာစစစ်ပါမည်

Want your school to be the top-listed School/college in Pyinmana?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


10 Street
Pyinmana
15012

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00