Hsu Yati Japanese Language Center

Hsu Yati Japanese Language Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu Yati Japanese Language Center, Language school, Bo Gyoke Street, Pyinmana.

17/01/2026

🇯🇵 2026 October Intake 🇯🇵

2026 October မှာ ဂျပန်သွားပြီး
Japanese Language School တက်ချင်တဲ့သူတွေ အတွက် ✨

ကျောင်းသား (၅)ဦးစာပဲ ကျန်တော့တာမို့

ဒီလ January 30ရက်နေ့ နောက်ဆုံး Data Information အပြီးရထားဖို့လ်ိုပါတယ်

📍 Miyazaki, Kobe, Osaka,Hiroshima,Chiba,Himeji စသည့် မြို့များရှိ Japan Language School
✔️ Hsu Yati JLC မှ မြန်မာ senior ကျောင်းသားများစွာ တက်ရောက်နေပြီးသား
✔️ COE 100% အောင်မြင်ထားတဲ့ ယုံကြည်စိတ်ချရတဲ့ကျောင်း

📚 လျှောက်ထားနိုင်သူများ

✅ အထက်တန်းအောင်မြင်ပြီးသူ
✅အသက် 18–25 နှစ်အတွင်း(တချို့ကျောင်းတွေ ၃၀ကျော်လဲရ
✅N5 ပြီးထားပြီးသူ (သို) N4 လေ့လာနေဆဲ ကျောင်းသားများ

💻 Interview အတွက်လည်း
နေပြည်တော်မြို့ရှိကျောင်းသားများသည် ကျောင်းတွင်၎င်း၊ တခြားမြို့ရှိကျောင်းသားများကို Zoom မှ အခမဲ့ လေ့ကျင့်ပေးပါတယ် 🙌

သတ်မှတ်လူဦးရေပြည့်တာနဲ့ ချက်ချင်းပိတ်ပါမည်။

📩 Phone< Viber

06/01/2026

🇯🇵🗣️ဂျပန်စကားပြောသီးသန့် အပြင်တန်း! ⛩️

😍ဒီအတန်းကို Founder Sensei ကိုယ်တိုင် Train ပေးပြီး Assisitant Teacher နဲ့ နှစ်ယောက်အတူ ဂျပန်စကားပြောကို အခြေခံနေ့စဉ်သုံးများမှတဆင့် ကျွမ်းကျင်စွာပြောထွက်လာအောင် အပတ်စဉ်/လစဉ် ဖွင့်လှစ်သင်ကြားပေးပါမည်။

🗣️ကဲ ဒါဆို ဘယ်သူတွေ လေ့ကျင့်သင့်သလဲဆိုရင်

🍀ဂျပန်စာ နားလည်ပေမဲ့ မပြောရဲသေးသူ

🍀Grammar သိပေမဲ့ စကားပြော မထွက်လာသေးသူ

🍀မကြာမှီ 2026 April မှာ ကျောင်းသွားတက်ကြတော့မည့်ကျောင်းသား/သူများ အချိန်ပိုင်းအလုပ်လုပ်ရာတွင် စကားပြောကျွမ်းကျင်ထားချင်သူများ

🍀အလုပ်/ကျောင်း အင်တာဗျူးအတွက်လေ့ကျင့်ချင်သူများ
တက်ရောက်နိုင်ပါတယ်

👌Level ခွဲမထားတဲ့အတွက် Beginner မှစ၍ OK ပါတယ်🆗

🫴Class Features👈

✳️Daily Conversation-Speaking အဓိကထား

✳️Short & Easy Speaking Patterns> Practice>Confidence

✳️Voice (Homework)အပတ်စဉ်ပါမည်

✳️Mistake မကြောက်ဘဲ ပြောတတ်လာအောင် ဆရာမ ၂ယောက်က အထူးအနီးကပ် လေ့ကျင့်ပေးမည့်ဒီအတန်းလေးသည် Hsu Yati JLC မှာပဲ ရှိပါတယ်နော်

👩‍🏫Small Group (6-10 Students) လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး Register လုပ်ထားပေးပါနော်

Hsu Yati JLCက 2026 April မှာ ကျောင်းသွားတက်မဲ့သူတွေအတွက် Special Promotion လုပ်ပေးတာမို့ 50000-Ksနဲ့ပဲ လစဉ်ဖွင့်ပေးသွားမှာပါ

📩 📲Phone< Viber

01/01/2026

2026 နှစ်သစ်သို့ ဂျပန်လို နှစ်သစ်ဆုတောင်း ကို အသုံးများတဲ့ပုံစံတွေ အောက်မှာ အခြေအနေအလိုက် ပြောပြပေးမယ်နော်👇

အောက်ဆုံးထိဖတ်နော်😘
⸝

🎍 အများဆုံးသုံးတဲ့ ဆုတောင်း

あけましておめでとうございます。
(Akemash*te omedetō gozaimasu)

👉 မင်္ဂလာပါနှစ်သစ်ပါ (ယဉ်ကျေး / အလုပ်၊ ဆရာ၊ မိတ်ဆွေကြီးများ)

あけましておめでとう。

👉 သူငယ်ချင်း၊ ရင်းနှီးသူတွေကို ပြောတဲ့ ပေါ့ပေါ့ပါးပါးပုံစံ

⸝

🙇‍♀️ “ဒီနှစ်လည်း အားပေးပါ” ဆိုတဲ့စကား

今年もよろしくお願いします。
(Kotoshi mo yoroshiku onegaishimasu)

👉 ဒီနှစ်လည်း ဆက်လက်ကူညီပေးပါ / အားပေးပါ

(နှစ်သစ်ဆုတောင်းနဲ့ အမြဲတွဲသုံးကြပါတယ်)

⸝

🌸 နည်းနည်းပိုနွေးထွေးအောင် ပြောချင်ရင်

皆さまにとって良い一年になりますように。
👉 လူတိုင်းအတွက် ကောင်းမွန်တဲ့ နှစ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်

健康と幸せをお祈りします。
👉 ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ဆုတောင်းပါတယ်

⸝

📱 SNS / Message ပို့ပြီး ဆုတောင်းပေးချင်ရင်အသုံးများတဲ့ ပုံစံ

🎍あけおめ🎍ことよろ!
👉 あけましておめでとう+今年もよろしく
(သူငယ်ချင်းတွေကြားမှာပဲ သုံးနော်)

⸝

🧑‍🏫 သင်တန်း/ကျောင်းမှာ တူတူတက်နေတဲ့သူတွေအတွက်ဆိုရင်တော့

あけましておめでとうございます。
今年も一緒に日本語をがんばりましょう。
👉 နှစ်သစ်မင်္ဂလာပါ။ ဒီနှစ်လည်း ဂျပန်စာကို အတူတူ ကြိုးစားကြရအောင်နော်🥰🥰🥰

じゃ အောက်ဆုံးကြောင်းလေးတော့ သေချာလိုက်နာကြစို့နော်😘

Photos from Hsu Yati Japanese Language Center's post 21/12/2025

ဂျပန်စာ အခြေခံ မှ စလေ့လာလိုသူများအတွက်

ကျောင်းသုံး သင်တန်းသုံး N5အခြေခံ နှင့်ဆိုင်သော စာအုပ်များ
ကျောင်းသို့လာဝယ်လို့ရပါတယ်

Online/Offline မှာယူနိုင်ပါပြီ

ကျောင်းလိပ်စာ- ပျဉ်းမနားအမှတ်-၁ကျောင်း
အကျော်၊ နေပြည်တော်ဝင်းစားသောက်ဆိုင်
မျက်စောင်းထိုး၊ အာဟာရသုခစျေးကြီးအနီး

ဖုန်းနံပါတ် -09-441557706(Viber)မှလဲ ဆက်
သွယ်မှာယူလို့ရပါတယ်

08/12/2025

☘️Kaigo Scholar လျှောက်ချင်သူများအတွက်🍀

ကဲ JLPT အပြီး 2026 October Intake အတွက်

1+3 Tokutei သူ-နာ-ပြု-အကူ စကော်လာ လျှောက်ထားလိုသူများ ခေါ်ယူပါမယ်

(LS 1Year အပြီး အလုပ်တခါတည်း မိတ်ဆက်ပေးမည့်အစီအစဉ်ဖြစ်ပါတယ်)

သတ်မှတ်ချက် ပြည့်သူများ LS 1Year ကျောင်းလခ ၁၀၀% ချေးငွေ လွတ်ငြိမ်းခွင့် ရရှိပါမယ်

💎လိုအပ်ချက်များ

၁-အသက် ၁၈မှ ၂၅နှစ်အတွင်း ကျန်းမာရေးကောင်းမွန်သူ အမျိုးသမီးလေးများ

၂- အထက်တန်း အောင်ထားပြီး ဘွဲ့မရသေးသူ

၃- JLPT N4 passed (အောင်စာရင်း စောင့်နေသူများလည်း လျှောက်ထားနိုင်ပါတယ်)

၄- ဇူလိုင်လတွင် JLPT N3 ဖြေပေးနိုင်သူ

၅-တိုခုတေး သူ-နာ-ပြုအကူ မြန်မာဂျပန် အောင်လက်မှတ် မရထားသေးသူ

၆-အင်တာဗျူးချိ န်မှစပြီး COE အဖြေထွက်သည်
အထိ ကျောင်း Agency ဘက်မှ ပို့ချပေးမည့် သင်တန်းများ တက်ပေးနိုင်သူ(သတ်မှတ်ချက်ပြည့်သူများ သင်တန်းကြေးအခမဲ့)

💸ခန့်မှန်းကုန်ကျစရိတ်💵

အဆောင်ခ ၃လစာ၊ လေယာဉ်ခ၊ စာရွက်စာတမ်းကြေး၊ ကျောင်းလျှောက်ခ အားလုံးအပါ
မြန်မာငွေ သိန်း ၁၀၀ အတွင်းသာ ကုန်ကျပါမယ်

⛲️အင်တာဗျူးအောင်ပြီးနောက်ပိုင်း ဂျပန်စာ အရည်အချင်း တိုးတက်မှုအနေအထားနှင့် ကျောင်းခေါ်ချိန် သတ်မှတ်ချက်ပြည့်သူများအတွက်လည်း ကုန်ကျငွေ ချေးယူနိုင်ပါမယ်

🗽စိတ်ဝင်စားသူများ🗽

၁- အထက်တန်းအောင်လက်မှတ်

၂-JLPT N4 အောင်လက်မှတ်နှင့် အမှတ်စာရင်း
(JLPT N4 ဖြေထားစဲဖြစ်ပါက ဖြေထားကြောင်း အထောက်အထား)များပေးပို့ပြီး

🚦2026 ဖေဖေါ်ဝါရီ 28ရက်နေ့ 🚦

နောက်ဆုံးထားပြီး စာရင်းသွင်းနိုင်ပါပြီ

🎉ပထမအဆင့် လူရွေးချယ်မှုစာရင်းအား

မတ်လ ၁၀ရက်နေ့တွင် ထုတ်ပြန်ပေးသွားပါမယ်

Photos from Hsu Yati Japanese Language Center's post 07/12/2025

🍀🍀🍀ကဲ အားလုံး ရင်တုန်မှုများစွာနဲ့ ဖြေဆိုပြီးကြပါပြီ🥰

💐အားလုံးပဲ အောင်မြင်ကြပါစေ😍

🌷ဖြေနိုင်ခဲ့သည်ဖြစ်စေ မဖြေနိုင်ခဲ့သည်ဖြစ်စေ ဘာမှမစိုးရိမ်တော့ပဲ 💥

မိမိကြိုးစားခဲ့သမျှအတွက် ပင်ပန်းရကျိုးနပ်ပါပြီ☘️🍀

ဒီနေ့ နဲ့ မနက်ဖန် စိတ်အေးချမ်းစွာ နားပြီး☘️

ပျော်ရွှင်လိုက်ပါအုံးနော်🌹

နောက်ရက်တွေ Level Up အတွက် ပြန်ကြိုးစားကြပါစို့နော်🌝

Senseiတို့ Hsu Yati ကြယ်ပွင့်လေးတွေကတော့ ပြင်ဦးလွင်မှာ အနားယူပြီး ပျော်ရွှင်နေကြပါပြီ

皆んな👍💪💪💪

Photos from Nat Test Center Mandalay 's post 07/12/2025

07/12/2025

အားလုံး အောင်ပြီ

Photos from Hsu Yati Japanese Language Center's post 06/12/2025

မနက်ဖန်ဖြေဆိုမယ့် JLPT စာမေးပွဲမှာ အခက်အခဲမရှိဖြေဆိုနိုင်ကြပါစေ🇯🇵🇯🇵💯💯

အတူတူမလိုက်နိုင်တဲ့ ကလေးတွေလဲ fighting နော်💯💯🔥

ဒီအဖွဲ့ကတော့ စာမေးပွဲပြီးရင် ပြင်ဦးလွင် ကိုတက်ပြီးမွှေကြမှာပါ🎊🎉🎉🤭

Photos from Hsu Yati Japanese Language Center's post 04/12/2025

ယနေ့ကျောင်းမှာ ဘုရားပွဲတင်ဖြစ်ပါတယ်🙏🙏

(၁၂) လပိုင်းမှာဖြေဆိုမယ့် JLPT ကို ကျောင်းသား/သူတွေအားလုံး အဆင်ပြေချောမွေ့စွာ အခက်အခဲမရှိဖြေဆိုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်🙏🙏

03/12/2025

🇯🇵 ဂျပန်နိုင်ငံမှာ အမှိုက်ကို ဘယ်လိုစနစ်ကျ စွန့်ပစ်ကြသလဲ?

ဂျပန်မှာ အမှိုက်စနစ်က မြန်မာလို မဟုတ်ဘဲ မိမိအိမ်တိုင်း၊ မြို့နယ်တိုင်းအလိုက် ခြားနားတဲ့ စည်းကမ်းတွေရှိပါတယ်။ အမှိုက်ကို မလိုသလို မသင့်တင့်စွန့်ပစ်ရင် ဒဏ်ကြေးကျနိုင်ပါတယ်။ အကောင်းဆုံးကတော့ စနစ်ကျတဲ့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်း အထောက်အကူပြုပါတယ်။

🇧🇷 ဂျပန်နိုင်ငံရဲ့ အမှိုက်ခွဲခြားပုံ

♻️ Moeru gomi(မီးလောင်နိုင်သောအမှိုက်)
➡️ စားပြီးကျန်သောအစားအစာ၊ tissue, ပလတ်စတစ်အချို့

⚙️ Moenai gomi(မီးမလောင်နိုင်သောအမှိုက်)
➡️ သံအမျိုးအစား၊ ဖန်သားကိရိယာများ

🧃 Recycle gomi(ပြန်လည်အသုံးချနိုင်သောအမှိုက်)
➡️ ပလတ်စတစ်ဗူး၊ ကန်ထရိုးဗူး၊ စက္ကူ

🛏️ Oversized gomi(အရွယ်ကြီးအမှိုက်)
➡️ ကားကပ်ကိရိယာ, လျှပ်စစ်ကိရိယာများ, ပရိဘောဂအမျိုးမျိုး

---

2️⃣ စွန့်ပစ်ရက် သတ်မှတ်ထားမှု

မြို့နယ်တိုင်းက အမှိုက်ယူတဲ့နေ့ သီးသန့်သတ်မှတ်ထားပါတယ်။

ဥပမာ— တနင်္လာ၊ ကြာသပတေး → မီးလောင်နိုင်သောအမှိုက်

အင်္ဂါ → ပြန်သုံးနိုင်သောအမှိုက်

⚠️ စည်းကမ်းမလိုက်နာလျှင်?

➡️ အမှိုက်အုပ်စုမမှန်ဘဲ စွန့်ပါက အမှိုက်ယာဉ်က မသယ်ဆောင်ဘဲချန်ထားနိုင်ပါတယ်။

➡️ တချို့မြိုနယ်တွေမှာလည်း ဒဏ်ကြေး၊ အရေးယူမှုတွေ ဖြစ်နိုင်ပါတယ်။

3️⃣ ဖြည့်သွင်းခြင်း၊ မီးလောင်နိုင်‌ေသာအမှိုက် ၊ ပြန်လည်သုံးစွဲနိုင်သောအမှိုက်

အမှိုက်တွေကို မီးသတ်စက်ရုံမှာ လောင်စေပြီး မီးမှန်အားထုတ်စက်အဖြစ် သုံးတတ်တယ်

Recycling center ကို ပို့ပြီး သံ၊ ကုန်ပစ္စည်း၊ စက္ကူတွေ ပြန်အသုံးပြုတတ်တယ်

မီးမလောင်နိုင်တဲ့အမှိုက်တွေကို ပြန်လည်အသုံးမပြုနိုင်တာတွေကတော့ အမှိုက်မြေဗဟိုသိုလှောင်နေရာ (landfill) ကိုပို့တယ်

---

4️⃣ ပလပ်စတစ်အမှိုက်များ ဆက်လက်လျှော့ချ

ဂျပန်မှာ ပလတ်စတစ်အသုံးများခြင်းကြောင့် အခုတလောပလပ်စတစ်အိတ်များကို ပေးမထားတော့ခြင်း၊ ထပ်မံအသုံးပြုစနစ်တွေ တိုးချဲ့လာပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေ ပြုလုပ်နေခြင်းကြောင့် ဖြစ်ပါတယ်။

🇯🇵🇯🇵🇯🇵🇯🇵

ဂျပန်နိုင်ငံက စနစ်ကျစွာ အမှိုက်ခွဲထားတာကြောင့် မြို့ကြီးတွေမှာ သန့်ရှင်းတောက်ပပြီးလှပနေပါတယ်။ ဒီလိုအမှိုက်စနစ်က မိမိတို့နိုင်ငံမှာပါ လေ့လာအသုံးချသင့်တဲ့အရာလေးတစ်ခုပဲဖြစ်ပါတယ်နော်✌️🇲🇲🇲🇲

02/12/2025

December မြူနှင်းများကြားမှာ JLPT စာ​မေးပွဲကြီး ဖြေနေရတယ်တို့ ဘာတို့🤣

TikTok · Hsu Yati ဂျပန်စာသင်တန်း Check out Hsu Yati ဂျပန်စာသင်တန်း’s video.

Want your school to be the top-listed School/college in Pyinmana?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Telephone

Website

Address


Bo Gyoke Street
Pyinmana
15012