Auto City

Auto City

Share

Automobile Services
09 444480094

01/08/2024

AUTOCITY (automobile service center)တွင်တာဝန်ထမ်းဆောင်ရန်
🙍‍♀️ စားရင်းကိုင် Cashier မ (၁) ဦး
🙍‍♀️ စတိုစားရင်းကိုင် ကျား/မ (၁) ဦး
- ကွန်ပြူတာ အခြေခံရှိရမည်။ အသင်းအဖွဲ့နှင့်လုပ်ကိုင်နိုင်ရမည်။ အတွေ့အကြုံမလိုပါ။ စကားပြောပြေပြစ်ရမည်။ လုပ်ငန်းအပေါ် စိတ်ပါဝင်စားမှုရှိပြီးအသင်းအဖွဲ့ဖြင့် ပူးပေါင်းလုပ်ကိုင်နိုင်စွမ်း ရှိရမည်။
- စိတ်ဝင်စားသူများအနေဖြင့် ကိုယ်ရေးအချက်အလတ်အပြည့်အစုံ မျှော်မှန်းလစာ တို့ဖြင့် Page Cb ဖြစ်စေ ၊အလုပ်ရုံရုံးသို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ လျှောက်ထားနိုင်သည်။
— အသေးစိတ်သိရှိလိုပါကဖုန်း ☎️09444480094 သို့ရုံးချိန်(8:00am -6:00pm)အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

🎊🎊🎊🎊🙍‍♀️🙍‍♀️🙍‍♀️🙍‍♀️🙍‍♀️💐💐💐💐💐💐

🚘 AUTOCITY (automobile service center)🚘
➡️ (ယ/၂၉) ၊ ဘောဂသီရိကားကြီးကွင်း ၊ပျဉ်းမနားမြို့နယ် ။
☎️ 09-444480094

08/04/2024

Auto City (Automobile service centre)
သင်္ကြန်ဆိုင်ပိတ်ရက် ကြေညာခြင်း👨‍🔧

🗒(၁၃.၄.၂၀၂၄) မှ (၁၇.၄.၂၀၂၄)ထိ ဆိုင်ပိတ်ပါသည်။

09 4444 800 94 / 09 250 637 131

Photos from Auto City's post 06/04/2024

6.4.2024👨‍🔧

ဒီနွေပူပူ👨‍🔧

14/03/2024

AutoCity (Automobile service centre)တွင် လုပ်ကိုင်ရန်

စာရေးမ ဝန်ထမ်း ---------မ(၁)ဦး

အလိုရှိသည်။

#လိုအပ်ချက်များ #

-ပညာအရည်အချင်း အနည်းဆုံး အထက်တန်း အဆင့် ရှိရမည်။

-လစာ (ညှိနှိုင်း)

-အလုပ်ချိန် မနက်( 8:00) မှ ညနေ(6:00)

-လူမှုရေးကိစ္စ ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရမည်။
-အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှု ကင်းရှင်းကြောင်း ၊ အမှန်တကာ် နေထိုင်ကြောင်း၊ ရက်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာနှင့်တကွ ကိုယ်ရေးအချက်အလက် အပြည့်အစုံနှင့် လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

စုံစမ်းမေးမြန်းရန် လိပ်စာ-

Auto City ကားဝပ်ရှော့ ဆိုင်အမှတ်(ယ/၂၉) ၊ ဝပ်ရှော့တန်း ၊ ဘောဂသီရိကားကွင်းတွင်း၊ နေပြည်တော်

09 444480094 & 09250 637 131

06/02/2024

👍

အင်ဂျင်ကူးလန့် အသုံးပြုရခြင်းရဲ့ ကောင်းကျိုးများ

ကားအင်ဂျင်ရဲ့ အအေးပေးစနစ်မှာ အင်ဂျင်ကူးလန့် (Coolant) ကို အရောင်အမျိုးမျိုးနဲ့ သုံးစွဲကြပါတယ်။ ယခင်ခေတ်ဟောင်းကားတွေမှာတော့ ကူးလန့်ကို အသုံးမပြုဘဲ ရေကိုဘဲအသုံးပြုကြပါတယ်။ ရေကိုအသုံးပြုတဲ့အခါ သံချေးတတ်ခြင်း၊ ရေဂျိုးတတ်ခြင်း စသည့်ပြစ်ချက်များကြောင့် အင်ဂျင်အအေးပေးစနစ်ရှိ ရေတိုင်ကီများ ချေးပိတ်ခြင်း၊ ရေလည်အုံဒလက်များ ပွန်းစားခြင်းစသည့် ပြဿနာများကိုကြုံတွေ့ရကာ အင်ဂျင်အပူလွန်ကဲမှု (အိုဗာဟိ – Overheat) ဖြစ်စေပါတယ်။

ဒါ့အပြင် ရိုးရိုးရေရဲ့ ရေဆူမှတ်က 100° C ဖြစ်ပြီး အင်ဂျင်ကူးလန့်ရဲ့ ရေဆူမှတ်က 107° C ~ 150° C ကြား (ကူးလန့်အမျိုးအစားနှင့် ရောစပ်ထားသည့်အချိုးအစားပေါ်မူတည်) ရှိပါတယ်။ ဒါကြောင့် ကူးလန့်ကိုအသုံးပြုခြင်းဖြင့် အင်ဂျင်အပူလွန်ကဲမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။ အင်ဂျင်အပူလွန်ကဲတဲ့အခါ အင်ဂျင်ရဲ့စွမ်းဆောင်ရည်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။

အေးခဲတဲ့ဒေသများမှာ ရိုးရိုးရေကိုအသုံးပြုမိပါက 0° C မှာ ရေခဲကာ အအေးပေးစနစ်မှာ ပြဿနာတတ်စေပါတယ်။ အင်ဂျင်ကူးလန့်ကို အသုံးပြုခြင်းဖြင့် အေးခဲမှုကို ကာကွယ်ပေးကာ အအေးပေးစနစ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် သံချေးတတ်ခြင်းကို ကာကွယ်ပေးတဲ့အတွက် ရေတိုင်ကီချေးပိတ်ခြင်း၊ ရေလည်အုံပျက်စီးခြင်း၊ သာမိုစတတ် (Thermostat) ဂျန့်ဖြစ်ခြင်း စသည့် ပြဿနာများကိုလည်း လျော့ချပေးပါတယ်။

အင်ဂျင်ကူးလန့်မှာ အရောင်တွေပါဝင်တာကြောင့် ယိုစိမ့်မှုဖြစ်တဲ့အခါမှာလည်း အလွယ်တကူသိမြင်နိုင်ကာ ပြစ်ချက်ရှာဖွေဖို့ လွယ်ကူစေပါတယ်။ ဒါကြောင့် မော်တော်ကားအင်ဂျင်အအေးပေးစနစ်မှာ အင်ဂျင်ကူးလန့်ကိုသာ အသုံးပြုသင့်ပါတယ်။ ဒါပေမယ့် အင်ဂျင်ကူးလန့် အသုံးပြုတဲ့အခါ သတိထားရမည့်အချက်လေးတွေတော့ ရှိပါတယ်။

အင်ဂျင်ကူးလန့်ရဲ့အရောင်တွေကို ရောစပ်ပြီး အသုံးပြုလို့မရပါဘူး။ ဥပမာ – ကူးလန့်လျော့တဲ့အခါ အနီရောင်အသုံးပြုထားတဲ့ အင်ဂျင်က ကူးလန့်အနီရောင်ကိုသာ ဖြည့်ပေးသင့်သလို အစိမ်းရောင်အသုံးပြုထားတဲ့အင်ဂျင်က ကူးလန့်အစိမ်းရောင်ကိုသာ ဖြည့်ပေးသင့်ပါတယ်။ တကယ်လို့ အရောင်ပြောင်းလဲအသုံးပြုမယ်ဆိုရင် အင်ဂျင်အအေးပေးစနစ်အတွင်းမှာရှိတဲ့ ကူးလန့်အားလုံးကို ကုန်စင်အောင်ဖေါက်ချပြီးမှ အခြားအရောင်ကို အသုံးပြုသင့်ပါတယ်။

အင်ဂျင်ကူးလန့်မှာ Anti-Freeze (ကူးလန့်အဆီ) ပါဝင်မှုရာခိုင်နှုန်းကိုလည်း သတိထားသင့်ပါတယ်။ 20%, 30% နှင့် 50% Pre-mixed (ရောစပ်ပြီးသား) ကူးလန့်များကိုသာ အသုံးပြုသင့်ပြီး 100% (ကူးလန့်အဆီ) သီးသန့်ကို အသုံးမပြုသင့်ပါဘူး။ ကူးလန့်အဆီသီးသန့်အသုံးပြုရင် အင်ဂျင်အိုဗာဟိ (Engine Overheat) ဖြစ်စေနိုင်ပါတယ်။ ဒီအချက်ကိုလည်း သတိပြုစေချင်ပါတယ်။

အင်ဂျင်ကူးလန့်ကိုလည်း ကီလိုမီတာ (40,000) (သို့) ၂ နှစ်တစ်ကြိမ်အသစ်လဲပေးသင့်ပါတယ် (တချို့ကူးလန့်အမျိုးအစားများ SLLC (Super Long Life Coolant) တွေကို ၃၊ ၄ နှစ်ပေးတာတွေလည်း ရှိပါတယ်)။ ကူးလန့်ကို မလဲဘဲ သတ်မှတ်အချိန်ကာလထက် ကျော်လွန်အသုံးပြုမိပါက အရည်သွေးကျဆင်းကာ ကူးလန့်အနည်များဖြစ်စေပြီး ရေလိုင်းများမှာ ချေးပိတ်စေပါတယ်။ ဒါဆိုရင်လည်း အင်ဂျင်အပူလွန်ကဲမှုကို ဦးတည်စေတာကြောင့် အင်ဂျင်ကူးလန့်ကို ပုံမှန်စစ်ဆေးလဲလှယ်ပေးသင့်ပါကြောင်း တင်ပြလိုက်ပါတယ်။

#မူရင်းရေးသားသူအားcreditပေးပါသည်။

05/02/2024

ဝန်ထမ်း အလိုရှိသည် #

AutoCity (Automobile service centre)တွင် လုပ်ကိုင်ရန်👨‍🔧👨‍🔧

👨‍🔧ကား အလိုင်းမင်း ကျွမ်းကျင် -------ကျား(၁)ဦး👨‍🔧

အမြန်အလိုရှိသည်။🔧


✴လုပ်ငန်း လိုအပ်ချက်များ✴

🔆-လုပ်ငန်းအတွေ့ကြုံ အနည်းဆုံး 2နှစ် အထက် ရှိသူဖြစ်ရမည်။

🔆-လူမှုရေးကိစ္စ ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရမည်။

🔆-နေ၊စား စီစဥ်ပေးမည်။(နယ်ဝေးသမားများလည်း လျှောက်ထားနိုင်ပါသည်။)

💵-လစာ(ညှိိနှိုင်း)

💯-အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှု ကင်းရှင်းကြောင်း ၊ အမှန်တကယ် နေထိုင်ကြောင်း၊ ရက်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာနှင့်တကွ ကိုယ်ရေးအချက်အလက် အပြည့်အစုံနှင့် လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပါသည်။

စုံစမ်းမေးမြန်းရန် လိပ်စာ-

📰Auto City ကားဝပ်ရှော့ ဆိုင်အမှတ်(ယ/၂၉) ၊ ဝပ်ရှော့တန်း ၊ ဘောဂသီရိကားကွင်းတွင်း၊ နေပြည်တော်

☎09 444480094 & 09250 637 131

Photos from Auto City's post 13/01/2024

Auto City (Auto mobile service centre)
4years anniversary အမှတ်တရ🌞

🥰မိတ်ဟောင်း၊မိတ်သစ် Customerများ အားလုံးကို Auto city မိသားစုမှ ပို၍ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန် နွေးထွေးစွာ ကြိုဆို
လျှက်ပါရှင့်🙏🙏🙏

09444480094/ 09250637131

10/01/2024

Auto City (Automobile service center)
မှ (11.01.2024) 4years anniversary promotion ပွဲတွင် လာရောက် အားပေးဖို့ရန် မိတ်ဟောင်း မိတ်သစ် Customer များအား လုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့်🙏🙏🙏

*********************************

ဆိုင်ခန်းအမှတ် ( ယ/ ၂၉) ၊ ဘောဂသီရိကား ကြီးကွင်း( ဝပ်ရှော့တန်း) ၊ နေပြည်တော် ။
09-4444 800 94
09 250 637 131

29/10/2023

🙏🙏🙏မင်္ဂလာပါခင်ဗျာ🙏🙏🙏
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး
စီးပွါးလာဘ်လာဘများတိုးပွါး‌တဲ့
ပျော်ရွှင်စရာ သီတင်းကျွတ်
အချိန်အခါသမယလေး ဖြစ်ကြပါစေလို့
AUTOCITY (Automobile Service Center)မိသားစုမှ
ဆုမွန်ကောင်း‌ပို့သလိုက်ပါတယ်ခင်ဗျာ။

04/05/2023

AutoCity (Automobile service centre)တွင်
လုပ်ကိုင်ရန် ဝန်ထမ်း အလိုရှိသည်။

* စက်ပြင်ကျွမ်းကျင်
(အင်ဂျင်၊ ဂီယာဘောက် ပြုပြင်ခြင်း) -2ဦး

* စက်ပြင်ကျွမ်းကျင်
( မော်တော်ယဥ် အောက်ပိုင်း ပြုပြင်ခြင်း)-2ဦး

*စက်ပြင် အကူ
(အောက်ပိုင်း၊အင်ဂျင် ၊ဂီယာဘောက် ဖြုတ်တပ် ကျွမ်းကျင် ) - ၄ဦး

***လစာ ***
(အတွေအကြံု၊ကျွမ်းကျင်မှု၊ရေရှည်လုပ်ကိုင်နိုင်မှု၊စက်ပြင်လုပ်ငန်းအား စိတ်ပါဝင်စားမှု ပေါ်မူတည်ပြီး လစာ ညှိနှိုင်းပေးမည်)(အစမ်းခန့် ကာလ ၃လထားရှိပါမည်)(လူတွေ့လာနိုင်မှသာ အလုပ်ခန့်အပ်ရန် စဉ်းစားပါမည်)

***နေထိုင်ရေး နှင့် စားသောက်ရေ စီစဉ်ပေးမည်***
(နယ်ဝေးမှလဲလာရောက်လျှောက်ထားနိုင်သည်)

***လိုအပ်ချက်များ***_

-လုပ်ငန်းအတွေ့ကြုံ အနည်းဆုံး 2နှစ် ရှိရမည်။

-မိမိ ကျွမ်းကျင်ရာ ပြင်ဆင်ရေးပိုင်းများတွင်
တာဝန်ယူ ဦးဆောင် လုပ်ကိုင်နိုင်ရမည်။

-လူမှုရေးကိစ္စ ၊ကျောင်းကိစ္စ ကင်းရှင်းသူ ဖြစ်ရမည်။

-အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ ပြစ်မှု ကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ၊ အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ တို့နှင့်တကွ ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြင့် လူကိုယ်တိုင်(7.5.2023)ရက်နေ့ နောက်ဆုံးထား၍ လာရောက် လျှောက်ထားနိုင်ပါသည်။

*အသေးစိတ်အချက်အလက်များ သိရှိလိုပါက Viber (သို့) page messager မှ သော်လည်းကောင်း၊ဖုန်းဆက်၍သော်လည်းကောင်း၊လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်*
စုံစမ်းမေးမြန်းရန် လိပ်စာ-
Auto City ကားဝပ်ရှော့ ဆိုင်အမှတ်(ယ/၂၉) ၊ ဝပ်ရှော့တန်း ၊ ဘောဂသီရိကားကွင်းတွင်း၊ နေပြည်တော် ။

09 444480094 (Viber)& 09250 637 131

Telephone

Website

Address

Pyinmana

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 18:00
Sunday 08:00 - 19:00

Alerts

Be the first to know and let us send you an email when Auto City posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyinmana.