Hmwe Pharmacy
med knowledge
29/01/2023
ဒီအချိန် တုတ်ကွေး အဖြစ်များတဲ့ကာလမှာ ကိုယ်ခံအားကောင်းစေရန် ဖြည့်စွက်အဟာရ အားဆေးများ သောက်သုံးခြင်းအပြင် ကိုယ်ခံအားတိုးတက်အောင် အထောက်ကူ အများကြီးဖြစ်စေတဲ့ ဒီလိုအစားအသောက်တွေကိုလဲ စားဖို့ လိုအပ်ပါတယ်……
-အမဲသား ကဲ့သို့ သံဓာတ်ပြည့်ဝသော အသားဟင်းများ,ငါးဟင်း များ
-ဒိန်ချဉ် ထောပတ်နို့ ၊ကင်ချီ ၊တို့ဟူး ၊ပဲပြား
-vitamin C ကြွယ်ဝတဲ့ အသီးများ လိမ်မော်သီး ခရမ်းချဉ်သီး၊သင်းဘောသီး၊အရွက်စိမ်း (ဟင်းနုနယ် ၊ကန်စွန်းရွက်) ပန်းဂေါ်ဖီစိမ်း …..
….ဒီအစားအစာတွေကို စားသုံးခြင်း၊အိပ်ရေးဝဝ အိပ်ခြင်း၊သင့်တင့်သော ကိုယ်လက် လေ့ကျင့်ခန်းများပုံမှန် လုပ်ပေးခြင်းများဖြင့် ကိုယ်ခံအားစနစ်ကောင်းမွန်အောင်
ကျန်းမာအောင် နေထိုင်နိုင်ပါတယ်
……..ဒီနေ့မှာတော့ ကျန်းမာရေးနဲ့လဲညီညွတ် အကုန်ကျလဲသက်သာ ၊ထမင်းလဲမြိန်စေတဲ့ ဒီဟင်းလေးတွေချက်စားဖြစ်ပါတယ်
ငွေသား 4 သိန်းရှိပါတယ်
K pay နဲ့ပြန်ယူပါချင်ပါတယ်
မွှေး ဆေးဆိုင်ပျဥ်းမနား
K pay 2 သိန်း ph ထဲ ထည့်ချင်ပါတယ် ..ငွေသားပေးမှာပါ
%မယူပါဘူးနော်
မွှေးဆေးဆိုင်
ကြံပတ်လမ်း ရန်အောင် 2
ပျဥ်းမနား
Edit..ရသွားပါပြီ
*အိမ်ထောင်ရှင် အမျိူးသမီးများအတွက် ..
တနေ့တလုံးသောက်ရတဲ့ကိုယ်ဝန်တားဆေးကဒ် သောက်ဖို့ မေ့ခဲ့လျှင်*
pills ခေါ် ကိုယ်ဝန်တားဆေးကဒ် မှာ21လုံးကဒ်/28 လုံးကဒ်.. စသဖြင့်ရှိပါတယ်..
ဆေးကဒ်ကို အတတ်နိုင်ဆုံး ရက်/အချိန်.. အတိအကျ သောက်နိုင်ရင်တော့အကောင်းဆုံးပါ..အကယ်၍ သောက်နေစဥ်မှာ မေ့ခဲ့လျှင်....
**ကိုယ်မေ့လိုက်တဲ့ဆေးက အချိန်12နာရီမကျော်သေးရင်တော့ ပြသနာမရှိနိုင်ပါဘူး..သတိရရခြင်း မေ့တဲ့အလုံးကိုသောက်လိုက်ပါ. ပြီးရင်ပုံမှန်အတိုင်းဆက်သောက်သွားပါ
**ကိုယ်မေ့တဲ့အချိန်က 12နာရီကျော်သွားခဲ့ရင်တော့ ဆေးကဒ်ရဲ့ ဘယ်အတန်း ဘယ်အလုံး ဆိုတာအရင်သတိပြုရပါမယ်
***တကယ်လို့ မေ့တဲ့ဆေးက ဆေးကဒ်ရဲ့ ပထမအတန်းမှာ တလုံးမေ့ခဲ့ရင်..သတိရရခြင်းမေ့တဲ့အလုံးကိုသောက်ရပါမယ်..ပီးရင်ပုံမှန်အတိုင်းဆက်သောက်သွားပါ..ပထမအတန်းဖြစ်လို့ မေ့တဲ့ရက်ကနေ 7 ရက်ထိအမျိူးသားနဲ့အတူနေတာရှောင် သို့မဟုတ် ကွန်ဒုံးသုံးရပါမယ်
**ပထမအတန်းမှာဘဲ နှစ်ရက်/နှစ်လုံးမေ့ခဲ့မယ်ဆိုရင်တော့ သတိရရခြင်း မေ့တဲ့တလုံးကိုသောက်ပြီးကျန်တလုံးကိုတော့ကျော်/လွှင့်ပစ်လိုက်ရပါမယ်..ပြီးရင်အရှေ့မှာပြောသလိုပုံမှန်အတိုင်းဆက်သောက်သွားပါ.အမျိူးသားနဲ့အတူနေတာ 7 ရက်ရှောင် သို့မဟုတ် ကွန်ဒုံးသုံးပါ.
**ပထမအတန်းမှာဘဲသုံးရက်ဆက်တိုက်မေ့ခဲ့ရင်တော့ အရှေ့တပတ်အတွင်းမှာလဲအမျိူးသားနဲ့အတူနေခဲ့တယ်ဆိုရင် ကိုယ်ဝန်ရှိနိုင်.ခြေများပါတယ်..နောက်7 ရက်ကိုလဲအမျိူးသားနဲ့အတူနေတာရှောင်ရပါမယ်..အကောင်းဆုံးကတော့ အရေးပေါ်တားဆေးသောက်လိုက်သင့်ပါတယ်..
**အကယ်၍ကိုယ်မေ့တာက ဒုတိယအတန်းမှာဆိုရင်တော့ သတိရရခြင်း မေ့တဲ့ဆေးကိုသောက်ပါ..ပြီးရင်ပုံမှန်အတိုင်းဆက်သောက်သွားပါ..ပထမအတန်းမှာမှန်မှန်သောက်ခဲ့တယ်ဆိုရင် အမျိူးသားနဲ့လည်းရှောင်စရာမလိုပါဘူး..
**တတိယအတန်းမှာ မေ့တယ်ဆိုရင်တော့ အရှေ့မှာပြောခဲ့သလို သတိရရခြင်း မေ့တဲ့ဆေးလုံးကိုသောက်ပါ ပြီးရင်ပုံမှန်အတိုင်းတတိယအတန်းကုန်အောင်သောက်ပါ..ဒါ့အပြင် ကိုယ်သောက်နေတာက 21 လုံးကဒ်ဆိုရင် ဆေးကုန်ရင်ခါတိုင်းလို 7 ရက်မနားဘဲ ကုန်ပြီးနောက်ရက်မှာကဒ်အသစ်ကို စသောက်ရပါမယ်..ကိုယ်သောက်တာက 28 လုံးကဒ်ဆိုရင်တော့ တတိယတန်းကုန်ရင် စတုတ္ထ တန်း(အနီတန်း)ကိုမသောက်တော့ဘဲနောက်ရက်မှာကဒ်အသစ်ကိုစသောက်ရပါမယ်..အဲဒီလမှာ ရာသီမလာခဲ့ရင် စိတ်ပူစရာမရှိပါဘူး......ကိုယ်က ဆေးကိုအချိန်မှန်သောက်ဖို့ အဆင်မပြေရင်တော့ တားဆေးကဒ်ကိုမရွေးချယ်ဘဲ ထိုးဆေး သို့မဟုတ် လက်မောင်းမှာပိုက်ထည့် စသဖြင့် သုံးသင့်ပါတယ်...
အမျိူးသမီးအားလုံး ကျန်းမာ လှပတဲ့ဘဝ ပိုင်ဆိုင်နိုင်ပါစေ..
pharmacy
01/09/2021
ဓမ္မတာ လာချိန်ကာလ ကို ဒီလို ပေါ့ပါး စွာ ဖြတ်သန်းဘို့
ဂျာမဏီ နိုင်ငံ ထုတ် သံဓါတ်အားဆေး
01/09/2021
ချစ်ရတဲ့သူများ...... ImunActiv မှာပါဝင်တဲ့ ပါဝင်ပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်
ImunActiv ဆေး ၂ လုံးတိုင်း မှာ
Betaglucan -337mg
Vitamin C -100mg
Zinc -15 mg
Bioflavonoids-50 mg ပါဝင်ပါတယ်
**Betaglucan က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးလို့ မကြာခဏဖျားတတ်သူတွေ၊ရာသီတုပ်ကွေး နဲ့ကင်ဆာရောဂါတို့မှာ အသုံးပြုပါတယ်
ဒါ့ပြင်ကို 1997 ခုနှစ် US FDA က အတည်ပြုထားတဲ့ အချက်(၃)ချက်ကတော့
(၁)Cholesterol (ကိုလက်စရော)ကိုကျစေတယ်
(၂)သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့အပြင်
(၃)နှလုံးရောဂါဖြစ်ခြင်းကို လျော့ကျစေပါတယ်
**Vitamin C ကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်
**Zinc ကလည်း ခုနောက်ပိုင်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဓာတ်တစ်မျိုးအဖြစ် လူသိများ လာပါတယ်
**Bioflavonoid က သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိပါတယ်။Bioflavonoids ကို ဓာတ်မတည့်ရောဂါ၊ဗားရပ်စ်ကူးစက်ရောဂါတွေမှာ Vitamin C နဲ့အတူတွဲသုံးပါတယ်
🍁ရာသီဥတု ပြောင်းလဲခြင်းကြောင့် 🍂ဖြစ်တတ်တဲ့
"အအေးမိ၊ ဖျားနာ၊ တုတ်ကွေး ရောဂါ" တွေကို ImunActiv နဲ့ ကာကွယ်ကြစို့ ........
❗ImunActiv သောက်သုံးပုံ
မနက်တကြိမ်၊ညတကြိမ်အစာနဲ့တွဲ၍သောက်သုံးနိုင်ပါတယ်
24/08/2021
ခွဲတမ်းလေးတွေ စျေးနှုန်းမှန်နဲ့ ပြန်ရနေပါပြီ
ဆိုတာ Estrogen နဲ့ Progestin လို့ခေါ်တဲ့ ဟော်မုန်း(၂) မျိုးပါဝင်သော
တားဆေးတစ်မျိုးဖြစ်ပါတယ်။
....Marvelon 28 ထဲမှာ ...Desogestrel 0.15 mg(150mcg) နဲ့ ...Ethinyl estradiol 0.03 mg(30mcg) တို့အသီးသီးပါဝင်ပါတယ်။
😘 Marvelon 28 က og တော်တော်များများလဲ ညွှန်တဲ့ဆေးပါ..ရာသီလဲပုံမှန်ဖြစ်စေပါတယိ.side effect လဲ နည်းတယ်.ကလေးယူချင်ရင်တောင် ဆေးကိုဖြတ်တာနဲ့ ပြန်ရစေပါတယ်..
မှာယူလိုပါက
Price........တစ်ဘူး 6500 ပါ..
COVID-19 ကူးစက်ခံရတဲ့ လူနာများရဲ့ အတွေ့ကြုံများကို အခြေခံပြီး အကြံပြုချက် ပေးပါရစေ😘........လူနာအများစုဟာ ကူးစက်ခံရပြီးရင်..နောက်ဆက်တွဲ အစားမဝင်.. ရင်တုန်.မောပန်း.ချောင်းဆိုး အိပ်မပျော်.အားအင်ကုန်ခမ်း..စသဖြင့် .ရက်အတော်ကြာ ဆက်လက်ခံစားရပါတယ်..
ဒါကြောင့်....တစ် အချက်က ဆရာဝန်နဲ့ ဆက်လက်ပြသ
လိုအပ်တဲ့ ကုသမှုကို ဆက်လက်ခံယူသင့်ပါတယ်...
နှစ် အချက်က. တစ် အချက်လိုဘဲ သိပ်ကိုအရေးကြီးပါတယ်. လူနာမိသားစုဝင်ရဲ့ အဆက်မပြတ် ပြုစုမှု ပါ..
အထက်က ပြောတဲ့ ဝေဒနာ တွေဟာ တကယ်ခံစားကြရတာပါ..
အစားမစားချင်ဘူး....ခံတွင်းတွေ့စေမဲ့ အစားအစာ..အဟာရဖြစ်စေမဲ့ အစားအစာ တွေက်ို မထပ်စေရအောင် စိတ်ရှည်စွာ လုပ်ကျွေးပါ........ ခန်ဒါကိုယ်က ပြောင်းလဲမှုတွေအတိုင်း ဖြစ်လာတာတွေကို သက်သာစေအောင်နည်းလမ်းတွေနဲ့ ကုပေးပါ (ဥပမာ..ချောင်းဆိုးလာရင် နောက်ကျောလေးပုတ်ပေးတာမျိူး....)........နဲနဲလှုပ်ရင်တောင် မောတာကြောင့် သက်တောင့်သက်သာလေး အနားယူနိုင်အာင် ထားပေးပါ.......အိပ်မပျော်တာ.ရင်တုန်တာ..စိတ်ခြောက်ခြားတာတွေဟာ ရောဂါနောက်ဆက်တွဲ.ဆိုပေမဲ့ စိတ်နဲ့လည်းအများကြီးသက်ဆိုင်တာမို့...
😘စိတ်ပင်ပန်းနေတဲ့အချိန်မှာ လူနာကိုခြေဆုပ်လက်နယ်ပြုစုရင်း စိတ်အပန်းဖြေစရာ စကားများပြောပေးတာ..စိတ်ကြည်လင်စေမဲ့ ပတ်ဝန်းကျင်လေးဖန်တီးပေးတာ..ဥပမာ..ခန်းဆီး.လိုက်ကာလေးတွေလဲ
ပေးတာမျိူး..ဘုရားပန်းအိုး ပန်းလေးတွေမြိုင်နေအောင်ထိုးပေးတာမျိူး.....ွွှ
😘အိပ်မပျော်ရင်..တိတ်ဆိတ်ပြီး စိတ်လုံခြုံစေမဲ့ ပတ်ဝန်းကျင်ဖန်တီးပေးတာမျိူး..
😘လူာ စိတ်ဓာတ်မကျဘဲ စိတ်ခွန်အားဖြစ် အားတက်စေမဲ့ အတွေ့အကြုံ အနေအထားလေးများ ပြောဆိုပေးတာမျိူး..
😘😘မိသားစုဝင်ကောင်းတယောက်အနေနဲ့ အဲဒါလေးတွေကို စိတ်ပါ လက်ပါ ပြုစု လုပ်ကိုင်ပေးမယ်ဆိုရင်..ကိုယ့်ရဲ့လူနာဟာဆေးစွမ်းအားရော မေတ္တာစွမ်းအားနဲ့ပါ ရာနှုန်းပြည့် ကောင်းမွန်လာပါလိမ့်မယ်
😘လူနာကိုယ်တိုင်ကလဲ အသက်ဘေးကတောင် လွတ်လာခဲ့ပြီ..နောက်ဆက်တွဲတွေကို အမြန်ဆုံး ပြန်ကောင်းလာအောင်.. ဆရာဝန်ညွှန်ကြားချက်အတိုင်း ခံယူကုသရုံမျှမက. မိမိကိုယ်တိုင်အားထုတ် ရမဲ့ အပိုင်းတွေကိုပါ အားထုတစ်ပြီး ပြုစုစောင့်ရှောက်သူတွေရဲ့စေနာကို တန်ဘိုးထား လိုက်နာရင်အရင်လို ပကတိ ကျန်းမာတဲ့ ဘဝကို အမြန်ဆုံးရရှိကြမှာပါနော်း....
12/08/2021
♦♦ Doctor TUN TUN ♦♦
==================
** ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လို ကုသမလဲ
ရိုးရိုးဆီးအိမ်ရောင်တာအတွက်
• Septrin တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Ciprofloxacin 250mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Norfloxacin 400mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Ofloxacin 200mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Levofloxacin 250mg တနေ့ ၁ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Augmentin 875mg တနေ့ ၂ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
• Augmentin 500mg တနေ့ ၃ ကြိမ်၊ ၃ ရက်၊ ဒါမှမဟုတ်
ဆီးအိမ်ရောင်တာ ပြန်ပြန်ဖြစ်သူ
- Septrin တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်သောက်ပြီး တနေ့ ၁ ပြားနဲ့ကြာကြာ ဆက်သောက်ရမယ်။
- ဆိုးဝါးသူတွေကို
- Ampicillin 1 gram IV ၆ နာရီခြား + Gentamicin IV ဒါမှမဟုတ်
- Ciprofloxacin 200-400mg IV every 12 hours or Levofloxacin 250 to 500mg IV ၆ နာရီခြား ဒါမှမဟုတ်
- Piperacillin-tazobactam 3.375 grams IV ၆ နာရီခြားထိုး၊ ဒါမှမဟုတ်
- Imipenem 500mg IV ၆ နာရီခြား ထိုးဆေးတွေပေးမယ်။
(ဂနိုရီးယား) ပိုးကြောင့် ဆီးလမ်းရောင်သူတွေကို
- Cefixime 400 mg PO x 1 PLUS [Azithromycin 1 g သောက် ၁ ရက်၊ ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက် (Cchlamydia infection မဟုတ်တာ မသေခြာရင်)
- Ceftriaxone 125 mg IM x 1 + [Azithromycin 1 g ၁ ရက်၊ ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ် x ၇ ရက်
(ကလာမိုင်ဒီးယား ထရွိုင်ကိုမားတစ်) ပိုးကြောင့် ဆီးလမ်းရောင်သူတွေကို
- Azithromycin 1 g x ၁ ရက်၊
- Doxycycline 100 mg တနေ့ ၂ ကြိမ်၊ x ၇ ရက်
ဆီးထွက်ပြွန် ခဏခဏရောင်သူတွေကို
- Metronidazole 2 grams po once + Erythromycin base 500 mg ၆ နာရီခြား x ၇ ရက်၊
- Metronidazole 2 grams PO once + erythromycin ethylsuccinate 800 mg ၆ နာရီခြား x ၇ ရက်၊
- သိပ်ဆိုးသူတွေကို ဆေးရုံတင်ကုရတတ်တယ်။ ဥပမာ Pyelonephritis ကျောက်ကပ်ရောင်တာ။ ဆေးကို သွေးကြောထဲကနေ ပေးရတတ်တယ်။
- Cystitis ဆီးအိမ်ရောင်တာမျိုးက အများဆုံး ပဋိဇီဝဆေးကို သောက်တာနဲ့ ပျောက်တယ်။
- STDs လိင်လမ်းကကူးစက်တာမျိုးဆိုရင် ပဋိဇီဝ ပိုးသေဆေး တမျိုးမက လိုမယ်။
- ဆေးကို လက္ခဏာသက်သာသေမဲ့ ဆေးပါတ်လည်အောင် သောက်ရမယ်။
- လက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေက ပိုးကိုတော့ သေစေမှာ မဟုတ်ဘူး။ ဥပမာ Uristat, Phenazopyridine, Pyridium, Urogesic နာတာကို သက်သာစေတယ်။
- ရေ-အရည် များများသောက်ပါ။
- ဆီးသွားချင်တာကို ထိန်းမထားပါနဲ့။
- Cranberries or Blueberries juice သစ်သီးရည်အစစ် သောက်ပါ။ သကြား မများစေနဲ့။
- Pineapple နာနတ်သီး စားပါ။
- Vitamin C ဗီတာမင် စီ သောက်ပါ။
Crd
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
မြို့ပတ်လမ်း
Pyinmana