Iconic Mobile

Iconic  Mobile

Share

shopping

02/11/2024

နိဒါန်း
အခုခေတ်မှာ နည်းပညာကို လက်လှမ်းမမီပါဘူးဆိုသူတွေတောင် ဖုန်းတစ်လုံးဝယ်တဲ့အခါ –
RAM ဘယ်လောက်ပါလဲ? ဆိုတဲ့ မေးခွန်းကို မေးတတ်လာကြတဲ့အပြင် RAM နည်းရင် အဆင်မပြေဘူးဆိုတာကိုလည်း လက်ခံလာကြပါပြီ။

အကြမ်းဖျင်းအားဖြင့်တော့ RAM ကို Game ဆော့ရင် Smooth (ချော့မွေ့ဖို့) ဖြစ်ဖို့ ၊ စက်,မလေးဖို့ ဆိုပြီး နားလည် ထားကြပါတယ်။ ဒါဆိုရင် RAM ကဘာလဲ ရိုးရိုးရှင်းရှင်း လေ့လာကြည့်လိုက်ရအောင်။

RAM ဆိုတာ
အရှည်အားဖြင့် Random-access Memory လို့ခေါ်တဲ့ RAM ဆိုတာ ရိုးရှင်းတဲ့ ဖုန်းတစ်လုံးကနေ စပြီး ကွန်ပျူတာ (PC) တွေနဲ့ ဂိမ်းစက်တွေအဆုံး Device (စက်ပစ္စည်း) တိုင်းမှာ မဖြစ်မနေ ပါဝင်ရမယ့် အစိတ်အပိုင်းတစ်ခုပါ။ တကယ်လို့ RAM သာမပါဝင်ခဲ့ဘူး Device ကလည်း ဘာပဲ ခိုင်းခိုင်း အလုပ်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ နောက်တစ်နည်းပြောရရင် ကိုယ်အသုံးပြုချင်တဲ့ Application ဒါမှမဟုတ် Game တစ်ခုအတွက် RAM အလုံအလောက်မရှိခဲ့ဘူး ဆိုရင် ထစ်ငေါ့တာတွေ ၊ ရပ်သွားတာတွေ ဖြစ်လာနိုင်ပြီးတော့ ၊ တစ်ခါတစ်ရံမှာ လုံးဝ Run မပေးတာမျိုးတွေတောင် ဖြစ်လာနိုင်ပါတယ်။

တိတိကျကျပြောရရရင်
တိုတိုပြောရရင် RAM ဆိုတာ Device တစ်ခု အတွက်လက်ရှိမှာ အသုံးပြုဖို့လိုအပ်နေတဲ့ အချက်အလက်တွေနဲ့ မကြာခင် အသုံးပြုတော့မယ့် အချက်အလက်တွေကို ယာယီအားဖြင့် ခဏတာ သိမ်းဆည်းပေးပြီး မြန်နှုန်းမြှင့်ပေးဖို့ လုပ်ဆောင်တဲ့အရာတစ်ခုပါ။ Data တွေကို RAM ပေါ်မှာ Access လုပ်တာက အခြား Hard Device တွေပေါ်မှာ Access လုပ်တာထက် ပိုမို မြန်ဆန်နေမှာပါ။ Hard Device တွေကတော့ ခပ်နှေးနှေး Run ပေးမှာဖြစ်ပြီး Data တွေကိုတော့ ရေရှည်အတွက် သိုလှောင်ပေးထားနိုင်ပါတယ်။

Short – term Memory (ရေတိုမှတ်ဉာဏ်)
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ RAM ဆိုတာ Device တစ်ခုရဲ့ Short-term Memory ဖြစ်ပြီး Device ပေါ်မှာ လက်ရှိ အသုံးပြုနေဆဲ ဖြစ်တဲ့ အရာမှန်သမျှကို သိမ်းဆည်းထားပေးပါတယ်။ ဥပမာ – ကိုယ်က Google မှာ web browsing လုပ်နေမယ်။ တစ်ချိန်းတည်းမှာပဲ ဓာတ်ပုံ Edit နေတာ နဲ့ Game တစ်ခုကိုလည်းဖွင့်ထားပြီး Device ပေါ်မှာ သုံးနေတယ် ဆိုပါစို့။ ဓာတ်ပုံ Edit နေရင်းက ဆော့လက်စ Game ထဲကို ပြန်ဝင်မယ် ဆိုရင် အစကနေ ပြန်ဝင်ရတာမျိုး မဖြစ်အောင် RAM က အချက်အလက်တွေ သိမ်းပေးထားတာမျိုးပါ။ RAM ဟာ Browser မှာ Tab အသစ်ခေါ်ချင်တာမျိုး ၊ Game ထဲမှာ Enemy ကို ပစ်ဖို့ ချိန်ချင်တာမျိုး စတဲ့ လုပ်ဆောင်ချက်အသစ်တွေ လုပ်ချင်တဲ့အခါ CPU ကို Solid-state Drive (SSD) နဲ့ Hard Drive လိုမျိုး Device ရဲ့ နှေးကွေးလွန်းတဲ့ Storage (သိုလှောင်တဲ့နေရာ) တွေကို ရောက်သွားခြင်းကနေ ကာကွယ်ပေးပါတယ်။ (ဒီနေရာမှာ CPU ကို ပရိုဂရမ်တစ်ခုရဲ့ ညွှန်ကြားချက်တွေကို ဆောင်ရွက်ပေးတဲ့ ကွန်ပျူတာ အစိတ်အပိုင်းလို့ ကနဦး နားလည်ထားနိုင်ပါတယ်။) မြန်ပါတယ် ဆိုတဲ့ Storage တွေတောင်မှ RAM ထက်စာရင် အများကြီး နှေးကွေးနေတုန်းပဲ ဆိုတာကိုလည်း နှိုင်းယှဉ်ချက်တွေ အရ သိနိုင်မှာပဲ ဖြစ်ပါတယ်။

Data Currency (အချက်အလက်စီးဆင်းမှု)
RAM ထဲမှာ ရှိနေမယ့် အချက်အလက်တွေကိုလည်း Device ရဲ့ မည်သည့် လုပ်ငန်းဆောင်တာ အစိတ်အပိုင်း အတွက်မဆို အလွယ်တကူ ထုတ်ယူ အသုံးပြုနိုင် ပါသေးတယ်။ RAM နဲ့ device ကြားမှာ Cable (ကြိုး) နဲ့ ချိတ်ဆက်ထားတာကြောင့် Data ပြောင်းရွေ့စီးဆင်းမှု အပိုင်းမှာ နှောင့်နှေး ကြန့်ကြာမှုဆိုတာ မရှိသလောက်ပါပဲ။

RAM မှာ အားနည်းချက်ရှိရဲ့လား?
ဒါပေမဲ့လည်း RAM က အချက်အလက် အားလုံးကို အမြဲတမ်းတော့ မှတ်မိပေးနေနိုင်မှာ မဟုတ်ပါဘူး။ RAM ဆိုတာ မေ့ပျောက်လွယ်တဲ့ နည်းပညာတစ်ခုပါ။ ဆိုလိုတာက သူ့ကို ပါဝါပေးမထားနိုင်တော့ဘူးဆိုရင် ၊ အားလုံးကို မေ့သွားမှာပါ။ (ဥပမာ – စက်ပိတ်လိုက်တာ ၊ Reboot လုပ်လိုက်တာ) အဲ့ဒီအချက်ကပဲ Hard Drive လို ၊ SSD လို Storage System ကို လိုအပ်နေသေးတယ်ဆိုတဲ့ အကြောင်းအရင်း အချက်ပါပဲ။ RAM နဲ့ မတူတာက သူတို့က Device Power ပိတ်လိုက်သည့်တိုင် Data တွေကို ရေရှည် သိမ်းဆည်းပေးထားနိုင်လို့ပါပဲ။

Sponsored Link
နိဂုံး
ဘယ်လိုပဲဆိုဆို IT နယ်ပယ်မှာတော့ ကုမ္ပဏီအများစုက သူတို့ Device တွေကို RAM များများ Support နိုင်အောင် ပိုပြီးကြိုးစားထည့်သွင်းလာကြသလို ၊ User တွေဖက်ကလည်း RAM များတဲ့ Device တွေကို ပိုပြီးမျက်စိကျလာကြတာကို မြင်တွေ့နိုင်မှာပဲ ဖြစ်ပါတယ်။
ဟုတ်ကဲ့ …အခုလို အဆုံးထိ ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း IT ဆိုင်ရာ Blog တွေ ၊ သတင်းတွေကို အမြဲတမ်းဖတ်ရှုနိုင်ဖို့ (KSL နည်းပညာ) Page ကို Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။ ကောင်းသောနေ့လေး ဖြစ်ပါစေ ခင်ဗျာ

အများသူငှာအသိပညာကြွယ်ဝစေဖို့ KSL Technology မှ ကူးယူဖော်ပြပါသည်။
KSL Technology pageမှာလည်းတိုက်ရိုက်လေ့လာနိုင်ပါတယ်

Want your business to be the top-listed Shop in Pyinmana?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pyinmana

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00