Smart Start Learning Center

Smart Start Learning Center

Share

SSLC - Smart Start Learning Center Smart Start Learning Center

Photos from Smart Start Learning Center's post 12/08/2026

ကလေးတို့ရေ ဒီနေ့မှာတော့ 🔎🔎သိပ္ပံဆိုင်ရာ သိမှတ်ဖွယ်ထဲက အရမ်းထူးဆန်းပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ 🐦ငှက်ကလေးတစ်ကောင်အကြောင်းပြောပြမယ်နော်။

🌲🌳🌳🌲
ကလေးတို့အခု သစ်တောအုပ်ကြီးတစ်ခုထဲ ရောက်သွားတယ်လို့ စဥ်းစားကြည့်လိုက်ပါ။ အဲ့ဒီချိန်မှာ ကင်မရာ ရိုက်လိုက်တဲ့ "ချက်ခ်... ချက်ခ်" ဆိုတဲ့ အသံ၊ ကားနှိုးလိုက်တဲ့ "ဝူး... ဝူး" ဆိုတဲ့ အသံ ဒါမှမဟုတ် ဖုန်းမြည်သံတွေကို ကြားလိုက်ရရင် အနီးအနားမှာ လူတွေ ရှိနေတယ်လို့ ထင်မိကြမှာပဲနော်။ဒါပေမဲ့ တကယ်တော့ အဲဒီအသံတွေဟာ လူတွေဆီက လာတာမဟုတ်ဘဲ အံ့သြစရာကောင်းတဲ့ ငှက်ကလေးတစ်ကောင်ဆီက ထွက်လာတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီငှက်ကလေးရဲ့ နာမည်ကတော့ "လိုင်ယာငှက်" (Lyrebird) ဖြစ်ပါတယ်။
🪶🪶🪶
လိုင်ယာငှက်လေးတွေဟာ သြစတြေးလျနိုင်ငံရဲ့ စိုစွတ်တဲ့ မိုးသစ်တောကြီးတွေမှာ နေထိုင်ကြပါတယ်။ အထီးကလေးတွေရဲ့ အမြီးတံဟာ ဂရိခေတ်က ရှေးဟောင်း ဂီတတူရိယာတစ်ခုဖြစ်တဲ့ "လိုင်ရာ" (Lyre) စောင်းပုံစံမျိုး 🪉လှလှပပ ကွေးညွတ်နေလို့ သူတို့ကို "လိုင်ယာဘတ်" (Lyrebird) လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

🌳🌳🌲
တောအုပ်ထဲက အသံတု ဆရာကြီး - Lyrebird
🌳🌳🌲
လိုင်ယာငှက်တွေရဲ့ အထူးခြားဆုံး အချက်ကတော့ ကြားသမျှအသံကို ကူးယူပြီး ထပ်တူကျအောင် ပြန်လည် အတုခိုးနိုင်တာ ပဲဖြစ်ပါတယ်။
တောထဲမှာရှိတဲ့ အခြားငှက်တွေ၊ တောရိုင်းသတ္တဝါတွေရဲ့ အသံကို တုပနိုင်ပါတယ်။လူတွေရဲ့ ကင်မရာသံ၊ ဖုန်းမြည်သံ၊ ကားဟွန်းသံနဲ့ သစ်ပင်ခုတ်စက်သံတွေကိုလည်း ထပ်တူကျအောင် တုပနိုင်ပါတယ်။ငိုနေတဲ့ ကလေးငယ်ရဲ့ အသံနဲ့ ခွေးဟောင်သံတွေကိုပင် အတိအကျ ပြန်လုပ်ပြနိုင်ကြပါတယ်။
❓❓
ဒါဟာဘာလို့လဲဆိုတော့ သူတို့ရဲ့ လည်ချောင်းထဲမှာရှိတဲ့ အသံထုတ်အင်္ဂါ (Syrinx) ဟာ အခြားငှက်တွေထက် ပိုမို ရှုပ်ထွေးပြီး သန်မာတာကြောင့် ဒီလို အသံပေါင်းစုံကို လှပစွာ တုပနိုင်တာ ဖြစ်ပါတယ်။

🎯 နောက်ထပ်ထူးဆန်းတဲ့အချက်ကတော့

🔸လိုင်ယာငှက်အထီးတွေဟာ စုံတွဲဖော် ငှက်မလေးတွေကို ဆွဲဆောင်ဖို့အတွက် သစ်တောထဲက မြေကြီးပေါ်မှာ သစ်ရွက်ခြောက်တွေ မြေကြီးတွေ စုပုံပြီး စတိတ်စင်သဖွယ် လုပ်လေ့ရှိပါတယ်။
🔸အဲဒီမြေပုံပေါ်မှာ မတ်တပ်ရပ်ပြီး သူတို့ရဲ့ ခမ်းနားတဲ့ အမြီးတံကြီးကို ခေါင်းပေါ်အထိ လှန်တင် ဖြန့်ကျက်လိုက်ကြပါတယ်။ အဲဒီနောက် မှတ်မိသမျှ အသံဆန်းဆန်းလေးတွေကို တေးသီချင်းအဖြစ် ရောစပ်သီဆိုပြီး ကကြိုးဆန်းတွေနဲ့ ကပြဆွဲဆောင်ကြပါတယ်။
🔸 ငှက်အမတွေမှာတော့ အထီးတွေလိုမျိုး Lyreပုံစံအမြီးလှလှတွေမပါဘဲ ရိုးရိုးသာမာန် အညိုရောင် အမြီးအရှည်ကြီးသာရှိကြပါတယ်။
🔸Lyrebird တွေဟာ လှပတဲ့ တောင်ပံတွေ ရှိကြပေမဲ့ ကောင်းကင်ကြီးထဲမှာ ဝေးဝေးလံလံ ပျံသန်းနိုင်စွမ်း မရှိကြပါဘူး။ ဒါပေမဲ့ သူတို့မှာ သန်မာတဲ့ ခြေထောက်တွေ ရှိတာကြောင့် မြေပြင်ပေါ်မှာ မြေကြီးတွေကို တူးဆွပြီး ပိုးမွှားတွေ၊ တီကောင်တွေကို အလွယ်တကူ ရှာဖွေ စားသောက်နိုင်ကြပါတယ်။

🌍 သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုအထောက်အကူပြုကြသလဲ 🌏

Lyrebird လေးတွေဟာ တောအုပ်ထဲမှာ အသံတုပြုလုပ်ပြီး အလှပြရုံတင်မကဘဲ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောဂေဟစနစ် (Ecosystem) ထိန်းသိမ်းရေး မှာလည်း မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ကူညီပေးနေကြပါတယ်။

🔸 သစ်တောကြီးရဲ့ "မြေဆီလွှာ အလုပ်သမားများ"

Lyrebird တွေဟာ ပျံသန်းတာထက် မြေပြင်ပေါ်မှာပဲ အချိန်အများစုကို ကုန်လွန်စေပါတယ်။ သူတို့ရဲ့ သန်မာတဲ့ ခြေသည်းကြီးတွေနဲ့ သစ်ရွက်ခြောက်တွေ၊ မြေကြီးတွေကို တစ်နှစ်ပတ်လုံး တူးဆွပြီး အစာရှာကြပါတယ်။

🔸သစ်တော မီးလောင်မှုကို လျှော့ချပေးခြင်း:

သစ်ရွက်ခြောက်တွေကို တူးဆွပြီး မြေကြီးနဲ့ ရောနှောပစ်လိုက်တာကြောင့် တောမီးလောင်လွယ်တဲ့ သစ်ရွက်ခြောက်အလွှာတွေကို နည်းပါးသွားစေပြီး တောမီးလောင်ကျွမ်းမှု ပျံ့နှံ့မှုကို လျှော့ချပေးပါတယ်။

🔸မြေဆီလွှာကို အသက်ရှူစေခြင်း

မြေကြီးကို တူးဆွပေးခြင်းဖြင့် လေထုထဲက အောက်ဆီဂျင်နဲ့ မိုးရေတွေကို မြေကြီးထဲ စိမ့်ဝင်ရလွယ်ကူစေပြီး သစ်ပင်ကြီးတွေ ရှင်သန်ဖို့ မြေဆီလွှာကို ကောင်းမွန်စေပါတယ်။

🔸အပင်သစ်များ ပေါက်ရောက်စေခြင်း

သူတို့တွေ မြေကြီးကို တူးဆွစဉ်မှာ မြေအောက်ထဲမှာ မြှုပ်နေတဲ့ အပင်စေ့လေးတွေဟာ အလင်းရောင်နဲ့ လေကို ရရှိသွားပြီး အပင်သစ်လေးတွေအဖြစ် ပြန်လည် ပေါက်ရောက်လာကြပါတယ်။ ဒါကြောင့် သစ်တောကြီး အမြဲစိမ်းလန်းစိုပြည်နေအောင် စိုက်ပျိုးပေးသူလေးတွေလည်း ဖြစ်ပါတယ်။

🔸 ပိုးမွှားကောင်ရေကို ထိန်းညှိပေးခြင်း

လိုင်ယာငှက်တွေဟာ မြေကြီးထဲက တီကောင်၊ ပင့်ကူ၊ ကင်းခြေများနဲ့ ဗက်တီရီးယား/ပိုးမွှားတွေကို အစာအဖြစ် စားသုံးကြပါတယ်။ ဒါကြောင့် သစ်တောထဲမှာ စိုက်ပျိုးပင်တွေကို ဖျက်ဆီးတတ်တဲ့ ပိုးမွှားတွေ လွန်လွန်ကဲကဲ ပေါက်ဖွားမလာအောင် သဘာဝအလျောက် ကာကွယ်ထိန်းညှိပေး နေတာ ဖြစ်ပါတယ်။

🔸 အခြားသတ္တဝါများအတွက် အစာရှာရ လွယ်ကူစေခြင်း

လိုင်ယာငှက်လေးတွေ မြေကြီးကို စနစ်တကျ တူးဆွပြီးသွားတဲ့အခါ အခြား ငှက်ငယ်လေးတွေနဲ့ သတ္တဝါငယ်လေးတွေဟာလည်း အဲဒီနေရာမှာ ကျန်ခဲ့တဲ့ ပိုးမွှားနဲ့ အစေ့အဆံတွေကို အလွယ်တကူ လာရောက်စားသုံးနိုင်ကြပါတယ်။

ခြုံပြောရရင်တော့ လိုင်ယာငှက်လေးတွေဟာ သစ်တောကြီးရဲ့ မြေဆီလွှာကို ပြုပြင်ပေးသူ၊ တောမီးဘေးက ကာကွယ်ပေးသူနဲ့ သစ်ပင်သစ်တွေ စိုက်ပျိုးပေးသူ အဖြစ် သဘာဝပတ်ဝန်းကျင်ကို အလွန်အကျိုးပြုနေတဲ့ ငှက်ကလေးများ ဖြစ်ကြပါတယ်။
🪶🪶🌀🌀
Lyrebird ရဲ့ ထူးခြားတဲ့အသံစွမ်းရည်ကို နားဆင်ဖို့အတွက် တီချယ်က အောက်မှာ video link လေးမျှဝေပေးတယ်နော်။ကလေးတို့လည်း ဝင်ကြည့်ပြီး နားထောင်လိုက်ပါဦးနော်။ နောက်အပတ်ကျရင် ပြန်တွေ့ကြမယ်နော်။
https://youtu.be/DR6hptE6vI8?si=HfnabsSgkCPZsdZe
https://youtu.be/AwxvjrbEkTg?si=vaQQLI7WY1UKUdOz

Photos from Smart Start Learning Center's post 27/07/2026

မင်္ဂလာပါ ကလေးတို့ရေ ဒီအပတ်မှာတော့
🐡🐠 ငါးကလေးတွေက ဘယ်လို အိပ်သလဲ ဆိုတဲ့ ဒီမေးခွန်းလေးကို အတူတူအဖြေရှာကြည့်ရအောင်.

ပထမဆုံးကလေးတို့သိရမှာက
ငါးကလေးတွေက တို့လူတွေ တိရစ္ဆာန်တွေ အိပ်သလိုမျိုး မျက်လုံးမှိတ်ပြီးမအိပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ ငါးတွေရဲ့ မျက်လုံး‌ပေါ်မှာ တို့လူတွေလိုမျက်ခွံမပါတဲ့အတွက် မျက်လုံးမှိတ်ပြီး မအိပ်ကြတာပါပဲ။

🐠🐠🦈🫍
ဒါဆိုဆက်ပြီး ငါးကလေးတွေရဲ့ အိပ်စက်တဲ့ အလေ့အထ ပုံစံတွေကို လေ့လာကြည့်ရအောင်။

၁။ မျက်လုံးဖွင့်ပြီး အိပ်ကြတယ်
ငါးတွေမှာ မျက်ခွံမပါတဲ့အတွက် အိပ်နေတဲ့အချိန်မှာလည်း မျက်လုံးက ပွင့်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အိပ်နေလား၊ နိုးနေလားဆိုတာကို မျက်လုံးကြည့်ပြီး ခွဲခြားဖို့ ခက်ပါတယ်။

၂။ ဘယ်လိုပုံစံနဲ့ အိပ်ကြသလဲ?
ငါးအမျိုးအစားပေါ် မူတည်ပြီး အိပ်တဲ့ပုံစံ ချင်း မတူကြပါဘူး။

🔶 ငြိမ်နေခြင်း:
အများစုကတော့ ရေအောက်ထဲမှာ ဒါမှမဟုတ် ရေကန်အောက်ခြေနားမှာ ငြိမ်ငြိမ်လေး မျောနေတတ်ကြပါတယ်။

🔶 ပုန်းအိပ်ခြင်း:
ငါးအသေးလေးတွေကတော့ ရန်သူ့ရန်ကနေ ကာကွယ်ဖို့ ကျောက်ဆောင်ကြား၊ သန္တာကျောက်တန်းကြား ဒါမှမဟုတ် ရေမှော်ပင်တွေကြားထဲမှာ ပုန်းပြီး အိပ်တတ်ကြပါတယ်။

🔶 ရွေ့လျားရင်း အိပ်ခြင်း:
ငါးမန်းလိုမျိုး ငါးအချို့ကတော့ အသက်ရှူဖို့အတွက် ရေထဲက အောက်ဆီဂျင်ကို ပါးဟက်ထဲ အမြဲဖြတ်စီးဆင်းနေအောင် လုပ်ရပါတယ်။ ဒါကြောင့် သူတို့က အိပ်နေရင်းနဲ့တောင် ဖြည်းဖြည်းချင်း ဆက်ပြီး ကူးခတ်နေတတ်ကြပါတယ်။

၃။ သူတို့ အိပ်နေမှန်း ဘယ်လိုသိနိုင်မလဲ?

🔸ငါးကလေးတွေ အိပ်နေပြီဆိုရင် အောက်ပါ လက္ခဏာတွေကို တွေ့ရတတ်ပါတယ်။

🔸ရေကူးတာကို ရပ်လိုက်ပြီး တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး မျောနေမယ်။

🔸ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို တုံ့ပြန်မှု အရမ်းနှေးသွားမယ် (အနားကို အစာ သွားကျွေးရင်တောင် ချက်ချင်း သတိမထားမိတတ်ပါဘူး။

🔸ပါးဟက် လှုပ်ရှားမှု (အသက်ရှူနှုန်း) က ပုံမှန်ထက် နှေးကွေးသွားတတ်ပါတယ်။

😯😯😯
စိတ်ဝင်စားစရာ အချက်က‌တော့
ငါးတွေလည်း လူတွေလိုပဲ ညဘက်မှာ အိပ်တဲ့အကောင်ရှိသလို၊ နေ့ဘက်မှာ အိပ်ပြီး ညဘက်မှ အစာရှာထွက်တဲ့ အကောင်တွေလည်း ရှိပါတယ်။

ဒါဆို ကလေးတို့လည်းအိမ်မှာ ငါးမွေးထားတယ်ဆိုရင် ညဘက် မီးပိတ်လိုက်တဲ့အခါ သူတို့လေးတွေ ရေကန်အောက်ခြေမှာ ငြိမ်ကျပြီး အိပ်သွားတာကို သတိထားကြည့်ကြနော်။

24/06/2026

📢📢 SSLC တွင် ဇူလိုင်လမှ စပြီး တွင် Nursery နှင့် Kindergarden အတန်းများ စတင်ဖွင့်လှစ်သင်ကြားမည်။

ဖေဖေမေမေတို့၏ရတနာ ရင်သွေးငယ်များ၏ အနာဂတ်အတွက် ပျော်ရွှင်စရာ ပညာရေးအစကို
SSLC မှာ စတင်ပြီးတည်‌ဆောက်လိုက်ပါ။

Smart Start Learning Center တွင် အသက် ၂နှစ်မှ ၆နှစ် အရွယ် ကလေးငယ်များအတွက် Pre- Nursery, Nursery, Pre- Kindergarden နှင့် Kindergarden (မူကြိုအတန်းများ)ကို Play-way နှင့် Montessori စနစ်ကို အသုံးပြုပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ သင်ကြားပေးသွားပါမည်။

SSLC မှ ကလေးငယ်တိုင်း၏ စွမ်းရည်များကို အပြည့်အဝ ဖော်ထုတ်ပေးရန်အတွက် အောက်ပါနည်းစနစ်များကို အသုံးပြုသွားပါမည်။
✅ Play-Way & Montessori စနစ်:
ကစားရင်း သင်ယူခြင်းဖြင့် ကလေး၏ သိလိုစိတ်ကို နှိုးဆွပေးခြင်း။
✅ Bilingual Education:
မြန်မာ-အင်္ဂလိပ် ဘာသာစကားနှစ်မျိုးဖြင့် စနစ်တကျ သင်ကြားပေးခြင်း။
✅ ဘက်စုံသင်ရိုးညွှန်းတမ်း:
မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပန်းချီနှင့်လက်မှု၊ life skills ဘာသာရပ် နှင့် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းများ။
✅ အတန်းတစ်တန်းလျှင်ကျောင်းသား(၁၀)ဦးသာ:
ကလေးတစ်ဦးချင်းစီကို အသေးစိတ် ဂရုစိုက်ပေးခြင်း။
━━━━━━━━━━
👶Montessori & Play-way Method ဆိုတာ

ယနေ့ခေတ်တွင် စာအုပ်ထဲမှ အချက်အလက်များကို အလွတ်ကျက်မှတ်ခြင်းထက် လက်တွေ့ကျသော စွမ်းရည်များ (Practical Skills) ကပိုပြီးအရေးပါလာပါပြီ။ ဒီစွမ်းရည်တွေက်ု ငယ်စဉ်အချိန်ကတည်းက စနစ်တကျ ပျိုးထောင်ပေးဖို့အ‌ရေးကြီးပါတယ်။
Montessori & play-Way Method မှာ ကလေးငယ်များတွေကို "စာအလွတ်ကျက်သူ" များအဖြစ် မဟုတ်ဘဲ "လက်တွေ့ပြဿနာကို ဖြေရှင်းတတ်သူများ" အဖြစ် ပျိုးထောင်ပေးသည့်စနစ်တစ်ခုဖြစ်ပါတယ်။

SSLCတွင် အသုံးပြုမည့်
Play-Way စနစ်နှင့် Montessori စနစ်တွင် ကလေးငယ်များ၏ သင်ယူမှုကို လွယ်ကူစေရန် နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်‌စေရန် သင်ထောက်ကူပစ္စည်းမျိုးစုံကို အသုံးပြုပြီးသင်ကြား‌ပေးသွားပါမည်။

✔️ဦးနှောက်နှင့် ယုတ္တိဗေဒစွမ်းရည် တိုးတက်စေရန် အတွက် ပဟေဠိများ (Puzzles)
✔️အကြောင်းအရာအသစ်များကို လေ့လာရာတွင် အထောက်အကူပြု ပညာပေးအရုပ်များ (Educational Toys)
✔️အာကာသဆိုင်ရာ နားလည်မှုနှင့် တီထွင်ဖန်တီးမှုကို မြှင့်တင်ရန် သစ်သားတုံး၊ဖော့တုံးများ (Building Blocks)
✔️နားထောင်မှုစွမ်းရည်နှင့် စည်းချက်ညီမှုကို လေ့ကျင့်ရန် ဂီတတူရိယာများ (Musical Instruments)
✔️စိတ်ကူးစိတ်သန်းများကို ဖော်ထုတ်ရန် အတွက်ဆေးရောင်ခြယ်၊ စက္ကူနှင့် စုတ်တံများ၊
အနုပညာသုံးပစ္စည်းများ (Art Supplies)
✔️အာရုံခံစားမှု (Sensory)နှင့် လက်ချောင်းလေးများသန်မာလာစေဖို့ သဲ၊ ရွှံ့စေးနှင့် ရေ (Sand, Clay, and Water)
အသုံးပြုသင်ကြားသွားပါမည်။

SSLCတွင် အသုံးပြုသော သင်ထောက်ကူပစ္စည်းများသည် လက်တွေ့လုပ်ဆောင်မှု (Activity-based)နှင့် စဉ်းစားတွေးခေါ်မှု (Logical thinking) အပေါ် အခြေခံသည့်အတွက် ကလေးငယ်များကို ကာယစိတ္တ နှစ်မျိုးလုံး ဖွံ့ဖြိုးဖို့အတွက် အလွန်အသုံးဝင်ပါသည်။

ဒါ့အပြင် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့အတွက် Outdoor playground အပြင်ဘက် ကစားကွင်းသုံးပစ္စည်းများ ဒန်း (Swings) နှင့် လျှောများ (Slides)ကိုထားရှိထားပါသည်။
━━━━━━━━━━
ကျောင်းချိန်:
နံနက် ၉:၀၀ မှ နေ့လယ် ၂:၃၀ ထိ
━━━━━━━━━━
အတန်းများ:
⭐Pre-Nursery (အသက်၂-၃နှစ်)
⭐Nursery (အသက် ၃-၄နှစ်)
⭐Pre- Kindergarden
(အသက် ၄-၅နှစ်)
⭐Kindergarten (အသက် ၅-၆နှစ်)

🛎️အစောဆုံးအပ်နှံသူ ကလေးများအတွက် Early Bird Discount 15% ရရှိမှာဖြစ်ပါတယ်။
နေရာအကန့်အသတ်ရှိသဖြင့် အမြန်ဆုံး လာရောက်စုံစမ်းနိုင်ပါပြီ။
━━━━━━━━━━
📞 ဆက်သွယ်စုံစမ်းရန်
━━━━━━━━━━
📱 Viber / Phone – 09 409 216 655 အသေးစိတ်ကို ဖုန်းဆက်၍ဖြစ်စေ၊ Viber မှဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
အမှတ်- ၆/၁၉၂၊ အမှတ်(၁) ကျောင်းရှေ့(၁)လမ်း၊မြို့ဦးရပ်ကွက်၊ပျဉ်းမနားမြို့၊နေပြည်တော်။

Photos from Smart Start Learning Center's post 21/05/2026

မင်္ဂလာပါရှင် မေမေဖေဖေတို့ရေ
ဒီအပတ်မှာတော့ သိပ္ပံဆိုင်ရာ စိတ်ဝင်စားစရာတွေ အများကြီးထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ကြီးက ဘာလို့အပြာရောင် ဖြစ်နေရတာလဲဆိုတဲ့ မေးခွန်းလေးကို အဖြေရှာကြည့်ရအောင်နော်။

ကောင်းကင်ကြီးက အပြာရောင်ဖြစ်နေရတာဟာ Rayleigh Scattering (ရောင်စဉ်ပျံ့နှံ့ခြင်း) လို့ခေါ်တဲ့ ရူပဗေဒဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။


ပိုပြီးနားလည်အောင် တစ်ဆင့်ပြီးတစ်ဆင့် ရှင်းပြပေးမယ်နော်။

🔎🔎🔎
၁။ နေရောင်ခြည်မှာ အရောင်အားလုံးပါဝင်ပါတယ်။
နေရောင်ခြည်ဟာ ကျွန်မတို့မျက်စိနဲ့ ကြည့်ရင် အဖြူရောင် ဒါမှမဟုတ် အဝါဖျော့ဖျော့လို့ ထင်ရပေမဲ့ တကယ်တော့ သူဟာ သက်တံရောင်စဉ် (Visible Spectrum) ထဲက အရောင်အားလုံး ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

နေရောင်ခြည်မှာ ပါဝင်တဲ့ အဓိကအရောင်တွေကတော့ သက်တံမှာပါတဲ့ အစဉ်လိုက်အတိုင်းပဲ ဖြစ်ပါတယ်။
အနီရောင် (Red)၊ လိမ္မော်ရောင် (Orange)၊ အဝါရောင် (Yellow)၊ အစိမ်းရောင် (Green)၊ အပြာရောင် (Blue)၊ မရမ်းရောင် (Indigo)၊ ခရမ်းရောင် (Violet) ဖြစ်ပါတယ်။

အရောင်တစ်ခုချင်းစီမှာ မတူညီတဲ့ လှိုင်းအလျား (Wavelength) တွေ ရှိကြပါတယ်။အနီရောင်က လှိုင်းအလျားအရှည်ဆုံးဖြစ်ပြီး ခရမ်းရောင်က လှိုင်းအလျားအတိုဆုံးဖြစ်ပါတယ်။

🔎🔎🔎
၂။ လေထုထဲမှာ အမှုန်အမွှားလေးတွေ ရှိပါတယ်။
နေရောင်ခြည်ဟာ ကမ္ဘာ့လေထုထဲကို ဖြတ်သန်းတဲ့အခါ လေထုထဲမှာရှိတဲ့ နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင် မော်လီကျူးလေးတွေနဲ့ ရိုက်မိပါတယ်။


အနီရောင်ကဲ့သို့ လှိုင်းအလျားရှည်တဲ့ အရောင်တွေက လေထုကို အနှောင့်အယှက်မရှိ သာသာယာယာ ဖြတ်သန်းသွားနိုင်ပေမယ့် အပြာရောင်နဲ့ ခရမ်းရောင်ကဲ့သို့ လှိုင်းအလျားတိုတဲ့ အရောင်တွေကတော့ လေထဲက မော်လီကျူးလေးတွေနဲ့ ရိုက်မိတဲ့အခါ အရပ်မျက်နှာအနှံ့ကို လွင့်စင် (Scattered) ထွက်သွားပြီး ကောင်းကင်တစ်ပြင်လုံးကို အပြာရောင်တွေ ပျံ့နှံ့စေပါတယ်။

🔎🔎🔎
၃။ ဒါဆိုဘာလို့ ကောင်းကင်က ခရမ်းရောင် မဟုတ်တာလဲ။
တကယ်တော့ ခရမ်းရောင်က အပြာရောင်ထက်တောင် ပိုပြီး ပျံ့လွင့်နိုင်စွမ်း ရှိပါတယ်။

ဒါပေမဲ့ ကောင်းကင်ကြီးကို အပြာရောင်ပဲ မြင်ရတဲ့ အကြောင်းရင်း (၂) ချက် ရှိပါတယ်။

🔸နေက ထုတ်လွှတ်တဲ့ ရောင်စဉ်ထဲမှာ အပြာရောင်က ခရမ်းရောင်ထက် ပိုများပါတယ်။

🔸ကျွန်မတို့ လူ့မျက်စိရဲ့ မြင်လွှာဟာ ခရမ်းရောင်ထက် အပြာရောင်ကို ပိုပြီး အာရုံခံနိုင်စွမ်း ရှိလို့ပါပဲ။

🙀🙀😯
နောက်ထပ် ထူးခြားတဲ့အချက်တစ်ခုကတော့
နေဝင်ချိန်မှာတော့ နေရောင်ခြည်ဟာ လေထုကို အဝေးကြီး ဖြတ်သန်းရတဲ့အတွက် အပြာရောင်တွေ အကုန်လုံး လမ်းမှာ ပျောက်ကွယ်သွားပြီး လှိုင်းအလျားရှည်တဲ့ အနီရောင်နဲ့ လိမ္မော်ရောင် တွေကပဲ ကျွန်မတို့မျက်စိထဲကို ရောက်လာတာကြောင့် နေဝင်ချိန်မှာ ကောင်းကင်ကြီးကို
အနီရောင်(သို့) လိမ္မော်ရောင် မြင်ရတာ ဖြစ်ပါတယ်။

👋👋
ဒီအပတ်မှာ ကောင်းကင်ကြီးက ဘာလို့အပြာရောင်ဖြစ်နေသလဲဆိုတာ သိပြီးပြီမို့ နောက်အပတ်တွေမှာလည်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ သိပ္ပံမေးခွန်းလေးတွေကို အဖြေရှာကြည့်မှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။

13/05/2026

📚✨ SSLC Weekend Classes အတန်းသစ်များ ဖွင့်လှစ်မည် ✨📚

ကလေးများ၏ ပညာရေးအခြေခံကို ခိုင်မာစေပြီး နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်များနှင့် ထိတွေ့သင်ယူနိုင်စေရန် ရည်ရွယ်၍ SSLC (Smart Start Learning Center) မှ Weekend English, Mathematics & Science Classes အသစ်များကို လာမည့် ဇွန်လ (၆) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ 🌟

👩‍🏫 တန်းခွဲတစ်ခန်းလျှင် ကျောင်းသား (၁၀) ဦးသာ လက်ခံသင်ကြားပေးမည်ဖြစ်သောကြောင့် ကလေးတစ်ဦးချင်းစီကို အနီးကပ် လေ့ကျင့်သင်ကြားပေးပါသည်။
━━━━━━━━━━
🌟 English Classes
━━━━━━━━━━
🔹 Foundation English Classes (4 – 6 years)
🔹 Oxford Young Learners English Classes (7 – 10 years)
🔹 Teenage English Classes (11 – 14 years)

🗓 သင်တန်းကာလ
• Foundation Classes – Level တစ်ခုလျှင် ၃ လ
• Oxford Young Learners English Classes – Level တစ်ခုလျှင် ၆ လ
• Teenage English Classes – Level တစ်ခုလျှင် ၉ လ
⏰ သင်ကြားချိန်
• တစ်ပတ်လျှင် – ၃ နာရီ
• စုစုပေါင်း သင်ကြားချိန် – ၇၂ နာရီ

📘 Oxford Curriculum ကို အသုံးပြု၍ Vocabulary, Grammar နှင့် 4 Skills (Listening, Speaking, Reading, Writing) များကို Activities, Games နှင့် Worksheets များဖြင့် စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ပါသည်။
📝 ထို့အပြင် Unit Tests များဖြင့်လည်း ကလေးများ၏ တတ်မြောက်မှုကို ပုံမှန် စစ်ဆေးပေးသွားမည်ဖြစ်ပါသည်။

🎁 Special Classes
✨ Phonics, Speaking နှင့် Writing Skills များ ပိုမိုကျွမ်းကျင်စေရန် Monday to Friday ညနေခင်းများတွင် တစ်ပတ် (၂) ရက် အခမဲ့ အချိန်ပို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။
✨ Online Oxford English Test ကို Exam Fee ထပ်မံပေသွင်းစရာမလိုတော့ဘဲ ဖြေဆိုခွင့်ရရှိပါမည်။
@ ကလေးများ၏ အသက်အရွယ်နှင့် တတ်မြောက်မှုအဆင့်အလိုက် Placement Test စစ်ဆေးပြီး သင့်တော်သော Level များတွင် တက်ရောက်ရမည်ဖြစ်ပါသည်။

━━━━━━━━━━
🌟 Singapore Mathematics & Science
━━━━━━━━━━
🔹 Primary 1 to 6
👶 အသက် – ၆ နှစ်နှင့်အထက်
🗓 သင်တန်းကာလ – ၆ လ

📘 Singapore Mathematics

Singapore Math Teaching Method ကို အသုံးပြု၍ Problem Solving Skills, Logical Thinking နှင့် Confidence များ တိုးတက်လာစေရန်နှင့် SMC (Singapore Mathematics Challenge) စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန် စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ပါသည်။

⏰ သင်ကြားချိန်
• တစ်ပတ်လျှင် – ၄ နာရီ
• စုစုပေါင်း သင်ကြားချိန် – ၄၈ နာရီ

🏅 SMC (Singapore Mathematics Challenge) Exam Fee ကို ကျောင်းသားများမှထပ်မံပေးသွင်းစရာမလိုဘဲ SSLC မှစီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။


🔬 Singapore Science

သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို Experiment & Exploration Activities များဖြင့် စိတ်ဝင်စားဖွယ် သင်ကြားပေးသွားမည်ဖြစ်ပြီး 🚀 Aerospace Science ကိုပါ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပါသည်။ NEO Science Test ဝင်ရောက်ဖြေဆိုနိုင်ရန်လည်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

⏰ သင်ကြားချိန်
• တစ်ပတ်လျှင် – ၄ နာရီ
• စုစုပေါင်း သင်ကြားချိန် – ၄၈ နာရီ

🏅 NEO Science Test Exam Fee ကို ကျောင်းသားများမှထပ်မံပေးသွင်းစရာမလိုဘဲ SSLC မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

━━━━━━━━━━
🌟 Government English Tuition Classes
━━━━━━━━━━
⭐️ Grade 3 မှ Grade 8 အထိ

📚 အစိုးရကျောင်း English Curriculum ကို အခြေခံ၍ ကျောင်းသင်ခန်းစာများကို နားလည်ကျွမ်းကျင်စေရန် သင်ကြားပေးမည့်အပြင် —
✨ Grammar
✨ Vocabulary
✨ Reading
✨ Writing
✨ Listening
✨ Speaking Skills (4 Skills)
များကိုလည်း ထည့်သွင်းလေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။

📝 ကျောင်းစာမေးပွဲများတွင် ရလဒ်ကောင်းများရရှိစေရန်နှင့် English Language ကို ယုံကြည်မှုရှိစွာ အသုံးပြုနိုင်စေရန် စနစ်တကျ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။

⏰ သင်ကြားချိန်
• တစ်ပတ်လျှင် – ၄ နာရီ
• စုစုပေါင်း သင်ကြားချိန် – ၁၆၀ နာရီ

🕐 Monday to Friday (Evening Classes)
🗓 သင်တန်းကာလ – ၁၀ လ

━━━━━━━━━━
💡 ဘာကြောင့် SSLC ကိုရွေးချယ်သင့်သလဲ?
━━━━━━━━━━
✅ International Curriculum
✅ Small Class Size (10 Students Only)
✅ Activity-Based Learning
✅ Experienced Teachers
✅ Tests & Progress Tracking
✅ Friendly Learning Environment

━━━━━━━━━━
📞 ဆက်သွယ်စုံစမ်းရန်
━━━━━━━━━━
📱 Viber / Phone – 09 409 216 655

အသေးစိတ်ကို ဖုန်းဆက်၍ဖြစ်စေ၊ Viber မှဖြစ်စေ၊ ကျောင်းသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်။ 🌸

01/05/2026

💥ကောင်းကင်ကဘာလို့ အပြာရောင်ဖြစ်နေတာလဲ?
💥ဘာလို့ နေ့နဲ့ည ဖြစ်နေတာလဲ?
💥တိမ်တွေကို ကိုင်လို့ရလား၊ တိမ်ပေါ်မှာထိုင်လို့ ရလား?
💥သက်တန့်ကြီးကို ကိုင်လို့ရလား?
💥သားတို့ခန္ဓာကိုယ်နဲ့ ခွေးကလေးတွေရဲ့
ခန္ဓာကိုယ်က ဘာလို့မတူရတာလဲ?
💥ငှက်တွေက ပျံနိုင်ပြီး သားတို့က ဘာလို့မပြန်နိုင် တာလဲ?
💥ငါးကလေး‌ တွေက ဘယ်လိုအိပ်သလဲ?
💥ကောင်းကင်က မိုးရေတွေက ဘယ်ကလာတာလဲ။
💥လက ဘာလို သေးလာလိုက် ကြီသွားလိုက်ဖြစ်နေတာလဲ။
💥ညဘက်မှာ တွေ့ရတဲ့ ကြယ်လေးတွေက ဘာလို့မှိတ်တုတ်မှိတ်တုတ်ဖြစ်နေရတာလဲ?
💥သစ်ပင်တွေက အစာမစားဘဲ ဘာလို့ကြီးထွားလာသလဲ?
စသဖြင့်......

ဖေဖေ မေမေတို့ကို ကလေးတွေက ဒီလိုမေးခွန်း‌ လေးတွေ မေး‌ဖူးလား။
အဲဒီလို အမေးခံရတဲ့အခါ မေမေတို့က ဘာတွေလာမေးနေတာလဲ စိတ်ရှုပ်လိုက်တာ လို့မဖြေလိုက်ပါနဲ့နော်။
💭💭💭
မေမေတို့ရော စဉ်းစားဖူးလား 🤔🤔🤔
ဘာလို့ ငယ်တဲ့ကလေးတွေမှာ မေးခွန်းတွေအရမ်းများတာလဲ‌လို့။

သုတေသန စစ်တမ်းတွေအရ Early Childhood ကာလဖြစ်တဲ့မွေးဖွားပြီး ပထမဆုံး ၅နှစ်အတွင်းမှာ ကလေးတွေရဲ့ဦးနှောက်ကအဖွံ့ဖြိုးဆုံး ကာလဖြစ်ပြီး ဘာသာစကား၊မှတ်ဉာဏ်နဲ့ စူးစမ်းလ့လာချင်စိတ်က တရှိန်ထိုး တိုးတက်‌နေတဲ့ ကာလဖြစ်ပါတယ်။

ဒီအရွယ်မှာ ကလေးတွေဟာ သဘာဝအတိုင်း အာရုံးငါးပါးနဲ့ထိတွေ့ရတာနှစ်သက်တယ်၊
သင်ယူတတ်မြောက်လွယ်ပြီး မြင်သမျှ ကြားသမျှ ထိတွေ့မှုမှန်သမျှကို အပြည့်အဝမှတ်သားပြီးသင်ယူကြပါတယ်။

ဒါ့အပြင် လူကြီးတွေကို မေးခွန်းတွေ အများကြီးမေး‌လေ့ရှိပြီး သူတို့နေထိုင်ရမယ့် ကမ္ဘာကြီးကို စတင်လေ့လာပြီး သင်ယူကြပါတယ်။

အပေါ်က မေးခွန်းလေးတွေရဲ့အ‌ဖြေက သိပ္ပံထဲမှာ ရှိပါတယ်။‌
🔎🔎🔎
"Curiosity is the engine of science."
"စူးစမ်းလေ့လာလိုစိတ်က သိပ္ပံပညာမှာ အရေး
ကြီးတဲ့ အင်ဂျင်လို အစိတ်အပိုင်းကြီးတစ်ခုပါ" တဲ့

အဲဒီလိုအဖိုးတန်တဲ့ စူးစမ်းလေ့လာစိတ်က ကျွန်မတို့ကလေးတွေမှာ မွေးကတည်းက ပါလာပြီးသားဖြစ်ပေမယ့် လူကြီးတွေရဲ့ လျစ်လျူရှုမှု၊စိတ်မရှည်မှုတွေကြောင့် ပျောက်ပျက်ကုန်ရတာပါ။

ဒါကြောင့်မို့ ကျွန်မတို့ လူကြီးတွေ အုပ်ထိန်းသူတွေ ဆရာ၊ဆရာမတွေက သူတို့မေးတာ‌တွေကို စိတ်ရှည်လက်ရှည်နဲ့ သူတို့နားလည်တဲ့အထိ ရှင်းပြပေးဖို့လိုပါတယ်။

🤔🤔🤔❔💭💭💭
ဖေဖေမေမေတို့ကရော ကလေးတွေကို ဘယ်အရွယ်မှာ မှာ သိပ္ပံကို စပြီး သင်‌ပေးသင့်သလဲလို့ ထင်ပါသလဲ။

သင်ယူလေ့လာမှုအတွက် နောက်ကျတယ်ဆိုတာ
မရှိပါဘူး။

📝📊📈
ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေအရ
"အသက် ၃နှစ်ကနေ ၅နှစ် က သိပ္ပံနဲ့ စတင်ထိတွေ့သင်ကြားပေးဖို့ အကောင်းဆုံးအချိန်ပါတဲ့"

"ကျောင်းနေအရွယ် ၅နှစ်ကနေစပြီး စနစ်တကျရေးဆွဲထားတဲ့ သိပ္ပံသင်ခန်းစာတွေကို အများနဲ့‌ ကောင်းမွန်စွာ သင်ယူနိုင်တဲ့အရွယ်ဖြစ်ပါတယ်။

ကျွန်မတို့ ကလေးတွေဟာ AI နဲ့နည်းပညာတွေ တိုးတက်လာတဲ့ ဒီခေတ်မှာ ကြီးပျင်းရသူတွေဖြစ်လို့ အတွေးအခေါ်ပိုင်းနဲ့ နည်းပညာပိုင်းမှာနောက်ကျမကျန်ခဲ့ဖို့အရေးကြီးပါတယ်။

ဒါ‌ကြောင့် ငယ်စဉ်အရွယ်ကတည်းက သိပ္ပံဘာသာရပ်နဲ့စတင်ထိတွေ့ပေးခြင်းဖြင့်
ကလေးတွေရဲ့ တီထွင်ဖန်တီးချင်စိတ်၊စူးစမ်းလေ့လာလိုစိတ်၊ ကျိုးကြောင်းဆက်စပ်စဉ်းစားနိုင်မှုတို့ကို ပျိုးထောင်ပြီးသားဖြစ်‌‌စေမှာပါ။

ဒီနေ့မျှဝေခဲ့တာကတာ့ ဖေဖေ မေမေတို့ အနေနဲ့ ကလေးတွေကို ငယ်ရွယ်စဉ်မှာ အင်္ဂလိပ်စာ သင်္ချာ အပြင် သိပ္ပံဘာသာရပ်လည်း မဖြစ်မနေသင်ကြား‌ပေး ဖို့ လိုအပ်တယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။

နောက်အပတ်တွေမှာလည်း သိပ္ပံနဲ့ဆက်စပ်တဲ့အ‌ကြောင်းအရာတွေနဲ့ အပေါ်ကမေးခွန်းလေးတွေရဲ့ အဖြေတွေကို မျှဝေပေးသွားမှာဖြစ်လို့စောင့်မျှော်ပေးကြပါဦးနော်။

09/04/2026

လေးစားရပါသော SSLC ၏
ကျောင်းသားကျောင်းသူများနှင့် မိဘများရှင့်

မြန်မာနှစ်သစ်ကူးပိတ်ရက်များအဖြစ်
9.4.26 မှ 19.4.26 နေ့အထိ
အတန်းချိန်များအားလုံးကို ပိတ်ထားမည်ဖြစ်ပါသည်။
ကလေးများအားလုံးပျော်ရွှင်စရာ သင်္ကြန်ပွဲတော်ကို မိသားစုနှင့်အတူ အေးချမ်း‌‌ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ 🙏🙏🙏

ကျောင်းကို April (20)ရက်နေ့တွင် ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားပါမည်။

26/03/2026

"Myanmar Armed Forces Day"
March 27, 2026

01/03/2026

Peasants' Day
2 March 2026



'day2026

11/02/2026

"79th Myanmar Union Day"
February 12, 2026

Category

Telephone

Address

No. 6/291, No. 1 Kyaung Shae 1st Street, Myo Oo
Pyinmana

Alerts

Be the first to know and let us send you an email when Smart Start Learning Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Pyinmana.