Atmos English Community
Empower through language,
no one gets left behind.
17/08/2026
✅ အင်္ဂလိပ်လို ပြောတတ်ရမယ်
✅ လူတိုင်းနဲ့ စကားပြောရဲမယ်
✅ အမြင်တွေ ဖလှယ်ခွင့်ရမယ်
✅ အတွေ့အကြုံတွေ မျှဝေခွင့်ရမယ်
✅ အပြန်အလှန် သင်ယူတတ်သွားမယ်
✅ ကိုယ့်အမြင်ကို ဖော်ထုတ်တတ်မယ်
✅ တစ်ဖက်အမြင်ကို နားထောင်တတ်မယ်
ဒီလိုအရာတွေ လေ့ကျင့်ပေးနေတဲ့ Safe Zone လေး တစ်ခု။
💯 အမှန်တကယ်တတ်မြောက်အောင် လေ့ကျင့်ပေးနေတဲ့ အစီအစဥ်တွေအထဲက DEBATE...
ဒီ Debate မှာတော့ လက်ရှိ ဖွင့်ထားဆဲ ဖြစ်တဲ့
Pre Inter Batch (11) နဲ့ Pre Inter Batch (12) တို့ အားပါးတရ အင်္ဂလိပ်လို ပြောဆိုပြီး Cook ကြတဲ့......
ဒီလို အတားအဆီးမရှိ ဘောင်ကန့်သတ်မှတ်ထားခြင်းမရှိတဲ့ Learning Environment ကနေ အနာဂတ်အတွက် ကောင်းမွန်သော ရလဒ်တွေကို ဖန်တီး ယူဆောင်ပေးနေပါပြီ။
Empower through Language, No One Gets Left Behind!
09 797 880 610
09 964 880 610
09 797 880 650
In a world racing forward,
learn everything you need and
prepare for the future 💫
"ရှေ့ကိုအပြိုင်ပြေးနေတဲ့ခေတ်ထဲမှာ
တတ်သင့်တတ်အပ်တဲ့ အရာရာကို သင်ယူပါ၊
ပြင်ဆင်ဖြည့်ဆည်းပါ"
11/08/2026
"အင်္ဂလိပ်စာနဲ့ မထိတွေ့ဖြစ်တာ ကြာပြီ
အခြေခံလည်းမရှိတော့ အခုမှ စလုပ်ရင် ရပါဦးမလား"
"ငါ့အသက်အရွယ်နဲ့ အင်္ဂလိပ်စာကို အခုမှ ပြန်ပြီး လေ့လာလို့ ဖြစ်ပါဦးမလား"
ဒီလိုမျိုးအတွေးတွေကို ခေါင်းထဲက အပြီးတိုင်
ထုတ်လိုက်ပါတော့ 🤯🧠
Zero ကနေ Native တစ်ယောက်လိုဖြစ်သွားစေဖို့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ အခြေခံ Elementary Level အတွက်
လာမယ့် Atmos ရဲ့ တန်းခွဲသစ်တွေမှာ ဝင် Join လို့ရနေပါပြီ။
⛈️ ဟိုးငယ်ငယ်ကျောင်းမှာကတည်းက အင်္ဂလိပ်စာတော့
သင်ခဲ့ပါရဲ့၊ ဒီနေ့ ဒီအချိန်ထိ အလွဲလွဲအမှားမှားဖြစ်နေတာ
⛈️ အင်္ဂလိပ်စာက ကိုယ့်ရဲ့ အားနည်းချက်ဖြစ်နေတာ
⛈️ အင်္ဂလိပ်လို ပြောချင်ပေမယ့် အမှားတွေပါမှာကြောက်ပြီး ယုံကြည်မှုပျောက်ဆုံးနေတာစတဲ့ ဒီလိုမျိုး အဟန့်အတားအားလုံးကို ကျော်လွှားဖို့ အားလုံး စောင့်မျှော်နေကြတဲ့
Atmos ရဲ့ အခြေခံတန်းခွဲသစ်တွေ
ရောက်ရှိလာပါပြီဖြစ်ပါတယ်။
Elementary level အခြေခံတန်းခွဲသစ်တွေကနေ...
🎯 English ဘာသာစကားက ငယ်တုန်းက ထင်ခဲ့သလို
မခက်ပါဘူးဆိုတာ သိလာမယ်
🎯 English စာ အားနည်းတယ်ဆိုတာပြီး ပျောက်ပြီး
English စာက ကိုယ့်ရဲ့ အားသာချက်တစ်ခုဖြစ်လာမယ်
🎯 Vocabulary (ဝေါဟာရ) အသစ်တွေ ၊ Grammar Rules တွေကို သင်ပြီး စနစ်တကျ ရေးတတ်ပြောတတ်လာမယ်၊
🎯 Public Speaking အပိုင်းကို ရဲရဲဝံ့ဝံ့ Confidence ရှိရှိနဲ့ ပြောရဲလာမယ်၊
🎯 လက်တွေ့ဘဝမှာ အသုံးချနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်လာ
နိုင်ပါမှာဖြစ်ပါတယ်။
အခုတစ်ခေါက် အခြေခံတန်းခွဲတွေမှာ ကိုယ်အဆင်ပြေနိုင်မယ့် သင်တန်းချိန်ကို စိတ်ကြိုက်ရွေးချယ်ပြီး တက်လို့ရနိုင်အောင် စီစဉ်ပေးထားပါသေးတယ် 💁
Elementary Batch - 33 တန်းခွဲကိုတော့...
📍23-8-2026 (တနင်္ဂနွေနေ့) ကနေ စတင်ပြီး
🗓️ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များမှာ
⏰ နေ့လယ် ၁:၀၀ ကနေ ၃:၃၀ အထိနဲ့
Elementary Batch - 34 တန်းခွဲကိုတော့...
📍29-8-2026 (စနေနေ့) ကနေ စတင်ပြီး
🗓️ အပတ်စဉ် စနေ၊ တနင်္လာ၊ အင်္ဂါနေ့များမှာ
⏰ ညနေ ၆:၀၀ ကနေ ၇:၃၀ အထိဖြစ်ပါတယ်။
သင်တန်းကာလအနေနဲ့ ၃ လခွဲကြာ
သင်ကြားပေးသွားမှာလည်း ဖြစ်ပါတယ်။
အင်္ဂလိပ်စာ သင်ကြား သင်ယူမှုနဲ့ပတ်သက်ပြီး ဘာကိုမှ ကြောက်နေ၊ ရှိန်နေစရာမလိုဘဲ Atmos ရဲ့ တန်းခွဲသစ်တွေ
ကနေ အင်္ဂလိပ်စာကို ကိုယ့်ရဲ့ အားသာချက်အဖြစ် ပြောင်းလဲလိုက်တော့နော်....
⚠️ တက်ရောက်တဲ့သူများ ထိထိရောက်ရောက်
သင်ကြားနိုင်ရန် လူဦးရေအနည်းငယ်သာ ကန့်သတ်ထားပြီး
လူပြည့်မြန်တာကြောင့် အမြန်ဆုံး ဆက်သွယ်အပ်နှံထားမှ စိတ်ချရပါမယ်.....
More information
📳 09 797 880 610
📳 09 964 880 610
🍃 page Messenger
🍃 TikTok : "atmosenglishcommunity"
More than just English class.
We build confidence for life 🍃🍃🍃
Contact us for more details.
09 - 797 880 610
09 - 964 880 610
01/08/2026
လမ်းပျောက်သူရော...
လမ်းသစ်ဖောက်မဲ့သူတွေအတွက်ရော...
ယနေ့ခေတ် လူတိုင်းမှာ ရှိသင့်ရှိအပ်တဲ့ Soft Skills,
Hard Skills တွေကို Atmos က တစ်ထောင့်တစ်နေရာကနေ
ဖြည့်ပေးလျက်ရှိပါတယ်။
လူငယ်တွေရဲ့ ကြိုးစားမှုနဲ့ စွမ်းဆောင်ရည်ကို ပိုမိုတောက်ပြောင်လာစေဖို့ Atmos English Community နှင့် US Exchange Students များတို့ ပူးပေါင်းပြီး
"Voices, Real Impact" Workshop ကို ဒီနေ့ Atmos English Community မှာ ပြုလုပ်ပေးခဲ့ပါတယ် 🎓✨
ဒီနေ့ခေတ်မှာ Idea အသစ်အဆန်းတွေ၊
ထက်သန်တဲ့ စိတ်ဆန္ဒတွေရှိကြပေမဲ့ လွတ်လွတ်လပ်လပ် ဖော်ထုတ်ပေးမဲ့ နေရာ၊ လူငယ်တွေ လက်တွေ့မှာလေ့ကျင့်ဖို့ ပတ်ဝန်းကျင်ကောင်း၊ အခွင့်အလမ်းကောင်းတွေ
နည်းပါးလျက်ရှိပါတယ်။
အဲ့ဒီလို အခက်အခဲတွေအတွက် ဒီနေ့ရဲ့ Workshop မှာ...
🎯 ဘယ်လိုအခြေအနေမှာမဆို ယုံကြည်မှုရှိရှိ ပြောဆိုဆက်ဆံတတ်စေဖို့
🎯 မတူကွဲပြားတဲ့ အမြင်တွေကို ပိုနားလည်လာပြီး ညှိယူလုပ်ဆောင်နိုင်ဖို့
🎯 အသင်းအဖွဲ့နဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့လက်တွေ့ကျတဲ့ ပြဿနာဖြေရှင်းရေး စွမ်းရည်တွေ တိုးတက်လာစေဖို့
🎯 အဓိပ္ပာယ်ရှိတဲ့ ကွန်ရက် (Networks) တွေနဲ့ ချိတ်ဆက်ပြီးပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းအသစ်တွေကို ရယူနိုင်ဖို့အတွက်.....
- Knowledge Sharing
- Public Speaking, Presentation တွေ၊
- အဖွဲ့လိုက်လုပ်ဆောင်ရတဲ့ Activity တွေနဲ့အတူ ပျော်ပျော်ပါးပါး ပြုလုပ်ပေးခဲ့ပါတယ် 💁
ဒါ့အပြင် Workshop တက်ရောက်ခဲ့မှုနဲ့ပတ်သက်ပြီး Certificate ပါ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသေးတယ် 📜✨
ဒီနေ့ Workshop လေးမှာ အားတက်တရောနဲ့ ပါဝင်ဆောင်ရွက်ပေးခဲ့ကြတဲ့ Atmos က ဆရာ၊ ဆရာမများနဲ့
Youth Ambassadors - East Asia and Pacific Program (YA-EAP) မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဆောင်ရွက်ခဲ့တဲ့
US Exchange Student များကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ✨🍃❤️
28/07/2026
ရီမောသံတွေ၊ စကားသံတွေနဲ့ပြည့်ခဲ့တဲ့ Atmos's Sunday 💕
ဒီနေ့ Conversation Club မှာ အတူရယ်မောခဲ့ကြ၊
အတွေးအမြင်တွေ မျှဝေခဲ့ကြ၊ လူသစ်တွေနဲ့လည်း
မိတ်ဆွေကောင်းတွေ ဖြစ်လာခဲ့ကြပါတယ် ✨✨✨
ဒါ့အပြင် English ကို perfect ဖြစ်ဖို့ထက် confidence ရှိရှိ ပြောရဲတဲ့စိတ်က ပိုအရေးကြီးတယ်ဆိုတာကို ဒီနေ့ session လေးက ထပ်ပြီး သတိရစေခဲ့ပါတယ် 💯
ဒီနေ့ အချိန်ပေးပြီး ပါဝင်ခဲ့တဲ့သူတိုင်း အများကြီးပျော်ရွှင်ပြီး
အကျိူးရှိခဲ့မယ်လို့ ယုံကြည်ပါတယ်။
နောက်လတွေမှာလည်း ပိုပြီးကောင်းမွန်တဲ့ အစီအစဥ်တွေနဲ့ ပြန်လာမှာမလို့ Stay tuned ပါနော်...
ကူညီပေးခဲ့ကြတဲ့ Facilitator များနဲ့
ပျဉ်းမနား EM-9 ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🍃
21/07/2026
ပွဲတော့ပွဲပဲ ပျော်စရာမကောင်းတဲ့ပွဲဆိုတာ စာမေးပွဲဖြစ်ပြီး...
စာမေးပွဲတော့ စာမေးပွဲ ပေါ့ပေါ့ပါးပါးနဲ့
ပျော်စရာကောင်းနေတဲ့ စာမေးပွဲကတော့
Atmos ရဲ့ Pre-inter Batch-11 နဲ့ 12 တို့ရဲ့
Mid-term test စာမေးပွဲလေးပါ 🙋
Mid-term test ဆိုတာကတော့ သင်တန်းကာလ
တစ်ဝက်လောက်ရောက်တဲ့အခါမှာ
သင်တန်းသားတစ်ဦးချင်းစီရဲ့ သင်ယူတတ်မြောက်မှု အရည်အသွေးတွေကို စစ်ဆေးပေးတဲ့ test လေးပဲဖြစ်ပါတယ်။
Atmos ရဲ့ သင်ယူသင်ကြားမှုတွေနဲ့ဆို
စာမေးပွဲဖြေရတာတောင် စိတ်မညစ်ရဘူးဆိုတာ
ဒီပုံလေးတွေကိုကြည့်ရင် သိနိုင်ပါလိမ့်မယ် 😅😁
စာကို သေချာကြိုးစားပြီး၊ အချင်ချင်းလည်း
နွေးနွေးထွေးထွေးနဲ့ ပျော်အောင်နေတတ်ကြတဲ့ Pre-inter
Batch-11 နဲ့ Batch-12 က သူတွေအားလုံး
အခု Mid-term မှာ အမှတ်ကောင်းကောင်းတွေ ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ✨❤️
သင်တန်းများစုံစမ်းလိုပါက
09 797 880 610
09 964 880 610
09 797 880 650
18/07/2026
Do not procrastinate, do what should be done today, we don't know whether we will be still alive tomorrow.
Today, now, do what should be done, try to accomplish.
📖 From "A map of the Journey" book
အလုပ်တွေကို အချိန်ဆွဲမထားပါနဲ့။
မနက်ဖြန်ဆိုတာ ကျွန်တော်တို့အတွက် ရှိ၊ မရှိတောင်
မသေချာဘူး မဟုတ်လား။ ဒီနေ့ လုပ်သင့်တာကို
ဒီနေ့ပဲ ပြီးအောင်လုပ်လိုက်ပါ။
ဒီနေ့ပဲ လုပ်စရာရှိတာတွေအတွက် ပြီးမြောက်အောင်မြင်အောင် အကောင်းဆုံး ကြိုးစားအားထုတ်လိုက်ပါတော့။
ဆိုတော့ ဒီနေ့ ထားလိုက်တော့၊ မနက်ဖြန်ကစပြီး အင်္ဂလိပ်စာ လေ့လာမယ်ဆိုတဲ့ ဆင်ခြေတွေ၊
အကြောင်းပြချက်တွေကို ဖျောက်ပစ်ပြီး
ကိုယ့်ရဲ့ အခွင့်အလမ်းတွေ၊ သင်ယူ လေ့လာမှုတွေကို
အခုပဲ အကောင်အထည်ဖော်လိုက်ပါ 💫💫💫
ဘဝမှာ လမ်းပျောက်နေသလိုမျိုး ခံစားဖူးကြလား???
ကျွန်တော်တို့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် သံသယအတွေးတွေ ဝင်တာ၊ အရာရာကို လျှောက်တွေးပြီး သောကရောက်တာ
ဒါမှမဟုတ် ဦးတည်ချက် ပျောက်ဆုံးနေသလို ခံစားရတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။
တကယ့်တကယ်တော့ စိတ်သဘောထားလေး
ပြောင်းလဲလိုက်ဖို့နဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် သတ္တိရှိဖို့ပဲ လိုအပ်တာပါ။
ဒီ Talk ထဲမှာတော့ ကျွန်တော်တို့ရဲ့
သင်တန်းသူတစ်ယောက်က
✨ ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေကို လက်လွှတ်လိုက်ဖို့
✨ သေးငယ်တဲ့ နေ့စဉ်အလေ့အထတွေကနေတစ်ဆင့် စည်းကမ်းကောင်းမွန်အောင် တည်ဆောက်ဖို့၊
✨ အခက်အခဲတွေကို အခွင့်အလမ်းသစ်တွေအဖြစ်
ပြောင်းလဲဖို့
✨ ကိုယ့်ရဲ့ ခြေတစ်လှမ်းချင်းစီမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိနိုင်ဖို့နဲ့ပတ်သက်ပြီး သူမရဲ့ အတွေးအမြင်တွေကို
မျှဝေပေးသွားတာ ဖြစ်ပါတယ်။
ဒါဟာ အင်္ဂလိပ်စာ စကားပြော လေ့ကျင့်မှုတစ်ခုတင်
မဟုတ်ပါဘူး။
စိန်ခေါ်မှုတိုင်းဟာ အစပျိုးမှုအသစ်တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အသံတွေမှာ အခြားသူတွေကို
စိတ်ခွန်အားပေးနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို သတိပေးမျှဝေပေးသွားတာလည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ဆီ ရောက်လာကြသူတွေ အင်္ဂလိပ်စာ
တိုးတက်လာရုံတင်မကဘဲ အဓိပ္ပာယ်ရှိတဲ့ အတွေးအခေါ်တွေကို လူအများဆီ မျှဝေနိုင်မယ့် ယုံကြည်မှုမျိုးပါ ရရှိလာကြတာကို မြင်တွေ့ရတဲ့အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ် ❤️
In English :
Have you ever felt lost?
There are moments in life when we question ourselves, overthink everything, or feel like we've lost our direction. But sometimes, all it takes is a change in mindset and the courage to keep moving forward.
In this short talk, one of our students shares her thoughts on:
✨ Letting go of what you can't control.
✨ Building discipline through small, daily habits.
✨ Turning setbacks into new opportunities.
✨ Rediscovering yourself—one step at a time.
This is more than an English speaking practice.
It's a reminder that every challenge can become
a new beginning, and that our voices have the power to inspire others.
We're proud to see our students not only improve their English but also gain the confidence to share meaningful ideas with the world.
12/07/2026
"သိနေရုံနဲ့ မပြီးဘူး၊ ချပြတတ်ဖို့လည်း လိုသေးတယ်"
ဒီနေ့မှာတော့ Atmos ရဲ့ ထုံးစံအတိုင်း သင်တန်းသားတွေရဲ့
အဖွဲ့လိုက် Presentation အစီအစဉ်လေး ပြုလုပ်ပေးခဲ့ပါတယ်
ကိုယ့်ရဲ့အတွေးအခေါ်၊ အယူအဆနဲ့ မျှဝေချင်တာတွေကို
သင်တန်းသားတွေ အဖွဲ့လိုက်ပေါင်းစည်းကြပြီး
စုပေါင်းလုပ်ဆောင်ရတဲ့ Presentation အစီအစဉ်လေးကို
ဖန်တီးပေးရတဲ့ အဓိက အကြောင်းအရင်းကတော့...
🎯 ယုံကြည်မှုတည်ဆောက်ပြီး ကြောက်စိတ်ကို
ကျော်လွှားခြင်း (Building Confidence):
Idea တွေ ဘယ်လောက်ပဲကောင်းကောင်း လူအများရှေ့မှာ
ထွက်ပြီး မပြောရဲရင် မျှဝေပေးဖို့၊ ကိုယ်သိထားသမျှ ပြောပြဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။ အခုလို
Presentation က တဆင့် အများရှေ့မှာ ရဲရဲဝံ့ဝံ့ မတ်တတ်ရပ်ပြီး ကိုယ့်အမြင်ကို ရဲရဲချပြရဲတဲ့ သတ္တိ၊ ယုံကြည်မှုကို
ရရှိသွားစေပါတယ်။
🎯 အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်ခြင်း (Teamwork):
Presentation တစ်ခု ဖြစ်မြောက်ဖို့ အချင်းချင်း အိုင်ဒီယာချင်း ညှိနှိုင်းရတယ်၊ တိုင်ပင်ရတယ်။ တစ်ကိုယ်ကောင်းမဆန်ဘဲ အတူတူ လက်တွဲလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းကို ပျိုးထောင်ပေးလိုက်တာပါ။ 🤝
🎯 စနစ်တကျ တွေးခေါ်တင်ပြတတ်ခြင်း
(Critical Thinking & Communication):
ကိုယ်သိထားတဲ့အချက်တွေကို သူတစ်ပါး နားလည်သဘောကျလာအောင် ဘယ်လို အစီအစဉ်တကျနဲ့ ထိထိမိမိ
ရှင်းပြရမလဲဆိုတဲ့ Real-world Soft Skill ကို ရရှိသွားတာပဲ
ဖြစ်ပါတယ်။ 💡
စာအုပ်ထဲကစာတွေကို အလွတ်ကျက်ပြီး အမှတ်ကောင်းရတဲ့ ခေတ်က ကျန်ခဲ့ပါပြီ။ လက်တွေ့ဘဝမှာ နေရာရဖို့ဆိုရင်
ကိုယ့်အရည်အချင်းကို ဆွဲဆောင်မှုရှိရှိ ချပြတတ်ဖို့က မရှိမဖြစ် လိုအပ်တဲ့ Superpower တစ်ခုပါပဲ 🚀
အနာဂတ်အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်နဲ့
ခြေလှမ်းသစ်တွေ စတင်နေတဲ့
Atmos Elementary Batch-32 ရဲ့ ပုံရိပ်တွေကို
မျှဝေပေးလိုက်ပါတယ်ခင်ဗျာ ✨✨✨
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
U Street, Shwechi Quarter
Pyinmana
15012
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |