BLOOD DOOLB

BLOOD DOOLB

Share

``သွေးကဲ့သို့ စည်းလုံးသော မိသားစု´´

21/04/2026

`မြေပြင်ရဲဘော်´တွေမှာလည်း

`အိမ်မက်´တွေရှိတယ် + + + /BLOOD

02/04/2026

ဒါဏ်ရာရ ရဲဘော်တွေကို
ပစ်မထားပါနဲ့ + + +

ပြည်သူတွေရဲ့မေတ္တာဟာ ဒဏ်ရာရရဲဘော်တွေအတွက် နာကျင်မှုတွေကိုတောင် မေ့သွားစေနိုင်လောက်တဲ့အထိ နွေးထွေးမှုပေးနိုင်ပါတယ်… အဲ့ဒါကြောင့် အတူဖေးမကူညီရင်း လက်တွဲခေါ်နိုင်ဖို့ “ဒဏ်ရာရရဲဘော်လက်တွဲခေါ် V.2” ကမ်ပိန်းကို Sunshine Care Center ( SCC ) နဲ့ SCF တို့အတူ ပြုလုပ်ခဲ့ပြီး မိဘပြည်သူများရဲ့ ပါဝင်ပေးမှုများကြောင့် ပထမဆုံးရက်မှာ ငါးသိန်းကျော် ရရှိခဲ့ပါတယ်…

အကူအညီလိုအပ်နေတဲ့ ပမာဏများပြားပေမဲ့လည်း Crowd Funding ဖြစ်တာကြောင့် တစ်ဦးတစ်ယောက်တည်းက ကူရမှာမဟုတ်ပဲ စုပေါင်းအားနဲ့ ဝိုင်းဝန်းကူညီရမှာမို့ Stress လည်း မဖြစ်ပါနဲ့နော်.. ရဲဘော်တွေအတွက် လိုအပ်နေတဲ့ တားဂတ် သိန်း ၃,၀၀၀ ပြည့်ဖို့အတွက်.. သိန်းချီပြီး အမြဲပါဝင်ပေးနိုင်တဲ့သူ အများကြီးမရှိဘူးဆိုရင်တောင်.. ထောင်ဂဏန်း သောင်းဂဏန်းလေးတွေပဲဖြစ်ဖြစ် ကူပေးကြမယ့်ပြည်သူတွေ အများကြီးစုပေါင်းနိုင်ရင် ပြည့်နိုင်မယ်လို့ ယုံကြည်ပါတယ်...

အဲ့ဒါကြောင့် ကိုယ်တိုင်လည်း ပါဝင်ပြီး ခင်မင်ရင်းနှီးရသူတွေကိုလည်း အတူပါဝင်ဖို့ ဖိတ်ခေါ်တိုက်တွန်းပေးပါနော်...ဒဏ်ရာရရဲဘော်တွေအတွက် ဒုတိယနေ့မှာလည်း အတူရှိပေးကြရအောင်...

🔹 မန့်မှာ တိုက်ရိုက်ပါဝင်နိုင်မယ့်လင့်ကို ညွှန်ပေးထားပါတယ်..






#ဒဏ်ရာရရဲဘော်လက်တွဲခေါ်

22/03/2026

`အမှား´တွေကနေ `သင်ခန်းစာ´ယူပါ
`ပေးဆပ်မှု့´တွေကို `လေးစား´ပါ + + + / BLOOD✍️

12/02/2026

III IN I
III SEASONS

10/02/2026

``ဘာပဲဖြစ်ဖြစ်´´

`ဒဏ်ရာ´တွေကို ဉာဏ်ပညာအဖြစ်
ထုဆစ်နိုင်တဲ့ တနေ့မှာ
ကျန်တာတွေဟာ `ဟာသ´ပါလို့
ရှုမြင်တတ်လာလိမ့်မယ်။

ဒါပေမဲ့ + + +
တခါတရံမှာ `ဟာသ´တစ်ခုကလည်း
`ဒဏ်ရာ´ဖြစ်နေတတ်ပါတယ်။

#သုခုမာလ

05/02/2026

``ငါ့ လူငယ်´´

ချစ်ပြီး မညားရင်တောင်
စစ်ပြီးသွားပါစေ တဲ့

ငါ့ လူငယ်ရေ + + +

အချစ်တွေ မစစ်လို့
စစ်တွေဖြစ်နေရတာကွ

တခုတော့ မှတ်သွား

ငါတို့ ခင်းထားတဲ့နှလုံးသား
ဘယ်သူပဲ နင်းသွားနင်းသွား
အားတင်း၍သာ
ပြုံးထားပါကွာ
ငါ့ လူငယ်ရာ။

တချို့ စကားလုံးတွေရဲ့
ဖြူစင်မှုအတွက်
ခေါင်းစဥ်မဲ့တတ်ပါတယ်။

ပြည့်ဝတဲ့ အဓိပ္ပာယ်တွေမှာ
အသုံးမကျတဲ့ ငါတို့ဝါကျတွေ
မပါတာ ပိုကောင်းမှာပါ။

31/01/2026

တရားမျှတမှုကို ဦးညွှတ်သင့်ပါတယ် + + +

29/01/2026

`အဆိုး´ထဲက `အကောင်း´ကို `ရှာဖွေ´သင့်ပါတယ် + + +

Photos from BLOOD DOOLB's post 17/01/2026

ကျေးဇူးတင်ပါတယ် + + +
Saw K Thura

16/01/2026

``တော်လှန်ရေးရဲဘော်´´

နာမည်စာရင်းကို
သေမင်းဆီ မက်ဆေ့ဂျ်ပို့ထားတယ်
အဓမ္မကိုအမှန်တကယ်တော်လှန်ခဲ့ကြောင်း
ထောက်ခံပေးပါ ။

ကြမ်းတမ်းတဲ့ ခရီးများ
ကျောပေါ်ကိုထမ်းပိုးလို့
လောကဓံကိုဆန့်ကျင်နေသူဟာ
မင်းရယ် ငါရယ် တိုင်းပြည်ရယ်ပေါ့ ။

အသက်တွေကို ပေးပြီးသားပါ
အနည်းဆုံးတော့
သတိတရနဲ့ လွမ်းတတ်ခဲ့တဲ့အခါ
ကောင်းကင်ကိုမော့ကြည့်
တစ်ထောင့်တစ်နေရာမှာ
လင်းလက်နေတဲ့ ကြယ်တစ်လုံးက
မင်းလည်း ဖြစ်နေနိုင်သလို
ငါလည်း ဖြစ်နေနိုင်တာပဲမဟုတ်လား ။

#ညီလေးငယ် (ဒိုက်ဦး)
2.10.21

10/10/2025

``ငြိမ်းချမ်းရေး နိုဘယ်(NOBEL)ဆု´´ ရဖို့ ဘယ်သူတွေ ဘာလုပ်တယ်ဆိုတာထက်
မြန်မာနိုင်ငံမှာ ``ငြိမ်းချမ်းရေးအစစ်´´ရဖို့ ``NUG ဘာလုပ်မှာလဲ´´ ဆိုတာကို ပိုသိချင်တယ်။ /BLOOD✍️

25/09/2025

ပြည်သူလူထုအပေါ် သစ္စာရှိပါ + + +

#ဒေါနမြေ

Category

Website

Address

Pyay