THU RI YA Bookshop
သင် စာဖတ်ဖို့ စာအုပ်ဝယ်ရန်အတွက် အပြည့်အဝကူညီပါရစေ
🙏🙏🙏
06/02/2026
စာအုပ်ချုပ်ခြင်း အတတ်ပညာ
စားမေးပွဲကြီး ဖြေဆိုပြီးသွားတဲ့
ကျောင်းသူ ကျောင်းသား လေးများ အတန်းသစ်တက်ရန် ပုံနှိပ်စာအုပ်လေးတွေကို ရိုးရှင်းသေသပ်ခိုင်ခံ့စွာဖြင့် တာဝန်ယူ ချုပ်ပေးနေပါပီ........
(ဒီနေ့အပ် မနက်ဖြန်ရ အမြန်ဆုံးချုပ်ပေးပါသည်။)
တစ်အုပ်......၁၀၀၀ ကျပ်
09/12/2025
🙏🙏🙏
စာအုပ်များကို
ပြည်မြို့တွင်း ပို့ခ အခမဲ့ ဖြင့်မှာယူနိုင်ပါပီ
🙏🙏🙏
စာအုပ်အဖုံး လက်ဆောင် ရယူပါ🎁🎁🎁
THU RI YA Bookshop
PYAY
09426455836
05/12/2025
ဆိုင်မှာ ဝယ်ယူရရှိနိုင်သော
မောရိသျှ စာအုပ်များ
စာအုပ်များဝယ်ရင်း စာအုပ်အဖုံး လက်ဆောင်တပ်ယူကြပါ
🙏🙏🙏
#ရတနာ့မာန်အောင်ပေါက်လမ်း
#ပြည်မြို့
#09426455836
30/11/2025
မူရင်းစျေးနှုန်း မှန်ကန်စွာဖြင့်
စာအုပ်ဝယ်ရင်း စာအုပ်အဖုံး (ပလတ်စတစ်အကြည်ဖုံး) လက်ဆောင် တပ်ယူကြမယ်နော်
🙏🙏🙏
THU RI YA Bookshop
ရတနာ့မာန်အောင်ဝင်ပေါက်လမ်း
ပြည်မြို့။
၀၉၄၂၆၄၅၅၈၃၆
26/11/2025
စာအုပ်ဝယ်ရင်း စာအုပ်အဖုံးလက်ဆောင် တပ်ယူကြပါ
THURIYABOOKSHOO
#09426455836
#ရတနာ့မာန်အောင်ပေါက်လမ်း
#ပြည်မြို့
23/11/2025
🔥ကိုယ့်ရဲ့လုပ်ငန်းခွင် ပရော်ဖက်ရှင်နယ် နယ်ပယ်မှာ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ အခုခေတ်မှာ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (technical skills) တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။
သင်ဟာ တကယ့်ကို ထိပ်တန်းနေရာကို ရောက်ချင်တယ်ဆိုရင် လူမှုဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုလိုမျိုး Soft Skills တွေကိုပါ ပိုင်နိုင်ဖို့ လိုအပ်လာပါပြီ။
📌 ဒီလို လိုအပ်ချက်တွေအတွက် အဖြေရှာပေးမယ့် စာအုပ်ကောင်းတစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ အိန္ဒိယနိုင်ငံက နာမည်ကြီး လုပ်ငန်းရှင်ကြီး Ronnie Screwvala ရဲ့ ကမ္ဘာကျော်လက်ရာဖြစ်တဲ့ "Skill It, Kill It: Up Your Game" ကို ဆရာမသင်ဇာစိုးထင်က မြန်မာဘာသာပြန်ထားတဲ့ "ထိရောက်ကျွမ်းကျင်စွာ အနိုင်ယူလိုက်ပါ" ဆိုတဲ့စာအုပ်ပဲ ဖြစ်ပါတယ်။
စာရေးသူ Ronnie Screwvala ဟာ UTV Group လို ဧရာမလုပ်ငန်းကြီးတွေကို ထူထောင်ခဲ့ပြီး မီဒီယာ၊ ဖျော်ဖြေရေးနဲ့ ပညာရေးနယ်ပယ်တွေမှာ မယုံနိုင်စရာအောင်မြင်မှုတွေ တည်ဆောက်နိုင်ခဲ့တဲ့ စွန့်ဦးတီထွင်သူတစ်ဦးပါ။ ဒီစာအုပ်ထဲမှာ သူ့ရဲ့အောင်မြင်မှု လျှို့ဝှက်ချက်တွေနဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်မှုတွေကို စုစည်းပေးထားပါတယ်။
ဒီစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် သင်ဟာ ကိုယ့်ပရော်ဖက်ရှင်နယ်ဘဝမှာ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ပန်းတိုင်တွေကို တိတိကျကျ အရောက်လှမ်းနိုင်ဖို့ လိုအပ်တဲ့ စွမ်းရည်တွေကို ရရှိနိုင်မှာပါ။
🔳ခေတ်နဲ့အညီ အမြဲပြောင်းလဲနေတဲ့ ဒီပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည် (Technical Skills) နဲ့ ပျော့ပြောင်းတဲ့ စွမ်းရည် (Soft Skills) နှစ်မျိုးစလုံးကို ဘယ်လို တိုးတက်အောင်လုပ်ရမလဲဆိုတာကို နားလည်စေပါမယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ပြန်လည်တီထွင်ဖန်တီးပြီး အလုပ်ဈေးကွက်ထဲမှာ တန်ဖိုးရှိတဲ့သူတစ်ယောက် ဖြစ်လာဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။
အလုပ်မှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ် ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ကြောက်နေမယ့်အစား၊ ဒီစာအုပ်က ပြဿနာတိုင်းမှာ သင်ခန်းစာရှိတယ်၊ အခွင့်အရေးရှိတယ်ဆိုတာကို သင်ပေးပါလိမ့်မယ်။ စိန်ခေါ်မှုတွေကို သင်ယူမှုအတွက် လှေကားထစ်တွေအဖြစ် ဘယ်လိုအသုံးချရမလဲဆိုတာ တွေ့ရှိလာပါမယ်။
🔥"ထိရောက်ကျွမ်းကျင်စွာ အနိုင်ယူလိုက်ပါ" စာအုပ်ဟာ ကိုယ်ပိုင်စွမ်းရည် တိုးတက်ချင်တဲ့ လူငယ်တွေ၊ လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ပိုမြင့်ချင်တဲ့သူတွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်ဖို့ ရည်ရွယ်ထားသူတွေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့သူတွေအတွက် ဖတ်ကို ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။
ဒီစာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် သင်ဟာ ပရော်ဖက်ရှင်နယ်နယ်ပယ်ကြိုးဝိုင်းထဲမှာ ပိုပြီး စွမ်းအင်အပြည့်နဲ့ ယုံကြည်မှုရှိရှိ ရပ်တည်နိုင်မှာပါ။
◾️ထိရောက်ကျွမ်းကျင်စွာ အနိုင်ယူလိုက်ပါ
◾️သင်ဇာစိုးထင်
◾️စာမျက်နှာ - ၂၄၃
◾️တန်ဖိုး - ၁၄,၀၀၀ ကျပ်
Messenger မှာ လာရောက်မှာယူနိုင်ပါတယ်။ အမြို့မြို့အနယ်နယ်တိုင်းကို အိမ်အရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်။
#သင်ဇာစိုးထင်
#ထိရောက်ကျွမ်းကျင်စွာအနိုင်ယူလိုက်ပါ
23/11/2025
စွဲလမ်းဆိပ် စာအုပ် ဒုကြိမ် - အုပ်ရေ ၃၀၀၀ ကုန်ပါပြီ ခင်ဗျာ ။
23/11/2025
🔳 သင်လိုချင်တဲ့အရာကို ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဘာလိုချင်သလဲ ပြတ်ပြတ်သားသား သိဖို့လိုပါတယ်။ ငွေနဲ့ ပတ်သက်ရင် ဘယ်လောက်ပမာဏ လိုချင်သလဲ တိတိကျကျ သိဖို့ လိုပါတယ်..။
ရှင်းရှင်းလင်းလင်း မသိရင် သင့်ဆန္ဒကို ဆွဲငင်ခြင်းနိယာမက ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ မရှင်းမလင်း စိတ်လှိုင်းကြိမ်နှုန်းတွေ ထုတ်လွှတ်ပြီး မရှင်းမလင်း ရလဒ်တွေကို ဆွဲငင်မိပါလိမ့်မယ်..။
📌 ဒါကြောင့် သင်အမှန်တကယ် အလိုရှိတဲ့ အရာကို အဖြေရှာပါ။ အကန့်အသတ် မရှိပါဘူး။ "ငါပိုက်ဆံ ဘယ်လောက် လိုချင်သလဲ။ ငါ့ဘဝကို ဘယ်လို ဖြစ်ချင်သလဲ" လို့ သင့်ကိုယ်သင် ပြန်မေးပါ။
ဒါက သိပ်ကို ပျော်ဖို့ ကောင်းပါတယ်။ စကြဝဠာကြီးက သင့်ကိုယ်ပိုင် ATM စက် ဖြစ်နေသလိုပါပဲ။ "ငါ ဟိုမြို့မှာ နေချင်တယ်။ ဟိုကားစီးချင်တယ်။ တစ်နေရာကို ခရီးသွားချင်တယ်။ ဘဏ်ထဲမှာ ငွေဒီလောက် ရှိချင်တယ်" လို့ သင်တွေးကောင်း တွေးမိမှာပါ။
🔳 သင်အမှန်တကယ် လိုချင်တဲ့ အရာကို ရှင်းရှင်းလင်းလင်း သိဖို့ သင့်ဘဝမှာ လိုချင်သမျှ အရာအားလုံးကို ဖုန်းဖြစ်စေ၊ ကွန်ပျူတာဖြစ်စေ၊ စာရွက်ဖြစ်စေ တစ်ခုခုမှာ စာရင်းချရေးပါ။ သင်ဖြစ်ချင်၊ လုပ်ချင်၊ ပိုင်ဆိုင်ချင်တဲ့ အရာမှန်သမျှကို အသေးစိတ် စဉ်းစားပါ။
ကလေးတွေကို ပညာသင်ပေးဖို့ ငွေလိုချင်ရင် သူတို့ တက်မယ့်ကျောင်း၊ ကျောင်းစရိတ်၊ စာအုပ်ဖိုး၊ အစားအသောက်ဖိုး၊ အဝတ်အစားဖိုး၊ လမ်းစရိတ် စတာတွေကို ချရေးပါ။ ဒါမှ ငွေဘယ်လောက် လိုမလဲ သိပါလိမ့်မယ်။
🔳 ခရီးထွက်ဖို့ ငွေလိုချင်ရင် သွားချင်တဲ့ နိုင်ငံတွေကို အသေးစိတ်ရေးပါ။ ခရီးကြာချိန်၊ ကြည့်မယ့်အရာ၊ လုပ်မယ့်အရာတွေ၊ နေမယ့်နေရာတွေ၊ သုံးဖို့ လိုမယ့် ငွေပမာဏ စတာတွေ ချရေးပါ။
ဘာကိုပဲ ဆန္ဒရှိရှိ၊ အကြမ်းဖျင်း ကုန်ကျစရိတ်ကို တွက်ပါ။ ဒါမှ စကြဝဠာ ဘဏ်ကနေ ငွေထုတ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်ကို အဲဒီလောက် ရိုးရှင်းတာပါ။
❤️ ကြွယ်ဝချမ်းသာမှုက ပုံစံအမျိုးမျိုးနဲ့ လာပါတယ်။ ငွေက ပုံစံတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ငွေသီးသန့် တောင်းမယ့်အစား သင်လုပ်ချင်၊ ပိုင်ဆိုင်ချင်၊ ဖြစ်ချင်တဲ့ အရာတွေကို တောင်းဆိုနိုင်ပါတယ်။ ငွေတစ်ခုတည်းကပဲ သင့်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တယ်လို့ မတွေးပါနဲ့။
အိမ်အသစ်လိုချင်ရင် အိမ်တောင်းပါ။ အင်္ကျီတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ကားတွေ လိုချင်ရင်လည်း တိုက်ရိုက်တောင်းပါ။ အဲဒီအရာတွေက ငွေနဲ့ ဝယ်ရတာချည်း မဟုတ်ဘဲ တခြားနည်းလမ်းမျိုးစုံနဲ့ သင့်ဆီ ရောက်လာနိုင်ပါတယ်..။
📌 အဓိကကတော့ သင့်လိုအင်ဆန္ဒကို အာရုံစိုက်ပြီး သင့်ဆန္ဒ အကောင်အထည် ဖော်ဖို့ စကြဝဠာကြီးဆီ ပုံအပ်ထားဖို့ပါပဲ။ သင်လိုချင်တဲ့ အရာကို ရှင်းရှင်းလင်းလင်း သိပြီဆိုရင် ပထမအဆင့် ပြီးမြောက်ပါပြီ။ သင်တောင်းဆိုပြီးသွားပါပြီ။
ဒီလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို တဝကြီးဖတ်ရှုချင်ရင်တော့ စကြဝဠာရဲ့လျှို့ဝှက်ချက် စာအုပ်ထဲမှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
◾စကြဝဠာရဲ့လျှို့ဝှက်ချက် - TEAM NYĀNA
◾စာမျက်နှာ - ၂၉၂
◾️Size 5.5x8.5 inch
◾ Woodfree Paper
◾ဈေးနှုန်း - ၁၆၀၀၀
အခုပဲ Chat Box ကနေ မှာယူနိုင်ပါပြီ၊ အနယ်နယ်အရပ်ရပ်ကို အိမ်အရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးပါတယ်။ City Mart, Ocean နဲ့ စာအုပ်ဆိုင်တိုင်းမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။
#စကြဝဠာရဲ့လျှို့ဝှက်ချက်
23/11/2025
Preorder မှာယူနိုင်ပါပီနော်
🔥"လူတွေကို ဆွဲဆောင်နိုင်တဲ့ စကားပြောစွမ်းရည်"
TEAM NYĀNA
🔳 တစ်ခါတစ်ရံ... ကိုယ်တကယ်ပြောချင်တဲ့ စကားလုံးတွေက ရင်ဘတ်ထဲမှာပဲ ပိတ်မိနေဖူးလား။
ကိုယ့်အိုင်ဒီယာက အရမ်းကောင်းနေမှန်း သိသိကြီးနဲ့၊ လူတွေရှေ့ရောက်တော့ အသံတွေတုန်၊ စကားလုံးတွေ ပျောက်ရှကုန်ဖူးလား။
ကိုယ့်စကားကြောင့် လူတစ်ယောက်ယောက်ကို အားတက်သွားစေချင်ပေမယ့်၊ ဘယ်ကစပြောရမှန်းမသိ ဖြစ်နေတုန်းပဲလား..။
✨ လူတိုင်းမှာ ပြောချင်တဲ့ Story တစ်ပုဒ်၊ မျှဝေချင်တဲ့ Idea တစ်ခု၊ ကမ္ဘာကြီးကို ပေးချင်တဲ့ Message တစ်ခု ရှိကြပါတယ်။ ဒါပေမယ့် ... အဲဒီ Message ကို လူတွေရဲ့ နှလုံးသားထဲ တည့်တည့်မတ်မတ် ပစ်သွင်းနိုင်ဖို့၊ "စွမ်းရည်" တစ်ခုတော့ လိုပါတယ်။
အဲဒီစွမ်းရည်ကို...
🔥"လူတွေကို ဆွဲဆောင်နိုင်တဲ့ စကားပြောစွမ်းရည်" လို့ခေါ်ပါတယ်။
သင့်ရဲ့"အစစ်အမှန်ဆုံး အသံ" ကို ဘယ်လိုရှာဖွေမလဲ၊ သင့်ရဲ့"အနက်ရှိုင်းဆုံး ခံစားချက်" နဲ့ လူတွေကို ဘယ်လို တို့ထိမလဲ၊
သင် စကားပြောပြီးလို့ စင်ပေါ်က ဆင်းသွားတာနဲ့...လူတွေက သင့်ကို "ဘယ်တော့မှ မမေ့သွားအောင်" ဘယ်လို ညို့ယူဖမ်းစားရမလဲ ဆိုတာကို လမ်းညွှန်ပြမှာပါ။
❤️ ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ...
သင်ဟာ စကားထွက်ပြောဖို့ ကြောက်လို့ ချောင်ကပ်နေသူ မဟုတ်တော့ပါဘူး။
သင်ဟာ...
* Meeting ခန်းထဲမှာ ကိုယ့် Idea ကို ယုံကြည်မှုအပြည့်နဲ့ တင်ပြရဲတဲ့သူ။
* သူငယ်ချင်းတွေကြားမှာ ကိုယ့်အတွေ့အကြုံနဲ့ လူတွေကို အားတက်စေနိုင်သူ။
* ကိုယ့်အဖွဲ့သားတွေကို စိတ်ဓာတ်ခွန်အား အပြည့်ပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲဖို့ စကားတစ်ခွန်းတည်းနဲ့ လုံလောက်ပါတယ်။ အဲဒီစကားတစ်ခွန်းကို ပြောမယ့်သူဟာ "သင်" ဖြစ်ရပါမယ်...။
🚀 သင့် Idea တွေဟာ မျှဝေခံရဖို့ ထိုက်တန်ပါတယ်။
သင့် Story တွေဟာ နားထောင်ခံရဖို့ ထိုက်တန်ပါတယ်။
သင်ကိုယ်တိုင်ဟာ... အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်..။
"လူတွေကို ဆွဲဆောင်နိုင်တဲ့ စကားပြောစွမ်းရည်"နဲ့အတူ.. သင့်စကားလုံးတွေနဲ့ ကမ္ဘာကြီးကို စတင်လှုပ်နှိုးလိုက်ပါ။ 🔥
◾လူတွေကို ဆွဲဆောင်နိုင်တဲ့ စကားပြောစွမ်းရည် - TEAM NYĀNA
◾စာမျက်နှာ - ၂၄၅
◾️Size 5.5x8.5 inch
◾ Woodfree Paper
◾ဈေးနှုန်း - ၁၆၀၀၀
◾ထွက်ရှိမယ့်ရက် - ၂၅. ၁၁. ၂၅
အခုပဲ Messenger မှာ ကြိုတင်မှာယူနိုင်ပါပြီ။ အနယ်နယ်အရပ်ရပ်ကို အိမ်အရောက်ငွေချေစနစ်နဲ့ ပို့ဆောင်ပေးနေပါပြီ။
#လူတွေကိုဆွဲဆောင်နိုင်တဲ့စကားပြောစွမ်းရည်
Category
Contact the business
Telephone
Website
Address
Yadana Man Aung Win Pauk Street
Pyay
1801007
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |
Alerts
Be the first to know and let us send you an email when THU RI YA Bookshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.