PKA International School

PKA International School

Share

𝙋𝙧𝙚𝙘𝙞𝙤𝙪𝙨 𝙇𝙚𝙖𝙧𝙣𝙚𝙧𝙨, 𝙐𝙣𝙞𝙦𝙪𝙚 𝙇𝙚𝙖𝙙𝙚𝙧𝙨

09/06/2026

သင်ကြားရေးနယ်ပယ်တွင် ရေရှည်လုပ်ကိုင်လိုသူများအတွက် PKA International School မှ အလုပ်ခေါ်ယူလျက် ရှိပါသည်။

📌 Open positions:
Trainee Teachers - 10 posts
Assistant Teachers - 5 posts

📌 အလုပ်ချိန် - 8:00 AM to 4:00 PM
📌 အကျိုးခံစားခွင့်များ
✅Basic Salary
✅Accommodation Fee
✅Travelling Allowance
✅Annual trip
✅Public holidays and Summer Holidays

📌 လျှောက််ထားမည့်သူအနေဖြင့်
- ဘွဲ့ရ (သို့) တက္ကသိုလ်တက်ရောက်ဆဲ (အဝေးသင်) ဖြစ်ရမည်။
- အနည်းဆုံး English စာ အခြေခံအဆင့် ပြောနိုင်၊ရေးနိုင်ရပါမည်။
- တစ်ကိုယ်ရည်သန့်ရှင်းပြီး သပ်ရပ်စွာ နေထိုင်တတ်သူ ဖြစ်ရပါမည်။
- အသင်းအဖွဲ့နှင့် လိုက်လျောညီထွေစွာ လုပ်ကိုင်တတ်ပြီး Communication skill ကောင်းရပါမည်။
- ကျောင်းမှ ပို့ချပေးသော training များအား စိတ်ဝင်တစား သင်ယူလိုစိတ် ရှိရပါမည်။
- လိုအပ်သည့် teaching skills များအတွက် ကျောင်းမှ support ပေးသွားမည်ဖြစ်၍ အတွေ့အကြုံ မရှိလည်း လျှောက်ထားနိုင်ပါသည်။

(Placement test ဖြေဆိုကြည့်ရပါမည်။)

📌 CV ဖောင်များ ပေးပို့လျှောက်ထားရန်
📧 : [email protected]
☎ : 0532024500, 09257096834
Viber : +959257096834
ⓕ : PKA International School

#အလုပ်ခေါ်စာ

08/06/2026

"PKA မှာ Mochi လုပ်ကြမယ်ဗျို့..." 🍮🍮

ဒီနေ့မှာတော့ Japanese Class မှ ကလေးတွေကိုယ်တိုင် ဂျပန်ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ Mochi (မိုချီ) ကို step by step ပြုလုပ်ပြင်ဆင်ခဲ့ကြတဲ့ video လေးကို မျှဝေပေးချင်ပါတယ်။

ဒီ"မိုချီ"မုန့်လေးကနေတဆင့် ဂျပန်နိုင်ငံရဲ့ အစားအသောက်တွေ၊ ရိုးရာယဥ်ကျေးမှုဓလေ့တွေအကြောင်း လေ့လာမှတ်သားမိစေဖို့ ရည်ရွယ်ပြီးတော့ မုန့်ပြုလုပ်တဲ့ activity လေးကို ဖန်တီးပေးရခြင်းဖြစ်ပါတယ်။

ကဲ.. ဒီ video လေးထဲမှာ မိုချီမုန့်ကို သားသားမီးမီးတို့ကိုယ်တိုင် ဘယ်လိုပါဝင်ပြီး လက်စွမ်းပြထားကြလဲဆိုတာကို အတူကြည့်လိုက်ကြရအောင်..👀👀

07/06/2026

Pre KG အတန်းမှ သားသားမီးမီးလေးများရဲ့ ''Introduction Video'' 🎬🎬

(ကဲ.. Pose ပေးတာ ဘယ်သူအလန်းဆုံးဖြစ်မလဲ.. comment မန့်ခဲ့နော် ) 😍😍

Photos from PKA International School's post 06/06/2026

First day of Weekend Class 🎉🎉

ဖေဖေမေမေတို့ မျှော်လင့်နေကြတဲ့ PKA ရဲ့ Weekend Class လေးကို ယနေ့မှာ စတင်ဖွင့်လှစ်လိုက်ပါပြီရှင့်။🥳🥳

ဒီလို ပထမဦးဆုံးနေ့လေးမှာ ကလေးတွေဟာ စိတ်အားထက်သန်မှုတွေနဲ့အတူ ပျော်ရွှင်တက်ကြွစွာ လေ့လာသင်ယူနေကြပါတယ်။
ဒါ့အပြင် ကလေးတွေရဲ့ English Language Skill ကို ထိထိရောက်ရောက် တိုးတက်လာစေဖို့အတွက် Local teachers တွေအပြင် ပညာရေးနယ်ပယ်မှာ အတွေ့အကြုံများစွာရှိတဲ့ Foreign teacher တစ်ဦးကပါ ပူးပေါင်းသင်ကြားပေးနေတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့ ကလေးကို အဖိုးတန်ပညာရေးတစ်ခု ဖန်တီးပေးလိုတဲ့ မိဘတွေအနေနဲ့ ဒီ Weekend Class လေးဟာ မဖြစ်မနေ ရွေးချယ်သင်တဲ့ အတန်းတစ်ခုပါ။ 🎏🎏

ပြီးတော့ သင်ကြားတဲ့အခါ ပိုမိုထိရောက်စေဖို့ အတန်းတိုင်းမှာ လူဦးရေအကန့်အသတ်ဖြင့်သာ စနစ်တကျ လက်ခံပေးနေတာဖြစ်လို့ နောက်ကျမကျန်ရစ်ရလေအောင် အမြန်ဆုံး စာရင်းပေးလိုက်တော့နော်.. 🗯🗯

📌 အသေးစိတ်သိလိုတယ်ဆိုရင်တော့
✅ကျောင်း Page သို့ စာပို့၍ဖြစ်စေ၊
✅ကျောင်းဖုန်းသို့ ဆက်သွယ်၍ဖြစ်စေ၊
✅ကျောင်းသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ ဖြစ်စေ၊
စုံစမ်းမေးမြန်းနိုင်ပါတယ်။
ဖုန်းနံပါတ် - 09257096834, 0532024500
လိပ်စာ - အမှတ် (၁၅)၊ ရတနာဒီပလမ်း၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့။

05/06/2026

"Happy World Environment Day" 🌍🌎🌳🌳

ယနေ့ ၂၀၂၆၊ ဇွန်လ (၅) ရက်နေ့ဟာ "ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့'' ဖြစ်ပါတယ်။ 🌿🌿

အနာဂတ်မှာ ထွန်းတောက်လာမယ့် သားသားမီးမီးတို့အနေနဲ့ ကမ္ဘာမြေကြီးအပေါ် တန်ဖိုးထားထိန်းသိမ်းတတ်စေဖို့၊ သဘာဝတရားကြီးကို ချစ်ခင်မြတ်နိုးတတ်စေဖို့အတွက် ရည်ရွယ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ activities များစွာကို ဒီနေ့မှာ ပျော်ပျော်ပါးပါး လုပ်ဆောင်ခဲ့ကြပါတယ်။

ကျွန်ုပ်တို့ နေထိုင်ရာ အမိကမ္ဘာမြေကြီးဟာ ယနေ့ခေတ်ရဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့အတွက် မိမိတို့အနေနဲ့ တတ်နိုင်သမျှ ပလပ်စတစ်အသုံးပြုမှု လျှော့ချခြင်း၊ စွမ်းအင်ခြွေတာခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ခြင်းအားဖြင့် ကမ္ဘာမြေကြီး ပြန်လည်ကျန်းမာ​အောင် PKA နဲ့ အတူကြိုးစားကြ​အောင်လားရှင်။ 🍀🍀



#ကမ္ဘာ့ပတ်ဝန်းကျင်နေ့

04/06/2026

၂၀၂၆ မှာ ဘယ်ဘာသာစကားကို အဓိကထား လေ့လာရမလဲ.. 🤔🤔
ဒီနေ့ခေတ် ကမ္ဘာကြီးမှာ လူတွေအကြား အသုံးအများဆုံး language (၅) ခုကို ဖော်​ပြလိုက်ပါတယ်။

🌍 Rank (5) - French

ပြင်သစ်ဘာသာစကားကို နိုင်ငံပေါင်း (၂၉) နိုင်ငံမှာ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပြီး mother language အနေနဲ့ ပြောဆိုသူ (၈၁) သန်း၊ second language အနေနဲ့ ပြောဆိုသူ (၂၆၆) သန်းအထိ ရှိပါတယ်။

🌍 Rank (4) - Spanish

စပိန်ဘာသာစကားကတော့ mother language အနေနဲ့ ပြောဆိုသူ (၄၈၅) သန်း၊ second language အနေနဲ့ ပြောဆိုသူ (၇၅) သန်းရှိပြီး စုစုပေါင်း (၅၆၀) သန်း ရှိပါတယ်။

🌍 Rank (3) - Hindi

ဟင်ဒီဘာသာစကားဟာ mother language အနေနဲ့ ပြောဆိုသူ (၃၄၃.၉) သန်း၊ second language အနေနဲ့ ပြောဆိုသူ (၂၅၈.၃) သန်း ရှိပါတယ်။
စုစုပေါင်း ပြောဆိုသူ (၆၀၂.၂) သန်းအထိ ရှိပြီး တတိယနေရာမှာ ရှိနေပါတယ်။

🌍 Rank (2) - Mandarin

မန်ဒရင်းတရုတ်ဘာသာစကားက mother language အနေနဲ့ ပြောဆိုသူ (၉၂၉) သန်း၊ second language အနေနဲ့ ပြောဆိုသူ (၁၉၈.၇) သန်းအထိရှိပြီး စုစုပေါင်းပြောဆိုသူ (၁.၁၁၈) ဘီလီယံနဲ့ အဆင့် (၂) မှာ ရပ်တည်နေပါတယ်။

🌍 Rank (1) - English

အင်္ဂလိပ်ဘာသာစကားဟာ mother language အနေနဲ့ ပြောဆိုသူ သန်း (၃၈၀)၊ second language ပြောဆိုသူ (၁.၁၂၀) ဘီလီယံအထိ ရှိပါတယ်။ ဒါဟာ ကမ္ဘာ့အသုံးအများဆုံး ဘာသာစကားဖြစ်ပြီး ပြောဆိုသူဦးရေ (၁.၅) ဘီလီယံ ရှိပါတယ်။ နိုင်ငံပေါင်း (၆၇) နိုင်ငံမှာ ရုံးသုံးစကားအဖြစ် အသုံးပြုကြသလို ကမ္ဘာ့စီးပွားရေး၊ နည်းပညာနဲ့ အင်တာနက်ကွန်ရက်တွေရဲ့ အဓိကဘာသာစကားလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း (၇,၀၀၀) ကျော် ရှိတဲ့အတွက် ကိုယ့်ရဲ့ career နဲ့ သင့်တော်မယ့် ဘာသာစကားကို သေချာရွေးချယ်ဖို့ လိုပါတယ်။

အကယ်လို့ မိဘတွေအနေနဲ့ ကလေးကို ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို လူမျိုးပေါင်းစုံနဲ့ ဆက်သွယ်ပြောဆိုစေချင်တယ်၊ ထိပ်တန်းပညာရေးအခွင့်အလမ်းတွေ ဖန်တီးပေးလိုတယ်ဆိုရင်တော့ "အင်္ဂလိပ်ဘာသာစကား"ကို မဖြစ်မနေ လေ့လာခိုင်းထားသင့်ပါတယ်။

(စကားမစပ် မိမိကလေးရဲ့ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ English Language ကို အကျိုးရှိရှိလေ့လာရင်း အသုံးချစေချင်တယ်ဆိုတဲ့ မိဘတွေအတွက်
PKA ရဲ့ ''Weekend Class'' လေး ရှိပါတယ်။
ဒီအတန်းကို အတွေ့အကြုံများစွာ ရှိတဲ့ ''Local teachers'' တွေအပြင် ''Foreign teachers'' တွေကပါ ပူပေါင်းသင်ကြားပေးနေတာဖြစ်လို့ မိမိကလေးရဲ့ ပညာရေးကို အထူးအလေးထားတဲ့ မိဘတွေအနေနဲ့ မဖြစ်မနေ ရွေးချယ်သင့်တဲ့ အတန်းလေးပါ။
အသေးစိတ် သိချင်တယ်ဆိုရင်တော့ PKA page မှတဆင့် စုံစမ်းမေးမြန်နိုင်ပါတယ်။)

02/06/2026

ပြည်မြို့ရှိ PKA International School တွင် အောက်ပါ position အတွက် အလုပ်ခေါ်ယူလျက် ရှိပါသည်။

HR manager (male/female) - 1 post

Position Summary
HR Manager သည် ကျောင်း၏ Human Resources လုပ်ငန်းများအားလုံးကို ဦးဆောင်စီမံခန့်ခွဲရမည်ဖြစ်ပြီး ဝန်ထမ်းရေးရာစနစ်များ ထိရောက်စွာ လည်ပတ်စေရန်၊ အလုပ်ပတ်ဝန်းကျင်ကောင်းမွန်စေရန်နှင့် လုပ်ငန်းအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် တာဝန်ယူရမည်ဖြစ်ပါသည်။

Key Responsibilities
-Recruitment, onboarding နှင့် staffing process များကို စီမံခန့်ခွဲရမည်။
-Payroll, attendance နှင့် HR administration လုပ်ငန်းများကို ကြီးကြပ်ရမည်။
-Performance appraisal နှင့် staff development ကို ဦးဆောင်ရမည်။
-ရေးဆွဲထားပြီးသား HR handbook policies များကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ရမည်။
-Senior management သို့ HR reports တင်ပြရမည်။

Requirements
-Human Resources နှင့် ဆက်စပ်သော ဒီပလိုမာ (သို့) ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရမည်။
-HR နှင့် သက်ဆိုင်သော လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်ရမည်။ (ပညာရေးနယ်ပယ်တွင်ရှိသူ ဦးစားပေးမည်)
-HR systems နှင့် Microsoft Office အသုံးပြုနိုင်ရမည်။
-အလုပ်နှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များ တာဝန်ယူထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။
-Leadership skill နှင့် communication skill ကောင်းသူ ဖြစ်ရမည်။

Benefits
Annual trip
Accommodation Fee
Travelling Allowance
Annual Bonus

CV ဖောင် ပေးပို့လိုပါက
Email - hr.preciouskidsacademy@gmail.
Viber - +959257096834

31/05/2026

(၇) စက္ကန့်အတွင်း "7% Discount" ရယူလိုက်ပါ။ 🎉🎉

PKA ရဲ့ Weekend Class အတွက် "Special Discount'' ပေးသွားမယ့် အစီအစဥ်လေး ရောက်ရှိလာပါပြီ။ 😱😱

ဖေဖေမေမေတို့ လုပ်ဆောင်ရမှာက
✅ဒီ post အောက်မှာ ''WK'' လို့ မန့်ပြီး public နဲ့ share ပေးရုံပဲ ဖြစ်ပါတယ်။
ဒီလို (၇) စက္ကန့်လောက် အချိန်ပေးလိုက်ရုံနဲ့ Weekend Class အတွက် ''7% Discount'' ရရှိမှာပါ။ 🎁🎁

ဒီ share ထားတဲ့ post လေးကို ပြပြီး Weekend Class အတွက် လာရောက် register လုပ်မယ်ဆိုရင်တော့
ပေးသွင်းရမယ့် သင်တန်းကြေးတိုင်းရဲ့ ''7% Discount" လျှော့ပေးသွားမှာပဲ ဖြစ်ပါတယ်။ 🎊🎊

ဒါ့ကြောင့် အခုပဲ မြန်မြန် share ပြီး မြန်မြန် discount ယူလိုက်တော့နော်.. 🥳🥳

📌📌အသေးစိတ် ပိုမိုသိရှိလိုပါက
✅ကျောင်း Page သို့ စာပို့မေးမြန်း၍ ဖြစ်စေ၊
✅ကျောင်းဖုန်း 09257096834, 0532024500 သို့ ဆက်သွယ်၍ ဖြစ်စေ
စုံစမ်းမေးမြန်းနိုင်ပါသည်။





#7%discount

Photos from PKA International School's post 30/05/2026

Morning Coffee Talk ☕☕

PKA International School ၏ Morning Coffee Talk ပွဲလေးကို ယနေ့ (30.5.2026) စနေနေ့တွင် Prome Garden Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤသို့ မအားလပ်သည့်ကြားမှ ယခုလို အချိန်ပေးပြီး လာရောက်ပေးခဲ့ကြတဲ့ ဖေဖေမေမေအယောက်ချင်းစီတိုင်းကို PKA International School မှ ကျေးဇူးအထူးတင်ရှိပါသည်။

Photos from PKA International School's post 28/05/2026

🌙 Eid Mubarak! ✨
မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ဖြစ်ပါစေ။

ယနေ့ မေလ (၂၈) ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်များ၏ ''Eid al-Adha'' နေ့ထူးနေ့မြတ်တွင် မိသားစုဝင်များ၊ မိဘပြည်သူများနှင့် သားသားမီးမီးငယ်များအားလုံး ချစ်ခြင်းတရား၊ ငြိမ်းချမ်းခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း PKA International School မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

(ကဲ... အီးဒ်နေ့အတွက် ဆုတောင်းစကားလေးတွေ Comment မှာ ပြောပေးသွားကြပါဦးနော်...)🕋✨

Happy Eid Mubarak! 🎊🎊

#အီးဒ်နေ့

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 15, Yadanar De Pa Street, Ya Be Quarter
Pyay
08151

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00