Pyay Diocese Catholic Youth Commission

Pyay Diocese Catholic Youth Commission

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyay Diocese Catholic Youth Commission, Religious organisation, Pyay.

Photos from Pyay Diocese Catholic Youth Commission's post 29/05/2026

Day (1) - Magis Program Pyay

Magis ပထမနေ့ကို စိန်ပေါလ်ကာသီဒြယ်၌ မစ္ဆားတရားတော်မြတ်ဖြင့် အစပြုခဲ့ပါသည်။ ပထမနေ့တွင် Fr. Thang Ha SJ မှ What is MAGIS? ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Fr. Benjamin Phyo Min မှ Eucharist Values ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Fr. Saw Justin SJ မှ Prayer and Meditation/ Examination of conscience ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပို့ချခဲ့ပါသည်။ နေ့လည်ပိုင်းတွင် Sr. Martha, RNDM မှ ECO Spirituality and Care for Common Home, Sr. Margaret Zin May Oo, RNDM မှ Self Care ​ခေါင်းစဥ်များဖြင့် သင်ကြားပို့ချခဲ့ပါသည်။ ထို့နောက်အဖွဲ့လိုက်​ဆွေး​နွေးခြင်းများပြုလုပ်ပြီး‌နောက်တစ်​နေ့တာအစီအစဉ်များကို ပြန်လည်သုံးသပ်ခဲ့ပြီး ပထမနေ့ကို ညနေ ခြောက်နာရီတွင် အဆုံးသတ်ခဲ့ပါသည်။ ပြည်မြို့ပေါ်ရှိတိုက်နယ်များနှင့် ဘော်ဒါအသီးသီးမှ လူငယ်များစုစုပေါင်း (180) ခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။

လူငယ်များအားလုံး Magis စိတ်​ဓါတ်ဖြင့်ဘုရားသခင်ကို အ​စေခံကြပါစို့။

Photos from Magis Myanmar's post 28/05/2026

Magis Pyay

Photos from Pyay Diocese Catholic Youth Commission's post 10/05/2026

ပြည်သာသနာလူငယ်များ၏ တစ်ရက်တာတွေ့ဆုံမှုနှင့်သင်တန်း

အဆိုပါသင်တန်းကို ပြည်မြို့ ရဟန်းဖြစ်သင်ကျောင်းတွင် မေလ( 9)ရက်နေ့ကပြုလုပ်ခဲ့ပြီး လူငယ်ပေါင်း (234) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် လူငယ်ဒါရိုက်တာ Sr. Ann သဇင်အောင်, RNDM မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Pyay Catholic Youth Commission EC အဖွဲ့ဝင်များမှလည်း မိတ်ဆက်ခြင်းနှင့်လူငယ်များအား အားပေးစကားများပြောကြားခဲ့ပါသည်။

ထို့နောက် Sr. Mary သန်းသန်းဌေး, RNDM မှ လူငယ်များအတွက် Motivation နှင့်ဆိုင်သော အရာများကို လူငယ်များနှင့် အပြန်အလှန် မေးခွန်းများဖြင့် ဝေမျှဆွေးနွေးခဲ့ပြီး၊ စိိတ်ဓါတ်ခွန်အားရဖွယ်ရာ အကြောင်းအရာများကို စိတ်ဝင်စားစရာကောင်းအောင် တက်တက်ကြွကြွ ဝေမျှပေးခဲ့ပါသည်။ ပြီးနောက်ဘရာသာရ်များမှ Talent Show အစီအစဉ်များကို ဆက်လက်ဦးဆောင်ခဲ့ပြီး နေ့လည် (၁၂) နာရီတွင် နေ့လည်စာ သုံးဆောင်ခဲ့ကြပါသည်။

နေ့လည်ပိုင်းအစီအစဉ်များကို နေ့လည် (၁) နာရီတွင် ပြန်လည်စတင်ခဲ့ပြီး တိုက်နယ်၊ ဘော်ဒါအသီးသီးမှ လူငယ်များက အဆို၊ အကများ Model Show များဖြင့် ဖျော်ဖြေခဲ့ပြီး အစီအစဉ်ကို Fr. Pius ကျော်ငွေ၏ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် အထူးကောင်းကြီးဖြင့် နေ့လည် သုံးနာရီတွင် အဆုံးသတ်ခဲ့ပါသည်။

ဤ သင်တန်းဖြစ်မြောက်ဖို့ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီခဲ့ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ပါသည်။

Photos from OSC Pyay Diocese's post 09/05/2026

Congratulations brothers!!!

26/01/2026

ကမ္ဘာ့လူငယ်များနေ့အတွက် ဆုတောင်းမေတ္တာ

WYD Seoul 2027 - Official Prayer in Myanmar 🕊️

Photos from Pyay Diocese Catholic Youth Commission's post 18/01/2026

ပြည်သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင် ဗဟို EC အဖွဲ့ဝင်များ၏ ၂၀၂၆ ခုနှစ်အတွက် ပထမအကြိမ် အစည်းအဝေးကို ယူဖရေစီ Sacred Heart ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို ဆက်သွယ်ရေးတာဝန်ခံ ကိုစောအေးချမ်းမှ အဖွင့်ဆုတောင်းဖြင့် စတင်ခဲ့ပြီး ဆက်လက်၍ ဒုဥက္ကဌ မဇီဇဝါချိုမှ ၂၀၂၅ ခုနှစ် ဗဟိုလူငယ်အဖွဲ့၏ လုပ်ဆောင်ချက်များ၊ လှုပ်ရှားမှုများနှင့် အားသာချက်အားနည်းချက်များကို တင်ပြခဲ့ပါသည်။ ထို့နောက် လူငယ်ဒါရိုက်တာ Sr. Ann Thazin Aung မှ Directors meeting မှ အစည်းအဝေးဆုံးဖြတ်ချက်များနှင့် Information များကို ဝေမျှပေးခဲ့ပါသည်။ ဆက်လက်၍ ငွေစာရင်းရှင်းတမ်းများ ပြုလုပ်ကြကာ တိုက်နယ်အသီးသီးမှ ၂၀၂၅ ခုနှစ် လူငယ်လှုပ်ရှားမှု အစီရင်ခံစာများကို ဖတ်ကြားခဲ့ကြပြီး (၁၂) နာရီတွင် နေ့လည်စာသုံးဆောင်ခဲ့ကြပါသည်။ နေ့လည်ပိုင်းအစီအစဉ်ကို ဖာသာရ်ကျော်ငွေမှ ဦးဆောင်ကာ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး ဗဟို EC အဖွဲ့၏ ၂၀၂၅ အစီရင်ခံစာဖတ်ကြားပြီးနောက် အပိတ်ဆုတောင်းကို ဥက္ကဌ ကိုနိုင်လင်းထွဋ်မှ ဦးဆောင်းပြီး အစည်းအဝေးကို အဆုံးသတ်ခဲ့ပါသည်။

Photos from Pyay Diocese Catholic Youth Commission's post 23/11/2025

ပြည်သာသနာ၊ အကြိမ် (၄၀) မြောက် ကမ္ဘာလူငယ်များ‌နေ့နှင့် ကွာယာဂျူဗလီ အခမ်းအနားပုံရိပ်များ

ညပိုင်းတွင်လည်း Zoom Application မှတဆင့် ပြည်သာသနာ၏ ပြည်တွင်းပြည်ပလူငယ်များအတွက် ကမ္ဘာ့လူငယ်များနေ့အစီအစဉ်များ ရှိပါတယ်။ လူငယ်များအားလုံး ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
Photo credit OSC Pyay

14/11/2025

လေးစားချစ်ခင်အပ်ပါသော ပြည်သာသနာ၏ ပြည်တွင်းပြည်ပမှ လူငယ်မောင်မယ်အပေါင်းတို့ ..

လာမည့် နိုဝင်ဘာလ (၂၃) ရက်နေ့သည် "ခရစ္စတူးဘုရင်ပွဲနေ့" ဖြစ်ပြီး ထိုနေ့တွင် ပြည်မြို့၊ စိန့်ပေါလ်ကာသီဒြယ်၌ ကွာယာစင်အသစ် ကောင်းကြီးပေး ဖွင့်ပွဲအခမ်းအနား နှင့် အကြိမ် (၄၀) မြောက် ကမ္ဘာ့လူငယ်များနေ့ ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို နံနက် (၈) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်သည့်အတွက် ပြည်မြို့တွင် ရောက်ရှိနေသော ဘာသာသူ လူငယ်မောင်မယ်များ ထိုအခမ်းအနားအစီအစဉ်များတွင် လာရောက်ပါဝင်ကြပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

ညပိုင်းအစီအစဉ်အနေဖြင့် ပြည်သာသနာ၊ ပြည်တွင်းပြည်ပရှိ လူငယ်မောင်မယ်များအားလုံးအတွက် ကမ္ဘာ့လူငယ်များနေ့ကို PCYC (Pyay Catholic Youths Commission) EC Team မှ ဦးဆောင်၍ Zoom Application မှ ကျင်းပသွားမည် ဖြစ်ပြီး ဆလေးရှင်းဘုန်းတော်ကြီး ဖာသာရ် ရေမွန်သန်းမှ လူငယ်များအတွက် ဝိညာဉ်ခွန်အား၊ စိတ်ဓါတ်ခွန်အားယူစရာ အကြောင်းအရာများကို ပို့ချသွားမည် ဖြစ်ပါ၍ လူငယ်များအားလုံး ကြိုးစားပါဝင်ကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

ညပိုင်းအစီအစဉ်

နေ့ရက်။ ။ နိုဝင်ဘာလ (၂၃) ရက်၊ တနင်္ဂနွေနေ့

အချိန်။ ။ မြန်မာစံတော်ချိန် ည (၇:၃၀) နာရီ။
ထိုင်းစံတော်ချိန် ည (၈) နာရီ။
စင်ကာပူစံတော်ချိန် ည (၉) နာရီ။

Zoom ID....... 839 496 6450
Passcode......79kwSg

03/11/2025

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၃ ရက် (ခရစ္စတူးဘုရင်ပွဲ) နေ့တွင် ကျင်းပမည့် အကြိမ် ၄၀ မြောက်၊ ကမ္ဘာ့လူငယ်များနေ့ အတွက် ရဟန်းမင်းကြီး လီယို ၁၄ ၏ သတင်းစကား
*************************************************

“သင်တို့သည်လည်း အစဉ် ငါနှင့်အတူရှိသောကြောင့် ငါ၏ သက်သေခံများ ဖြစ်ကြ၏” (ယောဟန် ၁၅:၂၇)

ချစ်ခင်လေးစားရသော လူငယ်အပေါင်းတို့ ..

လူငယ်များအတွက် ကျွန်ုပ်၏ ပထဆုံးသတင်းစကားအား မမိန့်ကြားမီ သင်တို့အား ကျေးဇူးတင်ကြောင်း ကနဦးပြောလိုပါသည်။ လူငယ်ဂျူဗလီပွဲအတွက် ရောမမြို့သို့ လာရောက်ရာတွင် သင်တို့နှင့် တပါတည်း ယူဆောင်လာသည့် ပျော်ရွှင်ဝမ်းမြောက်မှုများအတွက် သင်တို့ကို ကျေးဇူးတင်ပါသည်။ ကမ္ဘာအရပ်ရပ်မှ ဆုတောင်းမေတ္တာဖြင့် စည်းလုံးခဲ့ကြသော လူငယ်အားလုံးကိုလည်း ကျွန်ုပ်ကျေးဇူးတင်ပါသည်။ ယခုအချိန်သည် ယုံကြည်ခြင်းအတွက် ကျွန်ုပ်တို့၏ စိတ်အားထက်သန်မှုများ အသစ်တဖန် အားကောင်းစေရန်နှင့် ကျွန်ုပ်တို့၏ နှလုံသားအတွင်း တောက်လောင်နေသော မျှော်လင့်ခြင်းမီးတောက်ကို မျှဝေရန်အတွက် အလွန်အဖိုးထိုက်သော အချိန်ကာလတစ်ခု ဖြစ်သည်။ ဤဂျူဗလီပွဲတော်အား ပျော်ပွဲရွှင်ပွဲအဖြစ် မှတ်ယူသည်ထက် သင်တို့၏ ခရစ်ယာန်ဘဝသက်တာတွင် ရှေ့သို့ တစ်ဆင့်တက်လှမ်းနိုင်ရန်နှင့် သင့် ယုံကြည်ခြင်းကို သက်သေခံရာတွင် ဇွဲမလျှော့ဘဲ ဆက်လက်ဆောင်ရွက်နိုင်ရန် အားပေးသည့် အခမ်းအနားတစ်ခုအဖြစ် တည်ရှိပါစေကြောင်း ကျွန်ုပ်မျှော်လင့်ပါသည်။

ကမ္ဘာ့လူငယ်များနေ့အား နိုဝင်ဘာလ ၂၃ ရက်နေ့၊ ခရစ္စတူးဘုရင်ပွဲနေ့ကြီးတွင် “သင်တို့သည်လည်း အစဉ် ငါနှင့်အတူရှိကြသောကြောင့် ငါ၏ သက်သေဖြစ်ကြ၏” (ယောဟန် ၁၅:၂၇) ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ယခု ဂျူဗလီပွဲတွင် တွေ့ရသည့် စိတ်အားထက်သန်မှုသည် များမကြာမီ ကျင်းပမည့် “ကမ္ဘာ့လူငယ်များနေ့”၏ အနှစ်သာရဖြစ်ပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကောင်းကြီးမင်္ဂလာဖြင့် မျှော်လင့်ခြင်း၏ ဘုရားဖူးခရီးသည်များအဖြစ် ခရစ်တော်၏ ရဲရင့်သော သက်သေခံများဖြစ်လာရန် ပြင်ဆင်ကြပါမည်။ ၂၀၂၇ ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူငယ်များနေ့သို့ ဦးတည်မည့် ခရီးစဉ်တစ်ရပ်ကို ကျွန်ုပ်တို့ အတူတကွ အစပြုကြပါစို့။ အထက်ဖော်ပြပါ အချက်များအား နှလုံးသွင်းလျက် သက်သေခံခြင်းနှင့် ဆက်စပ်သော အချက် နှစ်ချက်ကို ကျွန်ုပ် အထူးပြုမိန့်ကြားလိုသည်။ ပထမအချက်မှာ ဘုရားရှင်ထံမှ လက်ဆောင်မွန်အဖြစ် ကျွန်ုပ်တို့ လက်ခံရရှိထားသော ယေဇူးသခင်နှင့် ကျွန်ုပ်တို့ မိတ်ဖွဲ့ခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လူ့အဖွဲ့ အစည်းအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်သူများအဖြစ် ကျွန်ုပ်တို့ မဆုတ်မနစ် အစဉ်တစိုက် ဆောင်ရွက်ကြရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မိတ်ဆွေများဖြစ်သောကြောင့် သက်သေခံများဖြစ်ကြသည်။
Friends, therefore witnesses

ခရစ်ယာန်တို့၏ သက်သေခံခြင်းဟူသည်မှာ လူသားအပေါင်းအား ကယ်တင်ရန် ကားတိုင်ထက်မှာ အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးသခင်နှင့် မိတ်ဆွေဖွဲ့ခြင်းမှ ပေါ်ထွန်းလာပါသည်။ သက်သေခံခြင်းဟူသည်မှာ ကျွန်ုပ်တို့၏ အတွင်းစိတ်နှလုံး ပြုပြင်ပြောင်းလဲမှုနှင့် လူမှုရေးတာဝန် ဝတ္တရား များအား ပိုမိုနားလည်ရေးအတွက် စစ်မှန်သော ချဉ်းကပ်မှုဖြစ်သောကြောင့် သက်သေခံခြင်းအား အိုင်ဒီရော်လော်ဂျီ အယူဝါဒဆိုင်ရာ ဝါဒဖြန့်မှုနှင့် မရောထွေးသင့်ပါ။ ယေဇူးသခင်သည် နောက်လိုက်တပည့်တော်ကြီးများအား “မိတ်ဆွေ” အဖြစ်ခေါ်ဆိုရန် ရွေးချယ်ခဲ့သည်။ ယေဇူးသခင်သည် ဘုရားသခင် ၏ နိုင်ငံတော်အကြောင်း တပည့်တော်ကြီးများအား အသိပေးသွန်သင်ခဲ့ပြီး ကိုယ်တော်နှင့် အတူနေထိုင်ရန်၊ ကိုယ်တော်၏ အသိုင်းအဝန်းဖြစ်လာရန် ဖိတ်ခေါ်ခဲ့ကာ ဧဝံဂလိတရားတော်အား ကြေညာဟောပြောရန် စေလွှတ်ခဲ့သည်။ (ယောဟန် ၁၅:၁၅၊ ၂၇)။ ထို့ကြောင့် ယေဇူးသခင်က “သက်သေခံများဖြစ်ကြလော့”ဟု မိန့်တော်မူသောအခါ သခင်သည် ကျွန်ုပ်တို့အား မိတ်ဆွေအဖြစ် သတ်မှတ်ကြောင်း အာမခံနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့ မည်သူမည်ဝါ ဖြစ်သည်၊ အဘယ်ကြောင့် ရှင်သန်နေထိုင်ကြသည်ကို ကိုယ်တော်တစ်ပါးတည်းသာ အပြည့်အဝ သိတော်မူ၏။ လူငယ်အပေါင်းတို့၊ သင်တို့၏ နှလုံးသား အခြေအနေ၊ ခွဲခြား ဆက်ဆံမှုနှင့် မတရားမှုများအကြား သင်တို့၏ အမျက်ဒေါသ၊ အမှန်တရား၊ အလှအပ၊ ဝမ်းမြောက်မှုနှင့် ငြိမ်းချမ်းရေးကို လိုလားသော သင်တို့၏ စိတ်ဆန္ဒကို သခင်ကိုယ်တော် သိတော်မူ၏။ ယေဇူးသခင်နှင့် မိတ်ဖွဲ့ခြင်းအားဖြင့် သခင်သည် သင့်စကားသံကို နားညောင်းတော်မူသည်၊ သင့်အား စိတ်ခွန်အားပေးတော်မူပြီး သင်တို့ တစ်ဦးချင်းစီအား ဘဝသစ်သို့ လမ်းပြခေါ်တော်မူပါသည်။

ကျွန်ုပ်တို့၏ ကောင်းကျိုးမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မလိုလားသော ယေဇူးသခင်သည် ကျွန်ုပ်တို့ အား ချစ်ခြင်းမေတ္တာဖြင့် အစဉ် ကြည့်ရှုနေပါသည်။ (မာကု ၁၀:၂၁)။ ကျွန်ုပ်တို့ အနေဖြင့် လောကီရေးရာ လှုပ်ရှားမှုများနှင့် အပေါ်ယံ ကိစ္စရပ်များကိုသာ အရူးအမူး အာရုံစိုက်ခြင်းကို ယေဇူးသခင်က မလိုလားပေ။ ကျွန်ုပ်တို့၏ ဘဝသက်တာအား ပြန်လည် ဆန်းသစ်နိုင်စေရေး အတွက် သခင်ယေဇူးနှင့် မိတ်ဆွေဖွဲ့ကာ ရှင်သန်နေထိုင်ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။ ခရစ်တော်နှင့် မိတ်ဖွဲ့ခြင်းကြောင့် ရရှိလာသော ဝမ်းမြောက်ပျော်ရွှင်ဖွယ် သစ်လွင်မှုမှ သက်သေခံခြင်းသည် အလိုအလျောက် ပေါ်ထွန်းလာသည်။ ၎င်း သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အား ပေါင်းစည်းခွင့်ပေးသည့် တမူထူးခြားသော မိတ်ဖွဲ့မှု တစ်ရပ်ဖြစ်သလို ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာနှင့် အခြားသူများ၏ ဂုဏ်သိက္ခာကို ရှာဖွေတွေ့ရှိစေသော သစ္စာတည်မြဲ သည့် မိတ်ဖွဲ့ခြင်းဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသော သခင်နှင့် မိတ်ဖွဲ့ခြင်းဖြစ်သောကြောင့် သေခြင်းတရားက ဖျက်ဆီး၍ မရနိုင်သော ထာဝရမိတ်ဖွဲ့ခြင်း ဖြစ်သည်။

ခရစ်ဝင်ကျမ်း ၄ ကျမ်းမြောက်ဖြစ်သော ရှင်ယောဟန်ခရစ်ဝင်ကျမ်း အဆုံးတွင် တပည့်တော်ကြီး ယောဟန်ပေးသော သတင်းစကားကို ကျွန်ုပ်တို့ထောက်ရှုကြပါစို့။ “ဤတပည့်တော်သည်ကား ဤ အကြောင်းအရာများကို သက်သေခံ၍ ရေးသားသောသူဖြစ်၏။ သူ၏ သက်သေခံချက်သည် မှန်ကြောင်း ငါတို့သိကြ၏” (ယောဟန် ၂၁:၂၄)။ အထက်ဖော်ပြပါ ဧဝံဂလိကျမ်းလာအချက်သည် ကျေးဇူးဆပ်တင်သည့် စိတ်နှင့် အံ့ဖွယ်ရာအပြည့်ဖြင့် “သက်သေခံချက်” အဖြစ် အကျဉ်းချုပ်ဖော်ပြထားပြီး ၎င်း၏ အမည်ကို ဖော်ပြထားခြင်းမရှိသော်လည်း “ယေဇူးသခင် ချစ်တော်မူသော တပည့်တော်” တစ်ပါးဟုသာ ဖော်ပြထားပါသည်။ ဤဘွဲ့အမည်သည် သခင်ခရစ်တော်နှင့် ဆက်ဆံရေး တစ်ရပ်ကို ထင်ဟပ်စေသည်။ ၎င်းသည် လူတစ်ဦးချင်းစီ၏အမည်ကို ဖော်ပြခြင်းမဟုတ်ဘဲ ခရစ်တော်နှင့် ပုဂ္ဂိုလ်ရေး နှောင်ကြိုးဖွဲ့မှု၏ သက်သေခံချက်ဖြစ်ပါသည်။ သခင်ယေဇူး၏တပည့်တော်ဖြစ်ခြင်းနှင့် သခင်၏ချစ်ခြင်းမေတ္တာကို ခံစားရရှိခြင်းသည် ရှင်ယောဟန်အတွက် အမှန်တကယ် အရေးကြီးသောအရာဖြစ်သည်။ ထို့ကြောင့် သက်သေခံခြင်းနှင့် နေထိုင်သော ခရစ်ယာန်ဘဝသက်တာသည် ဘဝအဓိပ္ပာယ်နှင့် ကယ်တင်ခြင်း ပေးတော်မူသော ခရစ်တော် ယေဇူးအတွက် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် ရှင်သန်နေထိုင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ပါသည်။ တပည့်တော်ကြီး ယောဟန် ရေးသားချက်များသည် ချစ်လှစွာသော သင်တို့ လူငယ်များကိုလည်း ရည်ညွှန်းနေပါသည်။ ခရစ်တော်နောက်သို့ လိုက်တော်မူ၍ သခင့်ဘေးတွင်ထိုင်ကာ သူ့နှလုံးခုန်သံကို နားထောင်ရန်နှင့် ခရစ်တော်၏သက်တာတွင် ကျွန်ုပ်တို့ အနီးကပ်ပါဝင်ကြရန် ခရစ်တော်က ကျွန်ုပ်တို့အား ဖိတ်ခေါ်နေပါသည်။ သင်တို့ လူငယ်တစ်ဦးချင်းစီသည် သခင်၏ “ချစ်မြတ်နိုးလှသော တပည့်တော်ကြီးများ” ဖြစ်ပြီး သခင်၏ချစ်ခြင်းမေတ္တာသည် သက်သေခံရန် လှုံ့ဆော်ပေးသော ဝမ်းမြောက်ခြင်းကို ဆောင်ကြဉ်းပေးသည်။

ဧဝံဂလိတရားအတွက် ရဲရင့်စွာ သက်သေခံသူ နောက်တစ်ဦးမှာ ယေဇူးသခင်၏ ရှေ့ပြေးဖြစ်သော ရှင်ယောဟန် ဘတ္တစ္စတားဖြစ်ပြီး “လူအပေါင်းသည် (ရှင်ယောဟန်)အားဖြင့် ယုံကြည်ခြင်းငှာ အလင်းတော်ကို သက်သေခံရန်” ကြွလာသူအဖြစ် သတ်မှတ်ကြသည်။ (ကိုးကား - ယောဟန် ၁:၇)။ ရှင်ယောဟန် သည် လူထုအကြားတွင် အလွန်နာမည်ကျော်ကြားသော်လည်း “ဘုရားရှင်၏ သိုးငယ်တော်ကို ကြည့်လော့၊”ဟု ကြွေးကြော်သောအခါ သူသည် ကယ်တင်ရှင်ထံ ညွှန်ပြသော “အသံ” ဖြစ်ကြောင်း ရှင်ယောဟန်က မိမိကိုယ်ကို ကောင်းစွာသိသည်။ (ယောဟန် ၁:၃၆)။ ယောဟန်၏ ပုံသက်သေအရ စစ်မှန်သော သက်သေခံခြင်းမှာ နေရာကောင်းယူရန်၊ စင်မြင့်ခုံ၏ အလယ်ဗဟိုတွင် နေရာယူရန် သို့မဟုတ် လူအပေါင်းအား ခရစ်တော်နောက်လိုက်ဖြစ်ရန်ထက် သက်သေခံသူများ၏ နောက်လိုက်များဖြစ်ရန် မကြိုးပမ်းကြောင်း သတိပေးနေပါသည်။ စစ်မှန်သော သက်သေခံသူများသည် နှိမ့်ချပြီး အတွင်းစိတ်နှလုံး လွတ်လပ်ကြသည်၊ အထူးသဖြင့် လူအများ၏ အထူး အာရုံစူးစိုက်ခြင်းမှ ရှောင်ရှား၊ လွတ်မြောက်လိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် သြဇာအာဏာရှိသူများ ရှေ့မှောက်တွင်ပင် လူတိုင်းထံမှ အမှန်တရားအား နားထောင်ရန်၊ နားလည်မှုပေးရန်နှင့် လွတ်လပ်စွာ အမှန်အတိုင်း ထုတ်ဖော်ပြောဆိုလာနိုင်ကြသည်။ ခရစ်ယာန်များ၏ သက်သေခံခြင်းဆိုသည်မှာ ကျွန်ုပ်တို့ ကိုယ်ကို မြှင့်တင်ပြောဆို ကြေညာခြင်း မဟုတ်သလို ကျွန်ုပ်တို့၏ ဝိညာဉ်ရေး သက်တာ၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် အကျင့်စာရိတ္တ မည်မျှကောင်းကြောင်း ဂုဏ်ယူပြောဆိုခြင်း မဟုတ်ကြောင်း ယောဟန် ဘတ္တစ္စတားထံမှ လေ့လာရပါသည်။ စစ်မှန်သော သက်သေခံခြင်းဟူသည်မှာ ယေဇူးသခင် ကြွလာတော်မူချိန်၌ ကိုယ်တော်ရှင်အား ဖူးမြော်နိုင်ရန်နှင့် ကျွန်ုပ်တို့အား ကယ်တင်နိုင်သော တစ်ပါးတည်းသော ပုဂ္ဂိုလ်မှာ ယေဇူးဘုရားရှင်ဖြစ်ကြောင်း လူအပေါင်းသိရှိနိုင်ရေးအတွက် ပံ့ပိုးကူညီရန်ဖြစ်သည်။ ယောဟန် ဘတ္တစ္စတားသည် ယေဇူးသခင်အား သာမန်လူ အပြစ်သားများ အကြား ရပ်တည်နေသည်ကို သတိပြုမိပြီး ယေဇူးသည် သာမန် လူသားထု တစ်ရပ်လုံးနှင့် တသားတည်းဖြစ်ကြောင်း သိမြင်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် မိမိ၏ သက်တောင့်သက်သာရှိသော အခြေအနေကို ကျော်လွန်၍ အကူအညီ လိုအပ်သူများနှင့် ဘုရားရှင်၏ နိုင်ငံတော်မှ ဖယ်ကြဉ်ခံရသည်ဟု ထင်မြင်နေကြ သူများထံ ချဉ်းကပ်အဖော်ပြုခြင်း မရှိပါက ခရစ်တော်ယေဇူးနှင့် ဆုံခွင့်ရမည် မဟုတ်သလို ခရစ်တော်အတွက် သက်သေခံနိုင်မည် မဟုတ်ကြောင်း ရဟန်းမင်းကြီး ဖရန်စစ်က မကြာခဏ အခိုင်အမာ ပြောကြားခဲ့သည်။ ကျွန်ုပ်တို့သည် ဧဝံဂလိ တရားတော်အား လက်ခံရရှိခြင်းနှင့် ဟောပြောခြင်း ကြောင့် ခံစားရသည့် ချိုမြိန်သော ဝမ်းမြောက်ခြင်းကို ဆုံးရှုံးနေကြသည်။

ချစ်လှစွာသော မိတ်ဆွေ အပေါင်းတို့၊ သမ္မာကျမ်းစာတွင် ဖော်ပြသည့် ယေဇူးသခင်၏ မိတ်ဆွေများနှင့် သက်သေခံများ အကြောင်းကို စဉ်ဆက်မပြတ် လေ့လာကြရန် သင်တို့တစ်ဦးချင်းစီကို ကျွန်ုပ် ဖိတ်ခေါ် ပါသည်။ သင်တို့သည် ဧဝံဂလိကျမ်းအား ဖတ်ရှုသည်နှင့်အမျှ ကျမ်းစာပါ ခရစ်တော်၏ မိတ်ဆွေ/ သက်သေခံများသည် ခရစ်တော်နှင့် ရင်းနှီးသော ဆက်ဆံရေးမှ တဆင့် ဘဝအဓိပ္ပာယ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သင်တို့ တွေ့ရှိပါလိမ့်မည်။ ကျွန်ုပ်တို့ ဘဝအတွက် အလေးနက်ဆုံးသော မေးခွန်းများကို ကျွန်ုပ်တို့ အလွန်အာရုံစူးစိုက်သည့် ကျွန်ုပ်တို့၏ လက်ကိုင်ဖုန်းအား အချိန်ကြာမြင့်စွာ သုံးစွဲနေရုံဖြင့် အဖြေရလိမ့်မည်၊ ပြေလည်သွားလိမ့်မည် မဟုတ်ပဲ ဖုန်းသုံးခြင်းကြောင့် စိတ်ပင်ပန်းခြင်း၊ နှလုံးသား အလိုမပြည့်ခြင်းများကိုသာ ခံစားရတတ်ပါသည်။ ကျွန်ုပ်တို့၏ ဘဝအဓိပ္ပါယ် ရှာဖွေရာ၌ မိမိ အတွေး ခံယူချက်များအား အများကို မမျှဝေခြင်း သို့မဟုတ် မိမိ၏ ကျဉ်းမြောင်းသော အတွေးဘောင်၌သာ ကျင်လည်နေခြင်းဖြင့် အလုပ်ဖြစ်မည် မဟုတ်ပေ။ ကျွန်ုပ်တို့ ဘဝသက်တာ၏ အကန့်အသတ်ဘောင်ကို ကျော်လွှားခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့၏ စစ်မှန်သော စိတ်ဆန္ဒအား အစဉ် သိရှိ နားလည်ပါလိမ့်မည်။

ကျွန်ုပ်တို့သည် သက်သေခံများ ဖြစ်ကြသောကြောင့် သတင်းကောင်း ဟောပြောသူများ ဖြစ်ကြသည်။
Witnesses, therefore missionaries

ချစ်လှစွာသော လူငယ်အပေါင်းတို့၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကူညီစောင်မမှုဖြင့် သင်တို့သည် ဤကမ္ဘာလောက၌ ခရစ်တော်၏ သတင်းကောင်း ဟောပြောသူများ ဖြစ်လာနိုင်သည်။ သင်တို့နှင့် ရွယ်တူ လူငယ်မောင်မယ်များသည် အကြမ်းဖက်မှုဒဏ်ခံရခြင်း၊ လူသတ်လက်နက်များအား အဓမ္မ ကိုင်ဆောင်နေရခြင်း၊ ၎င်းတို့ ချစ်မြတ်နိုးသူများနှင့် ကွဲကွာနေရခြင်း သို့မဟုတ် ရပ်ဝေး ဒေသ/ နိုင်ငံများသို့ တိမ်းရှောင်ထွက်ပြေးရခြင်း စသည့် အခြေအနေများအား ကြုံတွေ့ရင်ဆိုင်နေရပါသည်။ လူငယ်အများစုသည် ပညာသင်ကြားခွင့် မရကြသလို မရှိမဖြစ် အရေးပါသော စားသုံးကုန်ပစ္စည်းများ ချို့တဲ့ကြသည်။ လူငယ်များသည် ဘဝအဓိပ္ပာယ် ရှာဖွေရာ၌ မလုံခြုံမှုများ ခံစားရကြောင်း၊ လူ့အဖွဲ့အစည်းနှင့် လုပ်ငန်းခွင်မှ ဖိအားများဖြင့် ရုန်းကန်ရင်ဆိုင်နေရကြောင်း၊ မိသားစု ဘဝသက်တာတွင် စိန်ခေါ်မှု အခက်အခဲများ ရှိကြောင်း၊ အခွင့်အလမ်းမရှိခြင်းကဲ့သို့ ခါးသီးနာကျင်လှသော ခံစားချက်များအပြင် ပြုမိသော အပြစ်များအတွက် ဝမ်းနည်းကြောင်း သင့်ကို ဝေမျှလေ့ရှိပါသည်။ သင်သည် အခြား လူငယ်များနှင့်အတူ ရပ်တည် လျှောက်လှမ်းပြီး ဘုရားသခင်သည် ခရစ်တော်အားဖြင့် လူတိုင်းနှင့် နီးစပ်ရန် ကြိုးပမ်းနေကြောင်း ပြသနိုင်ပါသည်။ “ခရစ်တော်သည် ဘုရားရှင်၏ နီးစပ်မှု၊ ချစ်ခြင်းမေတ္တာနှင့် သိမ်မွေ့နူးညံ့စွာ ဂရုပြု စောင့် ရှောက်မှုကို ပြသနေကြောင်း” ပုပ်ဖရန်စစ်က ကြိမ်ဖန်များစွာ သွန်သင်လေ့ရှိခဲ့ပါသည်။ (ပုပ်ဖရန်စစ်၏ စာချွန်တော် Dilexit nos)

မှန်ပါသည်။ သက်သေခံခြင်းသည် အစဉ်တစိုက် လွယ်ကူလှသည်တော့ မဟုတ်ပေ။ ဧဝံဂလိကျမ်း လေးစောင်တွင် သက်သေခံပြီးနောက် ယေဇူးသခင်အား လက်ခံသူနှင့် ငြင်းဆန်သူတို့ အကြား တင်းမာမှုများကို တွေ့ရတတ်ပါသည်။ “အလင်းသည် အမိုက်မှောင်၌ ထွန်းလင်းသည်။ အမိုက်မှောင်သည် အလင်းကို မနိုင်ရာ” (ယောဟန် ၁း၅)။ တပည့်တော်ကြီးများသည် သက်သေခံရာ၌ ငြင်းပယ်မှုများအား မျက်စိရှေ့မှောက်၌ ရင်ဆိုင်ရသလို အချို့အခြေအနေများတွင် အကြမ်းဖက် သတ်ဖြတ်မှုများကိုပင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သခင်ယေဇူးသည် ဖော်ပြပါ အရှိတရားကိုလည်း မဖုံးကွယ်ထားပေ။ “သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်” (ယောဟန် ၁၅:၂၀)။ သို့သော် ထိုအခြေ အနေတွင် “သင်တို့၏ ရန်သူများကို ချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့ အဖို့ ဆုတောင်းကြလော့၊” (ရှင်မာတေဦး ၅:၄၄) ဟူသည့် အကြီးမြတ်ဆုံး ပညတ်တော် တရားကို လက်တွေ့ ကျင့်သုံးရန် အခွင့်အလမ်းတစ်ခုဖြစ်လာသည်။ ထိုအရာသည် ခရစ်ယာန်သာသနာ စတင်တည်ထောင်ချိန်မှစ၍ ဓမ္မ အာဇာနည်များ လုပ်ဆောင်ခဲ့သည့် အရာဖြစ်သည်။

ချစ်လှစွာသော လူငယ်များတို့၊ ဖော်ပြပါ အချက်များသည် အတိတ်က ဖြစ်ရပ် ဇာတ်လမ်း သက်သက် မဟုတ်ပါ။ ယနေ့တိုင် ကမ္ဘာတစ်ဝှမ်းရှိ နေရာများစွာတွင် ခရစ်ယာန်များနှင့် စိတ်ကောင်း နှလုံးကောင်းရှိသူများသည် နှိပ်စက်ညှဉ်းပန်းမှု၊ ဖြားယောင်းလှည့်စားမှုနှင့် အကြမ်းဖက်မှုများကို ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။ ဤသို့ နာကျင်ဖွယ်ရာ အတွေ့အကြုံသည် သင့်ကိုလည်း သက်ရောက်နိုင်သလို သင့်အပေါ် ကျူးလွန်သည့် လူပုဂ္ဂိုလ်များအပေါ် ၎င်းတို့ ပြုမူသည့်အလား ဒေါသတကြီးဖြင့် လက်တုံ့ပြန် လိုသည့် စိတ်များ တဖွားဖွား ရှိနေတတ်ပါသည်။

သို့သော် “မကောင်းမှုအား မကောင်းမှုဖြင့် မကျော်လွှားရာ၊ မကောင်းမှုကို ကောင်းမြတ်ခြင်းဖြင့် ကျော်လွှားပါ။” ဟူသည့် စိန့်ပေါလ်၏ အဖိုးတန်လှသော အကြံပြုချက်ကို ပြန်လည် အမှတ်ရကြပါစို့။ (ရောမ ၁၂:၂၁)။

ငြိမ်းချမ်းခြင်းကို ဆောင်ကြဉ်းပေးသည့် ညီအစ်ကို မောင်နှမ စိတ်ဓာတ်
Fraternity as a bond of peace

ခရစ်တော်နှင့် ရင်းနှီးဆက်ဆံဖူးသော လူငယ်များသည် ၎င်းတို့ သွားလေရာ၌ ညီအစ်ကို မောင်နှမ စိတ်ဓာတ်ဖြင့် “နွေးထွေးမှု”နှင့် “အနှစ်သာရ”ကို ယူဆောင်လာပြီး ထိုလူငယ်များနှင့် ထိတွေ့ ပြောဆို ဖူးသူတိုင်းသည် ကိုယ်ကျိုး မငှဲ့သော ရင်းနှီးမှု၊ ရိုးသားဖြူစင်သော မေတ္တာကရုဏာနှင့် စစ်မှန်သော နူးညံ့သိမ်မွေ့မှုတို့ဖြင့် ဖွဲ့စည်းထားသော နက်ရှိုင်းသော ခံစားချက် တစ်ရပ်ကို ခံစား ရရှိစေပါသည်။ ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်များနှင့် သူစိမ်းများကို ညီအစ်ကို မောင်နှမများအဖြစ် ရှုမြင်စေသည့် အမြင် ရှုထောင့်သစ် တစ်ရပ်ကို သန့်ရှင်းသော ဝိညာဉ်တော် ဘုရားက ကျွန်ုပ်တို့ကို ပေးသနားတော်မူသည်။

ခရစ်တော်နှင့် မိတ်ဖွဲ့ခြင်းကြောင့် ကျွန်ုပ်တို့ နှလုံးသား၌ ညီအစ်ကို မောင်နှမ စိတ်ဓာတ်နှင့် ငြိမ်းချမ်းခြင်း ကို မြတ်နိုးသည့် စိတ်များကို နှိုးကြွစေကာ သူတပါးအား လစ်လျူရှုသည့် စိတ်နှင့် ဝိညာဉ်ရေးအရ ပျင်းရိ လျော့ရဲမှုကို ဖယ်ရှားပေးပြီး အမြင်ကျဉ်းခြင်းနှင့် သံသယ ပွါးများသည့် စိတ်ကို ကျော်လွှားနိုင်ရန် ပံ့ပိုးပေးပါသည်။ ၎င်းသည် ကျွန်ုပ်တို့ အကြား ရင်းနှီးမှုကို တည်ဆောက်ပေးပြီး စေတနာ့ ဝန်ထမ်းအဖြစ် ကူညီခြင်းမှ “လူသား အားလုံး၏ ဘုံအကျိုး ရရှိသည်” အထိ အတူတကွ ဆောင်ရွက်ကြရန် တိုက်တွန်းထားပါ သည်။ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ စကားလုံး အသုံးအနှုန်းဖြင့် လူအုပ်စုများအကြား သွေးကွဲစေသော သူတို့၏ နောက်သို့ မလိုက်ပါနှင့်။ ထို့အစား တန်းတူညီမျှမှု မရှိသည့် အခြေအနေအား အဆုံးသတ်ရန်နှင့် စည်းလုံးညီညွတ်မှု ပျက်ပြားနေသော၊ ဖိနှိပ်ခံနေရသော လူ့အသိုက်အဝန်းများကို ပြန်လည် ကြေအေး သင့်မြတ်စေရန် အစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ဖို့ ကြိုးစားသင့်ပါသည်။ ချစ်လှစွာသော မိတ်ဆွေ အပေါင်းတို့၊ ကျွန်ုပ်တို့ နှလုံးသားရှိ ဘုရားရှင်၏ အသံကို နားထောင်ပြီး တစ်ကိုယ်ကောင်းဆန်သည့် စိတ်များ ဖျောက်ဖျက်ကာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ ဆောင်ရွက်သူများအဖြစ် ရှင်သန်ကြပါစို့။ ကိုယ်တော်၏ ဝိညာဉ်တော်အား နှလုံးသွင်း သူများ၏ သက်သေခံချက်မှ တစ်ဆင့် ရှင်ပြန်ထမြောက်တော်မူသော ယေဇူးသခင် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်းကို ဤကမ္ဘာလောက၌ မြင်ရပါလိမ့်မည်။ (ယောဟန် ၂၀:၁၉)

ချစ်ခင်ရပါသော လူငယ်အပေါင်းတို့၊ ကမ္ဘာလောက၏ ဆင်းရဲဒုက္ခနှင့် မျှော်လင့်ချက်များ အကြားတွင် ယေဇူးသခင်ကို အာရုံစိုက်ကြပါစို့။ ကိုယ်တော်သည် လက်ဝါးကားတိုင်ပေါ်တွင် အသက်စွန့်တော်မူစဉ် အမိမယ်တော် ကညာစင် မာရီးယားကို တပည့်တော်ကြီး ယောဟန်ထံ မိခင်အဖြစ် အပ်နှံခဲ့ပြီး တပည့်တော်ကြီး ယောဟန်အား အမိမယ်တော်၏ သားအဖြစ် အပ်နှံခဲ့သည်။ ထိုမေတ္တာတရား၏ အကြီးမားဆုံး လက်ဆောင်သည် နောက်လိုက် တပည့်တော်တိုင်းအတွက်၊ ကျွန်ုပ်တို့ တစ်ဦးစီအတွက် ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာနှင့် နားလည်မှုအပြည့်ရှိသော အမိမယ်တော် မာရီးယားနှင့် မွန်မြတ်စွာပေါင်းစည်းမှုကို လက်ခံကြိုဆိုကြဖို့ သင်တို့ကို ကျွန်ုပ် ဖိတ်ခေါ်ပါသည်။ အထူးသဖြင့် စိတ်ပုတီးစိပ် ဆုတောင်းကြဖို့ လူငယ်များအား ကျွန်ုပ် ဖိတ်ခေါ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားရှင်၏ သားသမီးများအနေဖြင့် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနှင့် အားပေးထောက်ပံ့မှုကို အစဉ်ထာဝရ ခံစားနေရသောကြောင့် ကျွန်ုပ်တို့ ဘဝ အခြေအနေတိုင်းတွင် မည်သည့်အခါမျှ အထီးမကျန်ရတော့ပေ။

ဤအချက်ကို ဝမ်းမြောက်ဝမ်းသာစွာ သက်သေခံကြလော့။

ရဟန်းမင်းကြီး လီယို ၁၄ (LEO PP. XIV)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက်၊ သန့်ရှင်းသော စိပ်ပုတီးသခင်မ၊ ကညာစင် မယ်တော်မာရီးယာပွဲနေ့ကြီး အထိမ်းအမှတ်တွင် ဗာတီကန်မှ ရေးသားထုတ်ပြန်သည်။

✒️ ဘာသာပြန်ဆိုသူ - Jangma Mung Song

Photos from Pyay Diocese Catholic Youth Commission's post 02/11/2025

ပြည်ကက်သလစ်လူငယ်ကော်မရှင် (PCYC) EC အဖွဲ့မှဦးဆောင်၍ သေလွန်သောသူတို့၏ အသက်ဝိဉာဉ်များအတွက် သတိရဆုတောင်းပေးခြင်းအစီအစဉ်၌ ဩဝါဒ တရားရေအေးတိုက်ကျွေးပေးပါသော Fr. အိုင်ဇင် ဌေးရီအား အထူးပင် ကျေးဇူးတင်ပါတယ်ရှင်။ ဆုတောင်းခြင်း၌ ပါဝင်ပေးကြပါသော လူငယ်များကိုလဲ အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။

အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ ..

31/10/2025

အာလုံးပဲ မင်္ဂလာပါရှင် .. 🙏

ပြည်ကက်သလစ် လူငယ်ကော်မရှင် (PCYC) EC အဖွဲ့မှဦးဆောင်ပြီး Zoom Application မှတဆင့် သေလွန်သောသူတို့၏ ဝိညာဉ်များအတွက် ဆုတောင်းခြင်းအစီအစဉ် ပြုလုပ်ကြမည်ဖြစ်ပြီး မင်းတုန်းတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ်ဌေးရီမှ တရားရေအေး တိုက်ကျွေးမှာဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပမှ ပြည်သာသနာ လူငယ်များအားလုံး ပါဝင်ကြပါရန် နွေးထွေးပျူငှါစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင် ..

🗓️ Date 🗓️
2.11.2025 (Sunday)

🕰️ Time 🕰️

🇲🇲 Myanmar - 7:30 PM
🇹🇭 Thailand - 8:00 PM
🇸🇬 Singapore - 9:00 PM

Zoom ID - 8394966450
Passcode - 79kwSg

Want your place of worship to be the top-listed Place Of Worship in Pyay?
Click here to claim your Sponsored Listing.

Telephone

Address


Pyay