Pyay Technology University E-Sports Association

Pyay Technology University E-Sports Association

Share

Authorized by
Pyay Technological University And Myanmar Electronic Sports Federation . Victory For History.

Photos from University Esports Network's post 15/08/2025

25/07/2025

UEN Youth Program မှ ကျောင်းသားလူငယ်များကို ဖိတ်ခေါ် ခြင်း 💙

University Esports Network (UEN) အနေနဲ့ မြန်မာ့ Esports နယ်ပယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ၏ စွမ်းရည်ပိုမိုမြင့်မားလာစေရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်။ အခုတခါ လူငယ်များရဲ့ စွမ်း ဆောင်ရည်ကို အမှန်တကယ်ဖော်ထုတ်လာနိုင်အောင် လက်တွေ့ကျကျ အခွင့်အလမ်းများ ဖန်တီးပေးမယ့် "UEN Youth Program" ကို စတင်မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

ယခု Program ဟာ Esports Industry အတွက် လိုအပ်သော ပါရမီရှင် လူငယ်များ၊ အထူးသဖြင့် Content Creator များ နှင့် Video Editor များစတဲ့ Social Media နယ်ပယ်ကို စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ်များအတွက် ပထမဦးဆုံး ရည်ရွယ်ထားပါတယ်။

UEN ရဲ့ ဒီပထမဦးဆုံး Youth Program မှာ ရွေးချယ်ခံခဲ့ရသူတွေဟာ သက်ဆိုင်ရာကဏ္ဍအလိုက် လက်တွေ့လုပ်ငန်းခွင် အခြေပြုသင်တန်းများ (On-the-job training) ပံ့ပိုးပေးသွားမှာဖြစ်ပြီး၊ လူငယ်များအနေနဲ့ UEN နှင့်အတူ မြန်မာ့ Esports အသိုက်အဝန်းကို တည်ဆောက်နိုင်ဖို့အတွက် အခွင့်အရေးများရရှိနိုင်မှာ ဖြစ်ပါတယ်။

Esports နယ်ပယ်အပေါ် စိတ်ဝင်စားပြီး၊ သင်ယူလိုစိတ် ပြင်းပြတဲ့ မည်သည့်လူငယ်မဆို၊ Social Media ပိုင်းမှာလည်း ကိုယ့်ရဲ့ပါရမီများကို ဖော်ထုတ်လိုသူများ ပါဝင်လျှောက်ထားသင့်ပါတယ်။

UEN Youth Program လျှောက်ထားရန် 📩

လျှောက်လွှာပိတ်ချိန် : နံနက် ၁၁:၀၀ နာရီ၊ ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ် (ဗုဒ္ဓဟူးနေ့)
လျှောက်လွှာ: https://forms.gle/Ey3QWE3sdvyvApuf6

University Esports Network (UEN) ဟာ လူငယ်များရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန်နှင့် Esports နယ်ပယ်တွင် ရေရှည်တည်တံ့သော အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် စဥ်ဆက်မပြတ် ကြိုးစားသွားမှာပဲဖြစ်ပါတယ်။

Photos 17/07/2025

We’ve already overcome one step.
We will continue to do our best for the next stage as well.
Success is ours.

16/07/2025

14/07/2025

✨ Pyay Technological University Qualifier ✨

⚡ Grand Final Result ⚡

⚔️ Pyu Thar United [ 3 ] - [ 0 ] Order Esport ⚔️

ပြည်နည်းပညာတက္ကသိုလ် Mobile legend Champion အသင်းကတော့ Pyu Thar United ပဲဖြစ်ပါတယ်ခင်ဗျ။

13/07/2025

Pyay Technological University Qualifier

Grand Final Day [ 14.7.2025 ]

⚔️ Pyu Thar United Vs Order Esport ⚔️

Time - 4:00PM to 6:00PM

Location - R1 & R2

ပြည်နည်းပညာတက္ကသိုလ် ကျောင်းကိုယ်စားပြုအတွက် ဘယ်အသင်းက ထွက်ပေါ်လာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပေးကြပါဦးဗျ။

11/07/2025

ROVL : Confirmed Teams List 💫
A Huge Thank You to All Universities & Teams

Rise of Varsity League (ROVL) Mobile Legends: Bang Bang Tournament မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခဲ့ကြတဲ့ တက္ကသိုလ်အသင်းများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောပရစေ။

ROVL ရဲ့ ခေါ်ဆိုမှုအောက်မှာ မြန်မာနိုင်ငံတစ်ဝှမ်းက တက္ကသိုလ်တွေရဲ့ စိတ်အားထက်သန်မှုကို မြင်တွေ့ရတာဟာ ဂုဏ်ယူစရာတစ်ခုပဲဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ပြိုင်ပွဲဝင်ရောက်ခွင့်ရရှိထားတဲ့ အတည်ပြုထားပြီး အသင်းစာရင်း (Confirmed Teams List) ကို ထုတ်ပြန်ပေးလိုက်ပါပြီ။

နိုင်ငံအနှံ့ရှိ တက္ကသိုလ်စုစုပေါင်း: ၄၈ ခု (48 Universities) မှ အတည်ပြုပြီး အသင်းစုစုပေါင်း: ၂၆၂ သင်း (262 Teams) ပါဝင်လာတဲ့ Rise Of Varsity League - MLBB Tournament ဟာ တက္ကသိုလ် Esports သမိုင်းမှာ ပိုမိုကောင်းမွန်တဲ့ University Esports Community ဆီကိုတက်လှမ်းမယ့် ပထမဆုံးခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မိမိတို့အသင်းအမည်ကို အောက်ပါ Confirmed Teams List link မှာ ဝင်ရောက်စစ်ဆေးနိုင်ပါပြီ။ အတည်ပြု ပြိုင်ပွဲဝင်စာရင်းမှာ ပါဝင်လာမယ့်အသင်းများဟာ ROVL ခရီးစဉ်ရဲ့ ပထမဦးဆုံးအဆင့်ဖြစ်တဲ့ University Qualifiers Level ကို စတင်လျှောက်လှမ်းရတော့မှာ ဖြစ်ပါတယ်။

အတည်ပြု ပြိုင်ပွဲဝင်အသင်းစာရင်း 📩

🔹Yangon Region Confirmed Teams List
- https://docs.google.com/spreadsheets/d/1Le1GN1RJLvZDEoBeC2C_RfIJgxFvTuHUolVI70YvjM8/edit?usp=sharing

🔸Other Region Confirmed Teams List
- https://docs.google.com/spreadsheets/d/14sgLfQv_u5sT4LCmq7CXJIcSZGRM1q26sEoa10uCS4o/edit?usp=sharing

🔹Private Region Confirmed Teams List
- https://docs.google.com/spreadsheets/d/1mIAmnujyf73QIP16QfcnviDf_aBfjooxP_roFjnoiGo/edit?usp=sharing

အားလုံးပဲ အကောင်းဆုံးပြင်ဆင်ထားကြပါ။ ROVL Tournament မှာ သင့်ရဲ့ စွမ်းရည်တွေကို ထုတ်ဖော်ပြသပြီး တက္ကသိုလ်ဂုဏ်ဆောင်နိုင်ပါစေ!

09/07/2025

ROVL Tournament Official Social Media Platforms! Follow Us & Stay Updated✨

Rise of Varsity League (ROVL) Mobile Legends: Bang Bang ပြိုင်ပွဲကြီးရဲ့ စိတ်လှုပ်ရှားစရာ အကြောင်းအရာများ၊ နောက်ဆုံးရသတင်းများ၊ ပွဲစဉ်ရလဒ်များ၊ ပျော်ရွှင်စရာ ဖျော်ဖြေရေးကဏ္ဍများနဲ့ ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုများကို အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုခံစားနိုင်ဖို့ ROVL ရဲ့ Official Social Media Platform များကို Follow လုပ်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ Esports လှုပ်ရှားမှုများနဲ့ တက္ကသိုလ် Esports သတင်းများအားလုံးကိုလည်း သိရှိနိုင်ရန် University Esports Network (UEN) ရဲ့ Social Media Platform များကိုလည်း Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် 💙

ပရိသတ်များ ကြိုက်နှစ်သက်ရာ Platform ကနေ ROVL ရဲ့ ခရီးစဉ်တစ်လျှောက်လုံးကို အခုပဲ ပါဝင်လိုက်ပါ..🚀🪐

ROVL - Official Social Media Platforms များ

◾️ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုများ၊ Highlight Video များနှင့် Exclusive Content များကို ကြည့်ရှုရန်
YouTube: https://www.youtube.com/

◾️ပြိုင်ပွဲနောက်ကွယ်မှ ပုံရိပ်များ၊ ပျော်ရွှင်စရာ Short Videos များနှင့် Quick News Update များကို ကြည့်ရှုရန်
TikTok: https://www.tiktok.com/?_t=ZS-8xkDFPwwkUc&_r=1

◾️ပရိသတ်များအတွက် အချက်အလက်များ လျင်မြန်စွာရရှိနိုင်သော Community Channel အဖြစ်
Telegram : https://t.me/varsityleague

◾️ပြိုင်ပွဲနှင့်ပတ်သက်သော သတင်းများ၊ အချက်အလက်များ၊ ကြေညာချက်များအားလုံးကို စုံလင်စွာ ကြည့်ရှုရန်
Facebook : https://www.facebook.com/share/1F5prhttQu/

◾️ပြိုင်ပွဲ၏ အလှပဆုံး ပုံရိပ်များ၊ သတင်းတိုများနှင့် အခြားစိတ်ဝင်စားဖွယ်ရာများကို ကြည့်ရှုရန်
Instagram: https://www.instagram.com/leaguevarsity/?igsh=bjJoM3VkaXRmOWpm

ROVL နဲ့အတူ တက္ကသိုလ် Esports ပြိုင်ပွဲတွေရဲ့ စိတ်လှုပ်ရှားစရာအခိုက်အတန့်များကို အတူတကွ ခံစားလိုက်ကြရအောင်!

07/07/2025

Registration Open!!

We’re officially open for registrations 🚀
Join us and be part of this incredible university esports journey!

Land of Dawn မြေပြင်မှာ သင့်ရဲ့ Esports စွမ်းရည်ကို ထုတ်ဖော်ပြသချင်နေပြီလား? 📢

တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက် University Esports Network (UEN) မှ ဦးစီးကျင်းပမယ့် Rise of Varsity League (ROVL) Mobile Legends: Bang Bang Tournament ရဲ့ စာရင်းသွင်းတင်ခြင်းကို ယခုပဲ စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ အစိုးရတက္ကသိုလ်များနဲ့ ပုဂ္ဂလိကတက္ကသိုလ်ကောလိပ်များရဲ့ မည်သည့်အသင်းမဆို စာရင်းပေးသွင်းနိုင်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပွဲစဉ်ကောင်းတွေကို မြင်တွေ့ရမှာတော့ အသေအချာပါပဲ 🔥

သင်ဟာ Mobile Legends: Bang Bang ကစားသမားကောင်းတစ်ယောက်ဆိုရင် အခုလက်ရှိအချိန်မှာ သင်ရှိနေရမယ့်နေရာက Rise Of Varsity League ပြိုင်ပွဲမှာပါပဲ 💯

Rise of Varsity League ပြိုင်ပွဲလျှောက်လွှာ 📩

Rise of Varstiy League - MLBB Registration: https://docs.google.com/forms/d/e/1FAIpQLSfJvdRMkOf5-RjaRB0JhEgJ-QA9cyCeEiU0fTMdWjaas0rM3g/viewform

သင့်တက္ကသိုလ်ကို ကိုယ်စားပြုပြီး အောင်ပွဲတွေကို အရယူနိုင်မယ်ဆိုတာ သေချာနေပြီဆိုရင် အခုပဲ စာရင်းပေးသွင်းလိုက်ပါ! သင်တို့ရဲ့ ပါဝင်မှုကို စောင့်မျှော်နေပါတယ်…

Photos from Varsity League's post 07/07/2025

07/07/2025

Tournament PrizePool Announcement 🏆 🚀

တက္ကသိုလ်ကျောင်းသားလူငယ်များရဲ့ Esports စွမ်းဆောင်ရည်ကို ပြသနိုင်မယ့် Rise of Varsity League (ROVL) Mobile Legends: Bang Bang Tournament ရဲ့ ဆုကြေးငွေများကို အခုပဲကြေညာပေးလိုက်ပါတယ်။

ROVL Mobile Legends: Bang Bang ပြိုင်ပွဲအတွက် စုစုပေါင်းဆုကြေးငွေ Total Prize Pool - 2,000,000 MMK ဖြစ်ပြီး Prize Pool Breakdown အနေနဲ့ကတော့ -

Champion : 1,000,000 MMK 🥇
1st Runner Up (ဒုတိယဆု): 500,000 MMK 🥈
MVP Player (အကောင်းဆုံးကစားသမားဆု): 500,000 MMK 🏅

သိပ်မကြာခင်ကျင်းပတော့မယ့် Rise of Varsity League (ROVL) ပြိုင်ပွဲကြီးဟာ သင့် Esports Goal တွေအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်တာကြောင့် အခုပဲပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါ။

သင့်ရဲ့ တက္ကသိုလ်ကို ကိုယ်စားပြုပြီး သင့်အိပ်မက်တွေအတွက် အောင်ပွဲခံလိုက်ပါ 💪✨

04/07/2025

Tmr Pyu guys

Rise of Varsity League (ROVL) Mobile Legends: Bang Bang Tournament's Timeline is here✨

တက္ကသိုလ်ကျောင်းသားလူငယ်များအတွက် University Esports Network (UEN) မှစီစဉ်ထားတဲ့ Rise of Varsity League (ROVL) Mobile Legends: Bang Bang ပြိုင်ပွဲကြီးရဲ့ အဆင့်ဆင့် ယှဉ်ပြိုင်ဆော့ကစားသွားကြရမယ့် ပြိုင်ပွဲနေ့ရက်များကို တက္ကသိုလ်ကျောင်းများနဲ့ ပရိသတ်များ သိရှိစေရန် အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။

Tournament timeline for Rise of Varsity League:

▪️Team Registration Days : JUL 5-9
▪️တက္ကသိုလ်အလိုက် လက်ရည်စစ်ပွဲများ : JUL 12-14
▪️ဒေသဆိုင်ရာ လက်ရည်စစ်ပွဲစဥ်များ : JUL 16-17
▪️ဒေသဆိုင်ရာ အုပ်စုပွဲစဉ်များ : JUL 18-23
▪️ROVL အုပ်စုပွဲစဉ်များ : JUL 25-27
▪️ROVL Playoff Stage : JUL 29-30
▪️ROVL Grand Final ပွဲစဉ် : AUG 23 🏆

Join our communities for all the latest updates
ROVL . Telegram Channel Link - https://t.me/+vWJMciu-qq9hYTE9
ROVL . Tik Tok - https://www.tiktok.com/

Don't miss out on this incredible university esports journey!
Let's make some noise for our aspiring student players 🎮🚀

Want your business to be the top-listed Gym/sports Facility in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


Pyay