Ruby Myanmar Engineering Training and Services
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ruby Myanmar Engineering Training and Services, Education, Myo Thit 4th Street, Pyay.
Estimating ပညာဒါနသင်တန်း (မန္တလေး)
***RCC Building ***
မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်တယ်ပါတယ်...📑📑📣📣📣
နေရာ
အချိန်
အသေးစိတ်ပြန်လည်ကြေငြာပေးပါမယ်...
အခြားတိုင်းနှင့်ပြည်နယ်များလည်း ဆက်သွယ်နိုင်ပါတယ်.. !!!
Ruby Myanmar Engineering Training and Services...
Estimating ပညာဒါနသင်တန်း(ရွှေပြည်သာ)
- Engineer ကျောင်းသားကျောင်းသူများ
-ကျောင်းပြီးစEngineer များ
-Estimate အခြေခံမှနားလည်ချင်သူများ
-အသေးစိတ်သင်ကြားပြသပေးမည်ဖြစ်ပါတယ်...
သင်တန်းနေ့ရက်- 28.7.2018-29.7.2018
သင်တန်းအချိန်- နံနက် 9 နာရီမှ နေ့ခင်း 12နာရီအထိ
သင်ကြားမည့်ဘာသာ -RCC Building Estimating
လူဦးရေကန့်သတ်ထားပါတယ်...
***ပညာဒါနသင်တနိးဖြစ်သည့်အတွက် သင်တန်းအမှန်တကယ် တတ်ရောက်သူများသာစာရင်းပေးစေလိုပါတယ်..
အပတ်စဉ်တိုင်း သင်တန်းအသစ်အသစ်များကို ပညာဒါနသင်ကြားပေးမှာဖြစ်ပါတယ်...
စာရွက်စာတမ်းကြေး ၅၀၀၀ တော့ပေးရမှာဖြစ်ပါတယ်..
သင်တန်းတက်တဲ့နေ့မှသာပေးသွင်းရမှာဖြစ်ပါတယ်...
အသေးစိတ်အား cb တွင်မေးမြန်းနိုင်ပါတယ်..
နယ်မြို့များမှ သင်တန်းတက်ဖို့ စိတ်အားထက်သန်သူများ
ဆက်သွယ်နိုင်ပါတယ်....
ပညာဒါန လာရောက်သင်ကြားပေးပါမယ်...
Ruby Myanmar Engineering Training and Services.
သူငယ်ချင်းတွေစုပြီး စီးပွားရေးလုပ်မယ်ဆိုရင်
June 22, 2018
ရေးသားသူ – မိုးရှင်း (I.M.T)
ဒီခေတ်ထဲမှာ အချို့လူငယ်တွေ သူငယ်ချင်းတွေစုပြီး လုပ်ငန်းတစ်ခုကို အတူတူလုပ်တတ်ကြပါတယ်။ Start-up လေးတွေ ဟိုဟိုဒီဒီရှိလာကြပါတယ်။ ဒီလိုပေါ်လာတာ ကောင်းပါတယ်။ ဒါပေမယ့် အများအားဖြင့် ရေရှည်မခံပဲ ပြိုကွဲသွားတတ်ကြပါတယ်။ ဘာ့ကြောင့်များပါလဲ? ကျွန်တော်လည်း Start-up လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီလိုနယ်ပယ်ထဲက လူတွေလည်းအများကြီးတွေ့ဖူးတာကြောင့် သိသမျှ ရှဲပါရစေ။
(၁) အစတည်းကမပြတ်သားခြင်း
မြန်မာတွေမှာ အကြီးမားဆုံး အားနည်းချက်က အားနာတတ်ခြင်းပဲ။ စီးပွားရေးမှာ အားနာလို့မရဘူးဆိုတာကို လက်မခံနိုင်ကြဘူး။ ခင်တာကခင်တာပဲ စီးပွားရေးလုပ်ကြပြီဆိုရင် စာချုပ်စာတမ်း၊ မှတ်တမ်း မှတ်ရာ စသဖြင့်ပြတ်ပြတ်သားသားရှိသင့်တယ်။ နင်ကဘယ်လောက်ပိုက်ဆံစိုက်မှာလဲ၊ အချိန်ရော ဘယ်လောက်ပေးမှာလဲ၊ ဘယ်အချိန်အထိလုပ်နိုင်မှာလဲ၊ ဘယ်အချိန်အထိအမြတ်မရပဲနေနိုင်လဲ၊ စသဖြင့် အားလုံးပွင့်ပွင့်လင်းလင်းရှိရပါမယ်။ ကတိပေးထားသလိုမလုပ်ရင်ရော ဘာဖြစ်မလဲ၊ ဖြစ်နိုင်တဲ့ထောင့်ပေါင်းစုံက စဉ်းစားပါ။ ဆက်မလုပ်တော့တာ၊ ထွက်သွားတာ၊ သစ္စာဖောက်တာ မဖြစ်နိုင်ဘူးလို့မထင်ပါနဲ့။ ငွေကလူ့စိတ်ကို မထင်မှတ် ထားနိုင်လောက်အောင် ပြောင်းလဲစေပါတယ်။ စာချုပ်စာတမ်းကသာ သေသေချာချာ ထိန်းချုပ်နိုင်တာပါ။
(၂) သွေးပူတုန်းထကခြင်း
ချမယ်၊ လုပ်မယ်၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်၊ တကယ့်တကယ် ခြင်ဖမ်းချင်ရင်တောင် ရှာမရတော့တဲ့ သူမျိုးတွေရှိပါတယ်။ သွေးပူတုန်းလျှောက် ပြောတာတွေကို မယုံမိပါစေနဲ့။ သေသေချာချာအချိန်ပေးပါ။ အားလုံးစိတ်ပါတာသေချာမှလုပ်ပါ။ သွေးပူတုန်း ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်ပြီး နည်းနည်းလောက် လှိုင်းလှုပ်တာနဲ့ အိမ်ပြန်ချင်တယ်ဆိုတဲ့ သူမျိုးတွေရှိပါတယ်။ မုန်တိုင်းသာတိုက်ရင်တော့ ရှာလို့ပါရတော့မှာ မဟုတ်ပါဘူး။ အားလုံးတကယ် စိတ်ပါတာဟုတ်မဟုတ်သိဖို့လိုပါတယ်။
(၃) စိတ်ကူးသမားရှိပြီး အဆုံးသတ်သမားမရှိခြင်း
တစ်ခါတစ်လေ လူတွေငြင်းတတ်ကြတယ်။ Idea ရှိတဲ့သူနဲ့ အကောင်အထည်ဖော်တတ်တဲ့သူ ဘယ်သူက ပိုအရေးကြီးလဲတဲ့။ ကျွန်တော်တစ်ဦးတစ်ယောက် ထဲရဲ့အမြင်အရ အိုင်ဒီယာဟာ လူတော်တော်များများ စဉ်းစားတတ်ကြပါတယ်။ အဲ့ဒီအိုင်ဒီယာကို အကောင် အထည်ဖော်နိုင်မယ့်သူသာ ရှာရခက်တာပါ။ ဥပမာ ဘောလုံးတစ်သင်းမှာ တစ်သင်းလုံးအရေးကြီးတာမှန်တယ်။ ဒါပေမယ့် ဂိုးသွင်းဖို့ အဆုံးသတ်ကောင်းတဲ့ ကစားသမားရှိမှ နိုင်မှာပါ။ တစ်သင်းလုံးပိတ်ဆော့ရင် အများဆုံးရသရေပေါ့။ ဒါတောင် သရေကိုလက်မခံပဲ ပင်နယ်တီနဲ့ အဆုံးအဖြတ်ပေးတဲ့ပွဲဆို ဂိုးသွင်းဖို့ကသေချာပေါက်အရေးကြီးလာမှာပါ။
ဒီတော့ သင်စုဖွဲ့ထားတဲ့လူတွေထဲမှာ လေသမားတွေချည်းပဲ ပါလို့မရပါဘူး။ Start-upဆိုတာ ရုံးဆင်းဖို့ ငါးမိနစ်အလိုမှာ အထုတ်ပြင်ထားတဲ့သူမျိုးတွေနဲ့ ဖွဲ့စည်းလို့မရပါဘူး။ တက်ကြွနေပြီးမိမိလုပ်ငန်းအတွက် ပေးဆပ်လိုတဲ့သူတွေ အပြည့်ရှိမှသာအောင်မြင်နိုင်မှာဖြစ်ပါတယ်။
(၄) အရင်းအနှီးကုန်သွားခြင်း
Start-up တွေပြိုကွဲရတဲ့ အကြောင်းအရင်းထဲမှာ အရင်းအနှီးကုန်သွားတာက ထိပ်ဆုံးကပါဝင်ပါတယ်။မိမိအဖွဲ့ထဲမှာ သူ့ဘာသာတောင် မနည်းရုန်းကန်နေရတဲ့ အိမ်ထောင်ရှင်တွေပါရင်ပိုဆိုးပါတယ်။ အိမ်ထောင်နဲ့ဆို သူ့မှာ အများကြီး ကြည့်စရာတွေရှိနေပါတယ်။ လုပ်ချင်ရင်တောင် လုပ်လို့မရပါဘူး။ သူ့ရဲ့မိသားစုကို ကြည့်ရပါတယ်။ ဒီတော့ အစတည်းက ဘယ်လောက် အထိတောင့်ခံနိုင်မလဲ တွက်ချက်သင့်ပါတယ်။ ၆လ အကြာမှာ ဝင်ငွေမရှိသေးရင် ဘာဆက်လုပ်ကြမလဲ။ Plan Bက ဘာလဲ စတာတွေ စဉ်းစားထားသင့်ပါတယ်။
(၅) Plan B မရှိခြင်း
ဘုရင့်နောင် ဖောင်ဖျက်တာ နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာ သိပ်ပြီး မလွယ်ကူလှပါဘူး။ ဖောင်ဖျက်တယ်ဆိုတာ နောက်ကို ဆုတ်လို့လည်း အဆင်မပြေတော့တဲ့ အခြေအနေမို့ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ Plan Bပေါ်ပိုပြီးယုံကြည် ပါတယ်။ အချို့ကတော့ ငါက Plan Bမရှိဘူး။ ရအောင် ပဲလုပ်လေ့ရှိတယ်ဆိုတဲ့သူမျိုးတွေတွေ့ဖူးပါတယ်။ ကျွန်တော်ကတော့ အမြဲPlan Bရှိပါတယ်။ အဲ့ဒီလို ထားခြင်းကြောင့်လည်း အမြဲကိုအဆင်ပြေခဲ့ပါတယ်။ Plan Bက သင်တို့အဖွဲ့ပေါ်မူတည်ပါတယ်။ ဒါမဖြစ်ရင် ဘယ်လိုလုပ်ကြမလဲ။ ရင်းနှီးမြှုပ်နှံသူရှာကြမလား၊ ဘာလုပ်ကြမလဲ။ အဲ့ဒါက သင်စဉ်းစားရမယ့်အပိုင်းပါ။
(၆) မလိုတာတွေဖြုန်းခြင်း
အချို့က မလိုအပ်တာတွေ ဖြုန်းတတ်ကြပါတယ်။ ဥပမာ မလိုအပ်ပဲ ရုံးခန်းကြီးတာရှာတာမျိုး။ အထဲမှာထားတဲ့ တန်ဆာပလာတွေအတွက် မလိုအပ်ပဲ ဈေးကြီးပေးဝယ်တာမျိုး၊ ပိုက်ဆံမရှိသေးချိန် Taxiတွေ ခဏခဏစီးတာမျိုး၊ လက်ပ်တော့တွေ အကောင်းစားဝယ်တာမျိုးစသဖြင့် လုပ်တတ်ကြပါတယ်။ စီးပွားရေးတစ်ခုစတင်တဲ့အချိန်မှာ တတ်နိုင်သမျှချွေတာတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့်ငွေသေသွားမယ့်နေရာမျိုးတွေမှာပေါ့။ ဥပမာကိုယ်လုပ်မယ့်လုပ်ငန်းက မိမိရုံးကို လူတွေခဏခဏလာမယ့် အလုပ်မဟုတ်ဘူးဆိုရင် ရုံးခန်းအကောင်းစားကြီး မငှားသင့်ပါဘူး။ မိမိတို့အဖွဲ့ အလုပ်လို့အဆင်ပြေမယ့် နေရာမျိုးလောက်ဆိုရပါပြီ။
(၇) လူထပ်နေခြင်း
ဆိုလိုချင်တာက အလုပ်တစ်ခုကို ၂ယောက်လုပ်နေကြခြင်းပါ။ ဘောလုံးပွဲနဲ့ ဥပမာပြန်ပေးရရင် ဘောလုံးပွဲတစ်ခုမှာ ကစားသမား ၁၁ယောက်ဟာ သူ့နေရာနဲ့သူတာဝန်ကျေအောင် ထမ်းဆောင်ရပါတယ်။ အလယ်တန်းက ကစားသမားက တိုက်စစ်မှုးနေရာ လိုက်ဆော့နေလို့မရပါဘူး။ ဂိုးမသွင်းရလို့ စိတ်ကောက်တာမျိုးလည်း လုပ်လို့မရပါဘူး။ အဖွဲ့လိုက် မိမိကျတဲ့နေရာမျိုးမှာ တာဝန်ကျေမှ အောင်မြင်မှာပါ။ ဒီလိုမှမဟုတ်ပဲ တစ်နေရာထဲမှာ စုပြုံပြီးလုပ်နေရင်တော့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ပါဘူး။
(၈) စိတ်ဓာတ်ပျော့ညံ့ခြင်း
၃လလောက်လုပ်တယ်၊ အမြတ်ရဖို့ လမ်းမမြင်သေး၊ စိတ်ဓာတ်ကျ၊ ဗြောင်းဆန်၊ teamထဲမှာ ဟိုလူ့ကိုမဲ၊ ဒီလူ့ကိုမဲ၊ နင်မကောင်းလို့ ၊ သူမကောင်းလို့ စသဖြင့် ကယောင်ခြောက်ခြားဖြစ်တတ်တဲ့သူမျိုးပါလာရင်တော့ အဲ့ဒီလုပ်ငန်းရေရှည်တည်တံ့ဖို့မလွယ်ပါဘူး။
(၉) ခေါင်းဆောင်မပါဝင်ခြင်း
အောင်မြင်နေတဲ့အဖွဲ့အစည်းတော်တော်များများမှာ ခေါင်းဆောင်ရှိပါတယ်။ ခေါင်းဆောင်မပါပဲ တစ်နေရာကိုသွားဖို့ဆိုတာ မလွယ်ပါဘူး။ မိမိတို့ဖွဲ့ထားတဲ့အဖွဲ့ထဲမှာ အားလုံးက နောက်လိုက်တွေချည်းပဲဖြစ်နေလို့ မရပါဘူး။ ဦးစီးဦးဆောင်ရှိမယ့်သူတစ်ယောက်ရှိဖို့လိုပါတယ်။ ခေါင်းဆောင်နေရာ ဝိုင်းလုနေလို့လည်းမဖြစ်ပါဘူး။ တကယ်တော့ ခေါင်းဆောင်ဆိုတာ တာဝန်အရမ်းကြီးပါတယ်။ ထိုက်တန်တဲ့သူကို ဝိုင်းပြီးခန့်အပ်သင့်ပါတယ်။ ပါဝါအများကြီးမပေးထားရင်တောင် ဒီလုပ်ငန်းကို ဦးစီးဦးဆောင် သဘောမျိုးလေးတော့ထားသင့်ပါတယ်။
(၁၀) စုန်းပြူးပါဝင်ခြင်း
သူငယ်ချင်းအရင်းတွေ စုလုပ်ကြရင် ဒီပြဿနာသိပ်မဖြစ်တတ်ပါဘူး။ ဖြစ်တတ်တာက ကိုယ့်သူငယ်ချင်းကနောက်ထပ် တစ်ယောက်ကို ခေါ်သွင်းလာတဲ့အခါမျိုးမှာပါ။ ဘာမှလည်း လုပ်ငန်းအကြောင်းနားမလည်။ အလကားနေ မကောင်းမြင်။ လူတိုင်းအမြင်ကတ်၊ ဘယ်သူနဲ့မှ အဆင်မပြေ၊ စတဲ့လူမျိုးပါ။ အဲ့ဒီလိုလူမျိုးကိုတော့ သတိထားကြပါ။ တစ်ဖွဲ့လုံးပျက်သွားအောင် ဖျက်ဆီးနိုင်တဲ့ အစွမ်းသူ့မှာရှိပါတယ်။
(၁၁) အသေးစိတ်မပြင်ဆင်ထားခြင်း
အချို့က စီးပွားရေးကို စိတ်ကူးလေးနဲ့ပဲဝင်လုပ်ကြပါတယ်။ တစ်ယောက်တည်း လုပ်ရင်တော့ ကိစ္စမရှိပါဘူး။ အများနဲ့လုပ်ရင်တော့ စိတ်ညစ်စရာတွေ အများကြီးသင်တွေ့ရပါလိမ့်မယ်။ အစောကြီးတည်းက မီးစင်ကြည့်ကမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ အဲ့ဒီစီးပွားရေး ကြာရှည်မခံပါဘူး။
အထက်ပါအချက်တွေကတော့ ကျွန်တော်သိသလောက်ပဲဖြစ်ပြီး အခြားအချက်တွေလည်းရှိကောင်းရှိနိုင်ပါသေးတယ်။ သိသလောက်ကို အခြားသူတွေ ဗဟုသုတရဖို့ Shareခြင်းသာဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့စီးပွားရေး လုပ်တဲ့အခါ သတိထားနိုင်ဖို့ပါ။
မိုးရှင်း (I.M.T) ရေးသားသည်။
slab, beam formwork ဖြုတ်ရန် (နေ့ရက်၊ strength) တွက်နည်းနှင့် Daily Concrete Strength(နေ့စဉ်အလိုက် con; strength တက်လာပုံ တွက်နည်း
++++++++++++++++++++++++++++
အင်ယာတော်တော်များများရော၊ လေခေါင်းအားလုံးပါ slab formwork ဖြုတ်တော့မယ်ဆိုရင် ဖြုတ်သင့် မဖြုတ်သင့် ရက် တွက်ကြ၊ မေးကြ၊ ငြင်းကြ၊ခုန်ကြ..(ဟိုနေ့ လိုလို၊ ဒီနေ့လိုလို စမ်းတဝါးဝါးနဲ့ နောက်ဆုံးတော့ Mould (မို) ခွဲပီးမှပဲ စိတ်အေးအေးနဲ့ beam formwork တွေ ၊ T တံတွေ၊ slab formwork တွေ ဖြုတ်ချရဲကြတာ အစဉ်လာ တစ်ခုပါပဲ။ ဒါ ငြင်းလို့မရသလို လွန်ဆန်ဖို့လည်း သိပ်မရဲကြပါဘူး။
သို့သော်လည်း ကျနော်တို့ Construction field မှာ အခြေနေအမျိုးမျိုး အကြောင်းအမျိုးမျိုးဆိုတာ ရှိနေတတ်ပါတယ်။
mould သွားခွဲဖို့လည်း အချိန်ကမရသေး ၊ Time Schedule ကနီး၊ အလုပ်သမားတွေကလည်း အလုပ်လုပ်ဖို့ site ထဲရောက်နေပီ (လုပ်စရာကမရှိ) ......
အဲလိုအခါမျိုးမှာဆို ကျနော်တို့ အင်/ယာတွေက ပြသနာရဲ့အဖြေကို ရှာရပါမယ် :-)
အိုက်တော့ ဒါကို သိကိုသိထားသင့်ပါတယ်၊ တွက်လည်းတွက်တတ်သင့်တယ် (ဒါမှ site ထဲက ပြသနာကို အလွယ်တကူဖြေရှင်းတတ်မှာပါ)
တွက်နည်းလေးက လွယ်ပါတယ်... formula လေးအတိုင်း တွက်ရုံပါပဲ :-)
Eg....
့ ကျနော်တို့ Concrete Strength ကို
Grate-20 ( 2900.8 psi) နဲ့ slab လောင်းခဲ့တယ် ဆိုပါစို့ဗျာ ...
နေ့စဉ်၊ ရက်အလိုက် concrete strength တက်လာပုံကို တွက်ကြည့်ပါမယ်...
F t =[ t/( 4.7+0.832t)]x F tcs
where, F t = full time daily strength
t = time day
F tcs = full time concrete strength
>> Safety factor = 1.55
So, >> 1 ÷ 1.55 = 64.5 %
>> 64.5 % = 100 % (base on 100)
For 3 day,
F t = [ 3/( 4.7+0.832 x 3)] x 2900.8
= 1209.3 psi
(1209.3÷2900.8 = 41.7%)
For 7 day,
F t = [ 7/( 4.7+0.832 x 7)] x 2900.8
= 1929.5 psi
(1929.5 ÷ 2900.8 = 66.5%)
>>
So... Ok (66.5% > 64.5%=100%)
ကဲ... ဒါဆို ရိုးရိုးသာမန် concrete အတွက်ကတော့ အကြမ်းဖျင်းတွက်လို့ရပါပီ။ ဒါမယ့် 7 day နဲ့ဖြုတ်မယ်ဆိုရင်တော့ T တံများကို အကုန်တော့ မဖြုတ်သင့်သေးပါ(၁ ခုကြား၊ ၂ ခုကြားသာ ဖြုတ်သင့်ပါသည်)
သို့သော်.... ပုံသေမမှတ်ပါနှင့်... curing တွေ၊ Quality တွေ ၊ weather တွေ၊ etc... တွေကြောင့် အမြဲအမှန်တော့ မရနိုင်ပါ)
>> Designer ဆရာကြီးတွေကတော့ 10 day လောက်မှ formwork, T တံများဖြုတ်ဖို့ recommend ပေးကြပါတယ် (safety factor ပါ ပေါင်းထားတော့ 100 % ကို တော်တော်ကျော်တာကိုးဗျ :-) :-) )
မှတ်ချက်။ ။ ကျနော်ပြောခဲ့တဲ့ concrete က Normal (သာမန်ရိုးရိုး)၊ သဘာဝအတိုင်းဖျော်စပ်တဲ့ concrete ကိုတွက်ပြခြင်းဖြစ်ပါသည်။
ယခုအခါ ဓါတုဆေးများဖြင့် ၃ ရက် (or) ၅ ရက် နဲ့ ဖြုတ်လို့ရမယ့် Chemical ပစ္စည်းများ ထည့်သွင်းဖျော်စပ်ကြတာလည်း ရှိပါသည်။
26.04.17
ကြီးရဲ
Timber (သစ်) အမြန်တွက်နည်းနှင့်
သိမှတ်ထားသင့်သော အင်/ယာ ဆိုင်ရာ အထွေထွေဗဟုသုတများ (၂)
+++++++++++++++++++++++++
အပိုင်း (၁)
> ပထမဆုံး ကျနော်တို့ construction field တွေမှာ အမြဲကြုံရပြီး သုံးရလွယ်မယ့် သစ်တွက်နည်းလေး အရင်ပြောချင်ပါတယ်ခဗျ ။
ဘယ်နေရာတွေမှာ သုံးရတတ်လည်း ဆိုရင်
1. slab formwork, beam formwork ရိုက်တဲ့အခါမှာ အထပ်သားနဲ့တွဲပီး သစ်ရိုက်ရတာမို့ မဖြစ်မနေ သစ်တွက်ရပါပီ။
2. pipe scaffolding မသုံးတဲ့ site တွေမှာ T တိုင်တွေသုံးမယ် ဆိုရင်လည်း သစ်တွက်ရပါပီ ။
ဒီနေရာမှာ ကြုံရတတ်တာက လက်သမား(လေခေါင်း) နဲ့ အင်/ယာကြားက ပညာပြိုင်မှုလေးတွေ ရှိတတ်တယ်ဗျ။ အကြောင်းက သူ့တို့ လေခေါင်းတွေက စိတ်တွက်တွက်တဲ့နေရာမှာ အရမ်း မြန်နေကြခြင်းက ကျနော်တို့ အင်/ယာ ပေါက်စလေးတွေကို ကြက်သေသေနေရတတ်ပါတယ်။
ဒါက အဓိက သူတို့ အမြန်တွက်နည်းကို ကျနော်တို့ သတိမထား၊မလေ့လာမိလို့ပါဗျ :-)
ဒီလို ဒီလို :-) :-)
ဆိုပါတော့ဗျ .. ကျနော်တို့ အင်/ယာတွေ သစ်တွက်မယ်ဆိုရင်.
>> 1 ton = 50 cuft
>> LBH = 50 cuft
Eg...1
For 3"x2" timber,
length,L = ? (in 1 ton)
(3/12) x (2/12) x L = 50 cuft
3"x 2" x L = (50x12x12)
= 7200
L = 7200 ÷ 6
L = 1200 Rft
(3" x 2" သစ် ၁ တန်မှာ 1200 ပေ ရှိပါတယ်)
Eg...2
For 4" x 2" timber,
length, L = ? ( in 1 ton)
> (4/12) x (2/12) x L = 50 cuft
4"x 2" x L = (50x12x12)
= 7200
L = 7200 ÷ 8
L = 900 Rft
(4" x 2" သစ် ၁ တန်မှာ 900 ပေ ရှိပါတယ်)
ဒါက ကျနော်တို့ ကျောင်းမှာ 1 ton = 50 cuft နဲ့ တွက်ခဲ့ရပုံလေးပါ။
( ဒါမယ့် လေခေါင်းဆရာကြီးတွေက ဒီ theory ကိုပဲ ကျနော်တို့ သတိမထားမိပဲ သူတို့ အမြန် တွက်လိုက်တာက ဒီလို .........)
လာသမျှ သစ်တိုင်းကို
ထု နဲ့ ဗျက် မြှောက်လဒ်နဲ့ ပီးရင် 7200 ကို စားလိုက်တယ်။ အဲဒါ 1 ton မှာရှိတဲ့ အလျားပဲ (တနည်းအားဖြင့် Rft)
ဆိုပါတော့ဗျာ..
5"x2" ၁ တန်မှာ ရှိတဲ့ Rft တွက်မယ်ဆိုရင်
> 5x2 = 10
>> 7200 ÷ 10
= 720 Rft
( ၅ x ၂ သစ် ၁ တန်မှာ ပေ 720 ရှိတယ်)
ဒီလိုတွက်တာဗျ
>>> 7200 ကို အသေမှတ်ထားလိုက်တယ်
၅ x ၂ ဆို > 10 နဲ့စား
၃ x ၂ ဆို > 6 နဲ့စား
၃ x ၁ ၁/၂ > 4.5 နဲ့စား
ဒါက လေခေါင်းတွေ တွက်လေ့ရှိတဲ့ အမြန်တွက်နည်းလေးပါဗျ
ကျနော်တို့ အင်/ယာ တွေကတော့ ဒီ 7200 က ဘယ်ကလာလည်းဆိုတာ လေ့လာသိရှိထားရပါမယ် (အပေါ်မှာ ပထမ ပြောခဲ့သလို သိထားရမှာပါ)
အပိုင်း (၂)
အထွေထွေဗဟုသုတများ ( ၂ )
(a)
building တွေမှာ မိုးကြိုးလွှဲတပ်ဆင်ရာတွင် 10 Ohm ထက် မကျော်ရ (use> 3 Ohm ~ 10 Ohm)
(b)
water proof အတွက် ရေမစိမ့်၊ရေမယိုလိုသော အုတ်ကန်၊roof slab , etc.. တို့တွင် ရေကာပစ္စည်း (PUDLO, Impermo, etc..) ထည့်သုံးသည့်အခါ
ရေမထည့်မှီ cement နဲ့ အရင် သမအောင် မွှေရမည်။( ရေထည့်ပြီးမှ ထည့်လျှင် ရေကာပစ္စည်းများ ရေပေါ်မှာသာ ပေါလောပေါ်နေမည်။ ဖျော်မရ )
(c)
ကြီးဘောင်ခွေများအတွက် သစ်မာ အသုံးပြုရာတွင် ပိတောက်သား မသုံးသင့်ပါ ( ပိတောက်သားသည် ရေနဲ့ထိရင် အဆီထွက်လာပြီး စိုစွတ်ခြင်း၊ပွတက်ခြင်းများ ဖြစ်ပေါ်စေပါသည်။)
(d)
site ထဲတွင် သင်ကန်းထောင့်လို့ ပြောလာကြလျှင် 45° ကိုဆိုလိုခြင်းဖြစ်သည်ဟု သိထားရပါမည်။
(e)
brickwork အုတ်စီ လုပ်ငန်းတွင်-
> Dowel bar များကို 2' or 2.5' ကြားလောက်ထည့်ပေးသင့်ပါသည်။
> X-met (ဂျာလီ) ကိုလည်း အုတ် ၄ လွှားခြား တစ်ခါ ထည့်ပေးသင့်ပါသည်။
> ကြီးခွေ၏ အောက်တန်း၊ အပေါ်တန်း ကပ်လျက်မှာ sill & lintel များဖြင့် ချုပ်ပေးရပါမည်။
နောက်ထပ် site ထဲမှာ သိထားသင့်သော အထွေထွေ ဗဟုသုတများကိုလည်း အလျင်းသင့်သလို ကြိုးစားပီး မျှဝေပေးပါ့မယ် ခဗျ :-)
junior ညီလေး ၊ ညီမလေးများ site ထဲမှာ သိရှိနားလည်ပြီး အသုံးပြုနိုင်ကြပါစေ :-) :-)
14.06.2017
By ကြီးရဲ
babylon construction & development Co.,Ltd
Concreting လုပ်ရာမှာ မှားယွင်းနေကြသော Column ကို (1:2:4) နဲ့ beam,slab,stair ကျမှ AG ကား(Grade)တွေနဲ့ လောင်းခြင်း၏ အကျိုးအပြစ်များ
++++++++++++++++++++++++++
Construction လောကမှာ concreting (ကျောက်သွေးလောင်းခြင်း) နဲ့ ပတ်သတ်လို့ လူတော်တော် များများ မှားယွင်းစွာ လုပ်နေကြတဲ့ အချက်လေးတစ်ခု ထောက်ပြချင်လို့ပါ။ ဒီအမှားက ဆောက်လုပ်ရေး site တော်တော်များများ ကျင့်သုံးနေကြတာပါ (ခုလည်း လုပ်နေကြဆဲပါပဲ)။
ဒါမယ့် ခုထိတော့ ပြင်ဖို့ အတော်များက မကြိုးစားကြပါဘူး။ လုပ်လာကြတာလည်း အရိုးစွဲနေကြပီကိုး။
Structure Engr များကတော့ သေချာလေး တွက်ချက်ပေးကြလေ့ရှိပါတယ် (Concrete grade (or) psi .ဘယ်လောက်၊ဘယ်မျှ ..
eg.. 2500 psi , 3000 psi , 5000 psi
Grade-25, Grade-30,Grade-35 စသဖြင့်ပေါ့....Design သေချာလုပ်ထားပေးပါတယ်။
ခက်တာက site ထဲမှာ ဖြစ်ပျက်နေကြတာက ဒီလိုပါ ။
Concreting လုပ်တော့မယ်ဆိုရင်
1. ပထမဆုံး စဉ်းစားတွက်ချက်ကြတာက Slab, Beam,
2. Stair
3. တတိယအနေနဲ့ ဖြစ်သလိုတွက်ချက် စဉ်းစားကြတာက Column.
ကိုင်းဗျာ .. စဉ်းစားကြည့်
(NB) .
> Column ကို concreting လုပ်ရင်
် Mixer နဲ့ 1:2:4 အချိုးက တက်မလာဘူး။
> Slab, beam, stair ကိုတော့
AG ကားနဲ့လောင်းမှာ၊ Boom pump နဲ့လောင်းမှာ၊ station pump နဲ့လောင်းမှာ၊ ဘယ်လောက် Grade နဲ့လောင်းမှာ ၊ ဘယ်နှရက် setting time .. Chemical ထည့်မှာ နဲ့ သေချာလေး အလေးပေးစဉ်းစားကြတယ်။
စဉ်းစားပါ အရေးကြီးတာပဲ။
> ဒါမယ့် Column ကျ ဘာလို့ ဂရုတစိုက် မလောင်းချင်ကြတာလဲ??
ဒီ mixer နဲ့ 1:2:4 ကတက်မလာဘူး။
site ထဲမှာ 1:2:4 အချိုးပဲ ဖျော်တယ်ဆိုတာ မိမိတို့လိုအပ်တဲ့ concrete strength ကိုရဖို့ဆိုတာ အတော်လေးခက်မယ်ဗျ (ဘာလို့လဲဆို labour တွေကလည်း အချိုးကို အဆင်ပြေသလိုထညိ့ကြမှာပဲ
သဲများတဲ့အခါ များ၊ရေများတဲ့အခါ များ၊ cement များတဲ့အခါ များ၊ နည်းတဲ့အခါနည်းမယ်)
ဆိုတော့က တကယ်ကို strength ကောင်းကောင်းသုံးမယ်ဆို ရဖို့က အတော်လေးခက်နိုင်ပါတယ်။
လောင်းပီး formwork ခွာလို့ viod တွေ၊ segregation တွေ ဖြစ်လည်းအေးဆေးပဲ ပန်းရံဆရာကို ဘယ်သူမှမသိအောင် plaster နဲ့ ဖာခိုင်းလိုက်တယ် (အစကတည်းက vi****or တော့ သေချာမထိုး၊ လောင်းသား height မြင့်၊မမြင့် ဂရုမစိုက်ခဲ့ကြဘူး) ။
ဒါကြောင့် ကျနော့်ဆရာသမားတွေက လှောင်ပြောင်ပြောခဲ့ကြတဲ့ စကားလေး မှတ်မိပါသေးတယ်
" ဒီအရေးမကြီးတဲ့ Column ကိုတော့ ကျနော်တို့ 1:2:4 နဲ့ပဲလောင်းပါမယ်
slab ပြင် လောင်းမှ AG ကားနဲ့ Grade-35 လောင်းမှာပါ တဲ့ " :-P
အိုက်တော့ဗျာ Building တစ်ခုလုံးဆောက်ပြီးမှ Construction Error တစ်ခုခုတက်ရင် ဘယ်သူမှာ တာဝန်ရှိပါသလဲ?
ဖြစ်လာရင်တော့ ဖြေပါလိမ့်မယ် ... Grade-35 နဲ့တောင်လောင်းထားတာလို့
ငလျင်လှုပ်လို့ ပြိုပါပီတဲ့ အိပ်ပျော်နေရင် နိုးလိုက်မှာကို ဟုတ်ဘူး (တကယ်) .. တစ်ခါတည်းပဲ (ဘာ Hint မှ ပေးခံရမှာ ဟုတ်ဘူး)
ကဲဗျာ .. building တစ်ခုမှာ အရေးကြီးအစိတ်အပိုင်း ဖြစ်တဲ့ Column လို member ကိုတော့ အဲလ်ုကြီး ပြီးစလွယ် လုပ်ဖို့မကောင်းပါဘူး။
column,beam,slab,stair အားလုံးကတော့ အရေးကြီးတဲ့ member တွေကြီးပါပဲ ။ ဒါမယ့် ကျနော်ဆရာပြောခဲ့ဖူးသလို Column ဆိုတာ အိမ်ထောင်ဦးစီးနဲ့ တူတယ်ဗျ ..
တာဝန်တွေ (Loading) အားလုံးက သူ့အပေါ်ကျလာကြမှာ...
အဲတော့ ဒီလိုအရေးကြီးတဲ့ Column ကိုလည်း 1:2:4 နဲ့ပဲ နှစ်ပါးသွားမနေကြဖို့ ဂရုစိုက်ပေးစေလိုတာပါ (Column အားလုံးအတွက် လောင်းချင်တဲ့ Grade နဲ့ AG ကားနဲ့လောင်းတော့ရော ဘယ်လောက် ပိုကုန်မှာ မလို့လဲဗျာ )
ကျနော်တို့ရဲ့ အိမ်ထောင်ဦးစီး Column တွေကို မထိခိုက် မနာကျင်အောင်၊ကြံ့ခိုင်အားကောင်းမွန်အောင် ဝန်းရံကြရအောင်ဗျာ :-) :-P
Concrete;
1 Grade = 145.04 psi (lb/in2)
1 N/mm2 = 1 MPa = 145.04 psi
1 Bag = 50 kg (cement)
1 Bag = 110.25 lb (cement)
Unit wt. of concrete(Light) =90~120 lb/ft3
Unit wt. of concrete(Normal)= 142~156 lb/ft3
Unit wt. of concrete(Heavy) =160~350 lb/ft3
(NB) .. အစကတော့ ဒီ post မှာ Water Cement ratio အကြောင်းနဲ့ Beam နဲ့ပတ်သတ်သော သိထားသင့်တဲ့ အကြောင်းလေးတေပွါ ထည့်ရေးဖို့ပါပဲ ( ရေးရင်းနဲ့ post က အရမ်းရှည်သွားမှာ စိုးလို့ပါ .. နောက်တစ်ခါမှ ထပ်ရေးပါအုံးမည်။)
28.06.2017
By ကြီးရဲ (Ye Mynn Htun)
23/05/2018
ရေကန်နဲ့မှားနေသလားလို့
23/05/2018
လက်ရှိဆောင်ရွက်နေတဲ့ ရန်ကုန်က monopole တိုင်လေးတွေပါ ဆောင်ရွက်လိုသူများ ဆက်သွယ်နိုင်ပါတယ်
မသိသေးတဲ့ company များအတွက်သာရည်ရွယ်ပါသည်*
***တင်ဒါတင်ရာတွင် သတိပြုရမည့် အချက်များ ထဲက (၂) ချက်***
(၁) ကွင်းဆင်းထောက်ခံစာယူခြင်း
ဒီလိုပြောလို့ ထောက်ခံစာကို လူကြုံနဲ့ဖြစ်ဖြစ်
တစ်ယောက်ယောက်ဖြစ်ဖြစ် သွားယူခိုင်းလိုက်လို့ ရတာပဲလို့ တွေးကောင်းတွေးနိုင်ပါတယ် ....
ဒါပေမယ့် မိမိလျောက်မယ့်လုပ်ငန်းရဲ့
- နေရာအနေအထား
- သွားလာရေး / သယ်ယူပို့ဆောင်ဖို့ လမ်းကြောင်း
- အနီးဆုံး material sources
- ဒေသမှာရှိတဲ material ဈေးနှုန်းနဲ labour အကြမ်းဈေးနှုန်း
တင်ဒါခေါ်ထားတဲ့ အဆောက်အဦး / လမ်း / တံတား နဲ့ local မြေအနေအထားအရ design ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်ရှိ/မရှိ
အဲ့တာတွေပါတစ်ခါတည်း data ကောက်လာဖို့ လိုအပ်ပါတယ် ...
ဒါမှ ဈေးနဲ့ ကိုက် မကိုက် ထပ်တိုးတင်သင့် မတင်သင့်
ချိန်ဆနိုင်မှာဖြစ်ပါတယ် ...
ဒီအချက်ကြောင့် company တော်တော်များများအထိနာတာတွေ တွ့ရတယ်..
(၂) Estimate /Drawingအချိန်ယူသေချာပြင်ဆင်ပါ
တင်ဒါပိတ်ခါနီးအထိ အိုးနင်းခွက်နင်း
မိတ္တူကူးနေရတုန်းမျိုး
တံဆိပ်တုံးနှိုပ် လက်မှတ်ထိုးနေရခြင်းမျိုး မဖြစ်ရအောင် ကြိုတင်ပြင်ဆင်ပါ
လျှောက်မယ့် lot များပြီး အချိန် မလောက်နိုင်ဘူးထင်ပါက မိမိတို့ရုံးမှာ တွက်နိုင်သလောက်သာတွက်ပြီး / အပြင်အပ်သင့်တာအပ်ပါ
ဒါမှမဟုတ် ပြင်ဆင်နိုင်သလောက်တာ လျောက်ပါ...
Estimate ကိုလည်း ဖြတ်ညှပ်ကပ် လုပ်ခြင်း
Drawing ဖြတ်ညှပ်ကပ်လုပ် ပြီး အင်ထုခြင်းများမလုပ်ပါနဲ့ (ဒါမျိုးတွေကျန်ခဲ့ပြီ)
မိမိတို့ ကုမ္ပဏီ၏ ပုံရိပ်ကိုထိခိုက်စေပါတယ် ...
တင်မယ့်ရက်ထက် 1 ရက်ကြိုပြီး ပြီးစီးအောင်ပြင်ဆင်ပါ .....
-ကြိုတင်ပြင်ဆင်ရန်ပျက်ကွက်ခြင်းသည်
ရှုံးနိမ့်ရန်ကြိုတင်ပြင်ဆင်ခြင်းပင်ဖြစ်သည်-
ကျန်တာလေးတွေလည်း အလျင်းသင့်သလို တင်ပေးပါ့မယ်...
အောင်မြင်ကြပါစေဗျာ
***Your satisfaction is my happiness ***
Ruby Myanmar Engineering Services
09404946739
Junior Field Supervisor and Engineer (Local) - 3 posts
Requirement
1) BE -Civil
2) Should have a minimum 1 year experience/
also Fresher
3) Knowledge of site design and Construction
Working place - AYA, BGO , YGN
Dead line - 15.5.2018
Email - [email protected]
01/05/2018
ကျွန်တော် supervision လက်ခံထားတဲ့ ဒုတိယ site လေးပါ ...
ယုံကြည်အပ်နှံမှုအတွက် ကျေးဇူးတင်ပါတယ် ..
*** Your satisfaction is my happiness ***
***Ruby Myanmar Engineering Services
Engineer အခက်အခဲရှိတဲ့ company များ
ဆက်သွယ် နိုင်ပါတယ်...
09-404946739
ဈေးနှုန်းချိုသာစွာနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ် ..
30/04/2018
...ချစ်လို့ပြောတယ်မှတ်ပါ ...
တင်ဒါရာသီတွေပြန်စနေပြီဆိုတော့
အရင်နှစ်က လုပ်လက်စရှိတဲ့ Company တွေရော ..
ခုမှစပြီး တင်ဒါလောက ဝင်လာမယ့် Company တွေရော ..
သေချာလေးစဉ်းစားပြီးမှ ပြိုင်စေ ချင်တယ်...
တင်ဒါစပြိုင်ကတည်းက
ကုန်ကျစရိတ်
တွက်ချက်မှု ကွင်းဆင်းမှု စာရွက်စာတမ်းကြေး ခရီးစရိတ်တွေ အပြင် ၁% လည်း ရင်းထားရမယ် ..
ရ မရ မသေချာသေး ...
မရရင်တော့ ဒီမှာတင်ဇာတ်လမ်းပြတ်ပေါ့ ...
ကဲ တင်ဒါအောင်လာပါပြီတဲ့
စလာပြီ PG 10%
အခွန် commercial 5% with holding 2% QC 2%
စုစုပေါင်း 9% ဆောင်ရမယ်
material အတွက် Labour အတွက် စဉ်းစားရမယ်
25% ပြီးရင် ငွေရမှာပဲဆိုပြီး တရားသေ တွက်ထားမယ်ဆို အိုးနင်းခွက်နင်းဖြစ်ပြီပဲ ...
ကိုယ့် အိတ်စိုက် တsite ချင်းစီ 50% လောက်ထိ အနည်းဆုံး မရံထားရင် အချိန်ကြာလာတာနဲ့အမျှ
ကိုယ့် ဘက်က ဆုံးရှုံးမှုတွေပိုများလာမှာ..
Admin စရိတ်
Engineer စရိတ်
ဝန်ထမ်းစရိတ်တွေ
သွားလာစရိတ်တွေပါထပ်ပေါင်း
အားလုံးပြီးသွားလို့ 10% မြတ်တယ်ဆိုပါစို့
အမြတ်ငွေ 10% က ဘဏ်ထဲမှာ ထားတဲ့ PG မြှုပ်ထားသလိုပဲ
အပြင်မှာ ရှိတဲ့ငွေကမှကိုယ့်ငွေ ...
8% သာမြတ်တယ်ဆိုရင် ကိုယ့်ငွေ 2% ပါထပ်ပြီး ဘဏ်မှာအိပ်ပြီပဲ ...
နောက်ပြီး material ဈေးမငြိမ်တာနဲ့ PAE ဈေးနည်းမယ်ဆိုရင် မဆွဲသင့်တော့ပါဘူး ....
သေချာတွက်ချက်ပြီးမှတင်စေချင်ပါတယ် ...
သေချာစဉ်းစားပြီးမှ တင်ဒါဆွဲစေချင်ပါတယ် ....
တင်ဒါလုပ်ငန်းနဲ့အောင်မြင်ကြပါစေ...
***Your satisfaction is my happiness ***
Ruby Myanmar Engineering services
09404946739
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Myo Thit 4th Street
Pyay