Kids Innocency English Learning Centre & Preschool

Kids Innocency English Learning Centre & Preschool

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kids Innocency English Learning Centre & Preschool, Education, 54, Pansoedan Street Shwegu Qtr, Pyay.

29/10/2025

🚨 ရွှေမြန်မာတို့ သတိထား❗️❗️❗️

ထိုင်း FDA မှ အန္တရာယ်ရှိသော ရှူဆေးတစ်မျိုးကို သတိပေးချက် ထုတ်ပြန်…

ထိုင်းနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ထိုင်းရှူဆေးတစ်မျိုးနှင့် ပတ်သက်၍ ပြည်သူလူထုအား အရေးပေါ် သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ပါသည်။ 📢
အဆိုပါ ရှူဆေးမှာ Herbal Mixed Balm, Thai Eagle Brand, Formula 2 (မှတ်ပုံတင်အမှတ် G300/66) ဖြစ်ပြီး ပုံမှန်စစ်ဆေးမှုများအတွင်း ဘေးကင်းရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု မရှိကြောင်း တွေ့ရှိရသည်။
🔬 တွေ့ရှိချက်များ
တိုင်းရင်းဆေးဝါးတစ်မျိုးအဖြစ် ဈေးကွက်တွင် ရောင်းချနေသော အဆိုပါ ရှူဆေးသည် Herbal Product Control Act 2019 ကို ချိုးဖောက်နေသည်ဟု FDA က ပြောကြားသည်။
* ဘန်ကောက်၊ Chatuchak ခရိုင်ရှိ ဆိုင်တစ်ဆိုင်မှ နမူနာယူကာ ဆေးသိပ္ပံဦးစီးဌာနသို့ ပေးပို့ ခွဲခြမ်းစိတ်ဖြာခဲ့ခြင်း ဖြစ်သည်။
* ဓာတ်ခွဲခန်း စစ်ဆေးမှုများအရ အဆိုပါ ရှူဆေးတွင် အဏုဇီဝ ပိုးမွှား ပါဝင်မှု ပမာဏသည် လက်ခံနိုင်သည့် ကန့်သတ်ချက်များထက် ကျော်လွန်နေကြောင်း တွေ့ရှိရသည်။
* ထို့ကြောင့် ၎င်းထုတ်ကုန်အား အက်ဥပဒေ၏ ပုဒ်မ ၆၀ (ခ) နှင့် ပုဒ်မ ၇၂ (၆) တို့ကို ချိုးဖောက်သော စံချိန်မမီသည့် တိုင်းရင်းဆေး ထုတ်ကုန်တစ်ခုအဖြစ် တရားဝင် သတ်မှတ်လိုက်သည်။
🛑 FDA ၏ သတိပေးချက်
FDA ၏ အဆိုအရ ဤသို့သော အန္တရာယ်ရှိသည့် ထုတ်ကုန်ကို ဆက်လက်အသုံးပြုပါက သုံးစွဲသူများ၏ ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်ဟု အလေးအနက် သတိပေးထားသည်။
| အချက်အလက် | အသေးစိတ် |
| ပြဿနာရှိသော Lot No. | Lot No. 060823 |
| ထုတ်လုပ်ရက် | 06/08/2023 |
| သက်တမ်းကုန်ဆုံးရက် | 06/08/2026 |
⚖️ ဥပဒေအရ အရေးယူမှု
ဤထုတ်ကုန်ကို ထုတ်လုပ်ခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းအတွက် တာဝန်ရှိသူများသည်...
* အက်ဥပဒေ၏ ပုဒ်မ ၁၁၃ အရ ထောင်ဒဏ် သုံးနှစ်အထိ၊ ဒဏ်ငွေ ဘတ် ၃၀၀,၀၀၀ သို့မဟုတ် နှစ်မျိုးလုံးကို ကျခံရနိုင်သည်။
* စံချိန်မမီသည့် တိုင်းရင်းဆေးပစ္စည်းများ ရောင်းချခြင်းအတွက် ဘတ် ၁၀၀,၀၀၀ အထိ ထပ်ဆောင်းဒဏ်ငွေ ချမှတ်ခံရနိုင်သည်။
✅ ဝယ်ယူသူများ လိုက်နာရန်
* တိုင်းရင်းဆေး ထုတ်ကုန်များကို ယုံကြည်စိတ်ချရသော နေရာများမှသာ ဝယ်ယူပါ။
* ထုတ်ကုန်သည် FDA ၏ အသိအမှတ်ပြု ရရှိထားခြင်း ရှိ၊ မရှိကို သေချာစွာ စစ်ဆေးပြီးမှ ဝယ်ယူရန် အလေးအနက် အကြံပြုအပ်ပါသည်။

Photos from Kids Innocency English Learning Centre & Preschool's post 14/10/2025

KIC Preschool မှ ချစ်စရာ သားသားမီးမီးလေးများ

Photos from Kids Innocency English Learning Centre & Preschool's post 14/10/2025

KIC Preschool & English Learning Centre
ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယ
သားသား မီးမီးလေးတို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆဆရာမတို့ အား ဂါရဝပြု ကန်တော့ခြင်း

Photos from Kids Innocency English Learning Centre & Preschool's post 06/06/2025

1.6.2025(Sunday)
Kids Innocency Preschool & English Learning Centre ၏ မူကြိုကလေးငယ်များအား ဘွဲ့လက်မှတ်ချီးမြှင့်ခြင်း ၊ နွေရာသီ အင်္ဂလိပ်စာသင်တန်းများဖြစ်သော English 4 Skills. Let's Go Series. Family and Friends. Starters . Movers. Flyers. KET. PET ပြီးဆုံးသော ကျောင်းသူ ကျောင်းသားများအား Certificate ချီးမြှင့်ခြင်း အခမ်းအနား နှင့် Preschool မှစကာ ယခုအချိန်ထိ တက်ရောက်ကြသော ကျောင်းသားများအား Special award ချီးမြှင့်ခြင်း တို့အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည် ။ ခေတ္တရာမြေ ဖောင်ဒေးရှင်း တာဝန်ခံ ကျောင်းအုပ် ဒေါ်မေသူဟန် ၊ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးသော မသီရိထွန်း၊ မခိုင်ခင်ခင်ခန့် အား၄င်း၊ အသွင်သစ် Photo Studio အား၄င်း ၊ အခမ်းအနားပြင်ဆင်ပေးသော ထွန်းသစ်စ အား၄င်း ၊ ပွဲကျင်းပရန် ခန်းမနေရာပေးသော Coffee Bar & Restaurent အား၄င်း ၊အစစအရာရာ ဝိုင်းဝန်းပေးပါသော မိသားစု နှင့် ဆွေမျိုး မိတ်သင်္ဂဟ အပေါင်းတို့အားကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါတယ်ရှင်။

19/04/2025

ကလေးတွေကို Smart ဖြစ်အောင် ဘယ်လို ပြုစုပျိုးထောင်ပေးမလဲ?

ကလေးတွေကို တန်ဖိုးကြီးတဲ့ ကစားစရာတွေ ဝယ်ပေးမှ၊ ကျောင်းစောစောထားပေးမှ Smart ဖြစ်လာမှာ မဟုတ်ပါဘူး။

ကလေးတွေကို မွေးကတည်းကနေ ဦးနှောက်၊ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကောင်း ဖွံ့ဖြိုးစေနိုင်ဖို့အတွက် အကောင်းဆုံး ပံ့ပိုးပေးပြီး သေချာ အချိန်ပေး သူနဲ့စကားတွေပြောပြီး သူပြောတာလေးတွေ သေချာလေး နားထောင်ပေးရင်ကို ကလေးတွေ Smart ဖြစ်လာနိုင်ပါတယ်။

မိဘတွေအနေနဲ့ ကလေးရဲ့ ဘဝမှာ ဥယျာဉ်မှူးတစ်ယောက်လိုပဲ ကိုယ်စိုက်ထားတဲ့ အပင် ကိုနေ့စဉ် ရေလောင်း၊ မြေဩဇာထည့်ပေး၊ သူရှင်သန်ဖို့ရာအတွက် လိုအပ်တဲ့အရာတွေအကုန်လုံးဖြည့်ဆည်းပေးပြီး အချိန်တန်ရင် ပွင့်လာမယ့် ပန်းလေးတွေကို စိတ်ရှည်ရှည်နဲ့ စောင့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Post လေးမှာတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေး Smart ဖြစ်အောင် ဘေးကနေ ဘယ်လိုတွေ Support လုပ်ပေးနိုင်သလဲ ဆိုတာလေးတွေကို Share လုပ်ပေးလိုက်ပါတယ်ရှင်။

1. ကလေးတွေကို သူတို့နားမလည်နိုင်သေးတဲ့ အရွယ်ကနေစပြီး စာတွေ ဖတ်ပြပါ။
2. ကစားတဲ့အခါမှာ ကလေး စိတ်ကူးရှိသလို လွတ်လွတ်လပ်လပ်ပေးဆော့ပါ။ ( ကလေးအတွက် Safe ဖြစ်စေဖို့တော့ဂရုစိုက်ပေးပါ)
3. ကလေး အမှားတွေ လုပ်မိရင် ဒီအမှားတွေကနေ သင်ခန်းစာယူတတ်အောင် သင်ပေးပါ။
4. ကလေးရဲ့ အသက်အရွယ်အလိုက် ကိုယ်ခန္ဓာလှုပ်ရှားမှု အလုံအလောက်ရှိစေဖို့ Physical activity တွေ လုပ်ခိုင်းပါ။ တတ်နိုင်သလောက် Screen time တွေ လျှော့ချပေးပါ။
5. အိမ်အလုပ်တွေ ကူလုပ်ခိုင်းပါ။
6. အသက်အရွယ်အလိုက် အိပ်ချိန်အလုံအလောက်ရှိအောင် ၊ အချိန်မှန်အိပ်တတ်တဲ့ အကျင့်ရှိအောင် ကျင့်ပေးပါ။
7. ကလေးရဲ့ ဉာဏ်ရည်ထက်မြက်နေစေဖို့အတွက် ဦးနှောက်ကို Challenge လုပ်နိုင်မယ့်၊ ပြသနာတွေကို ဖြေရှင်းရတဲ့ ကစားနည်းတွေကို သူနဲ့အတူတူ ကစားပေးပါ။ (ဥပမာ- Chess, Monopoly)
8. သူတပါးကို ကူညီတတ်အောင်၊ သနားကြင်နာတတ်အောင် သင်ပေးပါ။ အလှူအတန်းတွေမှာ သူလုပ်ပေးနိုင်သလောက် ပါဝင်ခိုင်းပြီး Volunteer အလုပ်လေးတွေကိုလည်း လုပ်ဖို့တိုက်တွန်းပါ။
9. ကလေးတွေရဲ့ မေးခွန်းတွေ ၊ သူတို့ဘာအကြောင်းတွေ သိချင်နေတယ်ဆိုတာ မေးလာရင် သူတို့သိချင်တဲ့ အကြောင်းအရာတွေကို သေချာရှင်းပြပါ။ ကိုယ်မသိရင် လေ့လာပြီး ပြန်ရှင်းပြပါ။
10. ကိုယ်နဲ့ စကားပြောတဲ့အချိန်မှာ ကလေးပြောနေတာတွေကို အလေးပေးပြီး အရေးတယူ နားထောင်ပေးပါ။
11. ပြသနာတခုခုဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ Emotions တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရသလဲဆိုတာ ကလေးကို ကောင်းကောင်းနားလည်အောင် ၊ မိဘအနေနဲ့ ကိုယ့် emotions တွေကို Handle လုပ်တဲ့အခါမှာ စံပြကောင်းအနေနဲ့ အရှေ့ကနေ ကောင်းကောင်း Handle လုပ်ပြပါ။
12. ကလေးရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးစေဖို့ အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ နေ့စဉ်ကျွေးပါ။
13. အိမ်နဲ့ကျောင်းအပြင် ကလေးကို အပြင်လောကနဲ့ များများထိတွေ့ပေးပါ။ (ဥပမာ- တောင်တက်တာ၊ ပျော်ပွဲစားထွက်တာ etc.)
14. ကလေးကို လိုအပ်တာထပ် ပိုမကာကွယ်ပေးပါနဲ့။
15. ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးပါ။ ကိုယ့်ဝေယျာဝစ္စ ကို လုပ်တတ်အောင် သင်ပေးပါ။
16. ကလေးအတွက် Safe ဖြစ်ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဖြစ်အောင် ဖန်တီးပေးပါ။

မိဘတွေအနေနဲ့ ကိုယ့်ကလေးကို တခြားကလေးတွေနဲ့ Compare လုပ်တာတွေကို ရှောင်သင့်ပါတယ်။ ကလေးတွေက သူ့အရည်အချင်းနဲ့သူရှိပြီးသားပါ။ ကလေး တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ပါဘူး။ အခုခေတ်မှာ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေမှ အောင်မြင်တာမဟုတ်ပါဘူး။ ကိုယ့်ကလေးက စွန့်ဦးတီထွင်တဲ့သူဖြစ်နိုင်သလို၊ သူစိတ်ဝင်စားတဲ့အရာတွေကို အောင်မြင်အောင် လုပ်နိုင်တဲ့သူလည်းဖြစ်နိုင်ပါတယ်။

ကလေးစိတ်ဝင်စားတဲ့အရာတွေကို သတိထားလေ့လာပြီး သူအကောင်းဆုံး Grow ဖြစ်နိုင်ဖို့ မိဘအနေနဲ့ ပံ့ပိုးပေးနိုင်တာ အကောင်းဆုံးပံ့ပိုးပေးပါ။ ကလေးတွေ Smart ဖြစ်ဖို့ရာအတွက် မိဘရဲ့ အခန်းကဏ္ဍက အရမ်းကို အရေးကြီးပါတယ်။ ဒါမှ နောင်လာမယ့် Next Generation ကို Smart ဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပါတယ်။

ကလေးတွေကို Smart ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် /
ပိုးဖြူ

Photos from English စာအခြေခံ ပညာဒါန's post 26/03/2025
Photos from Learning With Tr Aye Moh's post 19/03/2025
14/03/2025

Love it 😍

Want your school to be the top-listed School/college in Pyay?
Click here to claim your Sponsored Listing.

Category

Website

Address


54, Pansoedan Street Shwegu Qtr
Pyay